ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကျွန်တော်တို့မလေးရှားမှာ ဒီလိုပဲရှိတယ်

Tuesday, 8 May 2012

ဘာမှ မပြောချင်တော့ဘူး
ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမယ့်
မြန်မာမိန်းကလေးဆိုတဲ့အသိ
ပြည်မြန်မာက မိဘအိမ်မှာ ချန်ထားခဲ့သလားပဲ
မဲပြောင်တဲ့အသားအရောင်မှာ
ခဲရောင်စကတ်တိုနဲ့
တက်တူးမြင်အောင် ကျောပြောင်နှင့်နေပေမယ့်
မဲပြောင်တဲ့ အသားမှာ
ရေမချိုးလို့ ဂျီးလိပ်တွေတက်နေသလိုပါပဲ ။

ဘာမှမပြောတော့ပါဘူး
ဆွဲလိုက်တဲ့ နားဆွဲ
လည်းဘီးလောက်ကြီးပေမယ့်
ဘေးကဆဲသွားတာဘယ်နှယောက်များရှိနေမလဲ
မကြားလိုက် မသိလိုက်တာလား
ဟန်ဆောင်နေတာလား
ဟိတ်ကြီး ဟန်ကြီးနဲ့
ဟမ်းဖုန်းကြီးတကားကား
ဟမ်းဖရီးကြီးနားမှာတပ်ပေမယ့်
လူတိုင်းကိုပေးတာက miss call  
အပြစ်တော့မပြောပါဘူး
ဖုန်းထဲမှာ ပိုက်ဆံမရှိတာနှစ်လတောင်ရှိပြီပဲ  ။

ဘာမှမပြောချင်တော့ပါဘူး
မိဘတွေအတွေးမှာ
ငါ့သမီးလေး အဆင်မှပြေပါ့မလား
တွေးပူပေမယ့်
အရေးတယူမရှိတာက သမီးအလိမ္မာ
ညာစားတာတွေများတော့
မနေ့က ဒေစီ
ဒီနေ့ ဒေ၀ီနဲ့
နာမည်တွေပြောင်းပေမယ့်
ပြောင်းမရတာက ရုပ်သွင်နဲ့ အကျင့်စရိုက်  ။

ဘာမှမပြောချင်တော့ပါဘူး
ဘာတဲ့ လူကြားမှာ မြန်မာလိုမပြောနဲ့တဲ့
မြန်မာလိုမပြောလို့ အီးလိုပြောတော့ရော
how are you?ဆိုတော့
my name is .......တဲ့
ပြောပြန်တော့လဲ
ကော နေရအောင် နင့်အမျိုးလားတဲ့
သဘောအမှန်နဲ့ ပြောနေသူက
အရူးတစ်ယောက်လား  ။

ဘာမှမပြောချင်တော့ပါဘူး
အချစ်လား
နှစ်မိနစ်ခြား
ချစ်ရတာကများပေမယ့်
အများကမေးတော့လဲ
အပျိုစစ်စစ်ပါဆိုတော့
မိဘအိမ်မှာကျန်ခဲ့တဲ့ ကလေးတွေက
မိဘမဲ့တွေလား  ။

ဘာမှမပြောချင်တော့ပါဘူး
မယားရှိသည့်လင်
ဝင်ငွေကောင်းလို့ကတော့
ဒု သ န သော ကို
ဒု ဆိုတဲ့ ဒူးရင်းသီး
သ ဆိုတဲ့ သရက်သီး
န ဆိုတဲ့ နာနတ်သီး
သော ဆိုတာ သောသောညံကောင်းတယ်လို့များ မှတ်ယူသလားပဲ
ရှောင်ရန်မသိ
ဆောင်တာက မာယာမို့
လင်မယားတွေ ကွဲကြ ကွာကြ ခဏခဏပါပဲ  ။
ဘာမှမပြောတော့ပါဘူး
တစ်ယောက်မကောင်းရင်
တစ်သောင်းလုံးကို
ဝါလုံးထိပ် အတင်းတွေချိတ်ပြီး
ရမ်းတတ်တဲ့ လူတွေကြားမှာ
နင်ကဟိုလိုင်းမရောက် ဒီလိုင်းမရောက်နဲ့
ပေါက်ကရတွေ လျှောက်လုပ်နေမှတော့
ကောင်းတဲ့သူတွေရဲ့ မေတ္တာနင်သာခံယူပါတော့နော်  ။ 


(အကျင့်မကောင်းတဲ့ တစ်ဦးတစ်ယောက်အတွက် လူအပေါင်းများစွာက မျှဝေခံစားနေရခြင်းကို မနေနိုင်လို့ ကဗျာမဟုတ် စာမဟုတ်ရေးချမိပါသည်။ နိုင်ငံခြားမှာ အကြောင်းအမျိုးမျိုးကြောင့် စီးပွာရှာနေသော အမျိုးသမီးသောင်းနှင့်ချီမှာ တစ်ဦးတစ်ယောက်ကြောင့် အပြစ်ပြောခံနေရတာကို မကြာခဏကြားမိပါသည်
အကျင့်မကောင်းသည့် အမျိုးသမီးများ မိမိကြောင့် မိကောင်းဖခင်သားသမီးများကို မနစ်နာစေအောင် ဖြစ်ခဲ့တာတွေကို နောင်တရပြီး ကောင်းကောင်းမွန်မွန်စီးပွားရှာရင်ဘယ်လောက်များကောင်းလိုက်မလဲနော်)

လွင်ပြင်လှိုင်းငယ်

23 comments:

ဖြိုးဇာနည် said...

ဟိုင်ရှားဘား !!! မိုက်တယ်ဗျာ
အရမ်းမိုက်တယ့့်
သံချက်လုပ်ရင်တောင်ရတယ်
လေးစားတယ် ဒုသနသော
လေးအရမ်းမိုက်တယ့်
ပညာပေးလေး ပါပဲ

အလွမ်းမြို့ said...

လွင်ပြင်ရေ...

မိုက်တယ်ကွာ...ဒီလိုစာလေးက မိုက်စ ဘဲ.
ကြိုက်တယ်။ မဲပြောင်တဲ့ ကျောပြင်...တဲ့။
အားပေးနေတယ် လွင်ပြင်ရေ။
ရေးလည်းရေးတတ်ပါ့။


ခင်မင်တဲ့
အလွမ်း

Snow May said...

ရေးထားတာတွေက အပီအပြင်ပဲ ဟိဟိ မျက်လုံးထဲတောင် မြင်ယောင်လာအောင် ရေးတတ်ပါပေတယ်.. မိုက်တယ် ဂွတ်တယ်. :D

ချစ်စံအိမ် said...

တော်တယ်ဆရာသမားက ရေးတတ်ပါပေတယ်..

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင်တောင် ပိုစ့်မော်ဒန် ဆန်ဆန်တွေ ရေးနေပြီ

အရမ်းမိုက်တယ် ....

အချစ်ကဗျာတွေထက်စာရင် အခုလိုကဗျာတွေကို

ပိုပြီးပြီနှစ်သက်တယ်

ခင်တဲ့

မိုးသူ(တောင်ကြီး)

ဒုတိယလူ said...

ဒီလိုပဲ အကိုရေ ပတ်ဝန်းကျင်မရှီတဲ့
အရပ်ဒေသမှာ ငွေနောက်ကိုလိုက်ကြရင်း အကျင့်စရိုက်တွေကလည်း
အလွယ်တကူပြောင်းတက်ကြတယ်မဟုတ်လား
ရင့်ဘက်နှင့်ခံစားပြီး အားပေးသွားပါတယ်
အကိုရေ ..
ခင်မင်လေးစားလျှက်.ဒူးရင်းသီး..တိန်
မှားတွားလို့ (ဒုဒု) ;p

ထရီဆာ said...

ကိုလွင်ပြင်ရေ ..မိုက်အိ။ :)

ရင်ဆူး said...

ကိုလွင်ပြင်ရေ.....စိတ်ထဲရှိသလိုရေးထားတာ ရင်ထဲကိုပါ
အဲ့လို ခံစားချက်တွေ ရောက်လာပါတယ်ဗျာ....
.မြန်မာဆိုတာနဲ့ အားလုံးက ခံစားချက်ချင်းတူကြပါတယ်..
နိုင်ငံခြားရောက် မြန်မာမလေးများအားလုံး အစစအရာရာ အဆင်ပြေချောမွေ့ပြီး...တန်ဘိုးရှိတဲ့မိန်ကလေမျာဖြစ်ကြပါစေဗျာ......ဒို့ကတော့ ဆုဘဲတောင်းပေးနိုင်တယ်..
.ပြည့်မပြည့်ကတော့ သူတို့နဲ့ဘဲဆိုင်တော့တယ်....

ရာဇာထွေး said...

လွင်ပြင်ရေ...
ဘာမှမပြောချင်လို့ပဲ ပြောများပြောချင်ရင်လွယ်ဘူး ရယ်..အင်း ပြောလည်းပြောတဲ့သူတွေသာအာပေါက် ပြီအမောဆို့ချင် ဆို့သွားမယ်..ကာယကံရှင်များ က
တော့ ဟိုသီ ချင်းထဲကလို ထိုနည်းလည်းကောင်း၊ ထိုနည်းလည်း ကောင်း လို့ဆိုသလိုပဲ လွင်ပြင်ရေ.. ကဗျာလေးကို အခုလိုဖန်တီးထားတာဖတ်လို့ကောင်း တယ်လွင်ပြင်ရေ... အားပေးလျှက်ပါ..

ခင်မင်စွာဖြင့်
ဖိုးကျော်

မြစ်ကျိုးအင်း said...

စာတွေ ဝင်ဖတ်သွားပါတယ်။

rose said...

ခက်တော့လဲခက်ကုန်ပီ....

ဆောင်းသဇင် said...

လွင်ပြင်ရေ.... အရမ်းကောင်းတယ်ဗျာ
ကဗျာလေးအားပေးသွားတယ်နော်

khin said...

very good!!! i like it.

Ko Naw(WisdomLife) said...

ကဗျာဆိုတာ အမှန်တရားတွေထဲကလာတာပါအကို ကောင်းပါတယ် ပညာပေးလေးတွေများများရေးပေးပါ။ကျွန်တော်လဲ အသိပညာလေးတွေ ပေးနိုင်အောင်ကြိုးစားပါ့မယ်။

မြ၀တီဇော် said...

ဆင်ခြင်သင့်သူတွေ ဆင်ခြင်နိုင်အောင် ထိထိမိမိ မီးမောင်းထိုးပြတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ။ လာရောက်ဖတ်ရှုသွားပါတယ်ရှင်။

ဝေမိုးနိုင်(မုံရွာ) said...

တကယ်ရေးသင့်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။ ကိုလွင်ပြင်လှိုင်းငယ်ခင်ဗျား။
လေးစားလျက်
ဝေမိုးနိုင်(မုံရွာ)

nandalayan said...

အင်မတန်ကောင်းတဲ့ကဗျာလေး ရင်ထဲမှာစွဲငြိသွားတယ်

မိုးကြီး said...

ကဗျာကတော့ ထိတယ် အစ်ကိုရှယ်သွားတယ်

rkido50 said...

ဒီထက်မကရေးနိုင်ပါစေနော်

Shwe Eain Si said...

ကဗျာလေးကို သဘောတကျစိတ်နဲ့ ဖတ်သွားတယ်..
မျက်မြင်ထင်ဟပ်သွာအောင် ရေးသွားတယ်..
အားပေးသွားပါတယ် အစ်ကို :)

saw prince said...

ခိုက်တယ် မိုက်တယ်

Anonymous said...

အရမ်းမိုက်တယ်

Anonymous said...

လေးစားတယ်​ဗျာ
ကောင်းတယ်
ဒါမျိုးများများ​ရေး အား​ပေး​နေမယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :