ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ရင်ငွေ့လုံချင်သူ

Sunday 16 December 2018

စက္ကန့်တွေ လေတိုက်စား
မိနစ်တွေမျောလွင့်
သက္ကရာဇ် ခြစားသွားလဲ
တန်ဖိုးထားတဲ့
အတိတ်ဆိုတာ
အလင်းမဲ့တဲ့
အရိပ်လေးလို
တွေးစရာမလိုပဲ
နှလုံးသားမှာ
အမြဲထင်ကျန်မြဲပါ
ပေါ့ပေါ့ပါးပါး
သွားလာတတ်တဲ့
လှုပ်ရှားမှု့တွေ
လေးလေးပင်ပင်
တွေးတဲ့အတွေး
ကလေးတယောက်
နှလုံးသားနဲ့
စစ်သူကြီးလို
ရဲစွမ်းတဲ့သွေး
အိပ်စက်နေတာ
လွမ်းဆူးမွေ့ယာ
လူအမြင်က
ဘုရင်မလား
ပြုံတဲ့နှုတ်ခမ်း
သူမငိုသံ
သင်ကြားသိအောင်
သူမလှုပ်ရှားဟန်
သင်မြင်ရင်အောင်
သူမအတွေး
သင်ခံစားတတ်အောင်
သူမထံ ခဏခဏ
ရင်ငွေ့လုံပါ

လွင်ပြင်လှိုင်းငယ်

၁၂.၁၆.၂၀၁၈(ယူအက်စံတော်ချိန် ၂၂း၃၈)

0 comments:

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :