အရွယ်လေးက ငယ်ငယ်
ကိုယ်ဟန်က သွယ်သွယ်
ဆံနွယ်တွေ နက်မှောင်ရှည်နှင့်
ယဉ်ပါပေ့ ဆင်ယင်ထုံး ။
ကိုယ်ဟန်က သွယ်သွယ်
ဆံနွယ်တွေ နက်မှောင်ရှည်နှင့်
ယဉ်ပါပေ့ ဆင်ယင်ထုံး ။
ဖျင်ထည်ကကြမ်းပေမယ့်
စိတ်ထားကနုသူမို့
ရွှေရင်စေ့မှ ဘ၀င်ကျသူ
အဆင်မဆန်းပေမယ့်
မြင်သမျှ ရွှေရင်အေးရတယ်
ရင်ဖုံးလေးနဲ့လှတဲ့သူရေ ။
မိတ်ကပ်တွေ ပြာမနှမ်းပါဘူး
စိတ်ဓါတ်ပါ အေးငြိမ်ရအောင်
ကျောက်ပြင်ထက် ရေကြည်အေး သုံး လေးစက်နှင့်
ရှင်မတောင်တုံးလေး
ဖွဖွသွေးလိမ်း
မျက်နှာမှာ ပါးကွပ်ကျား
လက်နဲ့ လည်တိုင် သနပ်ခါးအိုင်လို့
ဘယ်ချိန်ကြည့်ကြည့် အေးမြသာကဒီမျက်နှာ ။
ငွေကြေးတော့ချမ်းသာပါရဲ့
အ၀တ်အစားတွေချွေတာရေးနှင့်
ခြောက်လက္မ စကပ်တို
အထအထိုင်ခြေယိုင်ရင် မတွေးရဲ
ဘ၀ကဆင်းရဲ
ဒါတွေလဲမကြုံ
လုံခြုံတဲ့ သူမက
ငွေကြေးမပြည့်စုံပါဘူး
အနေဆင်းရဲပေမယ့်
ဆင်းမြန်တာ ထမီရှည်လေးမို့
သွားရတာ ပေါ့ပါး
ထိုင်ရတာ လွတ်လပ်လို့
ဘ၀ရဲ့ ချမ်းသာခြင်းတပါး ။
မှတ်ချက်။ ။ကဗျာမကျတဲ့ ရင်ထဲက မြင်သမျှ
လွင်ပြင်လှိုင်းငယ်



Myanmar Kyat Converter
27 comments:
အစ်ကိုရေ သနပ်ခါးနဲ့မြန်မာမလေးတွေကိုတွေ့ရတာ ရှားလာပြီ။
မြန်မာအလှကို ဖွဲ့ထားတာလေး လှလိုက်တာအကို...
အရမ်းမိုက်တယ် ကဗျာဂုရုကြီးရေ
မြန်မာမလေးရဲ့အလှကို ဖွဲ့သွားတာ
အက်ဆေးလေးတွေလည်း ရေးပါဦး
ကိုယ်က မရေးတတ်တော့ ရေးတတ်တဲ့သူကိုပဲ
ပူဆာတော့မယ်
လွင်ပြင်ရေ ကဗျာမဟုတ်ဘူးဆိုပေမဲ့
မြန်မာမိန်းခလေးအလှကို ဖွဲနွဲ့ထားတာ
ဟန်းကျလှတာမို့ ဖတ်သူတိုင်းရင်ထဲထိ
အေးမြကြည်လင် ပြုံးပန်းဆင်မိတယ်။
လက်ခုပ်တီး အားပေးသွားတယ်။
((ဖြောင်း...ဖြောင်း....ဖြောင်း))
ခင်တဲ့
အလွမ်း
မြန်မာမိန်းကလေးတစ်ယောက်ရဲ့အလှအပကို အားကျဖွယ်ဖြစ်အောင် ဖော်ညွှန်းပေးတဲ့အစ်ကိုရေ အနှစ်သာရနဲ့ပြည့်စုံပါတယ်ဗျာ ... :)
hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog
သနပ်ခါးလေးကြောင့် ဖတ်ရတာ ရင်ထဲအေးသွားတယ်...။
ရေးတတ်လိုက်တာဗျာ...
ဘယ်လိုရေးရေး ကောင်းနေတော့တာပဲ ခံစားလို့...:)))
ကဗျာကောင်းလေးပါ လွင်ပြင်ရေ...
အဲလိုအလှမျိုးတွေတော်တော်ရှားသွားပြီလွင်ပြင်ရေ...
အလှပေါ်အယဉ် ဆင့်ရင်ပိုပြီးကျက်သရေရှိတယ်နော်..
ယဉ်ကျေးမှုကိုမထိန်းသိမ်းရင် လူမျိုးပါပျောက်တတ်တယ်
ဆိုတာကိုသတိပြုစေချင်ပါတယ်.. ကဗျာကောင်းလေး
ပါလွင်ပြင်ရေ...အားပေးလျှက်ပါ...။
ခင်မင်စွာဖြင့်
ဖိုးကျော်
မြန်မာမလေး ကဗျာကို ပုံပေါ်အောင်ေ၇းသွားတာပဲ
ကဗျာဆရာလက်စောင်းထက်နေပါသည်..
မြန်မာမလေးရဲ့ ချစ်စရာ မြန်မာဆန်ဆန်အလှကို ကဗျာထဲမှာ တွေ့လိုက်ရတယ်။
အဲဒီလိုမြန်မာမလေးတွေ အများကြီးရှိပါစေ..
အရမ်းလန်းတဲ့ မြန်မာ့ယဉ်ကျေးမှုကဗျာလေးပါဗျာ ။
အခုပညာနဲ့ နိုင်ငံအဆင့်အတန်းကိုမြှင့်တင်နိုင်ပါစေအကို။
ကဗျာလေးကအရမ်းလန်းတာပါပဲ..
သနပ်ခါးတုံးနဲ့ကျောက်ပြင်ကိုသတိ၇လာပြီ
မြန်မာမလေးရဲ့ ချစ်စရာ မြန်မာဆန်ဆန်အလှကို ကဗျာထဲမှာ တွေ့လိုက်ရတယ်။
အဲဒီလိုမြန်မာမလေးတွေ အများကြီးရှိပါစေ..
ချော(အစိမ်းရောင်လွင်ပြင်)ရဲ့ ကော့မက်လေးပါ။မေလ်ထဲပဲရောက်လာလို့ ပြန်တင်ပါသည်။
သနပ်ခါးလိမ်းရင် မျက်နှာတင်းတင်းကြီးဖြစ်ပြီး နေလို့မကောင်းဘူးတဲ့ လွင်ပြင်ရေ...ထဘီဆိုရင်လည်း ခိုင်အောင်ဝတ်ရတာခက်လို့တဲ့...ဒီဘက်ခေတ် မချောတွေက...အခုလေးတင်ပဲ Sky net မှာ ရခိုင်ပြန်လည်ထူထောင်ရေးပဒေသာကပွဲလာလို့ ထိုင်ကြည့်နေတာ Me & Ma ဆိုလား အကအဖွဲ့က ၀တ်ထားတာ ပေါင်တစ်ဝက်၊ ဖင်ဟောင်းလောင်းနဲ့ ဆိုတဲ့သီချင်းက မြန်မာ့ယဉ်ကျေးမှုကို ဘယ်လိုမြတ်နိုးတယ် ဘယ်လိုရိုးသားတယ်လုပ်နေတော့ သြော်လို့ပဲ ညည်းလိုက်မိတော့...
ပတ်ဝန်းကျင်လှည့်ကြည့်လိုက်ရင်လည်း မိန်းကလေးတွေခမျာ လူစင်စစ်က မွေးရာပါပစ္စည်းကြော်ငြာဆိုင်းဘုတ်တွေ ဖြစ်နေလွန်းလို့ တသြော်တည်းသြော်နေရပေါင်းလဲ မနည်းဘူးဗျား...
သြော်...
အရမ်းကောင်းတဲ့ကဗျာလေးပါ.......
ဟားးးးးးးးးးး
ကဗျာနဲ့ အတူ ဆရာဦးဟန်ကြည်ရဲ့ ကွန့်ကိုပါသဘောကြလိုက်တာဗျာ..။
ခက်ပါသော်ကော ကိုလွင်ပြင်ရာ အခုနေမှာမြင်လိုက်ကြရတာဖြင့် ဟိုမလုံသည်မလုံရယ်
ကိုယ့်မှာလည်း နှမတွေရှိပါရဲ့ဗျာ အမနာပ ပြောလိုက်ရရင် မကောင်းရှိလှရော့မယ်။
ကိုလွင်ပြင် ကောင်းတယ်ရှင့်....:)
မြန်မာဆိုတာ ဘယ်ကိုရောက်ရောက် မြန်မာပါပဲ...။
မိုက်ဒယ်......... တိစု ထမိန်လေးနဲ့  ယဉ်ယဉ်လေး လှနေတာ ပြေးမြင်သေးတယ်။
အသားလေးနုနုဖြူဖြူဖွေး...
ပါးလေးမို့မို့နီနီရဲ..လေးနဲ့တို့များရှမ်းပြည်ဖက်က.. နန်းတို့ရဲ့မဟာဆန်တဲ့အလှလဲ.ကျက်သရေရှိပဗျား
(နီးစပ်ရာနီးစပ်ကြောင်းပေါ့ဗျာ)..ဟဲဟဲ
Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
ကဗျာလေးကိုကြိုက်နှစ်သက်ခဲ့ပါတယ်
ကဗျာလေးကောင်းတယ် လွင်ပြင်လေးရေ။ သနပ်ခါးကိုနှစ်သက်တာကြောင့် တီတင့်တော့ ခြေအဆုံးထိ လိမ်းလေ့ရှိတယ်း) ရှင်မတောင် သနပ်ခါးနံ့ကို မြတ်နိုးတယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကြော်ငြာအားကောင်းမှ ရောင်းအားကောင်းတဲ့ ခေတ်ကြီး ဆိုတော့လဲ......း)))
တန်ဖိုးရှိတဲ့ ကဗျာတစ်ပုဒ်ပါ.. မြန်မာမလေးတွေ မြန်မာဆန်ဆန်လှစေဖို့ ဒီလိုကဗျာမျိုးတွေ များများရေးစေချင်ပါတယ်။
ခင်တက်တဲ့
လေပြေချို
ငွေကြေးမပြည့်စုံပါဘူး
အနေဆင်းရဲပေမယ့်
ဆင်းမြန်တာ ထမီရှည်လေးမို့
သွားရတာ ပေါ့ပါး
ထိုင်ရတာ လွတ်လပ်လို့
ဘ၀ရဲ့ ချမ်းသာခြင်းတပါး ။
ညီမကတော့ မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်ရလို့ ဂုဏ်ယူပါတယ်ရှင်။ မြန်မာအမျိုးသမီးလေးများကို မြန်မာလို လှစေချင်တာ စိတ်ရင်းနဲ့ပါ။
အသက်ငယ်ငယ်၊ ရိုးရိုးယဉ်ယဉ် ရင်ဖုံးထမီဝတ်ထားသော ဆံပင်ရှည်ရှည်နက်နက်၊ သနပ်ခါးပါးကွက်လေးနဲ့ ကောင်မလေးတစ်ယောက်ကို ပုံဖော်ရင်းနဲ့ ကဗျာလေးကို ခံစားသွားပါတယ်။း)
Post a Comment