ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အချစ်ဆိုတာ နင့်မိခင်လား

Thursday 26 September 2013

1 comments
ကာရံတွေသက်ပြင်းချတဲ့ညက
ကြယ်တာရာတွေ စောင်ခြုံကွေးလို့
 မိုးတိမ်တလိမ့်လိမ့်နဲ့
လမင်းတောင် ညပျောက်နေလေရဲ့ ။
 
ကြင်နာသူက နာကျင်သူအဖြစ်ထားခဲ့ပြန်တော့
ဒဏ်ရာမပေါ်တဲ့ ဝေဒနာအတွက်
ဘယ်သူကများဆေးစွမ်းတစ်လက်
ဖော်စပ်ပေးနိုင်မှာလဲ ။
 
သံသယမြေဆီလွှာပေါ်မှာ
အချစ်သစ်ပင်ဆိုပြီး
ခနော်ခနဲ့တိုးထွက်လာမှတော့
ဒီသစ်ပင်ဟာ ဘယ်လိုကြီးထွားရှင်သန်ရမလဲ ။

အတွေးတွေ ဟိုရောက် ဒီပေါက်နဲ့
ရင်ဘတ်အောက်က နှလုံးသားကို
ဓါးတုံးတုံးထောက် မေးကြည့်မိသည်
အချစ်ဆိုတာ နင့်မိခင်လား ။
 
လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :