ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ထွက်ပေါက်

Sunday 2 November 2014

3 comments
            တိမ်တခင်းလဲ နေမင်းရိပ်သိမ်းတဲ့ဆီပါသွားတဲ့နေ့က ပြိုင်ဘက်ကင်းကင်း နေမင်းက ပူလောင်ခြင်း
တွေဒီကမ္ဘာမြေပေါ်ဖြန်းကြဲချိန် ကျွန်တော်တစ်ယောက်လဲ အလုပ်အကိုင်မရှိယောင်ချာချာ ဦးလေးဆရာ
တစ်ယောက်ထံသွားလည်ခဲ့တယ် ။သူ့အိမ်ကိုရောက်တော့ အိမ်ထဲမှာဘယ်သူမှမရှိကြဘူး ဒါနဲ့အော်ခေါ်
လိုက်တော့ အိမ်နောက်ဘေးခြံထဲက ဦးလေးက ငါခြံထဲမှာလို့အော်ပြောတယ်။နေပူပူဒီဦးလေးတစ်ယောက်တော့ခြံထဲဘာလုပ်နေလဲလို့တကိုယ်တည်းရေရွတ်ပြီးသူရှိရာသို့အိမ်ထဲကိုဖြတ်ပြီးခြံထဲကိုဆင်းလာခဲ့သည် ။

             ဟော..တွေ့ပါပြီ ကုန်းကွကုန်းကွနဲ့သူစိုက်ထားတဲ့ ငရုတ်သီးခင်းက ငရုတ်သီးတွေခူးလို့
သူ့နားလျှောက်သွားရင်း
"ဦးရယ်နေကပူပူဒါတွေလုပ်နေရလား နေအေးမှဆရာမ(သူ၏အမျိုးသမီး)နဲ့အတူတူခူးပါ့လား"
"ဒီမယ် မောင်ရင် နေအေးတဲ့အထိအချိန်ကိုစောင့်နေရင်ကုန်သွားတဲ့အချိန်တွေကို မောင်ရင်ပေးနိုင်လား
မောင်ရင်းမပေးနိုင်သလိုဘယ်သူမှလဲမပေးနိုင်ဘူး" စကားသာပြောနေပေမယ့် မျက်လုံးနဲ့လက်က
ငရုတ်သီးအပင်ပေါ်မှာရှိနေသောသူ့ကို
"ဦးကလဲ ကျွန်တော်က စေတနာနဲ့နားနားနေနေ နေဖို့ပြောတာပါ ဦးတို့မှာ ဒီသီးပင်စားပင်တွေမစိုက်လဲ
ဈေးထဲမှာကြိုက်သလောက်ဝယ်စားနိုင်နေတာပဲ ဦးတို့တမိသားစုလုံးအလုပ်အကိုင်နဲ့ နေနိုင်စားနိုင်သူတွေပဲ ဘာကြောင့်ဒါတွေအပင်ပန်းခံလုပ်နေရတာလဲ"ကျွန်တော်အဲ့လိုပြောတော့ သူတစ်ချက်ကျွန်တော့်ကိုလှမ်း
ကြည့်ပြီး
"မောင်ရင်ဒါတွေကိုဘယ်လိုမြင်လဲ" "ငရုတ်ပင်နဲ့ငရုတ်သီးလို့မြင်တယ်လေ"ချက်ချင်းဖြေလိုက်တော့ "
ဦးလေးကကျွန်တော့ဘက်လှည့်ကြည့်ပြီး "အင်း မောင်ရင်မြင်တာလဲမမှားပါဘူး ဒါပေမယ့် ဦးအမြင်
ကဒါတွေဟာ ဦးလေးရဲ့စိတ်ထွက်ပေါက်ကွ" "ဗျာ ထွက်ပေါက်ဟုတ်လား ကျွန်တော်ကြားဖူးတဲ့ ထွက်ဆိုတာကတချို့က စိတ်ထွက်ပေါက်ကိုအရက် တချို့က သီချင်းစသဖြင့်ကိုယ်ကြိုက်တာနဲ့ထွက်ပေါက်ပေး
လိုက်ကြတယ် ဦးလေးကြတော့တမျိုးနော်" သူကတချက်ရီပြီး" လူအမျိုးမျိုးစိတ်အထွေထွေပေါ့ကွာ
ဦးလေးမောင်ရင့်ကိုစိတ်ထွက်ပေါက်ရှာတာလေးပြောပြမယ် ဥပမာကွာ အရက်သောက်ပြီး ထွက်ပေါက်ရှာတာသူ့အတွက်ရော ပတ်ဝန်းကျင်အတွက်ရောကောင်းလား" "ဟုတ် ဘယ်သူ့အတွက်မှမဟုတ်ပါဘူး"
ကျွန်တော်ဖြေတော့"ဒါပေါ့ ဘယ်သူ့အတွက်မှမကောင်းတဲ့ထွက်ပေါက်ရှာတော့ သူဘာဖြစ်မယ်ထင်လဲ
ထွက်ပေါက်ရှာပေမယ့် ၀င်ပေါက်မြန်မြန်နီးသွားတာပေါ့ " "ဗျာ ....ဘာဝင်ပေါက်လဲဗျ့" "မောင်ရင်ကလဲ
ဝင်ပေါက်ဆိုတာ သေမင်းဆီဝင်တဲ့ဝင်ပေါက်လေကွာ အရက်သောက်တော့မြန်မြန်သေတာကိုပြောတာကွ"
"ဟုတ် ဒါလဲဟုတ်တာပဲ ဒါနဲ့ဦးလေးရဲ့ အပင်လေးတွေနဲ့စိတ်ထွက်ပေါက်အကြောင်းလေးလဲပြောပြပါအုံး"
"ဒီလိုကွ အပင်လေးတွေစိုက်တော့ စစိုက်ပြီဆိုကတည်းက ဒီမျိုးစေ့က ဒီမြေမှာပေါက်ပါ့မလား
ငါပေါက်းထားတဲ့မြေကညက်မှညက်ပါ့မလား ပျိုးထားတဲ့မျိုးစေ့တွေက အညှောင့်ထွက်ပါ့ထွက်ပါ့မလားနဲ့
တချိန်လုံးစိတ်တွေကဒီအပင်ပေါ်ရောက်နေတာ ဒီတော့တခြားမဟုတ်တာလုပ်ဖို့ခေါင်းထဲရောက်တော့ဘူး
ပေါ့ကွာ အရက်ဆိုရင်တော့ တခွက်နှစ်ခွက်သောက်ပြီးတာနဲ့မဟုတ်တာလုပ်ဖို့နှိုးဆော်နေတော့တာပဲ
မဟုတ်ဘူးလား"မေးတော့ ချက်ချင်း " ဟုတ်ပါတယ်" လို့ကျွန်တော်ထောက်ခံတော့ ဦးလေးကဆက်ပြီး"
" ပျိုးစေ့လေးတွေမြေချအပင်လေးတွေထွက်လာတော့ စိုက်ရသူကစိတ်ချမ်းသာလာတယ် ဒါနဲ့အပင်တွေ
ကြီးထွားလာအောင်ရေလောင်းပေါင်းသင်နဲ့အချိန်တွေဟာကုန်မှန်းမသိကုန်သွားတာပေါ့ တိုတိုပြောရရင်
အသီးတွေရတော့ အိမ်လဲစားချင်သလောက်စား မိတ်ဆွေတွေလဲပေးချင်သလောက်ပေး ဘယ်လောက်
စိတ်ချမ်းသာဖို့ကောင်းလဲကောင်း ပိုက်ဆံလဲမကုန်ဘူး (ရေဖို့တော့ကုန်တာပေါ့)အသီးလေးတွေ ဘုရားလှူတော့ကုသိုလ်ရ ပိုလျှံတော့ရောင်းစားရတော့မိသားစုလဲအပိုဝင်ငွေရ မိတ်ဆွေတွေပေးစားတော့သူတို့လဲ
ပျော် ကဲကြည့် အားလုံးဟာကောင်းကျိုးတွေပဲမဟုတ်လား ဒါကြောင့်စိတ်ထွက်ပေါက်ရှာတယ်ဆိုတာ
ကိုယ်ရော ပတ်ဝန်းကျင်အတွက်ရောအားလုံးအကျိုးရှိဖို့လိုတယ်ကွ ဦးလေးကိုကြည့်မောင်ရင်တို့ဆရာမ
အလုပ်သွား သားသမီးတွေကျောင်းသွားနဲ့အိမ်မှာတယောက်တည်းကျန်နေပေမယ့်ပျင်းဖို့အချိန်တောင်မရှိဘူး ဒီထွက်ပေါက်လေးနဲ့အချိန်ကုန်သွားတာ ညနေမိသားစုပြန်ရောက်လာတော့သူတို့နဲ့အချိန်ကုန် ဘ၀ဆို
တာဒါပဲ ထွက်ပေါက်မမှားဖို့ပဲလိုတယ် မောင်ရင်လဲထွက်ပေါက်ရှာမယ်ဆိုကောင်းတဲ့ထွက်ပေါက်ရှာတတ်ဖို့
လိုတယ်နော်"လို့ စကားအရှည်ကြီးပြောပြီးမောလို့ထင်တယ်ဘေးမှာချထားတဲ့ရေနွေးကြမ်းအေးစက်စက်ကို
မော့သောက်ပြီး ငရုတ်ခင်းမှထကာ ကန်စွန်းခင်းဘက်ထွက်သွားလေတော့သည် ။
      ကျွန်တော်လဲဦးလေးကျောပြင်ကိုငေးရင်း အိမ်အပြန် ကုန်တိုက်သို့ဝင်ကာဝယ်ရန်စဉ်းစားထားသော
ဘီယာဘူးနှင့် မျိုးစေ့ထုတ်တလှည့် ငရုတ်သီးတောင့်နှင့် အမြည်းလုပ်စားမည့်အားလူကြော်တပြန်စဉ်စား
တွေးတော ဆုံးဖြတ်ကာ ဦးလေးကိုနှုတ်ဆက်ပြီး အိမ်အပြန်ဝယ်နေကျကုန်တိုက်ထဲသို့ဝင်ကာ...........

လွင်ပြင်လှိုင်းငယ်

မှတ်ချက် ။     ။ချစ်စွာသောစာဖတ်မိတ်ဆွေများ စာလုံးပေါင်းသတ်ပုံများမှားယွင်းလျှင်ပြင်ဆင်ဖတ်ပေးကြပါခင်ဗျာ ။

အမှတ်တရ ၉နှစ်တာကာလ

Thursday 23 October 2014

4 comments
ရွက်နု ဖူးဝေ
ရွက်သစ် မာန်တက်
ဟန်ချက်ပျက်တော့
ရွက်ဟောင်း ဘဝ
မြေမှာခပြီး
ဘယ်ဆီရောက်လဲ
မသိပေမယ့်
ရွက်ကြွေတွေရေး
ရွက်သစ်ပြုတဲ့
ကျမ်းအစုကို
ရင်ဝယ်မှတ်သား
ချစ်အားပိုတာ
ကိုးနှစ်တိုင်ပြီ
သဲဘုစုရေ  ။

ချစ်ခြင်း ရင်ဝယ်
ကြင်နာနွယ်ရစ်
သစ္စာပျိုးကာ
ပင်စည်ကချစ်
ကိုင်းဖျားမေတ္တာ
သံယောဇဉ်ဖူး
နားလည်မှု့ပွင့်ဝေ
ဘယ်မကြွေသည့်
အချစ်ပန်း
နှစ်ထောင်သောင်း မညိုံနွမ်း
ဘုစုလေးကို ချစ်သည်တအား.......
 
၉နှစ်ပြည့်အမှတ်တရ(၁၇.၁၀.၂၀၁၄)
 
တင်တာနောက်ကျသွားတယ် ဘုစုရေ
 
လွင်ပြင်လှိုင်းငယ်

ကဗျာရှင်သို့

Friday 19 September 2014

1 comments
လွမ်းရိပ်ရယ် ပြို
တမ်းတကာငို
မှန်းမှန်းဆဆ
လွမ်းရပြန်တော့
ဒီမောင့်မှာငို ။
 
ကြင်နာခြင်းနွမ်း
နာကျင်စွာလွမ်း
ဝေဒနာလမ်း
လျှောက်ရပြန်တော့
ချစ်ခြင်းတွေအို ။
 
ပြိုတဲ့အလွမ်း
ငိုတဲ့နှလုံး
နွမ်းလျတဲ့ရင်
အသင်ရယ်
တခါတခေါက်
အရောက်လာပြီး
အရင်လိုပဲ
ချစ်ခြင်းဖွဲ့ ကဗျာတပုဒ်
စပ်ပေးစေချင် ။
 
လွင်ပြင်လှိုင်းငယ်
 

အချစ်သစ်နှင့်တွေ့ပြီ

Thursday 18 September 2014

4 comments
ဒိုမိန်းကုန်လို့
ငိုကာရီ(ရယ်)
အရုးမနှင့်
တူပါသည် ။

နံနက်လင်းလဲ
ပူပါသည်(နားပူသည်)
လင့်အသစ်လေး
ပြောင်းလားဟင် ။

ညဘက်ကြလဲ
ပြောပြန်သည်
ကဗျာသစ်လေး
သူတင်ချင် ။

ဒီနေ့ကြတော့
သူပျော်သည်
ဆိုဒ်သစ်လေးလဲ
သူပိုင်ပြီ ။

လွင်ပြင်လှိုင်းငယ်

 ဘုစခရု ဒိုမိန်းသက်တမ်းကုန်ပြီး ဘလော့ဖွင့်မရတော့ ဘလော့ဂါသူငယ်ချင်းတွေအပေါ်သူသံယောဇဉ်
တော်တော်ကြီးတာသိလိုက်ရတယ် ။ဗျာ ..ကျွန်တော်လား ကျွန်တော်လဲ ဘလောဂါသူငယ်ချင်းတွေကို
သံယောဇဉ်ကြီးပါတယ် ။
ဒါကတော့သူမရဲ့ လင့်အသစ်လေးပါ ပြန်ချိတ်ပေးကြပါနော် ။
http://jasminesweet.blogspot.com/

အသက်ထက်တန်ဖိုးရှိသောအရာ

Tuesday 15 April 2014

3 comments
အသက်လေးရယ်ငယ်ငယ်
သနပ်ခါး ပါးကွက်ကျားရယ်နဲ့
ဆင်ရင်ထုံးရွှေရင်ဖံုး
လုံချည်ရှည်ရှည်
ဆံနွယ်နက်နက်
ယဉ်ကျေးတဲ့ သမီးပျိုလေးမို့
မိဘတွေ ဂုဏ်ယူပြုံး
ကြည့်မှန်လေးတချပ်လိုကြည့်မဆုံး
 
အရွယ်လေးရယ် ဟိုမရောက် ဒီမရောက်
အစွယ်လေးမပေါက်တပေါက်
ဂေါ်လီလေး ဟိုလျှောက် ဒီလျှောက်
ပေါင်တွင်းလေးပြမှလှတယ်ထင်ကြ
ရင်သားလေးပြချင် ကာမ
ဓါတ်ပုံလေးရိုက်ကာတင်မှ
အင်တာနက်ဖွတာမြန်ပါ့
အခုတော့ မိဘတွေမြင်ရ
............................
ကြည့်မှန်တချပ် ကွဲရှ
မှန်စတွေ ရင်ဝယ်စူး
အသက်ဆိုတာ အရှက်လောက်တန်ဖိုးမရှိပါလား   ........
 
လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :