ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

facebookယာ

Tuesday 1 January 2019

0 comments
အရွက်ရယ်ပြာ
အကြွားပါးပါးသုတ်လို့
အတင်း အဖျင်း
အဆဲအဆို
ညာတာအကုန်ထည့်
ဂုဏ်ရှိတာလေးလဲ နဲနဲလျော့ထည့်
ယဉ်ကျေးမှု့လုံးမထည့်နဲ့
အချိန်ရှိတိုင်းစားမို့
ပုံစံလေးမြင်စားချင်အောင်
လှလှလေးတော့ထုပ်ပေး
ဝါးပြီးထွေးလိုက်တော့
အရည်အဖတ်မကျန်ပေမယ့်
မစားပဲမနေနိင်လို့
ဖြတ်ဖို့ခက်တဲ့
facebookယာလေး

လွင်ပြင်လှိုင်းငယ်

ဒီဇင်ဘာသမီးပျိုသို့

Thursday 27 December 2018

1 comments
နှင်းရယ်တဲ့ဖြူ
မြူမှုန်ကလွင့်
မြူရယ်နှင်းရယ်
တူဆုံလို့ကွယ်
ရှက်သွေးကဖြာ
မြူအနမ်းလား
နှင်းအနမ်းလားနဲ့
ဒီဆောင်းကတော့
ပန်းနုရောင် နေရောင်လာမှာစိုး ။

သဘောကဖြူ
မနောကကောင်း
သဘောမနော
ဖြူဖြုလေးမို့
အရောင်စပ်သူ
စိတ်ကြိုက်ရယ်လို့
တွေးလို့ကပူ
စိတ်ရယ်မချ
အရောင်တွေရောမှာစိုးကြောက်မိတယ် ။

သဘောဖြူတဲ့
ဆောင်းနတ်မိမယ်
အနေအေးပေမယ့်
ရဲရဲရင့်ရင့်သွေး
အမေစပ်ထားပေးသူ
မနောကောင်းပေမယ့်
ထုံအနေသူမဟုတ်လို့
ဒီဇင်ဘာသမီးပျိုလေးအား
နေလာနှင်းမပျောက်
အရောင်စပ်မရတဲ့သူလေးမို့
ထာဝရတသက်တာ
သူမ အတွက်အား
ဘာကိုမှ စိုးမကြောက်မိပါ

လွင်ပြင်လှိုင်းငယ်


ဧဒင်ရဲ့သားပျို သမီးပျို

Tuesday 18 December 2018

1 comments
ရခဲတာက လူ့ဘဝ
ရပ်တည်ဖို့ခက်တာ လူ့လောက
ရပ်နေလို့မရတာ သဘာဝ
ရင်ဆိုင်ခြင်းရလဒ်က အနာဂါတ်
ရခဲတဲ့လူ့ဘ၀ လူပီတအောင်
နေကြဖို့က အဓိက
ရပ်ဖို့ခက်တဲ့ လူ့လောက
အတူလျှောက်ဖို့ တွဲခေါ်ကြ
ရပ်မရတဲ့ဘသာဝ
တူညီစွာနဲ့ကာကွယ်ကြ
စုပေါင်းညီညာထူထောင်းပါက
ကမ္ဘာ့အနာဂါတ်
ယမ်းတောင်ပန်းဖြစ်
စမ်းမှာသွေးကင်းလို့
ဘယ်နေရာကြည့်ကြည့်
ဧဒင်ရဲ့သားပျို သမီးပျိုတွေအလားပါပဲ

လွင်ပြင်လှိုင်းငယ်

ရင်ငွေ့လုံချင်သူ

Sunday 16 December 2018

0 comments
စက္ကန့်တွေ လေတိုက်စား
မိနစ်တွေမျောလွင့်
သက္ကရာဇ် ခြစားသွားလဲ
တန်ဖိုးထားတဲ့
အတိတ်ဆိုတာ
အလင်းမဲ့တဲ့
အရိပ်လေးလို
တွေးစရာမလိုပဲ
နှလုံးသားမှာ
အမြဲထင်ကျန်မြဲပါ
ပေါ့ပေါ့ပါးပါး
သွားလာတတ်တဲ့
လှုပ်ရှားမှု့တွေ
လေးလေးပင်ပင်
တွေးတဲ့အတွေး
ကလေးတယောက်
နှလုံးသားနဲ့
စစ်သူကြီးလို
ရဲစွမ်းတဲ့သွေး
အိပ်စက်နေတာ
လွမ်းဆူးမွေ့ယာ
လူအမြင်က
ဘုရင်မလား
ပြုံတဲ့နှုတ်ခမ်း
သူမငိုသံ
သင်ကြားသိအောင်
သူမလှုပ်ရှားဟန်
သင်မြင်ရင်အောင်
သူမအတွေး
သင်ခံစားတတ်အောင်
သူမထံ ခဏခဏ
ရင်ငွေ့လုံပါ

လွင်ပြင်လှိုင်းငယ်

၁၂.၁၆.၂၀၁၈(ယူအက်စံတော်ချိန် ၂၂း၃၈)

ကျွန်တော်တို့ရွာ

Saturday 11 August 2018

4 comments
ရသ သုတ ကဗျာ စာပေ သတင်းစုံတဲ့ ရွာလေးဆီက ဘုန်းဘုန်းနေကောင်းပါစ (မှတ်ချက် ဘုန်းတောက်လင့်က ဖွင့်မရဖြစ်နေ)
အမေကျွန်တော့လိုပဲရွာကိုအသွားကျဲနေပြီ အလုပ်တွေများနေတာသိပေမယ့် အတူတူသွားလည်ကြရအောင်
http://auntytint.blogspot.com/ ဘုစုရေ မောင်တို့ရွာလေးဆီအလည်သွားရအောင် ရွာသူရွာသားတွေကိုအရမ်းသတိယလို့ပါ http://jasminesweet.blogspot.com/  ကျောင်းဆရာကြီးဆီရောသွားလည်ရင်း သူ့ဆီက ကဗျာရွတ်သံ သူခိုးလက်ကျန်ဂီတာသံလေးလဲနားဆင်ကြမယ် https://hankyi.blogspot.com/ ကံထူးလက်ဆောင် သူမလက်ရာစာအုပ်ကြွေးလေးလဲတောင်းရမယ် http://www.myathwayni.com/ စာရေးကောင်း ဓါတ်ပုံရိုက်တော် အတွေးလှလှတွေနဲ့ https://www.missgreenlady.com/ သူမဆီတော့ပုံရိုက်ပေးဖို့တောင်းဆိုရမယ် ။ မသိလို့မေးရင်း စိရှည်ရှည်ပြောပြတတ်တဲ့ဆရာဆူးသစ် http://whitesmallstreet.blogspot.com/ သူကြီးမလို့ဆိုထိုက်တဲ့ရွာမှာအမြဲနေတဲ့ချွေးမလေး http://coralnyo.blogspot.com/  ကောင်းကင်ပေါ်အိမ်ဆောက်နေတဲ့ လရိပ်အိမ် (မှတ်ချက် လင့်ရှာမရပါ) နတ်သမီးလေးတပါးလို စာရေးကောင်းတဲ့  http://angelhlaing.blogspot.com/ ကျန်းကျန်းမာမာဖြစ်အောင်လုပ်အတူပြန်လည်ရအောင် အကို့ညီမ http://madankoo.blogspot.com/  သူဂျီးဆီတော့မသွားမဖြစ်ပေါ့ http://kokomaunguk.blogspot.com/ ရွာပွဲအတွက်အဆိုကောင်း စာရေးလဲကောင်းတဲ့ အခုတော့ WE LOVEဆိုလုပ်နေတဲ့ https://moethetoolwin.blogspot.com  မကြာခင်ကမျိုးဆက်သစ်လေးနဲ့အတူ ချိုချဉ်လေး http://www.candykhine.com/ ရွာမှာဆောက်လုပ်ရေးအတွက် http://blog-aunghtut.blogspot.com/  အမြဲရွာမှပျော်နေတဲ့ http://theingara.blogspot.com/  ကလေးတယောက်လိုဖြူစင်တဲ့ညီမလေး http://yinnyein4yoe.blogspot.com/  တဦးတည်းသောသမီးhttp://thameesan.blogspot.com/ ပျော်ပျော်လေးနေတတ်တဲ့ http://chitsaneainlove.blogspot.com/  ချစ်စံအိမ်လေးပေါ့ သဘောအကောင်းဆုံးအပြင်မှာလဲအရမ်းခင်မိတဲ့သမက်ကြီး http://nwaytayshin.blogspot.com/  ပျောက်နေလို့ပြန်ရှာမရတဲ့ http://thameenge.blogspot.com/   http://laypyaycho.blogspot.com/  https://snowmay1987.blogspot.com/  စာရေးအကောင်းတဲ့ ညီမလေး http://june-moe.blogspot.com/  ကလေးတွေနဲ့အလုပ်များနေတဲ့ လင့်သေနေတယ်ထင် မိုးညချမ်း သမီးလေး http://myatnothumufl.blogspot.com/  အရမ်းချစ်တတ်တဲ့ ရင်ဆူးတို့မိသားစု (လင့်ကဖွင့်မရတော့) ညီမလေးမိုးနတ် ဖဘမှာတောင်မတွေ့တော့ နေကောင်းရဲ့လား http://maynyachan.blogspot.com/   အဆက်အသွယ်မရတဲ့ ညီငယ် http://getsuyoobi.blogspot.com/  အမြဲ ဖဘမှာတွေ့နေတဲ့ ကလေးတယောက်နဲ့အလုပ်များနေတဲ့ http://seaandangel.blogspot.com/  စာရေးကောင်းလှတဲ့ အပြာရောင်တောင်းတန်း http://pyoyuwathone.blogspot.com/  နှင်းဆီတွေချစ်တတ်တဲ့ http://roseayemaung.blogspot.com/  အရမ်းစိတ်ထားဖြူစင်လွန်းလှတဲ့ http://3rdthameetaw.blogspot.com/  တို့ ရွာလေးမှာဆုံကြပါဆို့

လွင်ပြင်လှိုင်းငယ်

ပြိုင်လို့နိုင်မလား

Monday 6 August 2018

3 comments
တိမ်တွေကမ်းကပ်တဲ့ ပင်လယ်
ကြယ်တွေစီးမြောတဲ့ စမ်းချောင်း
လရောင်တွေဝေနေတဲ့ မြေပြင်ပေါ်ဝယ်
ကောင်းကင်ကပန်းလှလှတွေကမြေပြင်ကို
စိုက်ကြည့်နေတဲ့အခိုက်
မိတ်ကပ်ကပြောင်ပြောင်
မျက်မှောင်ကကုတ်ကုတ်
နှာတံလဲချွန်ချွန်
ဆေးမသုတ်တဲ့နှုတ်ခမ်း
ယူ(u)ရှိတ်ကမေးရိုး
လည်တိုင်က ဗျိုင်း
ထင်တိုင်းလှနေတဲ့
သူမကိုမြင်ကာ
ပန်းတွေမြေပေါ်ဆင်း
ကြယ်စင်လတွေကောင်းကင်တက်လို့
ခုတော့ တိမ်တွေလဲကမ်းကပ်စရှာမရှိ
ကောင်းကင်ပေါ်ဝယ် ဟိုမျှေား ဒီမျှောပေါ့

လွင်ပြင်လှိုင်းငယ်


ဘုစုမွေးနေ့ မောင့်အမှတ်တရ ကဗျာလေး

Wednesday 28 December 2016

0 comments
နှင်းရယ်ကဖြူ
လေပြည်ကအေး
ခရစ္စမတ်
တေးတပုဒ်နဲ့
မွေးဖွားသူရေ.......

ဖြူစင်တာက
စိတ်ထားမြတ်နဲ့
ချမ်းမြ ဒီဆောင်း
ခိုးအောင်းလို့ရယ်
မွေးဖွားသူရယ်.....

စိတ်ထားကဖြူ
လေပြင်းဝှေ့လဲ
ကြမ်းတဲ့မုန်တိုင်း
သူ မကြောက်ပဲ
လျှောက်ရဲသူရေ

ဒီနေ့ ဒီရက်
အမေ့အသက်
ရင်းကာဖွားရ
မမေ့ပါနဲ့
ချစ်ရသူရေ.....။




ရင်ပျိုးသစ်ပင်

Monday 20 June 2016

4 comments
ရင်မှပျိုးသည့်
ချစ်ခြင်းသည်ပင်
အနမ်းဖူးဖူး
အလွမ်းပွင့်ပွင့်
မြတ်နိုးဝေေ၀
ဝေဒနာနွမ်း
ရော်ရင့်ခြောက်လဲ
ရင်ကပျိုးလို့
မြတ်နိုးမိသည်
ထာဝရတည်
ရင်ကပျိုးသည့်
အချစ်သစ်ပင် ။

လွင်ပြင်လှိုင်းငယ်

၆.၂၀.၂၀၁၆


သစ်ရွက်နှင့်နွေ

Saturday 2 April 2016

0 comments
နွေကြိုတဲ့ပုရစ်ဖူးတွေ
အပင်ထိပ်မှာရှိနေပေမယ့်
နွေဟောင်းက သစ်ရွက်ခြောက်တွေ
ပင်ခြေအောက်မှာရှိနေပါတယ်လေ ။

ပုရစ်တွေဖူးလို့
အမြင်အေးပေမယ့်
ရွက်ခြောက်တွေလဲ
ကျန်တဲ့နွေက အေးရိပ်ပေးခဲ့တာပဲလေ ။

တရွေ့ရွေ့နဲ့
ပုရစ်ဖူးတွေလဲ
လေနုအေးနဲ့အတူ
ရွက်နုတွေဝေအပြီး
ရွက်ကြမ်းနဲ့အတူ
အပူငြိမ်းစေတဲ့
အရိပ်ရအပင်တောင်ဖြစ်နေပါပေါ့လား။

တဖြည်းဖြည်းနဲ့
ရွက်ခြောက်တွေလဲ
လေပြည်နဲ့အတူ
လေပြင်းနဲ့ဆော့လို့
ကန်ရေပြင်မှာမျောမလား
ရှို့မီးမှာလောင်မလားနဲ့
အတိတ်ကတော့ အရိပ်ပေးခဲ့တာပဲလေလို့
ဖြေတွေး တွေးရင်း လွင့်မျောလိုက်ပါ
သစ်ရွက်ကလေးများရေ ။


လွင်ပြင်လှိုင်းငယ်

4လပိုင်း 2ရက်နေ့ 2016





ထွက်ပေါက်

Sunday 2 November 2014

3 comments
            တိမ်တခင်းလဲ နေမင်းရိပ်သိမ်းတဲ့ဆီပါသွားတဲ့နေ့က ပြိုင်ဘက်ကင်းကင်း နေမင်းက ပူလောင်ခြင်း
တွေဒီကမ္ဘာမြေပေါ်ဖြန်းကြဲချိန် ကျွန်တော်တစ်ယောက်လဲ အလုပ်အကိုင်မရှိယောင်ချာချာ ဦးလေးဆရာ
တစ်ယောက်ထံသွားလည်ခဲ့တယ် ။သူ့အိမ်ကိုရောက်တော့ အိမ်ထဲမှာဘယ်သူမှမရှိကြဘူး ဒါနဲ့အော်ခေါ်
လိုက်တော့ အိမ်နောက်ဘေးခြံထဲက ဦးလေးက ငါခြံထဲမှာလို့အော်ပြောတယ်။နေပူပူဒီဦးလေးတစ်ယောက်တော့ခြံထဲဘာလုပ်နေလဲလို့တကိုယ်တည်းရေရွတ်ပြီးသူရှိရာသို့အိမ်ထဲကိုဖြတ်ပြီးခြံထဲကိုဆင်းလာခဲ့သည် ။

             ဟော..တွေ့ပါပြီ ကုန်းကွကုန်းကွနဲ့သူစိုက်ထားတဲ့ ငရုတ်သီးခင်းက ငရုတ်သီးတွေခူးလို့
သူ့နားလျှောက်သွားရင်း
"ဦးရယ်နေကပူပူဒါတွေလုပ်နေရလား နေအေးမှဆရာမ(သူ၏အမျိုးသမီး)နဲ့အတူတူခူးပါ့လား"
"ဒီမယ် မောင်ရင် နေအေးတဲ့အထိအချိန်ကိုစောင့်နေရင်ကုန်သွားတဲ့အချိန်တွေကို မောင်ရင်ပေးနိုင်လား
မောင်ရင်းမပေးနိုင်သလိုဘယ်သူမှလဲမပေးနိုင်ဘူး" စကားသာပြောနေပေမယ့် မျက်လုံးနဲ့လက်က
ငရုတ်သီးအပင်ပေါ်မှာရှိနေသောသူ့ကို
"ဦးကလဲ ကျွန်တော်က စေတနာနဲ့နားနားနေနေ နေဖို့ပြောတာပါ ဦးတို့မှာ ဒီသီးပင်စားပင်တွေမစိုက်လဲ
ဈေးထဲမှာကြိုက်သလောက်ဝယ်စားနိုင်နေတာပဲ ဦးတို့တမိသားစုလုံးအလုပ်အကိုင်နဲ့ နေနိုင်စားနိုင်သူတွေပဲ ဘာကြောင့်ဒါတွေအပင်ပန်းခံလုပ်နေရတာလဲ"ကျွန်တော်အဲ့လိုပြောတော့ သူတစ်ချက်ကျွန်တော့်ကိုလှမ်း
ကြည့်ပြီး
"မောင်ရင်ဒါတွေကိုဘယ်လိုမြင်လဲ" "ငရုတ်ပင်နဲ့ငရုတ်သီးလို့မြင်တယ်လေ"ချက်ချင်းဖြေလိုက်တော့ "
ဦးလေးကကျွန်တော့ဘက်လှည့်ကြည့်ပြီး "အင်း မောင်ရင်မြင်တာလဲမမှားပါဘူး ဒါပေမယ့် ဦးအမြင်
ကဒါတွေဟာ ဦးလေးရဲ့စိတ်ထွက်ပေါက်ကွ" "ဗျာ ထွက်ပေါက်ဟုတ်လား ကျွန်တော်ကြားဖူးတဲ့ ထွက်ဆိုတာကတချို့က စိတ်ထွက်ပေါက်ကိုအရက် တချို့က သီချင်းစသဖြင့်ကိုယ်ကြိုက်တာနဲ့ထွက်ပေါက်ပေး
လိုက်ကြတယ် ဦးလေးကြတော့တမျိုးနော်" သူကတချက်ရီပြီး" လူအမျိုးမျိုးစိတ်အထွေထွေပေါ့ကွာ
ဦးလေးမောင်ရင့်ကိုစိတ်ထွက်ပေါက်ရှာတာလေးပြောပြမယ် ဥပမာကွာ အရက်သောက်ပြီး ထွက်ပေါက်ရှာတာသူ့အတွက်ရော ပတ်ဝန်းကျင်အတွက်ရောကောင်းလား" "ဟုတ် ဘယ်သူ့အတွက်မှမဟုတ်ပါဘူး"
ကျွန်တော်ဖြေတော့"ဒါပေါ့ ဘယ်သူ့အတွက်မှမကောင်းတဲ့ထွက်ပေါက်ရှာတော့ သူဘာဖြစ်မယ်ထင်လဲ
ထွက်ပေါက်ရှာပေမယ့် ၀င်ပေါက်မြန်မြန်နီးသွားတာပေါ့ " "ဗျာ ....ဘာဝင်ပေါက်လဲဗျ့" "မောင်ရင်ကလဲ
ဝင်ပေါက်ဆိုတာ သေမင်းဆီဝင်တဲ့ဝင်ပေါက်လေကွာ အရက်သောက်တော့မြန်မြန်သေတာကိုပြောတာကွ"
"ဟုတ် ဒါလဲဟုတ်တာပဲ ဒါနဲ့ဦးလေးရဲ့ အပင်လေးတွေနဲ့စိတ်ထွက်ပေါက်အကြောင်းလေးလဲပြောပြပါအုံး"
"ဒီလိုကွ အပင်လေးတွေစိုက်တော့ စစိုက်ပြီဆိုကတည်းက ဒီမျိုးစေ့က ဒီမြေမှာပေါက်ပါ့မလား
ငါပေါက်းထားတဲ့မြေကညက်မှညက်ပါ့မလား ပျိုးထားတဲ့မျိုးစေ့တွေက အညှောင့်ထွက်ပါ့ထွက်ပါ့မလားနဲ့
တချိန်လုံးစိတ်တွေကဒီအပင်ပေါ်ရောက်နေတာ ဒီတော့တခြားမဟုတ်တာလုပ်ဖို့ခေါင်းထဲရောက်တော့ဘူး
ပေါ့ကွာ အရက်ဆိုရင်တော့ တခွက်နှစ်ခွက်သောက်ပြီးတာနဲ့မဟုတ်တာလုပ်ဖို့နှိုးဆော်နေတော့တာပဲ
မဟုတ်ဘူးလား"မေးတော့ ချက်ချင်း " ဟုတ်ပါတယ်" လို့ကျွန်တော်ထောက်ခံတော့ ဦးလေးကဆက်ပြီး"
" ပျိုးစေ့လေးတွေမြေချအပင်လေးတွေထွက်လာတော့ စိုက်ရသူကစိတ်ချမ်းသာလာတယ် ဒါနဲ့အပင်တွေ
ကြီးထွားလာအောင်ရေလောင်းပေါင်းသင်နဲ့အချိန်တွေဟာကုန်မှန်းမသိကုန်သွားတာပေါ့ တိုတိုပြောရရင်
အသီးတွေရတော့ အိမ်လဲစားချင်သလောက်စား မိတ်ဆွေတွေလဲပေးချင်သလောက်ပေး ဘယ်လောက်
စိတ်ချမ်းသာဖို့ကောင်းလဲကောင်း ပိုက်ဆံလဲမကုန်ဘူး (ရေဖို့တော့ကုန်တာပေါ့)အသီးလေးတွေ ဘုရားလှူတော့ကုသိုလ်ရ ပိုလျှံတော့ရောင်းစားရတော့မိသားစုလဲအပိုဝင်ငွေရ မိတ်ဆွေတွေပေးစားတော့သူတို့လဲ
ပျော် ကဲကြည့် အားလုံးဟာကောင်းကျိုးတွေပဲမဟုတ်လား ဒါကြောင့်စိတ်ထွက်ပေါက်ရှာတယ်ဆိုတာ
ကိုယ်ရော ပတ်ဝန်းကျင်အတွက်ရောအားလုံးအကျိုးရှိဖို့လိုတယ်ကွ ဦးလေးကိုကြည့်မောင်ရင်တို့ဆရာမ
အလုပ်သွား သားသမီးတွေကျောင်းသွားနဲ့အိမ်မှာတယောက်တည်းကျန်နေပေမယ့်ပျင်းဖို့အချိန်တောင်မရှိဘူး ဒီထွက်ပေါက်လေးနဲ့အချိန်ကုန်သွားတာ ညနေမိသားစုပြန်ရောက်လာတော့သူတို့နဲ့အချိန်ကုန် ဘ၀ဆို
တာဒါပဲ ထွက်ပေါက်မမှားဖို့ပဲလိုတယ် မောင်ရင်လဲထွက်ပေါက်ရှာမယ်ဆိုကောင်းတဲ့ထွက်ပေါက်ရှာတတ်ဖို့
လိုတယ်နော်"လို့ စကားအရှည်ကြီးပြောပြီးမောလို့ထင်တယ်ဘေးမှာချထားတဲ့ရေနွေးကြမ်းအေးစက်စက်ကို
မော့သောက်ပြီး ငရုတ်ခင်းမှထကာ ကန်စွန်းခင်းဘက်ထွက်သွားလေတော့သည် ။
      ကျွန်တော်လဲဦးလေးကျောပြင်ကိုငေးရင်း အိမ်အပြန် ကုန်တိုက်သို့ဝင်ကာဝယ်ရန်စဉ်းစားထားသော
ဘီယာဘူးနှင့် မျိုးစေ့ထုတ်တလှည့် ငရုတ်သီးတောင့်နှင့် အမြည်းလုပ်စားမည့်အားလူကြော်တပြန်စဉ်စား
တွေးတော ဆုံးဖြတ်ကာ ဦးလေးကိုနှုတ်ဆက်ပြီး အိမ်အပြန်ဝယ်နေကျကုန်တိုက်ထဲသို့ဝင်ကာ...........

လွင်ပြင်လှိုင်းငယ်

မှတ်ချက် ။     ။ချစ်စွာသောစာဖတ်မိတ်ဆွေများ စာလုံးပေါင်းသတ်ပုံများမှားယွင်းလျှင်ပြင်ဆင်ဖတ်ပေးကြပါခင်ဗျာ ။

အမှတ်တရ ၉နှစ်တာကာလ

Thursday 23 October 2014

4 comments
ရွက်နု ဖူးဝေ
ရွက်သစ် မာန်တက်
ဟန်ချက်ပျက်တော့
ရွက်ဟောင်း ဘဝ
မြေမှာခပြီး
ဘယ်ဆီရောက်လဲ
မသိပေမယ့်
ရွက်ကြွေတွေရေး
ရွက်သစ်ပြုတဲ့
ကျမ်းအစုကို
ရင်ဝယ်မှတ်သား
ချစ်အားပိုတာ
ကိုးနှစ်တိုင်ပြီ
သဲဘုစုရေ  ။

ချစ်ခြင်း ရင်ဝယ်
ကြင်နာနွယ်ရစ်
သစ္စာပျိုးကာ
ပင်စည်ကချစ်
ကိုင်းဖျားမေတ္တာ
သံယောဇဉ်ဖူး
နားလည်မှု့ပွင့်ဝေ
ဘယ်မကြွေသည့်
အချစ်ပန်း
နှစ်ထောင်သောင်း မညိုံနွမ်း
ဘုစုလေးကို ချစ်သည်တအား.......
 
၉နှစ်ပြည့်အမှတ်တရ(၁၇.၁၀.၂၀၁၄)
 
တင်တာနောက်ကျသွားတယ် ဘုစုရေ
 
လွင်ပြင်လှိုင်းငယ်

ကဗျာရှင်သို့

Friday 19 September 2014

1 comments
လွမ်းရိပ်ရယ် ပြို
တမ်းတကာငို
မှန်းမှန်းဆဆ
လွမ်းရပြန်တော့
ဒီမောင့်မှာငို ။
 
ကြင်နာခြင်းနွမ်း
နာကျင်စွာလွမ်း
ဝေဒနာလမ်း
လျှောက်ရပြန်တော့
ချစ်ခြင်းတွေအို ။
 
ပြိုတဲ့အလွမ်း
ငိုတဲ့နှလုံး
နွမ်းလျတဲ့ရင်
အသင်ရယ်
တခါတခေါက်
အရောက်လာပြီး
အရင်လိုပဲ
ချစ်ခြင်းဖွဲ့ ကဗျာတပုဒ်
စပ်ပေးစေချင် ။
 
လွင်ပြင်လှိုင်းငယ်
 

အချစ်သစ်နှင့်တွေ့ပြီ

Thursday 18 September 2014

4 comments
ဒိုမိန်းကုန်လို့
ငိုကာရီ(ရယ်)
အရုးမနှင့်
တူပါသည် ။

နံနက်လင်းလဲ
ပူပါသည်(နားပူသည်)
လင့်အသစ်လေး
ပြောင်းလားဟင် ။

ညဘက်ကြလဲ
ပြောပြန်သည်
ကဗျာသစ်လေး
သူတင်ချင် ။

ဒီနေ့ကြတော့
သူပျော်သည်
ဆိုဒ်သစ်လေးလဲ
သူပိုင်ပြီ ။

လွင်ပြင်လှိုင်းငယ်

 ဘုစခရု ဒိုမိန်းသက်တမ်းကုန်ပြီး ဘလော့ဖွင့်မရတော့ ဘလော့ဂါသူငယ်ချင်းတွေအပေါ်သူသံယောဇဉ်
တော်တော်ကြီးတာသိလိုက်ရတယ် ။ဗျာ ..ကျွန်တော်လား ကျွန်တော်လဲ ဘလောဂါသူငယ်ချင်းတွေကို
သံယောဇဉ်ကြီးပါတယ် ။
ဒါကတော့သူမရဲ့ လင့်အသစ်လေးပါ ပြန်ချိတ်ပေးကြပါနော် ။
http://jasminesweet.blogspot.com/

အသက်ထက်တန်ဖိုးရှိသောအရာ

Tuesday 15 April 2014

3 comments
အသက်လေးရယ်ငယ်ငယ်
သနပ်ခါး ပါးကွက်ကျားရယ်နဲ့
ဆင်ရင်ထုံးရွှေရင်ဖံုး
လုံချည်ရှည်ရှည်
ဆံနွယ်နက်နက်
ယဉ်ကျေးတဲ့ သမီးပျိုလေးမို့
မိဘတွေ ဂုဏ်ယူပြုံး
ကြည့်မှန်လေးတချပ်လိုကြည့်မဆုံး
 
အရွယ်လေးရယ် ဟိုမရောက် ဒီမရောက်
အစွယ်လေးမပေါက်တပေါက်
ဂေါ်လီလေး ဟိုလျှောက် ဒီလျှောက်
ပေါင်တွင်းလေးပြမှလှတယ်ထင်ကြ
ရင်သားလေးပြချင် ကာမ
ဓါတ်ပုံလေးရိုက်ကာတင်မှ
အင်တာနက်ဖွတာမြန်ပါ့
အခုတော့ မိဘတွေမြင်ရ
............................
ကြည့်မှန်တချပ် ကွဲရှ
မှန်စတွေ ရင်ဝယ်စူး
အသက်ဆိုတာ အရှက်လောက်တန်ဖိုးမရှိပါလား   ........
 
လွင်ပြင်လှိုင်းငယ်

မ.........သို့

Thursday 17 October 2013

10 comments
ရနံ့သင်းထုံ
 ရောင်သွေးလဲစုံ
 မြတ်နိုးသူပုံလို့
 သူမေမှာမာန်တက်တယ်
 မထင်ရက် ယုံ ။
 
 အမြင့်မှာမစံ
 မြေမှာလဲမခ
 ပန်းတို့ထုံးစံ
 စုန်ကန်လို့ထ
 မာန်မာနနဲ့
ခူးချင်သူတိုင်း ခူးရရိုးလား
ဆူးအတက်နဲ့
ကာကွယ်ထား ပုံ ။
 
အိန်ဂျယ် တိမ်ကွယ်က
စောင့်ရှောက်ထားစေအုံး
ရနံ့သင်း အဆင်းလှမှာ
ဒီကြယ်မှာ ကြွေကာကျတော့
ဆူးပဲဆူးဆူး ရူးပဲရူးရူး
ဒဏ်ရာမပေါ် ဝေဒနာမျိုးနဲ့
ဆယ်ခါပြန်မက သေပြလိုက်ယုံ
မ.........ကို ချစ်လို့မကုန်   ။
မှတ်ချက်။      ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခ
ဏဖောက်လိုက်သည် ။
 
လွင်ပြင်လှိုင်းငယ်

ဆန္ဒတစ်ခုရဲ့ဆုတောင်းလွှာ

Friday 4 October 2013

4 comments
ဥတုသုံးပါး
အပြုံးရှေ့ထား
အကြင်နာပွားများ
မေတ္တ္တာထားပြီး
သက်ရှိတွေလဲ
ကျန်းမာပါစေ
သက်မဲ့တွေလဲ
မပျက်ဆီးစေပဲ
ကမ္ဘာတခွင်
ရန်မီးလဲငြိမ်း
သစ္စာတွေကိန်း(ကိန်းဝပ်)
အမှားများထိန်းလို့
အမုန်းတရားကင်းကင်း
ဒေါသရှင်းရှင်းနဲ့
ယနေ့နှင့်မနက်ဖြန်တိုင်းမှာ
ငြိမ်းချမ်းရေးမိုးတွေ ရွာစေသား......
 
 
လွင်ပြင်လှိုင်းငယ်

အချစ်ဆိုတာ နင့်မိခင်လား

Thursday 26 September 2013

1 comments
ကာရံတွေသက်ပြင်းချတဲ့ညက
ကြယ်တာရာတွေ စောင်ခြုံကွေးလို့
 မိုးတိမ်တလိမ့်လိမ့်နဲ့
လမင်းတောင် ညပျောက်နေလေရဲ့ ။
 
ကြင်နာသူက နာကျင်သူအဖြစ်ထားခဲ့ပြန်တော့
ဒဏ်ရာမပေါ်တဲ့ ဝေဒနာအတွက်
ဘယ်သူကများဆေးစွမ်းတစ်လက်
ဖော်စပ်ပေးနိုင်မှာလဲ ။
 
သံသယမြေဆီလွှာပေါ်မှာ
အချစ်သစ်ပင်ဆိုပြီး
ခနော်ခနဲ့တိုးထွက်လာမှတော့
ဒီသစ်ပင်ဟာ ဘယ်လိုကြီးထွားရှင်သန်ရမလဲ ။

အတွေးတွေ ဟိုရောက် ဒီပေါက်နဲ့
ရင်ဘတ်အောက်က နှလုံးသားကို
ဓါးတုံးတုံးထောက် မေးကြည့်မိသည်
အချစ်ဆိုတာ နင့်မိခင်လား ။
 
လွင်ပြင်လှိုင်းငယ်

မီးအိမ်ရှင်မဟုတ်တဲ့အမြဲလင်းစေသူ

Thursday 29 August 2013

8 comments
မီးအိမ်ရှင်ဘ၀နဲ့
ငါ့အနားငါ့အပါးမှာ
နင်မရှိစေချင်ဘူး
မီးအရှိန်နဲ့ နင်ပူမှ
ငါအလင်းရ
မှောင်ချိန်မှ သုံး
အလင်းရောင်မှာ နင်အထီးကျန်ဆန်မှာ
ငါစိုးလို့ပါ ။

မီးစာကုန် ဆီခန်း...

အမှောင်ပျိုးတော့
ဒီမောင်မှာ လမ်းပျောက်မလား
စိုးစိတ်နဲ့ တိုးတိတ်စွာ
နင်ငိုမှာမို့
မျက်ရည်စက်နဲ့
ငါ့အတွက် အလင်းတွေမထွက်ပါနဲ့ ။

ငါ့အတွက်တော့
နေရဲ့အလင်းလဲ နင်
ညရဲ့လမင်းလဲ နင်
ကြယ်တစ်ခင်းနဲ့
ပိုးစုန်းကြူလဲ နင်
အရာရာနင်ရှိမှ အလင်းဖြစ်တာမို့
တွယ်တာစွာ
မောင့်အနား
သံသရာတလျှောက် လိုက်ခဲ့ပါလားနော် ။

လွင်ပြင်လှိုင်းငယ်

ပိစိကွေးသို့ စာတစ်စောင်

Friday 21 June 2013

8 comments
ပိစိကွေးရေ......
ညနေခင်းတိမ်တွေညွှန်ရာ အနောက်ဘက်ယွန်းယွန်းကိုကြည့်လိုက်တော့
ပုဇွန်ဆီရောင် တိမ်လွှာတွေက ငါ့ကို ဗိုက်ဆာစေတယ်ဟာ ဘာကြောင့်လဲဆိုတော့
ပုဇွန်ဆီရောင်မြင်တော့ ပုဇွန်ဆီပြန်ဟင်းလေး သတိယမိလို့ပါ ။
ဟော....ကြည့်စမ်း ငှက်နှစ်ကောင်အိက်ငိုက်နေတဲ့ နေမင်းကိုနောက်ခံထားပြီး ဓါတ်ပုံရိုက်နေပြန်ပြီ
ဧကန ဖဘ မှာတင်မလို့ထင်တယ် ။ သူတို့ကို မနာလိုဖြစ်လိုက်တာ ငါတို့တုန်းက
လူမြင်မှာစိုးလို့ အမှိုက်ပုံနောက်ခံထားပြီ ဓါတ်ပုံခဲ့ကြတာ ဖြစ်ချင်တော့ ဓါတ်ခဲကုန်နေလို့
ပိစိကွေးနဲ့ မရိုက်လိုက်ရပေမယ့် ဓါတ်ခဲဝယ်ပြီးအိမ်အပြန် ဖက်တီးနဲ့ တအားဖက်ပြီးရိုက်လိုက်တာ ဒီကောင်ကိုက်လိုက်တဲ့ ဒဏ်ရာအခုထိကျန်နေဆဲပါ ။

အတိတ်အကြောင်းတွေတူးဆွလိုက်တာ ရတနာတွေ မတွေ့ပဲ ဘယ်ကောင်ဖင်သရမ်းသွားလဲ
မသိဘူး ထွီး...နံ့လိုက်တာ....အတွေးနယ်ချဲ့လိုက်တာ အင်ပါယာမဖြစ်လာပဲ အင်ပြင်တွေထလာသလို ယားကျိကျိဖြစ်လာတယ် အိပ်ငိုက်နေတဲ့ နေမင်းလဲ ဘယ်ကို
ဒိုင်ပင်ပစ်သွားပြီလဲမသိတော့ဘူး ။ အခုတော့ ငါ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို မဟူရာက
သိမ်းပိုက်လိုက်ပြီပေါ့ မဟူရာဆိုလို့ နင့်အိမ်က မြင်းကြီးရောရှိသေးလား ဒီကောင်ကန်လိုက်လို့
ငါ့ရဲ့တထောင့်တနေရာမှာ ဒဏ်ရာရခဲ့တာကိုတော့ ရေသွန်တိုင်း နာကြည်းစွာဒင်းကို သတိယမိတယ် ။
အော် ကောင်းကင်ကိုမော့ကြည့်လိုက်တော့လမင်းကြီးက ထိန်ထိန်သာလို့ ကြယ်စင်တွေက မှိတ်တုတ်မှိတ်တုတ်နဲ့ အေးချမ်းလိုက်တာ ပိစိကွေးရယ် နင်ပြောဖူးတယ်လေ လမင်းကြီးက ကမ္ဘာပေါ်မှာ
ရှိတဲ့နိုင်ငံတွေ မှိတ်တုတ် မှိတ်တုတ်ကြယ်လေးတွေက ဒို့နိုင်ငံ ဒါကြောင့်နင်စာမေးပွဲကျပြီး နင့်အိမ်မီးလောင်တာလို့ပြောခဲ့တယ်လေ မဆီမဆိုင် မှိတ်တုတ် မှိတ်တုတ်ကြယ်နဲ့ နင်စာမေးပွဲကျ အိမ်မီးလောင်တာလဲမေးတော့ နင်က ဆိုင်တာပေါ့ ငါပြောတာက သူများနိုင်ငံမီးတွေလင်းလို့ဒို့နိုင်ငံကလျှပ်စစ်မီးက မလာနှစ်ရက်
လာတမနက်ဆိုတော့ ဖယောင်းတိုင်နဲ့ စာကျက်ရင် အိပ်ငိုက်ပြီး အိပ်ပျော်သွားလို့ အိမ်မီးလောင်တဲ့အပြင် စာမေးပွဲပါကျတာပေါ့လို့ ရန်ဆောင်ရင်ပြောပြတာ အခုထိမှတ်မိနေသေးပါတယ် ။

ဒီလိုညမျိုးမှာ နင့်အတွက်ကြယ်ကြွေတွေမကောက်ပေးနိုင်ပေမယ့် ခရေခြေရင်းက
အများမနင်းခင် နင့်အတွက် ခရေးတွေကောက် သီကာကုံးပြီပန်ပေးမယ်လုပ်တော မနှစ်က
နင့်အဖေအရက်ဖိုးမရှိလို့ နင်အိပ်နေတုန်း နင့်ဆံပင်တွေဖြတ်ရောင်းလိုက်လို့ ဆံပင်ငုံးစိစိနဲ့မို့
ရှက်အားပိုပြီး မျက်ရည်တွေကြားက နင်ဂတုံးတုံးတာမြင်ရတော့ ငါ နင့်ကိုသနားလိုက်တာ ။
ဒါကြောင့်ဒီခရေတွေလဲ နေမြဲတိုင်းနေပါစေတော့ ။
အော်ဘာလိုလိုနဲ့ အအေးဓါတ်က ငါ့ကိုပြေးဖက်လာတော့ လမ်းလျှောက်ရင်းနင့်အကြောင်းတွေးတာနားပြီး အိမ်ထဲဝင်ပြီး အွန်လိုင်းတက် fbကနင့်စာမျာက်နှာတွေကြည့်တော့မယ်ဟာ...နားမလည်တာတစ်ခုတော့ရှိတယ် နင်နဲ့ငါဝေးတာ
၁နှစ်ကျော်ကျော်လောက်အတွင်းမှာ နင်ဒီလောက်လှလာလိမ့်မယ်လို့ငါမထင်ဘူး...fbကနင့်စာမျက်နှာမှာတင်ထားတဲ့နင့်ပုံတွေက
ငါတောင်မမှိတ်လောက်အောင်ဖြစ်နေတယ် နင်ကမျက်ပေါက်ကျဉ်းကျဉ်းနဲ့မို့ နင့်အဖေ အညာသားက
နင့်အမေကိုမူးရင်ရန်လုပ်တယ်လေ ဘာလဲ ဘယ်တရုတ်နဲ့ဘာညာဆိုပြီးလေ အဲ့လောက်ကျဉ်းတဲ့
မျက်ပေါက်ကဓါတ်ပုံထဲမှာ ပြူးဝိုင်းလေးနဲ့ လှနေပါ့လား...၀က်နှာခေါင်းလေးကလဲ နှာတံလေးစင်းလာသလိုလို ကြွက်သွားလေးတွေတော့ ဘယ်လိုရှိမှန်းမသိဘူး နင့်ပုံတွေက သွားပေါ်တဲ့ပုံမပါလို့ ပြီးတော့ နင့်ရဲ့ ဆံပင်တွေက ဒီလောက်ပဲ
အရှည်မြန်လား ဘယ်လိုခေါင်းလျှော်ရည်တွေ ခေါင်းလိမ်ဆီတွေလိမ်းလိုက်တာလဲ တကယ့်အံ့ဖွယ်ပါပဲ ထားတွေထားပါတော့ ဓါတ်ပုံဆရာတော်တယ်ပဲ သဘောထားလိုက်ပါ့မယ် ။နောက်တစ်ခုက နင်ငယ်ငယ်တုန်းကအတိုင်းပဲ အကြွားသန်တုန်းပဲနော် ဘာတဲ့fbမှာ မနက်မနက်ဆို
မေမေပြင်ပေးတဲ့ မနက်စာဆိုပြီ ဘယ်ကပုံတွေလျှောက်တင်မှန်းမသိဘူး နင့်အမေက စောစောစီးစီးထပြီး အကြော်ရောင်းသွားတာ အကြော်ကျန်နဲ့ ထမင်းကြမ်းနင်စားရတာ
ငါသိပါတယ် ငါလဲဘ၀တူဆိုပေမယ့်အဲ့လိုတော့မကြွားတတ်ပါဘူး ...နောက်တစ်ခု ဘယ်ကဌားလာမှန်မသိတဲ့ အိုင်ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး မွေးနေ့က ဒယ်ဒီဝယ်ပေးတာဆိုတာကပါသေးတယ် ငါသိတာတော့ ဒီလိုမိုးရာသီဆိုနင့်အိမ်နောက်ဖေးက
အိုင်ကို နင်အဖေပက်နေတာတော့သိတယ် သူအရက်မြည်းဖို့လေ နောက်တစ်ခါတင်ရင် ဒယ်ဒီဝယ်ပေးတဲ့ အိုင်ပက်လို့ရေး.....တော်ပါပြီ နင့်အကြောင်းအမှန်တွေရေးလို့ နင်ငါ့ကိုမုန်းသွားပါအုံးမယ်....တစ်ခုတော့မှာရအုံးမယ် နင့်အမေကပြောတယ် ဘာအလုပ်မှ
မလုပ်ပဲ အင်တာနက်ဆိုင်မှာအချိန်ကုန်နေတယ်ဆို အင်တာနက်ဆိုင်မှာလဲအကြွေးတွေမနဲဘူးဆို
ဒါနဲ့များ နင်မသိတဲ့အကောင့်နဲ့ ငါနင့်ကိုမေးတော့ အိမ်က အင်တာနက်လိုင်းက သိပ့်မကောင်းလို့ တခါတလေ မပြောပဲ ကျကျသွားတယ် လိုင်းအသစ်ထပ်ယူခိုင်းရမလေးဘာလေးနဲ့....
ကဲငါလဲ နင့်အတင်းအဲလေ နင့်အကြောင်းတွေးရင်း သူငယ်ချင်းတစ်ယောက်စက်ဌားသုံးတာ သူကပြန်ယူတော့မယ်ဆိုလို့ ဒီနေ့တော့ဒီလောက်ပဲဟာ ။
မှတ်ချက်။      ။မည်သူ့မှ မရည်ရွယ်ပါ စိတ်ကူးနှင့် ဟာသရေးကြည့်ပါသည် ။

လွင်ပြင်လှိုင်းငယ်

တော တောင်

Thursday 13 June 2013

8 comments
တောင်စွယ် တောတန်း
ပန်းရိုင်းပေါသည့်
စမ်းချောင်း လျှိုမြောင်
သားကောင်များလဲ
အေးသည့်အရိပ်
ကြည်တဲ့စိတ်ကြောင့်
တရားအားထုတ်
မြတ်သောစိတ်နှင့်
သောကတွေပျောက်
လောဘဘယ်ရောက်
မာန်မလျှောက်တဲ့
ဒီလမ်းလေးဟာ
အေးချမ်းသာယာ
တချိန်ကပါ ။

တောင်စွယ် ဘယ်ဆီ
တောတန်းမရှိ
ပန်းရိုင်းနံ့ကင်း
စမ်းချောင်းရှင်းသည့်
တောင်ဂတုံးမှာ
ဝမ်းရေး အတွက်
လောဘဖက်ပြီး
ခုတ်လိုက်သည့်ပင် (သစ်ပင်)
တူးလိုက် တွင်းထွက်
အမြစ်မကျန်
သစ်ပင်ငယ်တောင်
မထွက်ရဲပဲ
ဘယ်ဆီရောက်လို့
ဘယ်မှာပေါက်လဲ
သိသူရှိက
ပြောပြခဲ့ပါ ။

လွင်ပြင်လှိုင်းငယ်

အဌားရင်ဘတ်ထဲက ကဗျာ

Wednesday 12 June 2013

5 comments
လာပါ လာပါ ဆိုလို့
အချစ်တွေ တနင့်တပိုးထမ်းလို့
နင့်အနား မင်းရဲ့အပါး
ရင်ခုန်သံစီးလို့
အရောက်လှမ်းခဲ့တယ်

ပြန်ပါ ပြန်ပါ ဆိုတော့လဲ
အလွမ်းတွေ တပုံတပင်
မျှော်လင့်ချက် ဖိနပ်ခပ်ပါးပါးနဲ့
နောက်ကြောင်းပြန်နေတုန်း
မင်းပြောလိုက်တဲ့
နောက်ဆုံးစကားကတော့
အချစ်ကို ခုတုံးလုပ်လိုက်သလိုပဲ

ဘာတဲ့

အချစ်ဆိုတာ
လမ်းဘေးကရောင်းတဲ့
ဖရဲသီး တစ်စိတ်လောက်တောင်
မချိုမြိန်ဘူးတဲ့လား

ထားပါတော့
ချစ်တတ်တဲ့တနေ့
ဖရဲသီးတစိတ်က
မင်းအတိတ်ဘ၀က
ငါလို ကစားစရာ အရုပ်တွေအကြောင်း
ပြောပြလာပါလိမ့်မယ် ။

ရင်ဘတ်ငှားသည် (သတ်ပုံ အမှားများပါလျှင် ပြင်ဆင်ပေးကြပါ)

လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :