လွမ်းရိပ်ရယ် ပြို
တမ်းတကာငို
မှန်းမှန်းဆဆ
လွမ်းရပြန်တော့
ဒီမောင့်မှာငို ။
ကြင်နာခြင်းနွမ်း
နာကျင်စွာလွမ်း
ဝေဒနာလမ်း
လျှောက်ရပြန်တော့
ချစ်ခြင်းတွေအို ။
ပြိုတဲ့အလွမ်း
ငိုတဲ့နှလုံး
နွမ်းလျတဲ့ရင်
အသင်ရယ်
တခါတခေါက်
အရောက်လာပြီး
အရင်လိုပဲ
ချစ်ခြင်းဖွဲ့ ကဗျာတပုဒ်
စပ်ပေးစေချင် ။
လွင်ပြင်လှိုင်းငယ်
1 comments:
ကဗျာရှင်ကိုယ်တိုင် အရင်ဆုံးဖတ်ခဲ့ပါတယ်
Post a Comment