ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သူမ

Thursday, 7 June 2012

အိပ်မက်တစ်ခုရဲ့ အစပျိုးပြီး အဆုံးမသတ်သေးခင် အခန်းရဲ့ ပြူတင်းပေါက်ခန်းစီးစနှင့် သူမအလှဆင်ထားသောကျောက်ဆစ်ပန်းဆွဲလေးနှစ်ခု လေပြေရဲ့ ကျီစယ်မှုကြောင့် လွှင့်ထွက်လာတဲ့အသံဟာ ကျွန်တော့်ကို အိပ်မက်ကမ္ဘာမှ လက်တွေ့ကမ္ဘာထဲသို့ ခေါ်ဆောင်လိုက်ပါသည်။မျက်လုံးဖွင့်ပြီး ဘေးသို့ကြည့်လိုက်တော့ သူမ  အပြစ်ကင်းစင်တဲ့ မျက်နှာလေးနှင့် ကလေးတစ်ယောက်လို အိပ်ပျော်နေပါသည်။ ညကနေမကောင်းလို့ ညနက်သည်အထိ သူမ အိပ်မပျော်ခဲ့ဟန်မတူ။ သူမနေမကောင်းလျှင် ကျွန်တော် စိတ်ပူမည်ကိုစိုးသောကြောင့် တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားရင် ကျွန်တော်ဘေးမှာ အိပ်ချင်ယောင်ဆောင်ပြီးဝေဒနာခံစားရင်း အိပ်မပျော်တဲ့ညတွေလဲ သူမမှာ များနေပြီထင်ပါသည်။ အိပ်ပျော်နေသည့် သူမ မျက်နှာလေးကိုငေးပြီး သူမရင်ထဲကိုမြင်နိုင်သမျှကြည့်မိပါသည်။

 သူမလောကအလယ်ကိုရောက်ကတည်းက တစ်ယောက်တည်း အဖော်မဲ့စွာ မိဘတွေရဲ့ မေတ္တာကို ဘယ်သူ့မှ ခွဲမပေးရဘဲ တစ်ဦးတည်း ပိုင်ဆိုင်ခဲ့ရသည်။ အချစ်ကြီးချစ်ကြပေမယ့် နားလည်မှုတွေလွဲမှားနေရင်း ငါ ဆိုတဲ့ အတ္တကိုပိုင်ဆိုင်ထားကြတဲ့ မိဘတွေကြားမှာ ဘယ်သူ့ကို ပိုချစ်လဲ မေးခွန်းကိုဖြေရမှာ သူမဘ၀ မှာအကြောက်ဆုံးပါပဲ။ ချူချူချာချာနဲ့ လူဖြစ်လာရတဲ့ သူမ ဘ၀မှာ ဖခင်ရဲ့ ပခုံးထက် လောကကြီးကို ခပ်မြင့်မြင့်လေးကြည့်ပြီး ကျောင်းသွားရတာကို အပျော်ဆုံးပဲလို့ မကြာမကြာပြောပြတတ်ပါတယ်။ ကြိတ်ပြီးချစ် အိပ်မှ နမ်းတတ်တဲ့ မိခင်ရဲ့ အနမ်းကို အိပ်ချင်ယောင်ဆောင်ပြီး အနမ်းခံရတာလဲ သူမ ဘ၀မှာ အကြည်းနူးဆုံးနဲ့ အရမ်းလှပတဲ့ ညတွေပဲပေါ့။ပြည့်စုံခြင်းတွေပိုင်ဆိုင်ထားပေမယ့် ကိုယ်ပိုင်ခံစားချက်တွေကို လက်တွေ့ဘ၀မှာချပြဖို့ ၀ါသနာဆိုတဲ့ ခံစားချက်ကို ရင်ထဲမှာသော့ခတ်ထားခဲ့ရတယ်။ ကဗျာတစ်ပုဒ်အတွက် မိခင်ရဲ့ တုတ်ချက်ပေါင်းလဲမနဲခဲ့ပါဘူး။သူမကောင်းစားစေချင်တဲ့ မိခင်က ပညာရေးအပြင် ဘယ်အရာမှ စိတ်ဝင်စားဖို့မလိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့တင် ကျောင်းနံရံ့ကပ်စာစောင်တွေမှာသူမ ရေးတဲ့ ကဗျာတွေ စာတွေလဲ ကြေကွဲစွာနှုတ်ဆက်ထွက်ခွာသွားခဲ့ရတယ်။သမီးကောင်းစားရေးဆိုတဲ့ အကြောင်းပြချက်ခေါင်းစဉ်အောက်မှာတစ်ကိုယ်တည်း အထီးကျန်စွာ အဆောင်သူဖြစ်ပြီး အဆောင်ရဲ့ ထမင်း ဟင်းနဲ့ ဘ၀ကိုနှစ်တွေအများကြီးကျော်ဖြတ် ပညာတွေသင်ရင်း မကြာမကြာမိခင်ပို့ ပေးတတ်တဲ့ သူမ အကြိုက်အစားအစာတွေကို စားရင်း မျက်ရည်တွေလဲ
ကျဖူးခဲ့တယ်။ကျောင်းပိတ်ရက်တွေမှာ မိခင်အနားနေပြီး အတိုးချချစ်ပြရတဲ့ နေ့ ရက်များနှင့် ညည မိခင်အပေါ်ခွအိပ်ရတဲ့ အရသာတွေဟာ သူမ ဘ၀မှာ တန်ဖိုးဖြတ်မရတဲ့ ကြည်နူးစရာအချိန်လေးတွေပဲပေါ့။
 အချိန်ဆိုတာ ရေခဲတုံးကို အပူကတဖြေးဖြေး   ဖဲ့ယူဝါးမျိုသလိုပါပဲ ကုန်မှန်းမသိကုန်လွယ်လွန်းလိုက်
တာ။ တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စကားကို နားယောင်တတ်တဲ့အမေက သူမကိုတပြည်တရွာမှာ ပညာတွေရှာဖို့ဆိုပြီး အလွမ်းတွေထုပ်ပိုးပြီး သူနှင့်ဝေးရာကို မျည်ရည်တွေရင်းပြီးပို့လိုက်ပါတယ်တဲ့။ အကြောင်းကြောင်းကြောင့် စာပေပညာကို ဆုံးခန်းတိုင်မသင်နိုင်ပေမယ့် ဘ၀ပညာတွေကိုတော့ အမောတွေနဲ့ သူမ သင်ယူလိုက်နိုင်ပါတယ်။   နေ့ရက်တွေကို တစ်ယောက်တည်း အထီးကျန်စွာ မိခင်ရဲ့ အဝေးမှာဖြတ်ကျော်နေရင်း
ဘ၀ဆိုတာ အလွမ်းသက်သက်ပဲလားလို့တောင်သူမေ
တွးချင်တွေးနေပါလိမ့်မည်။တခါတခေါက်လောက် မိခင်ဆီပြန်တဲ့ အချိန်တွေဟာ ဘ၀မှာမောသမျှ ပင်ပန်းသမျှတွေပျောက်ပြီး မိခင်ရဲ့ ကြင်နာမှုတွေကို ငယ်ငယ်တုန်းကထက်ကို သူမ ပိုခံစားမိတယ်လို့ အားတဲ့အချိန်တိုင်း အပျော်မျက်နှာလေးနှင့် ပြောပြတတ်ပါတယ်။
 သူမ နှင့် ကျွန်တော် စတွေ့တုန်းက သူမ ကိုအရမ်းမာနကြီးတဲ့မိန်းမ တစ်ယောက်လို့ထင်မိတာကို ရိုးသားစွာ ၀န်ခံပါသည်။ဘာကြောင့်လဲဆိုတော့ စကားပြောလဲကောင်းကောင်းပြန်မပြောဘူး နှုတ်ဆက်လဲ မသိသလိုနဲ့ တော်တော်အမြင်ကတ်ဖို့ကောင်းပါတယ်။
ဒါပေမယ့် သူငယ်ချင်းဘ၀မှစ ချစ်သူအလယ် ဇနီးမယားအဖြစ် ဘ၀နှစ်ခုကို ဘ၀တစ်ခုပေါင်းသည့်အထိ သူမ အကြောင်းကို တဖြေးဖြေးသိလာရာမှ သူမ မာနကြီးခြင်းမဟုတ် ငယ်ငယ်ကတည်းက
တစ်ယောက်တည်းနေရတာများသောကြောင့်လူတွေကို ကြောက်နေပြီး စကားပြောရမှာမရဲသောကြောင့်ဖြစ်သည်။
သိလိုက်ချိန်မှာတော့ ကျွန်တော့်စွပ်စွဲချက်ကို နောင်တရမိပါသည်။
သူမနှင့်ကျွန်တော် ချစ်ခရီးလမ်းသည် ဖြောင့်ဖြူးသာယာသော စိန်စီထားသောလမ်းမဟုတ်။ သို့သော် တစ်ဦးလျှောက်မယ့် လမ်းမှ ချိုင့်ရှိနေရင် တစ်ယောက်က သစ္စာမြေမှုံလေးတွေ ဖို့ပေးပြီး အပြန်အလှန်ခရီးဆက်ကြတယ်။ သွားမယ့် လမ်းက ပြတ်နေရင် နှလုံးသားကို တံတားထိုးပေးပြီး လိုရာခရီးကို ရောက်အောင်လျှောက်ကြတယ်။ဝိုင်ချ
ိုချိုတွေမသောက်နိုင်သေးတဲ့ ချို့တဲ့တဲ့ဘ၀မှာ မေတ္တာရည်တွေ အပြန်အလှန်တိုက်ပြီး ဘ၀ကို အမောတွေပြေစေခဲ့တယ်။ နားလည်ပေးမှုတွေ ထမ်းပိုးရလွန်းလို့ သူမ ဘယ်လောက်ပဲ လေးလေး တစ်ချက်လေးမှ အပြုံးမပျက်ခဲ့ဖူးပါဘူး။လေညှင်းကြားမှာ လေပြေရဲ့ အရသာကို သူမ ခံစားတတ်သလို မုန်တိုင်းကြားထဲရောက်လဲဟန်ချက်မပျက်ပဲကျွန်တော့်လက်ကို  မြဲမြဲကိုင်ပြီး လေပြေလာသည့်အထိစောင့်နိုင်သည့်သူပါ။
သူမဟာ ယုန်အသဲစားပြီးမွေးဖွားသလားထင်ရအောင် ကြောက်တတ်ပေမယ့် အမှန်တရားအတွက်ဆို ကျားရဲတောကို အဖော်မပါပဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ဖြတ်ကျော်ရဲသူလို့ ကျွန်တော်ပြောရင် သင် ယုံပါ့မလား။ ကံကြမ္မာအလှည့်အပြောင်းကြောင့် စားစရာက ကြက်သားက ကြက်ဥဖြစ်သွားတတ်တဲ့ အခါမျိုးမှာ သူမက ကြက်ဥတစ်လုံးရှိရင် တစ်လုံးပြုတ် လေးစိပ် စိပ်
တစ်စိပ်ကို သူစားပြီး သုံးစိပ်ကို ကျွန်တော့်ကိုကျွေးပြီး စားရတဲ့ ကြက်ဥတစ်လုံးအတွက် ဘုရားရှင်ကို ကျေးဇူးတင်တတ်သူလဲ သူမ ပါပဲလေ။ ချူချူချာချာ လူဖြစ်လာရတဲ့ သူမဘ၀မှာ နေထိုင်မကောင်းလို့ သူမ မလျှော်မဖွတ်နိုင်ဖြစ်ချင်ဖြစ်နေပေမယ့် ကျွန်တော်လစ်ရင်တော့ ကျွန်တော့်အ၀တ်အစားတွေကို သေချာလျှော်လှန်း မီးပူတိုက်ပြီး အစီအရီထားတတ်တဲ့


သူမကို ဂရုဏာဒေါသနဲ့ဆူရင် မောင် မရှိတုန်းသက်သာလာတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလဲဖြစ်အောင် ၂ရက်စာလောက်လေးလျှော်ထားတာပါလို
့ အတွန့်တက်ပါလိမ့်မည်။သူမ ကျွန်တော့်ကိုစည်းတွေဘောင်တွေနဲ့မထားတတ်ပေမယ့် စည်းကျော် ဘောင်လွတ်မှာကိုတော့ စိုးရိမ်ပြီး မိခင်တစ်ယောက်လို လေပြေအေးလေးနှင့် ပြောပြတတ်ပါသည်။ သူလိုချင်တာရှိလျှင်လဲ မတောင်းဆိုတတ်ပဲ
ဟိုဟာလေးက လှလိုက်တာ ဒီဟာလေးက မိုက်တယ်နော်ဆိုပြီး ညီမတစ်ယောက်က အကိုအပေါ်ကို ချွဲသလိုလေးနှင့်ပြောပြတတ်တာလဲ ကျွန်တော့် ညီမလေး သူမပါပဲလေ။ အတုမြင်အတတ်သင်မကောင်းတဲ့ အပေါင်းအသင်တွေ အိမ်လာများရင်တော့ သူမက အမကြီးတစ်ယောက်လို အမုန်းခံပြီး ဘော်ဘော်တွေကိုလဲ ကောလွတ်တတ်ပါတယ်။ သူမနဲ့ကျွန်တော်ဟာ လင်မယားဆိုပေမယ့် ပေါင်းသင်းဆက်ဆံရေးက သူငယ်ချင်းလိုနေတာကများပါတယ်။ သူမ မိခင်ဆီကို ဖုန်းဆက်ရင်လဲ ကျွန်တော်သူ့အပေါ်ကြင်နာကြောင်း ချစ်ကြောင်း ဘယ်လို အလိုလိုက်ကြောင်းနဲ့ တစ်ခါတလေ သူမ နေထိုင်ကောင်းကြောင်းတောင်မပြော
ဖြစ်ပဲ ဖုန်းကျသွားတတ်တာ အခါခါပါပဲလေ။
ကျွန်တော် အလုပ်သွားချိန်ဆို သူမ တစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ရင်း ကျွန်တော်အလုပ်ထဲမှာအဆင်ပြေပါ့
မလား ဘာလား ညာလား အတွေးပေါင်းစုံနဲ့ ကျွန်တော်ပြန်လာမယ့်လမ်းကို
ထွက်ထွက်ပြီးမျှော်နေတတ်ပါသည်။နှစ်ယောက်တည်း ညဘက် အိပ်မပျော်လျှင်လဲ ကျွန်တော်လက်ကိုဆွဲ ၀ရန်တာကိုထွက် ကြယ်လေးတွေကိုကြည့်ပြီး ကလေးတစ်ယောက် ရေတွက်နေတတ်တဲ့သူမကို အရူးမလေးလို့ ခေါ်လျှင် ကျေနပ်စွာ ကြည်နူးစွာ သူ့နာမည်လေးက လှတယ်နော်လို ပြောတတ်ပါတယ်။ တခါတလေ တရေးနိုးလို့ သူ့ကိုကြည့်လို့ဘေးနားမှာမရှိရင် လိုက်ရှာကြည့် မျက်မှန်ကိုတပ် လက်တော့အနားမှာ ပြုံးလိုက်ရီလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေတတ်ပါသည်။ မီးဖွင့်ပါ့လား မျက်လုံးထပ်ပျက်နေအုံးမယ်လို့ပြောလျှင် ချက်ချင်းပဲ မီးဖွင့်ရင် မောင်နိုးသွားမှာစိုးလို့ အိပ်နေရင်း ကဗျာလေးတစ်ကြောင်းရတာ ထမှတ်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ ပြောနေတာလို့ အဆူခံရတော့မယ့်ကလေး အဆူမခံဖို့အရေး လေပြေသွေးနေသလိုပါပဲလေ။
ဘ၀မှာလိုအပ်ချက်တွေအရမ်းများပေမယ့် တကယ့်အစစ်အမှန်လိုအပ်ချက်က လက်ချိုးရေးတွက်ကြည့်လို့ ရမယ်ထင်ပါတယ် ။ကျွန်တော့်ဘ၀ရဲ့ အစစ်အမှန်လိုအပ်ချက်ထဲမှာ သူမ တစ်ယောက်လဲပါပါတယ်။သူမဟာ ကျွန်တော့်အတွက်တော့ ဘုရားပေးတဲ့ဆုတစ်ခုပါပဲလေ။ကျွန်တော့် ဘာတွေလိုအပ်နေလဲ ဘာတွေမကျေမနပ်ဖြစ်နေလဲ ဘာစားချင်လဲ အစစအရာရာကို သူမ ကသိနေတယ်။ဘာကြောင့်သိလဲ မေးကြည့်ဖူးတယ် အဖြေကရှင်းရှင်းလေးပဲ မောင်က ကျွန်မရဲ့ မှန်လေး တဲ့လေ။ကျွန်တော်လဲ သူ့ စိတ်ခံစားချက်တွေကို ဒီထက်ပိုပြီး မြင်နိုင်အောင် ပိုကြိုးစားကြည့်ရဦးမယ်။
ဘာလိုလိုနဲ့ ဒီအချိန်ဆို အိမ်မှာတစ်ယောက်တည်း သူမ ၀ရန်တာကိုထွက်ပြီး ကြယ်တွေကိုရေတွက်ရင်း ကျွန်တော့အပြန်လမ်းကို စောင့်မျှော်နေလောက်ပြီပေါ့။


လွင်ပြင်လှိုင်းငယ်

18 comments:

ချစ်စံအိမ် said...

ဒါဆို အမြန်ပြန်တော့နော်..
မမဂျက်တစ်ယောက်ထဲသနားပါတယ်..:D

roseayemaung said...

သူမတကယ်ပဲစောင့်မျှော်နေပြီ
အမြန်ပြန်တော့နော်...။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

သေချာတာပေါ့အစ်ကိုရာ၊ စောင့်နေလောက်ပြီ
ပြန်တော့...ပြန်တော့
သနားပါတယ်....

မိုးသူ(တောင်ကြီး) said...

မဂျက်ကိုသွားမေးကြည့်အုံးမယ်

မျှော်နေလားလို့  :P

မဒမ်ကိုး said...

ချစ်သူတွေရဲ့ပျော်ရွှင်ကြည်နူးဖွယ်ရာ အချစ်တွေကြားမှာထာဝရ ရှင်သန်နိုင်ကြပါစေ အကို ..



ချစ်ခင်လျှက်

ညီမငယ်

ဒိုးကန်

ချမ်းမင်းကို(ပဥာက်) said...

အမ်း..နောင်ကြီးပို့စ်လေး ခိုက်တယ်ဗျ..နို့ပေမယ့်..
ကျနော်တို့လာတာနောင်ကြီးနဲ့မတွေ့ရဘူးဗျာ

မိုးခါး said...

လွမ်းသွားတယ် .. ဘာကိုရယ်မသိ .. ရေးထားတာ ပျော်ရွှင်ကြည်နူးစရာလေးပဲနော် ..း)

ခနွဲ said...

ရေးထားတာလေးက ကြည်နူးစရာလေးပါဗျာ....
အားပေးနေပါတယ်...

မိုးငွေ့........ said...

လွင်ပြင့်ရဲ့ သူမ ကိုလာဖတ်သွားပါတယ်...

ခရစ္စတလ် said...

သများရဲ့ အသဲလေးအကြောင်း ရေးထားတာကိုးးးး :P

ဖြိုးဇာနည် said...

လွင်ပြင်ရေးထားတာတွေက ပညာယူဖို့တွေပါ ပါလာတယ်
ဟုတ်တယ်လေ ဒါမျိုးတွေက ကျွန်တော့်တို့လဲမကြာခင်
ကြုံရတော့မှာပဲလေ ထီးအောက်ကထွက်ပြီး ဖိနပ်ပေါ်၇ပ်
ရပြီဆိုမှတော့ အဲ့လိုလေးတွေကြုံလာရတော့မှာပေါ့။

ပညာယူသွားပါတယ်

နွေတေးရှင်(မင်းဧရာ) said...

အင်း......
ပိုစ့်လေးတစ်ပုဒ် နဲ့ပြောပြသွားလိုက်တာ မစံပယ်ရဲ့ အကြောင်းတွေ ကုန်သလောက် သိရပါပေါ့လားဗျာ။

သို့ပေမယ့်လို့ ဘော်ဘော် တွေကို ကောလွှတ်တယ် ဆိုတဲ့ အပိုဒ်ကိုတော့ ကျော်ဖတ်လိုက်မိသလိုလို))း ။

အိမ်ထောင်မှု့တစ်ခုဆိုတာ အဲသည်လိုဖြစ်နေရမယ်ဗျာ
ဘာမှရှိဖို့မလိုပါဘူး နားလည်မှု့တစ်ခုရှိရင် သာယာပျော်ရွှင်နိုင်ပါတယ်။

Snow May said...

ကိုယ်ပိုင်ရင်ခုန်သံစစ်စစ်တွေဆိုတော့ ဖတ်တဲ့သူတိုင်းရဲ့ရင်ထဲမှာလည်း... နှစ်ယောက်စလုံးရဲ့ အချစ်တွေနားလည်မှုတွေကို မြင်ယောင်လာမိစေတယ်

san htun said...

ဂျက်ကို အားကျမိပါတယ်ဗျာ..

ရာဇာထွေး said...

လွင်ပြင်ရေ...“ သူ ” ဆိုတာဘယ်သူမှန်းသိလို့ မပြော
တော့ ပါဘူး... အရေးအသားလေးကိုလည်း ခိုက်
တယ်ဟေ့ ... အားကျပါရဲ့ ...ကိုယ့်ညီဗိုက်ထဲမှာ
ဝမ်းစာတွေ အများကြီးရှိတယ်.. အားတဲ့ရက်မှ အဲ
ဒီဗိုက်ကို တက်စီဖိုး အကုန်ခံပြီးလာပွတ်အုန်းမယ် :P
အားပေးသွားပြီလွင်ပြင်ရေ...
ခင်မင်စွာဖြင့်
ကိုဖိုးကျော်

မျိုးဆက်သစ်မှတ်တိုင် said...

ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့မှပဲ

သူမဟာ တော်လေး၀၀င်အမျိုးသမီးတွေရဲ့

ခြေရာကိုနင်းနေတဲ့ အမျိုးသမီးလေးပါလားလို့

ကောက်ချက်ချမိလေရဲ့...

ဆူးသစ် said...

ရင်ထဲကခံစားရတာကို ဖွဲ့ထားတာလှပါတယ် ကိုလွင်ပြင်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ကြင်နာမှုတွေကို မြင်လိုက်ရတယ်။ အဲဒါက လက်တွဲဖော်တွေအတွက် အရေးအကြီးဆုံးပဲလို့ ကျွန်တော်ထင်တယ်။ ဘယ်သူတွေဘာပဲပြောပြော တကယ်ရင်ဆိုင်ရတာ အဲဒီနှစ်ယောက်ပဲလေ။

တတိယမြောက်သမီးတော် said...

မိန်းမသားဆိုတာ မျှော်တဲ့အလုပ်ကိုလုပ်ကြရတာပါပဲ
ရာသက်ပန်ချစ်ခင်ပျော်ရွှင်ကြပါစေ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :