ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နာရေးသတင်း နှင့် စိုင်းစိုင်း၏ဖခင်အရင်းဘယ်သူလဲ

Monday 6 August 2012

အမှတ် 420
ဒုစရိုက်လမ်းနေ
ဦးဒေါသ +ဒေါ်မောဟ
တို့၏သား
မောင်မာန်မာနသည်
ဒုက္ခဆေးရုံတွင် ကွယ်လွန်သွားပါသဖြင့်
ယနေ့မွန်းလွဲချိန်တွင်
လောဘသုသန်တွင် အတ္တမီး သင်္ဂြိုလ် မည်ဖြစ်ပါသည် ။


မှတ်ချက် ။       ။ဘာရယ်မဟုတ် စိတ်ထဲမှာပေါ်လာတာလေးရေးချမိတာပါ ။


စိုင်းစိုင်း၏ဖခင်အရင်းဘယ်သူလဲ

 တခါက ရွာလေးတစ်ရွာတွင် သားရူးရူးနေသော ဇနီးမောင်နှံတွင် သားဦးလေးတစ်ယောက်ကံကောင်းထောက်မစွာ မွေးဖွားခဲ့သည် ။ သားဦးအရူးဆိုသည့်စကားအတိုင်းပင်
ထိုလင်မယားသည် ထိုသားဦးလေးအား အလွန်အမင်ချစ်ကြတာပေါ့ဗျာ ။သူတို့
သားဦးလေး၏နာမည်ကို စိုင်းစိုင်းလို့ အမည်ပေးခဲ့ကြတယ် ။ ဒီလိုနဲ့ ရက်တွေပြောင်းလကိုနှစ်စားပြီး တစ်နှစ်သာသာစိုင်းစိုင်းလေးဟာအလွန်ချစ်စရာကောင်းပြီး ၀၀ကစ်ကစ်နှင့်မျက်နှာချိုသော်လဲ အငိုသန်တော့တော်တော်သန်တယ် ။ စိုင်းစိုင်းလေးငိုသောအခါ သူ့အားလေထဲမြောက်ပြီး ချော့လျှင်အလွန်သဘောကျပြီးအငိုရပ်သွားလေ့ရှိသည် ။ 

 တနေ့ မှတ်မှတ်ရရပြောရလျှင် လကွယ်ညတစ်ညပေါ့ ထိုညတွင် စိုင်းစိုင်းသည်မအိပ်ပဲ ငိုကြောရှည်နေသောကြောင့်သူ့အဖေက အိမ်ရှေ့ ၀ရန်တာထွက်ပြီး စိုင်းစိုင်းကိုချော့ရတာပေါ့ ဘေးနားမှာတော့ စိုင်းစိုင်းရဲ့အမေက ငိုနေသောစိုင်းစိုင်း အား ချော့နေသောသူ့ယောက်ျားအားကြည့်ပြီး ပီတိပြုံးလေးပြုံးနေလေရဲ့...ထိုအချိန်တွင် သူတို့ခြံ(အိမ်ဝန်း
)အတွင်းရှိ သစ်ပင်တစ်ပင်၏အကွယ်တွင်လစ်လျှင်ပစ္စည်းခိုးရန်ချောင်းနေသော သူခိုးတစ်ယောက်ရှိနေသည်ကို စိုင်းစိုင်း၏ အဖေနှင့်အမေမှာ သတိမထားမိပေ.....စိုင်းစိုင်းကလဲငိုကြောရှည်သော ကလေးဆိုတော့ တော်တော်နဲ့ အငိုမတိတ်နိုင်ဖြစ်နေတော့ ကလေးမအိပ်တော့ မိဘများလဲမအိပ်နိုင် သူခိုးကလဲစောင့်ရတာစိတ်သိပ်မရှည်ဖြစ်လာတယ် စိုင်းစိုင်းအဖေကလဲ စိုင်းစိုင်းကို လေထဲမြောက်ကာမြောက်ကာ ပါးစပ်မှလဲ ဒီသားလေက ဘူသားလေးလဲ(ဘယ်သူ့သားလေးလဲ)ဘူသားလေးလဲဟုပြောကာချော့မော့နေတာပေါ့ သူ့၏ချော့နည်းမှာလဲ ဘူသားလေးလဲ ဘူသားလေးကမတက် ကလေးကလဲအငိုမရပ် စောင့်နေသော သူခိုးကလဲ စိတ်မရှည်ဖြစ်လာတာနဲ့ စိုင်းစိုင်းအဖေက ဘူသားလေးလဲ သူသားလေးလဲဟုစကားမပြောတတ်သေးသောကလေးကိုမေးပြီးချော့နေတာကို စိတ်မရှည်တော့တဲ့သူခိုးဟာ ဘူသားလေး ဘူသားလေးလဲနောက်မှ အဲ့ဒါငါ့သားကွ ငါ့သားကွ ဟုအော်ကာ ခြံထဲမှ ထွက်ပြေးသွားလေတော့သည် ။ ကျန်ခဲ့သော စိုင်းစိုင်းအဖေမှာထိုအသံကိုကြားသောအခါ ရုတ်တရက်ကြက်သေသေကာ သူ့မိန်းမကို စေ့စေ့ကြည့်ကာ အော်ပြီးမေးလိုက်တယ် ဒါငါ့သားမဟုတ်ဘူးလားတဲ့......ဒီလိုနဲ့ စိုင်းစိုင်း၏မိဘများသည်ရန်ဖြစ်ပြီးပြန်ချစ်ကာ ထိုညကိုအဆုံးသတ်လိုက်တာပေါ့
တစ်ခုတော့ရှိတယ်ဗျ စိုင်းစိုင်းအဖေဟာ နောက်နောင်များတွင် ဘူသားလေးလဲ ဘူသားလေးလဲချော့နည်းကို လုံးဝမသုံးတော့ပေ ။

အမှားအယွင်ရှိရင် နားလည်ပေးနိုင်ကြပါစေ

ယခင်နိုင်ဆိုဒ်တစ်ခုမှာကျွန်တော် တင်ဖူးတဲ့ပို့စ်လေးပါ ။
မရီရသော်လဲ နဲနဲလေးပြုံးမယ်ဆိုရင် ပိတိဖြစ်မိမှာ အမှန်ပါပဲလေ ။

လွင်ပြင်လှိုင်းငယ်

21 comments:

မောင်ဘုန်း said...

သူခိုး စိတ်မရှည်ချင်စရာပဲလေ ..... ။ အဟီး ..... ။

အိပ်မက်ကောင်းကင် said...

တော်သေးတာပေါ့ ရန်ဖြစ်ပြီးပြန်ချစ်သွားလို့
လာအားပေးသွားတယ်နော် .....

အလွမ်းမြို့ said...

ဟား ဟား လွင်ပြေရေ..
အဲဒီ သူခိုးသာ အဲလိုအော်လို့ကတော့
ဘုစုလေးကတော့ နောက်ကဗျာတစ်ပုဒ်
ထပ်ရဦးမယ်။ အဟားးးးးးးးးးးးးး


ခင်တဲ့
အလွမ်း

မြတ်နိုးသူ(MUFL) said...

အစ်ကိုစာလေးဖတ်ပီးပြုံးပျော်သွားပါတယ်နော်
အားပေးသွားပါတယ်ညီမလေး

မိုးသက် said...

ဟိဟိ. သူခိုးကလည်း ဗျာ ..
ကြံကြံဖန်ဖန်

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင် ရဲ့  ကလေးလေးကြရင်ကော

ဘယ်လိုပြောပြီးချော့မယ်စိတ်ကူးထားလဲ

ဟီးဟီး(စတာနော်)

ခင်တဲ့
မိုးသူ(တောင်ကြီး)

ချစ်စံအိမ် said...

ဟီး... ပြုံးသွားပါတယ်..:)

မိုးနတ်ကြယ်စင် said...

အကိုရေ....မိုးသူပြောတာ ဟုတ်ပါ့...အကို့ကလေးကျရင်ရော ဘယ်လိုပြောပြီးချော့မှာလဲ ...ညလေးသိချင်နေတယ်၊ စတာနော် အကို...ဖတ်ပြီးပြုံးသွားပါတယ်:)

နွေတေးရှင် said...

ကိုဘုန်းကြွယ်..လူညာကြီး..

အဲသည့်အိမ်နောက်ဖေးကနေ ပြေးသွားတာ ဘူလေးလဲ ဘူလေးလဲ...

ကျုပ်အထင်တော့ အင်း...
ပြောတော့ပါဘူးလေး)။

mstint said...

Facebook က ကလေးတွေလည်း စကားမပီကြတာများတယ် သတိပေးထားအုံးမှ :P
နာရေးသတင်းကလည်း ကြံကြံဖန်ဖန်ရေးတတ်ပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မောင် said...

ခံစားပြီးဖတ်သွားပါတယ်အစ်ကိုရေ

Angelhlaing(May everybody be happy and healthy! said...

ဒါမျိုးလဲ ရတာပဲ ညီမလေးအကိုက...:))))

ချင်းမလေး said...

လာဖတ်သွားပါတယ်..
ရီဘူး.. ပြုံးတွားဒယ်..း)
ဘူ့ သားလေးလဲဟင်.. :P

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီ ညဦးပိုင်းတုန်းက မောင်မင်းဧရာတစ်ယောက် လွင်ပြင့် အိမ်ဝင်းထဲက ကသုတ်ကယက် ထွက်ပြေးလာတာ တွေ့လိုက်မိသလိုဘဲ။း))

ရာဇာထွေး said...

အဟီး...
တို့တော့ ကိုယ့်သားကိုယ်ဘယ်တော့မှ အဲလိုမမေးဘူး..
ဖေ့သားကြီးလို့ပဲခေါ်တယ်...ဒါမှသူခိုးဝင်မရှုတ်ရဲမှာ:P

ဖြိုးဇာနည် said...

ဟီးးးး ကျွန်တော်လဲ နောင်တချိန်ကလေးရလာရင်အဲ့လို မချော့တော့ဘူး ဟဟ

Unknown said...

ဟိဟိ
သဘောကျစရာလေး..

ဆူးသစ် said...

စာရေးတဲ့အခါ ခေါင်းစဉ်ကဆွဲဆောင်မှုကောင်းရင် စာဖတ်သူလည်း လာဖတ်ချင်စိတ်ပေါက်မိပါတယ်။ အခုဒီပို့စ်က အဲဒီအချက်နဲ့ကိုက်နေလို့ ကျွန်တော်စိတ်ဝင်တစားလာဖတ်သွားပါတယ်ခင်ဗျား။

အန်တီလေးမေခင် said...

အမလေးမောင်လွင်ပြင်ရယ်ဒီစာလေးဖတ်ရင်းနဲ့
ရယ်လိုက်ရတာအာခြောက်သွားလို့ရေတောင်
သောက်ယူရတယ်သိလားအားပေးလျက်
ခင်တဲ့အန်တီလေးမေခင်

ငြိမ်းစိုးဦး said...

ပျော်စေတဲ့စာကို ပြုံးပြီးဖတ်ခဲ့ပါတယ် ...
ဲ့

witch83 said...

စိုင်းစိုင်းဆိုလို့ အဆိုတော်များလားလို့း) ... နာရေးသတင်းလေး သဘောကျမိတယ်။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :