ရနံ့သင်းထုံ
ရောင်သွေးလဲစုံ
မြတ်နိုးသူပုံလို့
သူမေမှာမာန်တက်တယ်
မထင်ရက် ယုံ ။
ရောင်သွေးလဲစုံ
မြတ်နိုးသူပုံလို့
သူမေမှာမာန်တက်တယ်
မထင်ရက် ယုံ ။
အမြင့်မှာမစံ
မြေမှာလဲမခ
ပန်းတို့ထုံးစံ
စုန်ကန်လို့ထ
မာန်မာနနဲ့
ခူးချင်သူတိုင်း ခူးရရိုးလား
ဆူးအတက်နဲ့
ကာကွယ်ထား ပုံ ။
မြေမှာလဲမခ
ပန်းတို့ထုံးစံ
စုန်ကန်လို့ထ
မာန်မာနနဲ့
ခူးချင်သူတိုင်း ခူးရရိုးလား
ဆူးအတက်နဲ့
ကာကွယ်ထား ပုံ ။
အိန်ဂျယ် တိမ်ကွယ်က
စောင့်ရှောက်ထားစေအုံး
ရနံ့သင်း အဆင်းလှမှာ
ဒီကြယ်မှာ ကြွေကာကျတော့
ဆူးပဲဆူးဆူး ရူးပဲရူးရူး
ဒဏ်ရာမပေါ် ဝေဒနာမျိုးနဲ့
ဆယ်ခါပြန်မက သေပြလိုက်ယုံ
မ.........ကို ချစ်လို့မကုန် ။
စောင့်ရှောက်ထားစေအုံး
ရနံ့သင်း အဆင်းလှမှာ
ဒီကြယ်မှာ ကြွေကာကျတော့
ဆူးပဲဆူးဆူး ရူးပဲရူးရူး
ဒဏ်ရာမပေါ် ဝေဒနာမျိုးနဲ့
ဆယ်ခါပြန်မက သေပြလိုက်ယုံ
မ.........ကို ချစ်လို့မကုန် ။
မှတ်ချက်။ ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခ
ဏဖောက်လိုက်သည် ။
လွင်ပြင်လှိုင်းငယ်