ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အမေ(ကျွန်တော်ရဲ့ သူရဲကောင်း)

Wednesday 2 May 2012


ငွေရောင်တွေလွမ်း
ဆံဖြူတွေ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
 ဆံဖြူတွေက သားအတွက်ပူလို့
ဖြူရတာလားအမေ  ။

နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ  ။

အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ကာကွယ်ဖို့
 နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ   ။

ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ  ။

ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ  ။
(၀န်ခံချက်။    ။ ပုံကို google မှကူးယူပါသည်)


လွင်ပြင်လှိုင်းငယ်


21 comments:

Cameron said...

အမေတစ်ယောက်ရဲ့ အားမာန် အမေတစ်ယောက်ဟန် အမေတစ်ယောက်ရဲ့ အနစ်နာခံပုံတွေကို ကွင်းကွင်းကွက်ကွက် ဖော်ပြသွားနိုင်တဲ့ ကဗျာတစ်ပုဒ်ပဲ..။ တော်လိုက်တဲ့ ငါ့ အူးအူး...း)

ဖြိုးဇာနည် said...

အမေ့

အဲ့လိုစာစုလေးတွေကျွန်တော်ရဲရဲမဖတ်ရဲခဲ့ဘူး
ဖတ်လိုက်တိုင်းတာဝန်မကျေတဲ့ကျွန်တော့်ကိုယ်ကျွန်တော်
စိတ်မကောင်းလွန်းလို့ပါ။

စံပယ်ချို said...

ပြောရင်းဆိုရင်းနဲ့လွမ်းလာပြီ
မေမေ့ကိုပြောတာနော်

Unknown said...

ကဗျာလေး သိမ်းစည်းသွားတယ် အကိုရေ
မျက်ရည်တောင် ၀ဲတယ်ဗျာ
အကို့ကဗျာဖတ်ရင်း မေမေ့ကို
အားရပါးရ လွမ်းလိုက်မိသေးတယ်
း(

Z@! said...

အမှန်အတိုင်းပြောရရင် ဒီလိုကဗျာတွေကို ရဲရဲဖတ်ဖို့အတွက် အင်အားမရှိသေးဘူးဗျာ... ဖတ်လိုက် နားလိုက် ဖတ်လိုက် နားလိုက်နဲ့.. အားတင်းပြီး ဖတ်သွားတယ်.. အရမ်းကောင်းပါတယ်ဗျာ.. နှလုံးသားနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်က နှလုံးသားကို တည့်တည့်မှန်တာ မထူးဆန်းဘူးဆိုပေမယ့်.. ဒါက ထူးတယ်..

မိုးသက် said...

ဒီကဗျာလေးကိုဖတ်ပြီး.. ရင်ထဲမှာ အမေလို့ အကျယ်ကြီးအော်ပစ်လိုက်တယ်............။

ချစ်စံအိမ် said...

အမေ သတိရကဗျာလေးကောင်းလိုက်တာ
ရေးတတ်ချင်လိုက်တာနော်

khin said...

မမကျားအမေကဆုံးတာ(၃)လဘဲရှိသေးတော. ကဗျာလေးဖတ်ပြီး အ၇မ်းခံစားရတယ်။

Snow May said...

ကဗျာလေးက အမေနဲ့ဝေးနေတဲ့သူတွေအတွက် ခံစားချက်တွေ ပိုတိုက်ဆိုင်သွားတယ် ...

Cameron said...

အဲ...အူးအူးရေ သာမီးလေး မန့်ထားတာလဲ မပေါ်ဘူး အီးဟီးး အော်ငိုလိုက်ချင်ပါသည်...။ ကဗျာလေးရဲ့စကားလုံးတိုင်းမှာအမေတစ်ယောက်ရဲ့ အားမာန် အမေတစ်ယောက်ရဲ့ ဟန် အမေတစ်ယောက်ရဲ့မေတ္တာကို မြင်သာအောင် မီးမောင်းထိုးပြထားနိုင်တယ်....။ တော်လိုက်တဲ့ နာ့ အူးအူး....း))

အလွမ်းမြို့ said...

အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ကာကွယ်ဖို့
နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။

တိုက်ဆိုင်လိုက်တာကွယ် စိတ်ထဲက အမေ့အတွက်
တစ်ခုခုရေးမလားလို့ အခုတော့ လွင်ပြင်ရေးတဲ့
ကဗျာလေးက နှလုံးစိတ်ကိုနှိုးကြွသတိရစေ မိတယ်။
အမေ့ကို လွမ်းလိုက်ထှာ..
ရေးတတ်လိုက်ပုံများ


ခင်မင်လျှက်
အလွမ်း

ထရီဆာ (Teresa) said...

အမေဆိုတာ သား၊ သမီးတိုင်းအတွက် မီးပြတိုက်ပါပဲ ...
ကိုလွင်ပြင် ကဗျာလေးကို ခံစားသွားပါတယ်ရှင့်။

ထော်ဦး said...

ဟုတ်တယ်...
လာမယ့် မေလ၈ရက်နေ့ မှာ
အမေများနေ့ ရောက်တော့မယ်။
ကဗျာအတွက် ကျေးဇူး...
အမေများနေ့ အတွက်
ဝတ္ထုတိုတိုလေး တစ်ပုဒ်
ရေးဖြစ်မယ်လို့  အကြောင်းကြားရင်း...
ခင်တဲ့
ထော်ဦး

Lps said...

အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ကာကွယ်ဖို့
နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
အားပေးပါတယ် အကိုရေ ကောင်းလိုက်တာ

ဧဒင်အချစ်ပုံပြင် said...

ဖတ်နေရင်းနဲ့အိမ်ပြန်ချင်လာပြီးနော်.....

ကြည်ဖြူခင်ခင် said...

မေမေကို ချစ်တဲ့သူချင်းမို့ ကဗျာလေးကို နှစ်သက်မိတယ်.. ကြည်ဖြူလည်း မေမေ့ကို ပြောမပြတတ်အောင် လွမ်းနေတယ်လေ..

မိုးသူ(တောင်ကြီး) said...

အမေများနေ့ ရောက်တော့မယ် ကိုလွင်ပြင်ရေ....

ကဗျာက ကြက်သီးထစရာကောင်းလိုက်တာ

ကျွန်တော် အမေ နဲ့ ပတ်သက်တဲ့ ကဗျာမျိုးတွေ

မရေးရဲ ဘူး .... ဘာလို့ လဲ ဆိုတော့

မိုးသူရေးလိုက်တဲ့ ကဗျာက မေမေ့ မေတ္တာကို

ပီပြင်အောင်မဖွဲ့ နိုင်ရင် ကိုယ့်ကိုကိုယ်

ယူကြုံးမရဖြစ်မိ မှာဆိုးလို့ ပါ

မိုးသူမှာ ချစ်ရမဲ့  မေမေ

တယောက်ပဲ လောကကြီးထဲမှာကျန်တော့တယ်

အခုကဗျာလေးကတော့ အရမ်းကြိုက်တယ်

တခြားသူတွေကို share ပေးဖို့ ကူးယူသွားပါတယ်

credit လဲပေးပါမယ်

ကိုလွင်ပြင်ခွင့်ပြုမယ်လို့ ထင်ပါတယ်

ခင်တဲ့ 

မိုးသူ(တောင်ကြီး)

ပဥာက် said...

ကောင်းပါ့ဗျာ..ကိုလွင်ပြင်

ငြိမ်းစိုးဦး said...

နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
အမေတွေဟာ သားသမီးတွေအတွက် ထက်မြနိုင်ကြပါတယ် ...

ငြိမ်းစိုးဦး said...

နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
အမေတွေဟာ သားသမီးတွေအတွက် ထက်မြနိုင်ကြပါတယ် ...

ငြိမ်းစိုးဦး said...

နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ ။
အမေတွေဟာ သားသမီးတွေအတွက် ထက်မြနိုင်ကြပါတယ် ...

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :