ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်
ရန်
Friday 31 August 2012
21 comments
ဘာရယ်တော့မဟုတ်ပါဘူး
စကားနဲ့ စစ်ခင်း
အငြင်းတွေကြားမှာ
ရန် ဆိုတဲ့စကား စခဲ့တာလား ။
စိတ်ထဲမှာ ဘာမှမထားပေမယ့်
တခါတရံ
အနိုင်လိုချင်သူနဲ့
အရှုံးမပေးသူနှစ်ယောက်ကြား
ပြဿနာဆိုတဲ့ကောင်က
မြန်နှုန်းအမြင့်ဆုံး စံချိန်နဲ့ရောက်လာတတ်ခဲ့တယ် ။
လင်နဲ့မယား လျှာနဲ့သွားဆိုပေမယ့်လဲ
အမြဲတမ်းငါက လျှာဖြစ်ချင်ခဲ့တာပါ
အမှားတွေရှိပေမယ့်
တောင်းပန်ဖို့ ၀န်လေးတတ်တဲ့ ငါ့ အတွက်
နင်မျက်ရည်စက်တွေနဲ့ မျက်နှာ ခဏခဏသစ်နေခဲ့ရတာလား ။
နင်အကြိမ်ကြိမ်ငိုခဲ့ဖူးတယ်
ငါအခါခါမှားခဲ့ဖူးတယ်
နင်တစ်ကြိမ်ငိုတိုင်း
ငါအကြိမ်တစ်ရာ ခံစားခဲ့တယ်
ခက်တာက
ငါမလိမ်တတ်တာ ဆိုးတယ်
ငါလုပ်ခဲ့သမျှ
နင်သိစေရန် အကြောင်းမှန်
ငါပြောခဲ့လို့
အခုတော့ နင်ငိုတယ်
ငါကြေကွဲတယ်
အမှားတွေက ဟာသတစ်ပုဒ်မို့
နင်နဲ့ငါ ပြိုင်တူရီခဲ့တယ် ။
မှတ်ချက် ။        ။မစံပယ်နှင့် ကျွန်တော် အလုပ်တွေများလို့ သူငယ်ချင်းတို့နှင့်အဆက်အသွယ်ခဏတာပြတ်ခဲ့ပေမယ့် လကုန်လျှင် နှစ်ယောက်သား အားလပ်မည်ဖြစ်သောကြောင့် စာတွေပုံမှန်ရေ/းသွားပါမည် ။
လွင်ပြင်လှိုင်းငယ်
ကွာရှင်းပြတ်စဲခြင်း
Saturday 25 August 2012
18 comments
မင်းကိုစတွေ့ကတည်းက
အလှတရားရဲ့ ဆုံးဆည်ရာလေးမို့
တခြား မိန်းကလေးတွေရဲ့
အလှကဗျာတွေကို
မကြည့်ဖြစ်အောင်
ငါ့အသိနဲ့ ငါ့အမြင်မှာ
ဖြတ်ပစ်ခဲ့တယ်  ။
မင်းကို စချစ်ကတည်းက
ငါ့ရဲ့ ရင်ခုန်သံ
အပုပ်အသိုးတွေကို
မြေမြုပ် သင်္ဂြုလ်ပြီး
ရည်စားဟောင်းတွေကို
သူငယ်ချင်းကောင်းအဖြစ်ပဲ
သတ်မှတ်ထားလိုက်တော့တယ်  ။
မင်းကို အိမ်သူသက်ထား
ဇနီးမယားအဖြစ်
ရင်ခွင်နန်းမှာ
ကြင်နာခြင်းတွေ ခြွေရံပြီး
နှလုံးသား ပလ္လင်ထက်
မင်းကို ဘုရင်မမြောက်ပြီးကတည်းက
အပျော်အပါးအတွက်
ဘ၀ပျက်စေမယ့်
ငါ့အကျင့်တွေကိုလဲ ပြင်ခဲ့ပါပြီ ။
ယူရင်တော့ ပြုံးပြီး
တောင်းမယ်ကြံတော့
အလောင်းကောင် တစ်ကောင်လိုရှောင်ရှား
အမှောင်ကြားက သရဲတစ်ကောင်လို သဘောမှာထား
နင့်ကို စိတ်ဆင်းရဲစေပြီး
ငါ့ပိုက်ဆံအိတ်ကို ခင်တဲ့
သူငယ်ချင်းတွေကိုလဲ ဖြတ်လိုက်ပါပြီ ။
မမူးရင် ရေခဲစားပြီး
မွေးဖွားသလားထင်ရတဲ့ ငါက
မူးရင် အရူးတစ်ယောက်တောင်
ငါ့နားမကပ်ချင်အောင် ယစ်တတ်တဲ့
အကျင့်ဆိုးကြားက
မင်းမျက်ရည်ကို မြင်ရတဲ့ ခဏ
သေကောင်ပေါင်းလဲဖြစ်နေအုံးတော့
အရက်နဲ့စပ်တဲ့ဆေးတောင်
ရှောင်ရှားလိုက်ပါပြီ ။
ခုတော့ ဘ၀မှာ
မကောင်းတဲ့ သူငယ်ချင်းတွေကို ကွာ
စိတ်ရိုင်းစိတ်မိုက်တွေကို ရှင်း
ရည်စားဟောင်တွေနဲ့ ပြတ်
သံသရာ အဆက်ဆက်မစဲ
ရွာသွန်းမယ့် အချစ်မိုးရေထဲကို
မင်း ခေါင်းမော့ပြီး လျှောက်လိုက်စမ်းပါ ချစ်သူ  ။ 
မှတ်ချက်။    ။ဆားချက်
လွင်ပြင်လှိုင်းငယ်
မိန်းမ
Wednesday 22 August 2012
22 comments
စကားလဲများ
သတင်းလဲပွား
အပျင်းမဖက်
ထမင်းဟင်းချက်
လျှော်
ဖွတ် ချူပ်လုပ်
နေ၀င်မိုးချူပ်
မငြီးမညူ
ဈေးထွက်ဝယ်သူ
ကောင်းတာ လင် ကျွေး
ဟောင်းရင် အသစ်ဆင်
မကောင်းရင်သွန်သင်
မိခင်အလား
မေတ္တာထားပြီး
မိန်းမရိုင်း အသွင်
သ၀န်တိုတတ်
လိုအပ်လာရင်
ဘ၀ကိုပေး
နှလုံးသားခင်း
သူသာရှိပါ
ဘယ်နေရြာ
ဖစ်ဖြစ်
သူမအတွက် နတ်ဗိမာန် ။
လွင်ပြင်လှိုင်းငယ်
ကြီးလေးကြီး
Sunday 19 August 2012
13 comments
 သများတကာတွေ အလုပ်တွေပိတ် ဟိုလျှောက်သွား ဒီလျှောက်လည်နှင့် ပျော်စရာကောင်းနေချိန်မှာ
လွင်ပြင်တို့ နှစ်ယောက်ကတော့(ကျွန်တော်အလုပ်သွားရာကိုနောက်မှ ဘုစုက လျှောက်လိုက်နေတာလေ) ကံမကောင်းစွာအလုပ်တွေကို ပိုလုပ်ပေးနေ၇ပြီး သူများတွေပျော်နေတာကို
ကြည့်နေရတဲ့ဘ၀ပါ ။ထို့ကြောင့်နှစ်ယောက်စလုံး ပို့စ် အသစ်မတင်နိုင်တာကို သူငယ်ချင်းတို့ကိုတောင်းပန်ပါတယ် ။ထို့ကြောင့် ရှိတဲ့ ပုံလေးပဲ တင်လိုက်ပါတယ်နော် အားပေးကြပါအုံး ။  
                                                                                ကြီးလေးကြီး
              မိုးကြီး
ရေကြီး
ဘ၀ကြီး က
ဒုက္ခကြီး တွေပါပဲလား
လွင်ပြင်လှိုင်းငယ်
ဝန်ခံချက် ။       ။ပုံများကို googleမှ ယူပါသည် ။
လွင်ပြင့် ဆောင်ပုဒ်
Friday 17 August 2012
19 comments
စပယ်ချိုသည် လွင်ပြင့် ကမ္ဘာ
jasmine သည် လွင်ပြင့် နှလုံးသား
သဲဘုစု သည် လွင်ပြင် ဘဝ
စံပယ်ချိုကို လေးစားသည်
jasmine ကို ချစ်ခင်သည်
ဘုစုလေး ကို မြတ်နိုးသည် ။
မှတ်ချက် ။     ။လွင်ပြင်အရမ်းကြိုက်နှစ်သက်သော ဆောင်ပုဒ်၏ ကာရံ တချို့တ၀က်ယူထားသည်။
ဘယ်ဆောင်ပုဒ်လေးလဲ သိရင်ပြောကြပါ ။
လွင်ပြင်လှိုင်းငယ်
အွန်လိုင်း အကယ်ဒမီဆုရှင်ရဲ့ အချစ်ဇာတ်သိမ်း
Wednesday 15 August 2012
14 comments
မမြင်ရပေမယ့်
ခံစားမှု့တခုကို
ချပြတဲ့သူကပဲတော်တာလား
အစစ်လား အတုလား
ဝေခွဲလို့မရ
ခံစားတတ်တဲ့သူကပဲ
ညံ့တာလား ။
အချစ်အချစ်လို့အော်နေပေမယ့်
အသစ်အသစ်တွေကြားမှာ အချစ်ဆိုတာ
သစ်မြစ်ကိုခြစားသလို
အပေါ်ယံမမြင်ရ
အတွင်းပိုင်းမှာတော့
လှိုက်စားလို့ကုန်
 အရိုးအယွင်းလေးတောင်မကျန်တော့ပါလား ။
မနေ့က မိုးမိုး
ဒီနေ့ စိုးစိုး
မနက်ဖြန် ရိုးရိုးဆိုတဲ့ အမည်လေးပေးရင်ကောင်းမလားနဲ့
နှုတ်ဆက်သမျှကို လက်ခံပြော
နေရပ်တွေတောင်မေ့လို့
USA မှာကျောင်းတက်
အော်စီက အဒေါ်ဆီမှာနေတာ
စလုံးကအကိုဆီ ဒေါ်လာတွေပုံနေလို့လာ  ဖြုန်းတာပါ
ဆိုပြီး
အလိမ်အညာတွေက အကြိမ်တရာမကနဲ့
အွန်လိုင်းရုပ်သံဇာတ်လမ်းတွဲတွေမှာတောင်
အကယ်ဒမီးများရှင် အဖြစ်
ဂရင်းနစ် စံချိန်တောင်တင်လောက်ပါရဲ့ ။
အမေက မေးတော့ ကျောင်းသွား
အဖေကမေးတော့ ကျောင်းတက်
အဖြစ်မှန်က
အင်တာနက်ဆိုင်ရဲ့
တနှစ်တာ အကောင်းဆုံးဖောက်သည်ဆုမှာ ပထမရခဲ့ပေမယ့်
ကျောင်းပညာအောင်စာရင်းမှာတော့
နာမည်မကျန် အိမ်မပြန်ရဲလို့
နာမည်ရင်း ဖိုးထောင်
အွန်လိုင်းက အီမို ဆိုတဲ့ကောင်နဲ့
လိုက်ပြေးသွားပါပြီ အဖေတို့ အမေတို့ရေ ။ 
မှတ်ချက်။       ။ဘာရယ်မဟုတ် တွေးမိသမျှ စိတ်ကူးယဉ်သာဖြစ်ပါသည် ။ နာမည်များမှာ ကာရန်လိုက်မည်ထင်လို့ သုံးခြင်းဖြစ်ပါသည်
                            မည်သူမှမရည်ရွယ်ပဲ ဟာသပုံစံနှင့် ရေးသားပါသည် ။) 
လွင်ပြင်လှိုင်းငယ် 
နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန်
Monday 13 August 2012
22 comments
အကြင်နာအခင်းအကျင်းမှာ
ဝေဒနာတွေ စွန်းထင်းခဲ့တော့
အနမ်းတွေအစား
အလွမ်းတွေနဲ့မို့
ဘ၀က ပင်ပန်းလှပါပြီ ။
တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့်
အရိပ်တွေက အတိတ်စာမျက်နှာ
နေရာလွတ်မရှိအောင်
ပြည့်နက်နေတော့
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။
တကြိမ်တခါပဲ ချစ်ဖူးတာလို့
အလိမ်အညာတွေ မသုံးချင်ပေမယ့်
အကြိမ်တရာမက
နင့်ရဲ့ အလိမ်အညာတွေအောက်ပြားပြားမှောက်ပြီး
နှလုံးသားတစ်ခုကို ခစားပေမယ့်
ခြစားခံနေရတဲ့ ငါ့နှလုံးသား
အခုတော့ ယဲ့ယဲ့လေးပဲကျန်ပေမယ့်
ထည်ထည်ဝါ၀ါနဲ့ နင့်ဘ၀လေးကို
အမြဲမြင်ချင်တာ
ငါ့နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန် ပါ ။
မှတ်ချက်။        ။သူငယ်ချင်းအတွက် ရင်ဘတ်ငှားသည် ။
နားလည်ပေးပါ အမိနိုင်ငံ
Friday 10 August 2012
20 comments
အခြေနေမပေးလို့ ဝေးခဲ့တာပါ
ပညာတွေမတတ်လို့
ထားခဲ့ရတာပါ
မာန်တွေတက်ပြီး
 ထွက်ခဲ့တာလဲ မဟုတ်ပါဘူး   ။
 စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့
  တိုနံ..နံ ခဲတံငုံတိုလေးတွေက ဟောင်းနွမ်းနေတဲ့
 လွယ်အိတ်လေးရဲ့ ဘေးမှ ဟိုတစ ဒီတစ
   အဖြူရောင်ကိုကျော်လွန်နေတဲ့ ၀ါညစ်ညစ်
အစိမ်းရောင်မှာ တွယ်ကပ်နေတဲ့ အပ်ချည်ကြိုးချူပ်ရိုးကြောင်းဖြူဖြူတွေနဲ့
   ကျောင်းတက်ရမှာကို သေမလောက်ကြောက်(ရှက်)တတ်တဲ့
   ညီ ညီမလေးတွေရဲ့ အားကိုးတဲ့ အကြည့်  ။
  မနက်မိုးလင်းလို့ ဆန်အိုးကိုမကြည့်ရဲ
စကွဲစေ့တောင်မကျန်တဲ့ 
ဟန်ရှိပြီးဆန်မရှိတဲ့ ဆန်းအိုပေါ်မျက်ရည်စက်တွေပြိုဆင်းနေတုန်း
  သားသမီးတွေ စောစောထပြီး
   ဗိုက်ဆာလိုက်တာ  ဗိုက်ဆာလိုက်တာ ဆိုတဲ့အသံကို
    မိုးကြိုးအစင်းတစ်ရာပစ်တဲ့အသံထက်
   ကြောက်ရွံတတ်တဲ့ အမေ  ။
    စောစောထ သောကတွေနဲ့မျက်နှာသစ်
    နေနေပူပူမှာ ဒုက္ခတွေကို ဦးထုပ်လုပ်ပြီး
     နေညိုချိန်တောင်မှ ချွေးသီးလေးတွေနဲ့
      ကိုယ်လက်သန့်စင် လို့ရယ်
အိမ်ပြန်တံခါးဝမှာ  မုန့်ပါသလားမေးမှာကြောက်မိလို့
ရေအိုးစင်က ရေကိုအ၀သောက်ပြီး
ဗိုက်မှောက်အိပ်နေတတ်တဲ့ အဖေ  ။
                           ဒီလိုအဖြစ်
                         ဒီလိုအပျက်
    ဒီလိုရက်တွေများခဲ့တော့လဲ
အကိုကြီး အဖအရာခံယူထားတာမို့
     ဒုက္ခတွေကို ကျေားပိုးပြီးတော့
    ထွက်ခဲ့ရပေါ့ မြန်မာပြည်  ။
     တန်ဖိုးမထားလို့မဟုတ်ပါဘူး
       ဆန်ဖိုးလေးတောင်ရှာမရခဲ့လို့ပါ
   မမြတ်နိုးလို့လဲမဟုတ်ခဲ့ပါဘူး
     တမတ်ဖိုးနဲ့ မုန့်စားရတဲ့ ခေတ်ကကုန်ခဲ့ပြီလေ
     မခင်တွယ်လို့လဲမဟုတ်ပါဘူး
      မြင်ရတဲ့ဒုက္ခတွေက တစ်ရက်ထဲမှမဟုတ်တာ
                မမေ့ရက်ပါဘူး
      အမိတိုင်းပြည် အဖနိုင်ငံတော်ကို
        သို့ပေမယ့်လဲ
ဆာလောင်းနေတဲ့
ဝမ်းတထွာပေါင်းများစွာအတွက်
ပြေးထွက်ရပေါ့ တပါးတိုင်းပြည်  ။
ဘာသာစကားတွေ ကွဲပြား
ခြေထောက်နဲ့ စေညွှန်တတ်တဲ့ လူမျိုးခြားတွေရဲ့
အေးစက်ပြီးယုံကြည်မှု့မရှိတဲ့ မျက်ဝန်းအကြည့်တွေမှာ
ဝမ်းတထွာပေါင်းများစွာရဲ့
အစာအိမ်ကို ကူညီပေမယ့် ငွေဆိုတဲ့ အရိပ်ပါနေတော့
ဘယ်လိုများ ဒေါသထွက်ရမှာလဲ
နားထဲကို ဆူဆူပူပူအသံကြားရင်
သူခိုးလား အဖမ်းအဆီလား လားပေါင်းများစွာနဲ့
အိပ်ယာအောက်က အမေ့ကိုပို့မယ့် ပိုက်ဆံလေးကို  ထုတ်ကြည့်ရင်
အိပ်ရေးပျက်ပေါင်းများခဲ့ပါပြီ
အချိန်တန်လို့အိမ်ပြန်ကြတဲ့သူတွေပါတဲ့
လေယာဉ်ပျံကြီးကို ငေးကြည့်ရင်း
ဘယ်တော့များမှ
ဘယ်အချိန်များမှ
အသက်ရှင်လျက်
ကြည်နူးမှု့တွေ ထုပ်ပိုးလို့များ
ဒီခရီးကိုကိုယ်တိုင်ထွက်ရပါ့မလဲ အတွေးပေါင်းများစွာနဲ့
အိပ်မက်တွေထဲ
စိတ်ကူးကမ္ဘာထဲ
မျက်ရည်စက်အပြည့်နဲ့ ကြည်နူးမိရင်း
သတိယမိတယ် အမိမြန်မာပြည်ရယ်   ။
မှတ်ချက်။        ။ယခင် သူငယ်ချင်းတစ်ယောက်အတွက် ခံစားရေးသားထားသော ကဗျာအဟောင်းလေးကို
ယခုတလော မြန်မာပြည်ပြန်မလာသေးဘူးလား တိုင်းတပါးမှာ ပျော်နေလားလို့ အမေးခံရတာများသောကြောင့်
ပြန်လည်ပြင်ဆင်ရေးသားထားပါသည် ။ဒီကဗျာလေးရေးရအောင် ခံစားချက်တွေထည့်ပေးတဲ့ သူငယ်ချင်းကိုလဲကျေးဇူးတင်ပါတယ်
လွင်ပြင်လှိုင်းငယ်
သူ
Wednesday 8 August 2012
24 comments
သဲ သက်တွေပေး ချစ်ခဲ့တဲ့ သူ
ဘု ကျကျစကားတွေနဲ့ ကြည်နူးစေတဲ့ သူ
စု စည်းထားတဲ့ မေတ္တာတွေအားလုံးပေးတဲ့ သူ
ကို ယ့်မာနတွေခ၀ါချပြီး မောင့် အတ္တမီးပါ ငြိမ်းပေးတဲ့ သူ
မြတ် နိုးယုယ မိခင်တစ်ယောက်လို အလိုလိုက် ဆုံးမတတ်တဲ့ သူ
နိုး စက်တစ်ခုလို မောင့်ဘ၀ကို အမြဲတမ်း အချက်ပြနိုးထစေတတ် သူ
ရင် ထဲမှ စကားလုံးတွေနဲ့သာ ပြောဆိုတတ်တဲ့ သူ
ခုန် နေတဲ့ရင်အစုံက မောင့်ကို ချစ်လို့အသက်ဆက်ရန်ခုန်နေတာပါလို့ ၀န်ခံတတ်တဲ့ သူ
ချစ် ခြင်းအားလုံးပေါင်း ၂၀၂၈နဲ့ ချစ်တာပါလို့ပြောတတ်တဲ့ သူ
ယူပိုင်ဆိုင်ခြင်း အတ္တမှာ မောင့်အချစ်တစ်ခုပဲလိုချင်တယ်လို့ သနားစရာတောင်းခံ တတ်တဲ့ သူ
ပြည့် လျှံနေတဲ့ မေတ္တာကန်လေးထဲမှာ မောင့်ဘ၀ကို သန့်စင်စေတဲ့ သူ
စုံ လင်တဲ့ လောဘမုဆိုးများမြှား ရိုးသားစွာရှောင်တတ်အောင်သင်ပေးတဲ့ သူ
လှ ပတဲ့ ဘ၀ပန်းခင်အလယ် စိတ်ကို လန်းဆန်းစေတဲ့ သူ
မောင့် ဘ၀ကို ဇာတ်ခုံလှလှလေးတွေပြင်ဆင်ပေးတဲ့ သူ
င်ရောက်လာမယ့် လောကဓံမုန်တိုင်းခပ်ကြမ်းကြမ်းလဲ ဆိုင်ဆိုင်ရဲတယ်လို့ ကြွေးကြော်တဲ့ သူ
လွင်ပြင်လှိုင်းငယ်
နာရေးသတင်း နှင့် စိုင်းစိုင်း၏ဖခင်အရင်းဘယ်သူလဲ
Monday 6 August 2012
21 comments
အမှတ် 420
ဒုစရိုက်လမ်းနေ
ဦးဒေါသ +ဒေါ်မောဟ
တို့၏သား
မောင်မာန်မာနသည်
ဒုက္ခဆေးရုံတွင် ကွယ်လွန်သွားပါသဖြင့်
ယနေ့မွန်းလွဲချိန်တွင်
လောဘသုသန်တွင် အတ္တမီး သင်္ဂြိုလ် မည်ဖြစ်ပါသည် ။
မှတ်ချက် ။       ။ဘာရယ်မဟုတ် စိတ်ထဲမှာပေါ်လာတာလေးရေးချမိတာပါ ။
စိုင်းစိုင်း၏ဖခင်အရင်းဘယ်သူလဲ
 တခါက ရွာလေးတစ်ရွာတွင် သားရူးရူးနေသော ဇနီးမောင်နှံတွင် သားဦးလေးတစ်ယောက်ကံကောင်းထောက်မစွာ မွေးဖွားခဲ့သည် ။ သားဦးအရူးဆိုသည့်စကားအတိုင်းပင်
ထိုလင်မယားသည် ထိုသားဦးလေးအား အလွန်အမင်ချစ်ကြတာပေါ့ဗျာ ။သူတို့
သားဦးလေး၏နာမည်ကို စိုင်းစိုင်းလို့ အမည်ပေးခဲ့ကြတယ် ။ ဒီလိုနဲ့ ရက်တွေပြောင်းလကိုနှစ်စားပြီး တစ်နှစ်သာသာစိုင်းစိုင်းလေးဟာအလွန်ချစ်စရာကောင်းပြီး ၀၀ကစ်ကစ်နှင့်မျက်နှာချိုသော်လဲ အငိုသန်တော့တော်တော်သန်တယ် ။ စိုင်းစိုင်းလေးငိုသောအခါ သူ့အားလေထဲမြောက်ပြီး ချော့လျှင်အလွန်သဘောကျပြီးအငိုရပ်သွားလေ့ရှိသည် ။ 
 တနေ့ မှတ်မှတ်ရရပြောရလျှင် လကွယ်ညတစ်ညပေါ့ ထိုညတွင် စိုင်းစိုင်းသည်မအိပ်ပဲ ငိုကြောရှည်နေသောကြောင့်သူ့အဖေက အိမ်ရှေ့ ၀ရန်တာထွက်ပြီး စိုင်းစိုင်းကိုချော့ရတာပေါ့ ဘေးနားမှာတော့ စိုင်းစိုင်းရဲ့အမေက ငိုနေသောစိုင်းစိုင်း အား ချော့နေသောသူ့ယောက်ျားအားကြည့်ပြီး ပီတိပြုံးလေးပြုံးနေလေရဲ့...ထိုအချိန်တွင် သူတို့ခြံ(အိမ်ဝန်း
)အတွင်းရှိ သစ်ပင်တစ်ပင်၏အကွယ်တွင်လစ်လျှင်ပစ္စည်းခိုးရန်ချောင်းနေသော သူခိုးတစ်ယောက်ရှိနေသည်ကို စိုင်းစိုင်း၏ အဖေနှင့်အမေမှာ သတိမထားမိပေ.....စိုင်းစိုင်းကလဲငိုကြောရှည်သော ကလေးဆိုတော့ တော်တော်နဲ့ အငိုမတိတ်နိုင်ဖြစ်နေတော့ ကလေးမအိပ်တော့ မိဘများလဲမအိပ်နိုင် သူခိုးကလဲစောင့်ရတာစိတ်သိပ်မရှည်ဖြစ်လာတယ် စိုင်းစိုင်းအဖေကလဲ စိုင်းစိုင်းကို လေထဲမြောက်ကာမြောက်ကာ ပါးစပ်မှလဲ ဒီသားလေက ဘူသားလေးလဲ(ဘယ်သူ့သားလေးလဲ)ဘူသားလေးလဲဟုပြောကာချော့မော့နေတာပေါ့ သူ့၏ချော့နည်းမှာလဲ ဘူသားလေးလဲ ဘူသားလေးကမတက် ကလေးကလဲအငိုမရပ် စောင့်နေသော သူခိုးကလဲ စိတ်မရှည်ဖြစ်လာတာနဲ့ စိုင်းစိုင်းအဖေက ဘူသားလေးလဲ သူသားလေးလဲဟုစကားမပြောတတ်သေးသောကလေးကိုမေးပြီးချော့နေတာကို စိတ်မရှည်တော့တဲ့သူခိုးဟာ ဘူသားလေး ဘူသားလေးလဲနောက်မှ အဲ့ဒါငါ့သားကွ ငါ့သားကွ ဟုအော်ကာ ခြံထဲမှ ထွက်ပြေးသွားလေတော့သည် ။ ကျန်ခဲ့သော စိုင်းစိုင်းအဖေမှာထိုအသံကိုကြားသောအခါ ရုတ်တရက်ကြက်သေသေကာ သူ့မိန်းမကို စေ့စေ့ကြည့်ကာ အော်ပြီးမေးလိုက်တယ် ဒါငါ့သားမဟုတ်ဘူးလားတဲ့......ဒီလိုနဲ့ စိုင်းစိုင်း၏မိဘများသည်ရန်ဖြစ်ပြီးပြန်ချစ်ကာ ထိုညကိုအဆုံးသတ်လိုက်တာပေါ့
တစ်ခုတော့ရှိတယ်ဗျ စိုင်းစိုင်းအဖေဟာ နောက်နောင်များတွင် ဘူသားလေးလဲ ဘူသားလေးလဲချော့နည်းကို လုံးဝမသုံးတော့ပေ ။
အမှားအယွင်ရှိရင် နားလည်ပေးနိုင်ကြပါစေ
ယခင်နိုင်ဆိုဒ်တစ်ခုမှာကျွန်တော် တင်ဖူးတဲ့ပို့စ်လေးပါ ။
မရီရသော်လဲ နဲနဲလေးပြုံးမယ်ဆိုရင် ပိတိဖြစ်မိမှာ အမှန်ပါပဲလေ ။
လွင်ပြင်လှိုင်းငယ်
တဂ်ပို့(နွေလ၏ တဂ်ပို့)
11 comments
တဂ်ပို့မရေးရတာတော်တော်ကြာနေပါပြီ ဒီနေ့တော့ ညီလေးနွေလ တဂ်ထားလို့ ရေးခွင့်ကြုံပါတယ် ။
နွေလမတဂ်ခင်ရှေ့ကလဲ သူ့လိုဆိုဒ်ပျက်သွားရတာတွေကို ကြားနေရပါတယ် အဲ့လိုကြားတိုင် တော်တော်လေး
ခံစားမိပါသည် ကျွန်တော်တို့ဘေးကသူငယ်ချင်းတွေတောင် ဒီလောက်ခံစားရတယ်ဆိုရင် ပိုင်ရှင်က ဘယ်လောက်ကြေကွဲနေမလဲဆိုတာ တွေးကြည့်တာတောင် တွေးလို့မရပါဘူး ။ညီလေးနွေလ ရင်ထဲကမေးလာတာတွေကို ကျွန်တော်လဲ ရင်ထဲကအတိုင်းပဲ ဖြေလိုက်ပါ့မယ် ။
 (၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
ကျွန်တော်ဘလော့လေးကို  11 July 2011 မှာ စတင်ခဲ့ပါတယ် ။နည်းပညာပိုင်တွေမှာအားနည်းလွန်းတော့ အင်တာနက်မှာ ဟိုဖတ် ဒီဖတ် စမ်းတ၀ါးဝါးနဲ့ လုပ်ခဲ့ရတာပါ နည်းပညာဆိုဒ်တော်တော်များကိုလဲ ကျေးဇူးတင်မိပါတယ် သူတို့သေချာရေးပြထားလို့တာ ဆိုဒ်လေးတစ်ခုဖြစ်လာတာပါ ။
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
မညာတိုင်း ၀န်ခံရမယ်ဆိုရင်တော့ ကျွန်တော့်ဇနီးရဲ့ တိုက်တွန်းချက်နဲ့ ကျွန်တော့်ရဲ့ ခံစားချက်ကို မှတ်တမ်းတင်နိုင်ရန်ဆိုဒ်လေးလုပ်
ဖစ်သွားတာပါ နောက်ပိုင်းစာတွေရေးရင်း ရေးရင်း သူငယ်ချင်းတွေလဲ အများကြီးရ စာကောင်းပေကောင်းတွေလဲဖတ်ရတော့ ဆိုဒ်လေးကို တော်တော်သံယောဇဉ်ဖြစ်ခဲ့ရပါတယ် ။
 (၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ရည်မှန်ချက်ရယ်လို့တော့မဟုတ်ဘူး မြတ်နိုးမိတာတော့အမှန်ပါပဲ ကျွန်တော် ရှင်သန်နေသရွေ့ ဆိုဒ်လေးကိုလဲ သူငယ်ချင်းများရဲ့
အားပေးသံတွေနဲ့ ရှင်သန်စေချင်ပါတယ် ။
 (၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
တခါမှတော့ မပျောက်ဆုံး ဖူးပါဘူး ။
 (၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးဖူးပေမယ့် ပျောက်ဆုံးသူများအတွက် ခံစားဖူးပါတယ် ပထမဆုံးခံစားဖူးတာကတော့ ကျွန်တော့်ဇနီးဆိုဒ်လေး ပျောက်သွားတုန်းကပါ သူ့ဆိုဒ်လေးပျောက်သွားတုန်းက သူက တော်တော်ဝမ်းနည်းပြီး ခံစားနေရတော့ ကျွန်တော်ပါထပ်တူခံစားရခဲ့ဖူးပါတယ် ကံကောင်းစွာ သူ့ဆိုဒ်လေးပြန်ရလို့တော်သေးတာပေါ့ နောက်ပိုင်းသူငယ်ချင်းတွေဆိုဒ်ပျောက်သွားရင် ခံစားရပါတယ် ။
အားလုံးပဲ ပျော်ရွှင်စွာစာတွေရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ဆိုဒ်ပျက်ခြင်းခံစားမှု့တွေလဲ ဝေးပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ပါတယ်
အားလုံးကို ရိုသေလေးစားလျက်
လွင်ပြင်လှိုင်းငယ်
ကွဲစရာအသဲမရှိတဲ့ လွင်ပြင်
Saturday 4 August 2012
14 comments
ခုန်နေတဲ့ ရင်အစုံ
မြတ်နိုးတဲ့ အကြင်နာ
သံယောဇဉ်ကြိုးမျှင်
ရစ်ပတ်နှောင်ဖွဲ့
ချစ်မိတဲ့ အချစ်
စုပေါင်းထုဆစ်
ဘ၀နဲ့ထုပ်ပိုးပြီး
ရင်ဘတ်ထဲက နှလုံးသားပါမကျန်
သဲဘုစုခရုထံပေးအပ် ပြီးသားမို့
ကွဲစရာအသဲ လွင်ပြင် မှာမရှိပါ ။
ဝန်ခံချက် ။      ။ပုံကို google မှကူးယူပါသည် ။
လွင်ပြင်လှိုင်းငယ်
ဘလော့ဂါဗေဒင် (၁လစာ)
Thursday 2 August 2012
23 comments
တနင်္ဂနွေ သားသမီးများ
 ***ဘလော့အရေး***
            အတွေးတွေများပြီး ရေးစရာတွေပျောက်နေသော ကာလဖြစ်သည်။သေလောက်အောင်ချစ်ပါ
သည်ဆိုသောချစ်သူမှ အသစ်တစ်ယောက်နှင့်တွဲနေသော သတင်းကို ချစ်ရေးချစ်ရာ သတင်းဆိုဒ်တစ်ခုမှ ဖတ်ရနိုင်သည်။
***ကော့မက်အရေး***
              ငယ်ရွယ်သူတို့ တစ်စုံတစ်ယောက်၏ ကော့မက်တစ်ခုကြောင့် ရင်ခုန်နေရမည်။
 ***အချစ်ရေး***
 ချစ်သူရှိသူများ ချစ်သူ၏စွန့်ပစ်ခြင်းခံရကိန်းရှိပြီး ချစ်သူမရှိသူများ လက်ရှိချစ်သူကို စွန့်ပစ်ပြီး မိမိကို ချစ်လာသောချစ်သူရနိုင်သည် ။
*** အိမ်ထောင်ရေး***
 မိန်းမချက်ကျွေးသောထမင်းဟင်းများကိုမိန်းမရှေ့တွင် ကောင်းလိုက်တာဟု ကြွေးကြော်ကာ နောက်ကွယ်
မှာတော့ ဒီမိန်းမဟင်းချက် ညံ့လိုက်တာဟု အပြစ်တင်နေလိမ့်မည် ။
 ***ကျန်းမာရေး***
 အလုပ်ချိန်အတွင်း အိပ်ငိုက်သော ရောဂါကို ခံစားနေရတတ်သည် ။
***အကျိုးပေးဂဏန်း***
 တနေ့တာမိမိဆိုဒ်ကို လာကြည့်သော စာဖတ်သူအရေးအတွက်  ။
 ***ယတြာ***
 နေမကောင်းသော ဘလော့ဂါသူငယ်ချင်းထံသို့ နေမကောင်းလျှင်ရေထောင်းသောက်ဟု အကြံပေးရန် ။
                                     ************************************
တနလာၤသားသမီးမ်ား
  ***ဘေလာ့အေရး***
 ဘာတွေ တွေးတွေး စာတွေရေးချင်နေပြီး ကင်မရာတစ်လုံးနှင့် လမ်းတကာလျှောက်ကာ တွေ့သမျှ မှတ်တမ်း
  တင်ချင်နေသော ကာလဖြစ်သည် ။
 ***ကော့မက်အရေး***
 တင်ပြီးသမျှ ပို့စ်များထဲမှ အကြိုက်ဆုံးကော့မက်တစ်ခု အကြောင်းတွေးပြီး ပြုံးနေတတ်သည် ။
***အချစ်ရေး***
 ငယ်ရွယ်သူများ gtalkမှာ ချစ်သူရပြီး vzoမှာ ချက်သောအခါ မျက်နှာမြင်ပြီး လမ်းခွဲရတတ်သည် ။
*** အိမ်ထောင်ရေး***
 အသဲကွဲကဗျာတစ်ပုဒ်ရေးမိသောကြောင့် မိန်းမမှ စိမ်းကားရက်စက်စွာ ကြက်ဟင်းခါးသီးဟင်းနှင့်
 သုံးရက်တိုင်တိုင်ချက်ကျွေးပြီး ညအိပ်ယာဝင်တိုင် အငဲ၏ ခါး သီချင်းကို ဆိုခိုင်းလိမ့်မည် ။
 ***ကျန်းမာရေး***
 ညဘက်ဘလော့ရေးရင်ကိုရီယားဇာတ်လမ်းတွဲအကြည့်များသောကြောင့်အိပ်ရေးပျက်သော ဝေဒနာခံစားနေ
ရတတ်သည် ။
 ***အကျိုးပေးဂဏန်း***
 လေးဖြူသီချင်းများ စာမျက်နှာ (၁၅) ပါဝါ (၅၄)
 ***ယတြာ*** 
 အသဲကွဲနေသော ဘလော့ဂါသူငယ်ချင်းတစ်ယောက်ထံ မိမိချစ်သူမှာ မိမိအားမည်မျှချစ်ကြောင်း ခဏခဏပြောပေးပါ ။
                                        ********************************
အင်္ဂါသားသမီးများ
 ***ဘလော့အရေး***
  တွေးထားသောစာတွေရေးမရဟု အကြောင်းပြကာ ဘလော့ဂါသူငယ်ချင်းတစ်ယောက်နှင့်
 အရက်သောက်ချင်နေလိမ့်မည် ။
  ***ကော့မက်အရေး***
 cboxမှာ မိမိကိုချစ်သည်ဟုလာရေးထားသောသူ၏ IPကိုစစ်မရသောကြောင့် ကြည့်နေသော စစ်ကားကိုပိတ်ပြီးအိမ်မှာသုံးနေသော ရေစစ်များကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ချင်နေသော ကာလဖြစ်သည် ။
 ***အချစ်ရေး***
 ယောကျာ်းလေးများ ကိုရီယားအချစ်ကားများကြည့်ကာ မြန်မာပြည်မှာ လူဖြစ်ရတာမတန်ဘူးဟု မိဘများကို
 အပြစ်တင်နေကြလိမ့်မည် ။
 *** အိမ်ထောင်ရေး***
 မိန်းမမသိအောင် ဘလောဂါသူငယ်ချင်းတစ်ယောက်နှင့် အရက်ခိုးသောက်ရာ ထိုသူငယ်ချင်းမှ နောက်တရက်တွင် ချစ်သူငယ်ချင်း ဘလော့ဂါလေးနှင့် သောက်ဖြစ်ခြင်းခေါင်းစဉ်နှင့်
အတူ ဓါတ်ပုံပါတွဲပြီးထိုသူ၏ဆိုဒ်မှပို့စ်တစ်ပုဒ်တင်ခြင်းခံရနိုင်သည် ။
 ***ကျန်းမာရေး***
 ခြင်တကောင်နမ်းခြင်းကြောင့် နှုတ်ခမ်းမှာ ယောင်နေတတ်သည်  ။
 ***အကျိုးပေးဂဏန်း***
 သင့်ချစ်သူ၏ ဆံပင်နှင့် မျက်ခုံးမွေး အရေအတွက်  ။
 ***ယတြာ*** 
ငါးမကြိုက်သော ကြောင်တစ်ကောင်ရှာပြီး ထိုကြောင်နှင့်အတူ ရေမရှိသောအိုင်မှာ ငါး သွားဖမ်းပါ ။
                                  ************************************
 ဗုဒ္ဓဟူးသားသမီးများ
  ***ဘလော့အရေး***
 အပြောင်းအလဲများတတ်သော ချစ်သူကြောင့် မိမိဆိုဒ်ကို Template ခဏခဏပြောင်းချင်နေလိမ့်မည် ။
 ***ကော့မက်အရေး***
ကြေငြာကော့မက်တွေများနေသောကြောင့် ထိုကော့မက်များကိုနှုတ်နှုတ်စင်းချင်နေလိမ့်မည် ။
  ***အချစ်ရေး***
 ဘလော့ဂါ လူပျိုကြီး အပျိုကြီးများဟု အခေါ်ခံရတာများလာသောကြောင့် ဘလော့ဂါ လူပျိုကြီးနှင့်အပျိုကြီးများအိမ်ထောင်ပြုရန် စဉ်းစားနေတတ်သော ကာလဖြစ်သည် ။
  *** အိမ်ထောင်ရေး***
 ဇနီးမယား ကြင်သူသက်ထားမှ အလုပ်မသွားမည် ဆွတ်ပေးလိုက်သော ရေမွှေးသည် အလုပ်ပြန်အိမ်ရောက်သောအခါရနံ့ပြောင်းသွားသောရေမွှေးကြောင့်
မိန်းမ နှာစေးနေပါစေဟု ဆုတောင်းနေသော ကာလဖြစ်သည် ။
***ကျန်းမာရေး***
အသက်မပျောက်အောင် အသောက်မပျက်သောကြောင့် ညဘက်ညဘက် ရေငတ်သော ဝေဒနာခံစားနေ၇တတ်သည်  ။
  ***အကျိုးပေးဂဏန်း***
 မူးပြီးအိမ်ပြန်လာသောအခါ မိန်းမမှ ရိုက်လိုက်သော ဘယ်ပြန်ညာပြန်ရိုက်ချက် အရေအတွက်  ။
  ***ယတြာ*** 
အိပ်ပျော်နေသော ခွေးတစ်ကောင်၏ နှာရွက်ထဲသို့ မြက်ပင်နှင့်ကလိပြီး ခွေလိုက်ကိုက်လျှင်
 အောင်ပြီ အောင်ပြီဟု အော်ပြေးရန်  ။
                                          ************************************
ကြာသပတေးသားသမီးများ
  ***ဘလော့အရေး***
 စာသောက်စရာဆိုဒ်များသို့ နေ့တိုင်းရောက်ဖြစ်ပြီး ပုံပြထားပေမယ့် တကယ်မစားရတဲ့ ဘ၀ကို အလိုမကျဖြစ်နေလိမ့်မယ် ။
  ***ကော့မက်အရေး***
 တနေ့ထက်တနေ့များလာသော ကော့မက်များကြောင့် ၀မ်းသာနေသောကြောင့် ရင်ပြည့်ကာ ထမင်း ၃ရက်မစားပဲ နေနေသည် ။
***အချစ်ရေး***
 နာမည်အရမ်းကြီးသော သရုပ်ဆောင် ရုပ်ချောချာ မင်းသား မင်းသမီးများမှ မိမိကို ချစ်ရေးဆိုလာနိုင်သည် ။
 *** အိမ်ထောင်ရေး***
 ယောကျာ်းလေးများ မီးဖိုခန်းဝင်ပြီး မိန်းမကို မတတ်တတတ်နှင့် ဟင်းလျာကောင်းများ ချက်ကျွေးရန်ဆန္ဒရှိနေလိမ့်မည် ။
 ***ကျန်းမာရေး***
 ချစ်သူက သီချင်းဆိုတာ အရမ်းကောင်းတယ်ပြောသောကြောင့် မရပ်မနားသီချင်းဆိုနေသောကြောင့် လည်ချောင်းနာ အသံဝင် နေသောဝေဒနာခံစားနေရတတ်သည် ။
***အကျိုးပေးဂဏန်း***
မိမိfacebook မှ သူငယ်ချင်းအရေအတွက် နှစ်ဆ
  ***ယတြာ*** 
 လူခြေတိတ်သော ညအချိန်တွင် မျိုးကြီး၏ ဒီကစောင့်နေသူ သီချင်းကို ကျယ်နိုင်သလောက်ကျယ်အောင် အော်ဆိုပါ ဘေးအိမ်များမှ ခဲနှင့်မပေါက် ရဲလာမဖမ်းလျှင် ယတြာရအောင်သည် ။
                                 *************************************
သောကြာသားသမီးများ
***ဘလော့အရေး***
မိမိဆိုဒ်ကိုပစ်ပြီး facebookတွင်အချိန်ကုန်နေသောကြောင့် ပို့စ်အသစ်မတင်လို့ သူငယ်ချင်းများမှ နေမှကောင်းရဲ့လားဟူသော စိုးရိမ်သံများကြားနေရသောကာလဖြစ်သည် ။
  ***ကော့မက်အရေး***
နာမည်ကြီးစာရေးဆရာတစ်ယောက်မိမိတင်သောပို့အား လာရောက်ကော့မက်ပေးသောကြောင့် အရမ်းပျော်ရွှင်ကာ ဘလော့ဂါသူငယ်ချင်းများအား မုန့်လိုက်ကျွေးချင်သော ဆန္ဒပြင်းပြနေလိမ့်မည် ။
 ***အချစ်ရေး***
ချစ်သူစွန့်ပစ်လို့ အသဲကွဲ ကဗျာများ စာများ ရေးရာ လက်စွမ်းထက်နေသော ကာလဖြစ်သောကြောင့်
စွန့်ပစ်သွားသောချစ်သူအားကျေးဇူးတင်နေလိမ့်မည် ။
 *** အိမ်ထောင်ရေး***
လစာထုတ်သော ပိုက်ဆံများမှ ဇနီးမသိအောင် ၀ှက်ထားသောပိုက်ဆံများ ကြွက်စားခံရနိုင်သည် ။သေချာအောင်ဝှက်ရန်လိုသည် ။
  ***ကျန်းမာရေး***
ချက်တင်ထိုင်တာများသောကြောင့် အကျောတက်ဝေဒနာခံစားနေရတတ်သည် ။
***အကျိုးပေးဂဏန်း***
မိမိပတ်ဝန်းကျင်မှ အတိုးပေးစာနေသောသူ၏  ဖုန်းနံပါတ် ။
***ယတြာ*** 
မိမိကို အမြဲတမ်း အကောင်းမမြင် အပြစ်မြင်တတ်သောသူရှေ့တွင် ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်ပါဘူး သီချင်းကို အခေါက်ခေါက်အခါခါဆိုပြပါ ။
                                       ************************************
စနေသားသမီးများ
***ဘလော့အရေး***
သူငယ်ချင်းအပေါင်းအသင်းများ၏ဆိုဒ်များ  ဖွင့်မရပဲ ပျက်နေသော သတင်းများကြားသောကြောင့်
စိတ်မကောင်းဖြစ်ကာ မိမိနှင့် သူငယ်ချင်းများဆိုဒ်လဲ ထိုသို့မဖြစ်ရလေအောင် ဟတ်ကာများ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးနေသော ကာလဖြစ်သည် ။
 ***ကော့မက်အရေး***
အားပေးသောကော့မက်များ ဝေဖန်သောကော့မက်များ အပြစ်တင်သောကော့မက်များကြား ပျော်ရွှင်လိုက် 
နာကျင်လိုက်နှင့် တရားရသောကာလဖြစ်သည် ။
 ***အချစ်ရေး***
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အချစ်ရေး အဆင်ပြေသောကာလဖြစ်ပါသည် ။
 *** အိမ်ထောင်ရေး***
အရာရာအဆင်ပြေနေသောအချိန်ဖြစ်သောကြောင့် ဇနီးမယားအား နောက်ထွက်မည့် iphone 5 ၀ယ်ပေးရန်
ဈေးနှုန်းစုံစမ်းနေသော ကာလဖြစ်သည် ။
 ***ကျန်းမာရေး***
မိမိရောဂါနှင့်မတည့်သော အစားအစာများကို မည်သူမှမသိအောင် ခိုးစားချင်နေသော ကာလဖြစ်သည် ။
 ***အကျိုးပေးဂဏန်း***
မိမိချစ်သူ၏ မွေးသက္ကရာဇ် ။
 ***ယတြာ***
မိမိချစ်သူလိုချင်နေသော ပစ္စည်းအား ဈေးမဆစ်ပဲ လိုအပ်သမျှ ပြုံးပြုံးလေးနှင့် ၀ယ်ပေးလိုက်ပါ ။
                                  *****************************************
မှတ်ချက် ။       ။ပျော်ရွှင်ရန်ရေးသားထားသောကြောင့် အမှားအယွင်းများရှိလျှင် နားလည်ပေးပါရန် တောင်း
                        ပန်အပ်ပါသည် သူငယ်ချင်းများအားပေးလျှင် လစဉ်ရေးပေးပါ့မည် ။
လွင်ပြင်လှိုင်းငယ်
Popular Posts
Popular Posts
Popular Posts2
Popular Posts3
စိတ်ကြိုက်အရောင်ကုဒ်လေးများ
အရောင်ရဲ့Code ယူရန် :