ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ (၂)

Friday 2 November 2012



အိမ်  ထောင်တခု အလှတွေစုအောင်
ဦး   ဆောင်နေမယ့်
  ခင်ဆိုတာ
ခင်  ယုံပေးပါ
+   ဘက်တဲ့ နှစ်ပေါင်းများစွာ
တီ  တီတာတာ သားလိမ္မာများနှင့်
တင့် တင့်တယ်တယ် လောကအလယ်မှာ
နှစ် ရက်မှစ စက္ကန့်တိုင်းလဲ
၃၀  နှစ်မှ နှစ်ပေါင်းများစွာ
ပြည့် စုံတဲ့ အကြင်နာမေတ္တာ နားလည်မှု့ သံယောဇဉ်တွေကို
ပု လဲရတနာလို လည်မှာဆွဲလို့
လဲ လှောင်းနားခိုအေးရိပ်စစ်မှာ
  တုများစွာ အတူချီရင်း
တု နှိုင်းမရတဲ့ မိဘမေတ္တာ သားတို့ပေးရင်း တွဲလက်မဖြုတ် ဘ၀ခရီးဆက်ကြပါဆို့ ။

လွင်ပြင်လှိုင်းငယ် 

7 comments:

လေပြေချို said...

အာပါးပါး.. ကဗျာလေးက တစ်ကယ်ကိုခမ်းနားနေပါလား... တီတင့်တို့တော့မသိဘူး... လေပြေကတော့ ဒီကဗျာလေးဖတ်နေရင်း စိတ်ထဲမှာ ကြည်နူးသွားတာပဲ.. လေပြေ့အလှည့်ကျလဲ အဲ့လိုလေးစပ်ပေးပါလားနော်...အဟိ
ခင်တဲ့
လေပြေ

အလွမ်းမြို့ said...

လွင်ပြင်ရေ

ရေးတတ်လိုက်တာ.အားပေးသွားတယ်။
တီတင်တို့ဇနီးမောင်နှံ ကျေနပ်အားရမှာပါ...


ခင်တဲ့
အလွမ်း

အဖြူရောင်နတ်သမီး said...

ကဗျာလေးလည်းမိုက်တယ်...
တီတင့်ကိုလည်း အားကျတယ်...
ဆုလည်း တောင်းပေးသွားပါတယ်...
Congratulation!!!!!!!!!!!တီတင့်..း)


ပုံ/ အပျိုကြီး နမ်းမဝ(အဖြူရောင်နတ်သမီး)

မြတ်နိုးသူ said...

ကဗျာလေးအားပေးသွာပါတယ်ပါးပါး

Unknown said...

တီတင်.တို.ဇနီးမောင်နှံအတွက်
ဆုတောင်းကဗျာလေးအားပေးသွားပါတယ်
ခင်တဲ.အန်တီလေးမေခင်

နွေတေးရှင် (မင်းဧရာ) said...

ပုလဲရတု
ဆုတောင်းလေးက ကောင်းလိုက်တာ ယောက္ခမရာ..

သမက်နဲ့ သမီးကျရင်လည်း အဲသည်လိုလေး ဆုတောင်းပေးဦးနော်း)

mstint said...

ဆုတောင်းကဗျာလေးအတွက် ကျေးဇူးတွေ အထပ်ထပ်တင်သွားပါတယ် လွင်ပြင်လေးရေ။ ကိုယ်တိုင် ကဗျာလေးတွေ မရေးစပ်တော့ တီတင့်အတွက် သာမာန်ထက်ကိုပိုပြီး တန်ဘိုးထားရတဲ့ အမှတ်တရလေးတွေမို့ ကူးယူသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :