မျက်ရည်မြစ်ထဲက အမေ့အတွက်ကဗျာ
အမေလို့ ရင်ထဲကအခေါ်မှာ
အတ္တတွေပျော်ကျ
မောဟ ရမ္မက်တွေကွာကျရင်း
ဒေါသတွေရင်မှာပျောက်လို့
မေတ္တာတရားရဲ့ ပဲ့ကိုင်ရှင်
သံယောဇဉ်ကြိုး နဲ့ ကမ္ဘာကိုချည်နှောင်နိုင်သူ
ခွင့်လွတ်နားလည်မှု့အပြည့်ရှိသူ
အမေကို အမေလို့
ရင်ထဲမှာ စက္ကန့်တိုင်းခေါ်နေမိတယ်
မေမေရယ် ။
အမေအတွက်
စာတလုံးရေးတိုင်း
ရင်ထဲမှာ ဆို့နင့်လာလို့
ကဗျာထဲမှာတောင် ငိုမိနေသူပါ
ဆိုးရွာတဲ့ အမှောင်ညတွေကြောက်တိုင်း
အမေဆိုပြနေကြ
သားချော့တေးလေးက
သားအတွက်အားဖြစ်တဲ့
ဂန္တ၀င်အမြောက်ဆုံးတေးသွားတစ်ပုဒ်ပေါ့ ။
အမေ
အမေ
အမေ
ကဗျာတစ်ပုဒ်လုံးအပေါ်
မျက်ရည်တွေကျမိနေပြီ ။
*****************
ကျွန်တော်ရဲ့ သူရဲကောင်း
ငွေရောင်တွေလွမ်း
ဆံဖြူ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
ဆံဖြူ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
ဆံဖြူတွေက သားအတွက်ပူလို့
ဖြူရတာလားအမေ ။
နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ ။
အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ ကာကွယ်ဖို့
နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ ။
ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ ။
ဖြူရတာလားအမေ ။
နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ ။
အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ ကာကွယ်ဖို့
နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ ။
ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ ။
(၀န်ခံချက်။ ။ ပုံကို google မှကူးယူပါသည်)
မှတ်ချက် ။ ။ကဗျာအသစ်တစ်ပုဒ်နှင့် အဟောင်းတစ်ပုဒ်ကို ပူတွဲတင်ထားပါသည် ။ အမေတိုင်းကို လေးစားမိပါသည် ။
လွင်ပြင်လှိုင်းငယ်