ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဆုတောင်း

Saturday 28 July 2012

24 comments

အသည်း အသက်

ဘ၀အပ်နှင်း

ချစ်သူရင်တွင်း

နှလုံးသားခြေရင်းမှာ

ဝပ်စင်းရင်းနဲ့

သံသရာဆက်ဆက်

ချစ်ပါရစေသား ။

ပုံကို googleမှ ကူးယူပါသည်

လွင်ပြင်လှိုင်းငယ်

အမြစ်ရှိတဲ့သစ်ပင် သဲဘုစုလေးရှိတဲ့ငါ့ရဲ့ရင်

Thursday 26 July 2012

21 comments

အမြစ်ရှိမှ
သစ်ပင်က ရှင်သန်တာ
အချစ်ရှိမှ
လူ့ဘ၀က ပြည့်စုံတာ
မင်းရှိမှ
ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။

လျှောက်တဲ့သူရှိမှ
လမ်းဖြစ်လာတာ
စောင့်တဲ့သူရှိမှ
အိမ်ပြန်လမ်းကလှပနေတာ
မင်းရှိတဲ့ အရပ်က
ငါ့အတွက် ထာဝရလှပတဲ့ အိမ်ပြန်လမ်းလေးပဲပေါ့ ။

အိပ်မက်ရှိမှ
အိပ်စက်ခြင်းက ပြည့်စုံမှာ
ငါ့အိပ်စက်ခြင်းကလဲ
အိပ်မက်လေးရှိမှ
နိုးထတဲ့မနက်တိုင်းက
လှပနေတာ ။

တောတန်းက စမ်းရေက
ပိုပြီးအေးမြသလို
တောပန်းတွေများတဲ့
ဂနိုင်ကပိုမွှေးပံျ့ပါတယ်
မင်းရှိတဲ့ ငါ့ဘ၀ကလဲ
စမ်းရေလိုအေးပြီး မွှေးရနံ့တွေ
မပြယ်နိုင်တဲ့
ဘုရားရှင်ပေးတဲ့ ဆုတစ်ခုနဲ့ ဆောက်ထားတဲ့
မေတ္တာအိမ်လေးပါပဲကွယ် ။

စိတ်ကွေးနေသော အိပ်မက်သဲဘုစုခရုလေး စိတ်ပြန်ဖြောင့်စေရန် ဟိ ။

လွင်ပြင်လှိုင်းငယ်

အကြောက်ဆုံး

Wednesday 25 July 2012

12 comments
ဓါးသွားချွန်ချွန်
ဘယ်ဘက်ရင်ညွန့်
ရှေ့တည့်တည့်မှထိုး
ကြောက်ရိုးထုံးစံ
မရှိပါ ။

အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။

မှတ်ချက်။     ။ ဘာရယ်မဟုတ် စဉ်းစားမိသည့် အတွေးလေးသာ 

လွင်ပြင်လှိုင်းငယ်

ပန်းပေါင်းစုံကြားက ကဗျာတွေမိုးထားတဲ့ ဒို့အိမ်လေး

Tuesday 24 July 2012

26 comments
ကာရန်တွေခြံခတ်
ခံစားမှု့တံတိုင်းထပ်
ပျူငှာတဲ့ လမ်းလေးဘေးမှာ
စံပယ်တွေ ဟိုတစ်ရုံ ဒီတစ်ရုံနှင့်
စိမ်းစိုးတဲ့ မြက်ခင်းပြင်မှာ
ရိုးသားတဲ့ ခုံတန်းရှည်
အေးဆေးစွာ ထိုင်လို့လဲရ
လှမ်းလာမယ့် ချစ်မိတ်ဆွေအတွက်
ချိုသာတဲ့ ရင်တွင်းစကားနဲ့
ကြိုဆိုပါ့မယ် ချစ်ဧည့်သည်။

သောက မောဟတွေ
ခြံဝမှာချိတ်ထား
လှမ်းဝင်လာမယ့် ခြေတစ်လှမ်းမှာ
စမ်းရေကို ခြေထိသလို
အေးချမ်းတဲ့ မြေနီလမ်းက
အပြုံးပန်းနှင့် သင့်ခြေဖ၀ါးအား
လာနမ်းလိမ့်မယ် ချစ်မိတ်ဆွေ  ။

ဘေးချင်းကပ်တဲ့ ခြံတိုင်း ခြံတိုင်း
တရားတွေပြ နည်းလမ်းတွေပေး
စာသောက်စရာ အစုံအလင်နှင့်
ဖြူတာက ဖြူ နီတာက နီ
ရောင်စုံအလှပန်းများကြား
ဝတ်ရည်သုံးတဲ့ ပျားနှင့်ပိတုန်း
ပန်းအလှကို ခစားကြတဲ့ 
လိပ်ပြာတွေအုံးပြီး
မွေးရနံ့တွေလှိုင်လှိုင်သင်းတဲ့
ဒို့မိတ်ဆွေအိမ်လေးများ ။

စိတ်ချ လက်ချ
အတိတ်ဘ၀က ရေစက်လေးကြား
ဒို့တွေ ဘ၀အမောတွေပြောကြ
ပူပင်စရာတွေ တိုင်ပင်ဖြေရှင်း
ရင်မှာ ရိုးသားပွင့်လင်းကြတော့
အခက်အခဲဆိုတာ
တမနက်ပါပဲ
နေလာ နှင်းပျောက်
ဘလော့တွေ လျှောက်လည်ရင်
သောက မောဟတွေ ပျောက်ပြီး
လျှောက်တဲ့ လမ်းတိုင်းသာယာပါစေ ။

စံပယ်ချိုအတွေး လွင်ပြင်ရေး (နှစ်ယောက်ပေါင်းစပ်ထားတာပါ ဟိ )

လွင်ပြင်လှိုင်းငယ်




သူ့အတွက်သာ

Friday 20 July 2012

27 comments
ကလေးတစ်ယောက်အလား
အိပ်စက်တတ်တဲ့ သူ့ အနားမှာ
လေးအေးတွေ ထွေးပွေ့နေမလား
ပြေးဆော့နေတဲ့ လေပြည်လေးများ
နမ်းရှိုက်မလား
ဖွင့်ထားတဲ့ ပန်ကာ
လေအားများပြီး သူ ချမ်းနေမလား
အတွေးများနဲ့
နံနက်စောတိုင်း
သူကိုထကြည့် စောင်မရှိ စောင်ခြုံ
လုံခြုံဖို့အရေး
မောင် စောင့်ရှောက်ပေးမယ် ။

နေ့ခင်း နေ့လယ်
လေကပူပူ
နေကပြင်းပြင်း
ချွေးသံ ကရွှဲ ရွှဲ
အိမ်မှု့ကိစ္စ
ချက်ပြုတ်ရေးနဲ့
ပင်ပန်း
ဖျားမှာ
မောင်မလိုလားလို့
အေးအေးသာသာ
ကိုရီယားကားလေးကြည့်နေပါ ။

လေပြည်ခင်းတဲ့
ညနေခင်းမှာ
နှစ်ယောက်တူတွဲ
လတ်ဆတ်တဲ့ လေရနံ့သင်းသင်းကို
ရှူရှိုက်ရင်း
လက်လေးတွဲလို့ အိမ်ပြန်
မီးတွေအမှောင်ချ
အိမ်ရှေ့ဝရံတာလေး
မောင့်ပုခုံးလေးမှီတွဲရင်းနဲ့
ကြယ်စင်တွေ ရေတွက်
အဖြေမထွက်ခင်
မှေးစင်းလာတဲ့ လမင်းလေးနဲ့တူတဲ့
ဘုစုလေးကို ထူတွဲလို့ရယ်
အိပ်ယာခင်းထက် မောင့်ရင်ဘတ်ဆီ
ခေါင်းအုံးလေးလုပ်လို့
အိပ်စက်စေဖို့
တေးချော့လို့လဲ သိပ့်ပါ့မယ် 
အိပ်ပါတော့ကွယ် သဲဘုစုလေးရယ် ။

လွင်ပြင်လှိုင်းငယ်

သူ့ကိုချစ်မိနောင်တမရှိပါ

Monday 16 July 2012

23 comments
သူ့     ကိုရင်ခုန်စွာချစ်မိ               သူ့အချစ်ရှိရာ             ယ်လောက်ဝေးဝေးလှမ်းနေအုံးမယ်  ။

ကို     ယ်ပိုင်နှလုံးသွေးအားလုံး     ကိုသူ့နှလုံးသားမြစ်သို့င်ရောက် စီးဆင်းစေချင်တယ် ။

ချစ်    မိတာဖြူစင်လွန်းတဲ့အ        ချစ်စစ်မို့ မမြင်ရရင်     လွမ်းတွေနဲ့ ဘ၀ဟာ ခြောက်သွေ့သလိုပါပဲ ။

မိ       ဘမောင်ဖွားတွေကြား        မိသားစုရဲ့        အ      လင်း ရောင်အောက်မှာ သူ့ကိုထွန်းလင်းစေမယ် ။

နောင် တမဲ့တဲ့ ဦးနှောက်နဲ့            နှလုံးသားရဲ့အလင်း   တန်း လေးတစ်ခုလိုပါပဲ ။

တ     မ်းတမ်းတတအမုန်းမဲ့တဲ့ နှ  လုံး သားက               လေးနက်စွာတောင်းဆိုခဲ့တာပါ ။

မ      ရှိမဖြစ်လိုအပ်တဲ့အသွေးအ သား တစ်ခုလုံးရဲ့         သူ ဟာ စီးဆင်းရာ မြစ်ဖျားလေးတစ်ခုပေါ့  ။

ရှိ      တဲ့ အချစ်တွေအားလုံး         ကသူ့ထံပါးမှာ             ပါဝင်ခစားရင်း ။

ပါ    မဲ ကဗျာတွေထဲလဲသူပဲ        ပါ မြဲသံစဉ်ထဲလဲသူပါ   ပဲဘ၀မှာအမြဲ ။


မှတ်ချက် ။     ။ဘယ်လိုခေါင်းစဉ်တပ်ရမလဲမသိဘူး စိတ်ထဲရှိတာ ချရေးမိလိုက်တာ။

လွင်ပြင်လှိုင်းငယ်

ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း

Thursday 12 July 2012

8 comments
အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။

ကျွန်တော့် ဆိုဒ်(သို့မဟုတ်)စံပယ်လွင်ပြင်နှလုံးအိမ်ရဲ့ ၁နှစ်ပြည့် အမှတ်တရ

Tuesday 10 July 2012

21 comments
ချစ်ခင်ရပါသော နှလုံးလှပိုင်ရှင်ဘလော့ဂါအပေါင်းတို့
မင်္ဂလာပါ  ။

ဒီနေ့ ၁၁ရက် ရလ ၂၀၁၂ ဟာ ကျွန်တော်၏ နှလုံးသားမှတ်တမ်းလို့ပြောရမယ့် ဒီဘလော့လေး တစ်နှစ်တင်းတင်းပြည့်တဲ့နေ့လေးဖြစ်ပါတယ် ။ဒီနေ့အထိ စာတွေရေးနိုင် စာတွေဖတ်နိုင်အောင်အားဆေးတွေ
တိုက်ကျွေးသူတွေကတော့ ကျွန်တော့်ရဲ့ ချစ်ခင်လေးစားရသော ဘလော့ဂါမောင်နှမများနှင့် ကျွန်တော့်ဇနီး
သဲဘုစုလေးတို့ပဲဖြစ်ပါတယ် ။

ကျွန်တော်ရဲ့စာရေးဖြစ်တဲ့အကြောင်းအနည်းငယ်ကို ပြောပြချင်ပါတယ်။တကယ်တော့ ငယ်ငယ်ကတည်းက
စာရေးဝါသနာပါတယ်ထင်ရပါတယ်။(၈တန်းကျောင်းသားဘ၀ကတည်းက သူငယ်ချင်းတွေကို ရည်စားစာတစ်စောင် လက်ဖက်ရည်တ၀ိုင်းနှင့် ရေးပေးပြီး အဆင်မပြေလျှင် တ၀ိုင်းပြန်တိုက်ရပါသည်။ရည်စားများသောသူများကို
မရေးပေးပါ ။ဒီကိစ္စ စံပယ်ချိုကို ပြန်မပြောကြပါနဲ့နော်။နှုတ်ပိတ်ခအနေနှင့် လူပျိုတွေကို ရည်စားစာရေးပေးပါ့မယ် ဟိ ။ )ဒီလိုနဲ့ စာရေးဝါသနာပါတယ်ထင်ရပေမယ့် စာတွေမရေးဖြစ်ပါ ကဗျာဆိုလုံးဝမရေးတတ်ခဲ့ပါ ။

ကျွန်တော်လက်တွေ့ကျကျစာရေးဖြစ်တာကတော့ ကျွန်တော့်ဇနီးကနေစခဲ့ပါတယ်။သူမစာရေးချင်တယ်ပြောသောကြောင့် အွန်လိုင်းမှာ ဆိုဒ်လေးတစ်ခုဖြစ်အောင် ဟိုရှာ ဒီရှာ ဟိုမှတ် ဒီမှတ် ရသမျှလေးနှင့် သူမကို ဆိုဒ်တစ်ခုဖြစ်အောင် လုပ်ပေးရင်း သူမကို စာတွေရေးစေခဲ့ပါတယ် ။ဆိုဒ်လေးတစ်ခုဖြစ်အောင် ပညာတွေအများဆုံးရတဲ့ ကျေးဇူးရှင်ဆိုဒ်လေးကတော့ kp3 နည်းပညာဆိုဒ်လေးဖြစ်ပါတယ် ထိုဆိုဒ်လေးကို
ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ကျွန်တော့်ဇနီးလိုအပ်သမျှကို လုပ်ကိုင်ပေးရင်း
သူမဆိုဒ်မှာ သူငယ်ချင်းတွေရဲ့ နွေးထွေးတဲ့ အားပေးသံများ ဟိုအိမ်သွားလိုက် ဒီအိမ်လည်လိုက်နှင့် သူမ ပျော်နေတာတွေ့တော့ အပျော်တွေကျွန်တော့်ထံ ကူးစက်လာခဲ့ပါတယ် တနေ့သူမက" မောင်
ကျွန်မဆိုဒ်ပဲလာလာပြီး အားကျမနေနဲ့ မောင်လဲ ဆိုဒ်ဖွင့်ပြီးစာရေးပါ့လား"လို့ပြောပါတယ် ခက်တာက ကျွန်တော်က စာမရေးတတ်ဘူး ဒါနဲ့ သူမက ရေးကြည့်ပါ မရေးကြည့်ပဲ မရေးတတ်ဘူးပဲ ပြောမနေနဲ့ ဆိုပြီး
တိုက်တွန်းမှု့နှင့် ကျွန်တော်ကလဲ ဆိုဒ်ဖွင့်ချင်နေသောကြောင့် ဆိုဒ်ကလေးဖွင့်ပြီး စာစရေးမိတာ ဒီနေ့အချိန်ထိပါပဲ ။

တကယ်တော့ ဒီဆိုဒ်လေးလုပ်ပြီးမှ ဘ၀ဟာ ပိုပျော်စရာကောင်းလာပါတယ် ပိုပြီး ပြည့်စုံလာပါတယ် တနေ့တာ အလုပ်တွေလုပ်လိုက် အားတဲ့အချိန်ဆို စာတွေရေးလိုက် မိတ်ဆွေအိမ်တွေသွားလည်ရင်း စာတွေဖတ် ကော့မက်တွေရေး ကိုယ့်ဆီလာပေးတဲ့ ကော့မက်လေးတွေဖတ်ရင်း လင်မယားနှစ်ယောက်
တော်တော်ကြည်နူးရပါတယ်။အားပေးသံတွေနဲ့ အားဖြစ် ဝေဖန်သံတွေနဲ့ ကိုယ့်အမှားတွေပြင်ရင်း ဒီလမ်းလေးက ဘ၀အတွက်လျှောက်လို့ကောင်းတဲ့ လမ်းကောင်းလေးပါပဲလေ ။

ကျွန်တော့်ရဲ့ လိုအပ်ချက်တွေ အများကြီးရှိတဲ့ ဆိုဒ်လေးကို လာရောက်အားပေးသူတွေကို ရင်ထဲက ကျေးဇူးပါ။ကျွန်တော့်ဆိုဒ်လေးကို အရင်းဆုံးလာရောက် အားပေးတဲ့ ဘလော့ဂါ ၁၀ဦးကို ရေးပြချင်ပါတယ်။
(၁)ဆရာကိုဟန်ကြည် 
(၂)Angelhlaing
(၃) လွမ်းပိုင်ရှင်
(၄)  အန်တီတင့်
(၅)  ညီမလေး Candy
(6)  ညီမမဒိုးကန်
(၇) ကိုကိုမောင်(ပန်းရနံ့) သူဂျီးမင်း
(၈)  သမက်ကလေး မောင်(စွယ်စုံကျမ်း) မှတ်ချက် ။  ။သူ့လင့်က ပိတ်ထားလို့ လင့်ထည့်မရဘူး
(၉)  KMC@ချင်းလေး (သူလဲ လင့်ပြောင်းထားတယ်ထင်တယ်)
(၁၀) အော့တန် (သူလဲ လင့်ပြောင်းထားတယ်ထင်တယ်)
ဖြစ်ပါတယ် ။ ထို့နောက် ကျွန်တော့်ကို အားပေးကြတဲ့သူငယ်ချင်းများနှင့် ကျွန်တော့် အားနည်းချက် စလုံးပေါင်းအမှားများနှင့် ဆိုဒ်လေးကို ဂရုတစိုက်ကြည့်ပေးတတ်သော ဆရာ ဆူးသစ်တို့ကို ရင်ထဲကနေကျေးဇူးတင်မိပါတယ်ဗျာ  ။
ထို့နောက် ကဗျာရေးရာမှ အက်ဆေးလေးတွေ စမ်းရေးကြည့်ပါလားလို့ တိုက်တွန်း ပြီးစာလုံးပေါင်းအမှားတွေပြင်ပေးတတ်တဲ့ ဂျွန်မိုး နှင့် မိုးငွေ့ တို့ကိုလဲ ကျေးဇူးပါ ။

ယခုဆိုလျှင် ကျွန်တော့်မှာ သူငယ်ချင်းမိတ်ဆွေ ဆရာသမားတွေအများကြီး ရှာပေးတဲ့ ဒီဆိုဒ်လေးကို
အရမ်းသံယောဇဉ်ဖြစ်မိနေပါပြီ။နောက်ပိုင်းလဲ ကျွန်တော်တတ်နိုင်သမျှ ခံစားချက်တွေကို ဆိုဒ်လေးမှာ
ရေးချဖြစ်နေဦးမှာပါလေ။ကျွန်တော့်ရဲ့ လိုအပ်ချက် အားနည်းချက်များကိုလဲ မည်သူမဆို အားမနာပဲ ဝေဖန် သင်ကြာပေးပါလို့ ဒီနေရာမှ မေတ္တာရပ်ခံအပ်ပါတယ် ။

ညီမလေး Angelhlaing ရဲ့ လက်ဆောင်ကဗျာလေး အားပေးပါဦး။ညီမလေးကို အရမ်းကျေးဇူးတင်မိပါတယ် ။

July 11မှာ ကျရောက်မည့် ၁နှစ်ပြည့် လွင်ပြင်လှိုင်းငယ်အတွက် အမှတ်တရ ကဗျာ

 ပန်းတွေသီသလို
ကဗျာတွေလည်း စပ်
အချစ်အတွက် အိပ်မက်မက်စေသူ....

မြတ်နိုးမှုတွေ သီကျူး
အသွင်ထူးတဲ့ ချစ်ဇနီးအတွက်
ထွေးပိုက် ခိုလုံ ရင်တစ်စုံဖြင့် နွေးစေသူ...

ဖော်ရွှေ ပျူဌာ
တစ်ခါတစ်ခါလည်း
ရင်ဘတ်အငှားနဲ့ ခံစားသူ...

ရသအစုံ
ဘဝ အဖုံဖုံထဲက
ဖန်တီးခံစား အလွမ်းသမားလေးသူ...

စံပါယ်နဲ့
လွင်ပြင် ကာရံသီလို့
ချစ်တေးသီတဲ့ ကဗျာပန်းခင်း....

နှလုံးသား တေးသီချင်း
လွမ်းချင်း သီကြူး အချစ်ကံထူးကြတဲ့သူ..

လိုက်ဖက်တဲ့
ဘဝနဲ့ ရနံထုံသင်း
ပန်းခင်းသော လမ်းမှာ အပြုံးချင်းယှဉ်
ဘဝချင်းထပ် လှပသော အနာဂတ်နဲ့
နှစ်စဉ်နှစ်တိုင်း ဘလော့ဂင်းနိုင်ပါစေလို့...။

By ....Angelhlaing

 ဘလော့ဂါ မောင်နှမအားလုံးကို လေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

အလွမ်းငှက်

Monday 9 July 2012

12 comments
ဥသြဆိုတာ
ထုတ်ပြောစရာ
ခံစားချက်ကို
လွမ်းတေးလေးထုတ်
လွမ်းဆွေးရတဲ့ တေးတစ်ပုဒ်နဲ့
ကြားသမျှကို
လွမ်းတတ်လာအောင်
အသံနဲ့သီကြူး
အလွမ်းကို ဘာသာပြန်
နှလုံးသားအသံနဲ့
ငှက်လေးတစ်ကောင်ပါ  ။

အရောင်အမှိန်မှိန်
အဖော်ကမဲ့
ပျံတက်စရာ
ကောင်းကင်က မြင့်လွန်းနေလို့
သစ်ကိုင်းဖျားကပဲ
စွန့်သွားတဲ့ ချစ်သူကို
အသံလေးပေး
ဘယ်နေ့ ဘယ်ဆီပြန်လာမည်မသိ
လွမ်းဆွေးရင်း
မျှော်လဲဝေးမို့
အလွမ်းဒဏ်ကြောင့်
ဥသြငှက်လေး
လွမ်းတေးသွားတွေတိတ်ဆိတ်
နားခဲ့သမျှ ကိုင်းဖျားလေးတောင်
လွမ်းတဲ့စိတ်နဲ့
မေးလိုက်ချင်တယ်
လွမ်းငှက်လေးရယ် ဘယ်ဆီမှာလဲကွယ်  ။


လွင်ပြင်လှိုင်းငယ်

အွန်လိုင်းနှင့် ကောင်မလေးတစ်ယောက်

11 comments
မြင့်မားတဲ့ တိုက်တာအဆောက်အဦးကြားက ဆည်းဆာရဲ့ အလှတရားကတော့ အပြည့်အ၀တော့ ပုံဖော်နိုင်ခြင်းမရှိပါဘူး။
ဆည်းဆာရဲ့ အလှတရားကို တပိုင်းတစခံစားရင်း အလုပ်သွားနေကြ တိုက်ခန်းလမ်းကြားလေးမှာ ပြူတင်းတံခါးလေးဖွင့်ပြီး
တစ်ယောက်တည်း ရီပြုံးနေတတ်တဲ့ ကောင်းမလေးတစ်ယောက်ရဲ့ အခန်းရှေ့အရောက်မှာတော့ ထုံးစံအတိုင်း အပြုံးနဲ့နှုတ်ဆက်ဖြစ်ပါတယ် ။
အစပိုင်း ထိုကောင်မလေးကိုမြင်လိုက်ရင် အမြဲတမ်း ပြူတင်းပေါက်ဘေးမှာ တစ်ယောက်တည်း ၇ီလိုက်ပြုံးလိုက်နဲ့မို့ ယဉ်ယဉ်လေးများရူးနေတယ်ထင်တာ။နောက်ပိုင်း သူ့အကိုနှင့်တွေ့မှ အကြောင်းစုံသိလိုက်ရတယ် ကောင်မလေးက အွန်လိုင်းတက်ရင်း သူမ၏ မိဘ သူငယ်ချင်းများနှင့် gtalk မှာ စာရိုက်ရင်းချက်လိုက်vzoမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာအမူအယာနှင့် စလိုက်နောက်လိုက်နှင့်ပျော်နေတာကို ။
သူ့အကိုပြောပြီးနောက်ပိုင်းတော့ အကြောင်းစုံသိပြီးဖြစ်လို့ အခုဆိုရင် သူ့အခန်းရှေ့ရောက်လျှင် ရီပြ ပြုံးပြပြီး နှုတ်ဆက်ကာ အလုပ်သွားတတ်သောအကျင့်လေးတစ်ခု ကျွန်တော့်မှာရှိနေပါပြီ ။မောင်နှမနှစ်ယောက်တည်းနေသော ထိုအခန်းလေးသည် ပျော်စရာကောင်းမည့်ဟုကျွန်တော်ခံစားမိပါသည် ။


ဒီနေ့တော့ ဆည်းဆာအလှလဲမတွေ့၇ မိုးကလဲရွာနေသောကြောင့် ထီးမဆောင်တတ်သောကျွန်တော် မိုးရေထဲ လမ်းလျှောက်ရင်းအလုပ်ဘက်သို့ ခပ်သွက်သွက်လမ်းလျှောက်ဖြစ်တယ် ။နှုတ်ဆက်နေကြ အခန်းကို ကြည့်တော့ တံခါးပိတ်ထားသောကြောင့် နှုတ်ဆက်မဖြစ်ပေမယ့်
အပြုံးလေးတော့ ထားသွားဖြစ်ခဲ့တယ်။အလုပ်ပြန်တဲ့နံနက်ပိုင်းမှာလဲ ထိုအခန်းလေးသည် ပိတ်မြဲပိတ်ထားလျက်ပါ ။အပျင်းပြေ လျှောက်များလည်လား
မသိဘူးဆိုတဲ့ အတွေးနဲ့ နှုတ်မဆက်လိုက်ရပြန်ဘူး  ။ဒီလိုနဲ့ ထို ပြူတင်းတံခါးလေးသည် မဖွင့်တာ တပတ်ကျော်လာတော့
သူတို့ အခန်းများပြောင်းသွားသလားဆိုပြီး အတွေးနဲ့ ကျွန်တော့်အပြုံးလေးတောင် ယိုင်နဲနဲဖြစ်သွားခဲ့ရသည်။

ဒီလိုနဲ့ ၁၀ရက်လောက်ရှိတော့ လမ်းမှာ အမှတ်မထင် ကောင်မလေးအကိုနဲ့တွေ့တော့ နှုတ်ဆက်ရင်း အခန်းပြောင်းသွားတာလားလို့ မေးမိတော့
သူက မဟုတ်ရပါဘူး အရင်အခန်းမှာပဲတဲ့ဒါဆိုကောင်မလေးလဲမတွေ့တော့ဘူးနော် နေကောင်းလားမေးတော့ သူက မျက်ရည် ၀ဲပြီးအကြောင်းစုံကျွန်တော့်ကိုပြောပြတော့မှ ကျွန်တော်လဲ ကိုယ်ချင်းစာ သနားရင်း ဒေါသစိတ်တွေနဲ့ အိမ်သို့ပြန်လာခဲ့သည်။


ထိုနေ့က မိုးရွာနေလို့ အခန်းတံခါးကို ပိတ်ရင်းvzoဖွင့် gtalkမှာ မိဘများနှင့် စာရိုက်ရင်း စကားပြောနေသောအချိန်မှာပေါ့ အခန်းပြင်မှ အပြုံးနှင့်
နှုတ်ဆက်တတ်သော အကိုတစ်ယောက်ဖြတ်သွားတာ သိပေမယ့် မိုးအရမ်းရွာနေသောကြောင့် တံခါးမဖွင့်ပဲ အထဲမှ အပြုံးနဲ့ပဲ ပြန်နှုတ်ဆက်တာ
အကိုတစ်ယောက်တော့ မြင်မှာမဟုတ်ပါဘူး ။ထိုအချိန်တွင် အမှတ်မထင်gtalkမှ ကောင်လေးတစ်ယောက်လာနှုတ်ဆက်သောကြောင့်
ထိုကောင်လေးနှင့် အပြန်အလှန် မိတ်ဖွဲ့ရင်း ခင်သွားကြသည် တစ်နာရီလောက် သူနှင့် စာရိုက်ရင်း သူက vzo အကောင့်တောင်းပါတယ် ဒါနဲ့
အကောင့်ပေးလိုက်တော့ အခုပြောမယ်တဲ့ ဒါနဲ့ မိဘတွေနဲ့ ပြောနေလို့ မအားဘူးပြန်ရေးလိုက်တော့ စကားပြောမယ်တဲ့ ခင်တာမကြာသေးသောလူတစ်ယောက်ကို သူမအကြောင်းဘာမှမပြောပြချင်သောကြောင့် ပြောလို့မရဘူးပြန်ပြောတော့ သူက ဘာလို့မရတာလဲ
ရည်စားကပေးမပြောလို့လား ဘာလား ညာလားနှင့် သူထင်တာတွေ စာရိုက်ပြောပြီး မဟုတ်ပါဘူး တစ်ခွန်နဲ့ ပြန်စာရိုက်နေပေမယ့်
သူကမရ နောက်ဆုံး ဒါဆိုစကားပြောမရအောင် နင်က အ နေလို့လားတဲ့ မျက်ရည်တွေ ပါးပြင်ပေါ်လိမ့်ဆင်းလာရင်း ဟုတ်တယ်လို့ တစ်ခွန်းပဲ
ပြန်ဖြေလိုက်တော့ သူက ငါ့ကို လာလိမ်နေတယ် ပြီးတော့ ...................................ဆဲနည်းပေါင်းစုံဆဲနေပါတော့သည်။ကြည့်နေသာ မော်နီတာ
မျက်နှာပြင်ဟာ မှုန်းဝါးလာပြီး သူမ စက်ကို ပိတ်လိုက်ပြီး ယခုအချိန်ထိ ထိုစက်ကို ပြန်မဖွင့်ဖြစ်တော့ပါ  ။

သူမအကိုပြောပြသောအကြောင်းအရာများကို ပြန်တွေးပြီး ကောင်မလေး ကို စာနာသနားမိပါသည်။သူမအတွက် အလွန်အဆင်ပြေလွန်းသော
ဆက်သွယ်ရေးပစ္စည်းလေးသည် တဦးတစ်ယောက်ကြောင့် သူမ ကြောက်ရွံသောပစ္စည်လေးဖြစ်ခဲ့ပြီပေါ့။တကယ်တော့ သူမဟာ
မွေးရာပါမဟုတ် ကုသလို့ရတဲ့ စကားမပြောနိုင်သော ရောဂါကို နိုင်ငံခြားမှာ ကုသရန်ပိုအဆင်ပြေသောကြောင့် သူ့အကိုရှိသည့်
နိုင်ငံခြားမှာလာနေသော သနားစရာကောင်မလေးသာဖြစ်ပါသည် ။မိဘတွေဆီ ဆက်သွယ်လျှင် ဖုန်းလဲမပြောနိုင်သော သူမအတွက်အင်တာနက်က အဆင်ပြေဆုံးမို့ သူမ အမြတ်တနိုးသုံးပါသည်။အားလပ်လျှင်သူငယ်ချင်းများနှင့်စာရိုက်စကားပြောလို့ရသောကြောင့်
သူမအတွက် တခါတရံ စကားမပြော နိုင်သောဝေဒနာတောင် မေ့ချင်မေ့သွားတတ်သည် ။အဆင်ပြေလွန်းသော အရာသည် မိုက်ရိုင်းလွန်သည့်
လူတစ်ဦးကြောင့်................................။

နောက်ရက်တော့ အလုပ်ကိုစောစောသွား ကောင်မလေးဆီဝင်  အားပေးနှစ်သိပ့်ပြီး vzoနှင့် gtalkအကောင့်သစ်လုပ်ပြီး မိဘနှင့် အရမ်းခင်သော
သူငယ်ချင်းများပေးပြီး နောက်ပိုင် ဘယ်သူလာအက်အက်လက်မခံဖို့ပြောရင်း သူမအတွက် အဆင်ပြေသော အွန်လိုင်းကို ပြန်သုံးပါလို့ တိုက်တွန်းမယ်လို့ စဉ်းစားရင်း အတွေးများနဲ့ ဒီတညတာကို ဖြတ်ကျော်လိုက်တော့မယ်  ။


မှတ်ချက်။      ။စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည် ။


လွင်ပြင်လှိုင်းငယ်

စာပေ၀ါသနာရှင် ညီမလေးတစ်ဦးနှင့် မိတ်ဆက်ပေးခြင်း

Sunday 8 July 2012

7 comments
အားလုံးပဲ မင်္ဂလာပါဗျာ

ဒီနေ့ ဘလော့ဂါ အကို ၊အမ၊ညီ၊ညီမလေးများနှင့် စာတွေရေးချင်ပြီး စာတွေရေးနေသည့် စာပေ၀ါသနာအိုး ညီမလေးတစ်ယောက်နှင့် ကျွန်တော် မိတ်ဆက်ပေးပါရစေ။သူကတော့ အမှတ်မထင် ကျွန်တော့်ဆိုဒ်ကိုလာလည်ရင်း22ရက် Aprilလ 2012တုန်းက ကျွန်တော်ရေးဖူးသော ဆိုဒ်လက်ဆောင်ရေးများကိုတွေ့ပြီး gtalkမှာလာအက်ပြီး စာရေးချင်ကြောင်းပြောသောကြောင့် ကျွန်တော်သူ့ကို
သူကြိုက်သည့်ဆိုဒ်လေးတစ်ခုလက်ဆောင်ပေးခဲ့ပါတယ် ထို့နောက်တော့ သူမ စာတွေကို အဆက်မပြတ်ရေးနေပါတယ်။ထို့ကြောင့် ဘလော့ဂါ ဆရာ၊ဆရာမများနှင့် အကို၊အမ၊ညီ၊ညီမလေးများ သူမ၏ စာပေလေးကို လာရောက်အားပေး ဝေဖန် ပေးကြပါလို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဆိုဒ်လိပ်စာ။    ။မြတ်နိုးသူ(MUFL)

ကျေးဇူးတင်လေးစားလျက်

လွင်ပြင်လှိုင်းငယ်

ရင်ဘတ်ငှားသည် (၂)

Thursday 5 July 2012

18 comments
ရူးလောက်အောင်ချစ်လို့
ဒူးထောက်လိုက်တာ
ဆူးထောက်တဲ့ ဘူဘောင်းလေးလို
ဖောက်ကနဲ
အသံတချက်ကြားမှာ
မာနအပိုင်းအစတွေ ဟိုတစ ဒီတစနဲ့  ။

မာနတွေချပြီး ငိုပြနေတာမဟုတ်ပါဘူး
ရင်မှာမဆံ့တဲ့ ခံစားချက်တွေက
အလိုလိုအသွင်ပြောင်း
မျက်ရည်မိုးစက်တွေကြား
ငါ့ပါးပြင်စိုနေတာပါ  ။

မာနလွင်ပြင်မှာ
အတ္တတွေရှင်း
သစ္စာနဲ့ထွန်ယက်
ချစ်ခြင်းတွေပဲ စိုက်ပျိုးခဲ့ပေမယ့်
ဖူးပွင့်လာတာ
အဆိပ်သီး အဆိပ်ပွင့်ဖြစ်ခဲ့ရင်လဲ
တိတ်တိတ်လေးမြတ်နိုးပြီး
အဆပ်သင့်မယ့် နေ့ရက်ကို စောင့်နေသူပါ ။

မင်းရဲ့ ဟန်ဆောင်ခြင်းတွေမှာ
အဆောင်ယောင်တွေခင်းပြီး
နှလုံးသားနန်းတော်မှာ
ဘုရင်းမတင်မြောက်ပြီး
ခစားနေပေမယ့်
ခြစားနေတဲ့ ငါ့နှလုံးသားကတော့
တဖြည်းဖြည်းလှိုက်စားပြီး
အခုဆို အသက်ရှူရတာတောင်
မ၀တ၀နဲ့
မနိုးတဲ့ အိပ်စက်ခြင်းမှာ
တကိုယ်တည်း အိပ်မက်ခရီးရှည်ထွက်ရမလိုဖြစ်နေပြီ  ။

ရတာမလို လိုတာမရ
လူ့ဘ၀ဆိုစေအုံးတော့
မင်းလေးတစ်ယောက်အတွက်
ငါ့ဘက်ကတော့
ရတာလဲပိုစေ မရတာလဲမရှိရလေအောင်
ဘ၀တစ်ခုလုံး လမ်းဘေးမှာချရောင်း
အေးစက်တဲ့ ဆောင်းမနက်က
ငါ့ကိုယ်ကချွေးစက်တွေက သက်သေ
သွေးထွက်နေတဲ့ လက်တစ်စုံမှာ
မင်းကို ချစ်တဲ့ချစ်ခြင်းတွေ ဆုပ်ကိုင်ရင်း
ပက်ကြားအက်နေတဲ့ ဆူးညှောင့်လမ်းထက်
မင်းဘ၀အတွက်လိုအပ်ချက်တွေရှာဖွေရင်း
အခုဏလေးပဲနေထွက်တယ်
အခုနေ၀င်တော့မယ်ဆိုတော့
သူရိန်နေမင်းတော့ မဖြစ်လောက်ဘူး
အချစ်ဆူးတွေပြည့်နက်နေတဲ့
အချစ်ရူးတစ်ယောက်ရဲ့ နေ၀င်ချိန်လား
အတွေးများနှင့်
အဆွေးများနှင့်
အလွမ်းများနှင့်
မောပန်းလာတဲ့ အသက်ရှူသံနဲ့
မင်းလေးကိုတော့ နှုတ်မဆက်ရက်ပါဘူး  ။
မှတိချက်။     ။အသဲကွဲနေတဲ့ ချစ်တတ်တဲ့ ချစ်သူငယ်ချင်းအတွက်
လွင်ပြင်လှိုင်းငယ်

ဧည့်ခံပွဲ

Tuesday 3 July 2012

20 comments
ကောင်းကင်စာပွဲဝိုင်းပေါ်မှာ မောင့်ရဲ့ ချစ်သက်တမ်းရင့်လေလေ ပိုချိုလေလေဖြစ်တဲ့ အချစ်ဝိုင်း တစ်ခွက်ရယ် ၊ဧဒင်ဥယျာဉ်ထဲက ပန်းသီးထက် အရသာရှိမယ်ထင်ရတဲ့ မောင့်နှလုံးသားရယ်  ၊ သဲဘုစုလေးရင်ဘတ်ထဲခဏခဏ၀င်ကြည့်ရင်းဖြစ်ပေါ်လာတဲ့ခံစားချက် ကဗျာစာအုပ်တစ်အုပ်ရယ် ၊
နေ့ခင်းဘက်က ဥသြဆီက သင်ယူထားတဲ့ တေးသွားတစ်ပုဒ်ကိုဖွင့်ထားရင်း ဒီညချမ်းမှာ စိတ်လန်းစေဖို့ ကြယ်တွေပေါ်မှာမောင်တို့နှစ်ယောက်အတူထိုင်ရင်းထိုင်ရင်း
တိမ်တွေတိုက်တဲ့ တိမ်လေညင်းအရသာကို ခံစားရအောင်နော် ။

တိမ်လေညင်းရဲ့ မောင်တို့နှစ်ဦးအပေါ်ပွေ့ဖက်တဲ့လက်တစ်စုံမှာ သဲဘုစုစိုက်ထားတဲ့ တိမ်လွင်ပြင်ပေါ်က စံပယ်ပန်းရနံ့တွေကရောထွေးနေပါ့လား ။မှတ်မိသေးတယ် တိမ်တွေပေါ်မှာ စံပယ်ပန်းစိုက်လို့ရပါ့မလားဆိုတဲ့
စိုးရိမ်သံလေးနဲ့ မောင့်ကိုမေးတဲ့ ဘုစုမျက်နှာလေးက တိမ်တွေပြိုမှာစိုးတဲ့ ကောင်းကင်ကြီးလို ငိုမဲ့မဲ့နဲ့ပေါ့ ။ကံကောင်းထောက်မစွာနဲ့ပဲ ရင်မှာပျိုးထားတဲ့ စံပယ်အမြစ်တွေရယ် မောင်တို့ချစ်ခြင်းတွေနဲ့ ဆုတောင်းပြီးစိုက်ထားတဲ့ ပန်းစံပယ်တွေဟာ အခုဆိုကောင်းကင်ဦးခေါင်းထက်တောင်ပန်ဆင်လို့ရတဲ့ ပန်းတွေအမြောက်အမြားပွင့်နေပြီနော် ။အော....မေ့တော့မလို့ မနက်စောစောက ပန်းတွေခူးပြီး သံယောဇဉ်ကြိုးလေးနဲ့ သီထားတဲ့ စပယ်တကုံး ဘုစု ကေသာထက် မောင် ပန်ဆင်ပေးရအုံးမယ် ။

ဘာလိုလိုနဲ့ ညလဲ အိပ်တန်းဝင်ချင်နေပြီး ထိုင်ထားတဲ့ကြယ်တွေလဲ အေးစက်နေပြီးထင်ပါတယ် ဘုစုလက်ဖျားတွေ တိမ်စက်တွေတောင်တွဲခိုလို့ မောင့်ရင်ခွင်မှာ ခဏလောက်မှေးစက်ရင်း ရင်ခုန်သံ တီးဝိုင်းရဲ့ မောင်တောင်းဆိုထားတဲ့ ဆုတောင်းဆိုတဲ့ သီချင်းလေးကို နားထောင်အုံးနော် ။
ကဲ.... သဲဘုစုခရုလေးရေ မျက်လုံးတွေလဲမှေးစင်းနေတဲ့ လမင်းကြီးလဲ အိပ်ချင်နေပြီထင်တယ် အလိုက်သိစွာနဲ့ပဲ မောင်တို့ ဒီညလေးကို နှုတ်ဆက်ရင်း သဲဘုစုလေးအတွက် ခင်းကျင်းထားတဲ့ နှစ်ယောက်တည်း ဧည့်ခံပွဲကို သိမ်းပြီး မောင်တို့အခန်းဆီပြန် မောင့်လက်မောင်းပေါ်အိပ် ပြီးရင် ပြောနေကြ ပြုံပင်မဟုတ်တဲ့ မောင်တို့ဇာတ်လမ်းပြောပြမယ်နော်.....
ဟို....တချိန်တုန်းက အရမ်းဆိုးတဲ့ ဂျစ်ကန်ကန်ကောင်းလေးတစ်ယောက်ဟာ ရင်ခုန်တယ်ဆိုတာ အသက်ရှင်ဖို့ နှလုံးသားကအလုပ်လုပ်တာလို့ထင် အချစ်ဆိုတာ ကွမ်းယာဆိုင်နာမည်လို့ သတ်မှတ်ထားရင်းကနေ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကို အမှတ်တမဲ့မှ ဘ၀များစွာအထိ အမှတ်တရ ချစ်ခြင်းတွေနဲ့ ချစ်မိရင်း..............ဇာတ်လမ်းလေးတောင်မဆုံးသေးဘူး သဲဘုစုလေးက ကလေး တစ်ယောက်လို အိပ်စက်နေပါ့လား။မင်းဆံနွယ်လေးတွေ ပွတ်သတ်ရင်း ဒီတညကို ကျော်ဖြတ်သွားတော့မယ် ။

လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :