ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ချစ်ရေးချစ်ရာနှင့် အွန်လှိုင်းကဗျာ

Wednesday 30 November 2011

7 comments

HI....နဲ့စတဲ့ဇာတ်လမ်း

 HI***ဆိုပြီးနင်ဝင်လာတရ်
W***အစပြုမေးခွန်တွေနဲ့ခင်သွားကြတရ်
LOVE ***ဆိုတာအရာကို အစပျိုးပေးခဲ့တရ်
HEART***ဆိုတဲ့ငါ့နှလုံးသားမှာ နေရာအပြည့်ယူပြီး
BLOG***တွေဖွင့်ပြီး ခံစားချက်ကဗျာတွေ ကြည်နူးစွာရေးခဲ့ကြတရ်
PASSWORD***ဆိုတဲ့ငါ့လျှို့ဝှက်ချက်ကို နင်တောင်းဆိုခဲ့တရ်
FEMALE***အကောင့်မှန်သမျှ ငါ့သူငယ်ချင်းတွေကို
BLOCK***ဆိုတဲ့စကားလုံးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်
TIME***ဆိုတဲ့အချိန်အားလုံးမှာငါနဲ့ချက်ရတာချစ်ရတာရိုးလာတော့
HATE***ဆိုနဲ့စကားလုံးကိုနင်သုံးပြီးတော့
BYE***ဆိုပြီး အကြင်နာမဲ့စွာနင်ထားခဲ့တယ်နော်
MISS***ဆိုတဲ့အလွမ်းတွေနဲ့ငါခံစားနေရချိန်မှာ
ACCOUNT***နောက်တမျိုးနဲ့ငါလိုလူရှာ နင်ပျော်နေမှာပါ ။

(သူငယ်ချင်းတစ်ယောက်အတွက်ရေးပေးဖူးသော ပေါက်တတ်ကရ ကဗျာ)

စိတ်ကူးထဲက အဆိုးအကောင်း

သေရည် သေရက် လူကိုဖျက်၏
သောက်တတ်လျှင်ဆေး မသောက်တတ်တော့ဘေးပေါ့
Gtalk Gmail လူကို ထက်၏
သုံးတတ်တော့ သုတ မသုံးတတ်တော့ ဒုက္ခပေါ့ ။
စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုစေမဲ့လဲ
အမှားစာအုပ် သင်ဖတ်ရှု့လျှင် ငါးပါးပင်လျှင် မှောက်လိမ့်မည်
 ဥာဏ်ပညာထက်လို ဖတ်ပါမှတ်ပါ ၀က်ဆိုဒ်တကာ
အဖတ်မှားက သင့်ဘ၀ရာဇ၀င် အမှားပြင်ဖို့ခက်လိမ့်မည် ။

 မအိပ်မနေ အသက်ရှည်၏
မအိပ်မစားနေပါများတော့ အသက်တိုတာ လူတိုင်းအသိပါ
မကျူတတ် မယူတတ် လူအ ဖြစ်၏
ကျူပါများတော့ အိမ်ထောင်ကြတာ လူတိုင်းအသိပါ ။

 တီထွင်ကြံဆ နည်းလမ်းရ၏
တီထွင်းလွန်းတော့ ကမ္ဘာပျက်မည်
ဟက်ကာ ပညာ လေ့လာကောင်း၏
ဖောက်ပါများတော့ ထောင်ကြမည် ။

အွန်လှိုင်းရောဂါ

ဆယ်စုနှစ်တစ်ခုလောက်မကြာသေးတဲ့

လေလှိုင်းထဲက ဗိုင်းရပ်(စ်)တစ်ခုလား။

လေပေါ်မှာ အရုပ်ရေးပြီး

ကမ္ဘာကျော်စေတဲ့ ပန်းချီဆရာတစ်ယောက်လား။

အိပ်မက်ထဲကလို အရာရာကို သရုပ်ဆောင်နိုင်တဲ့

အော်စကာသောင်းချီရထားတဲ့ သရုပ်ဆောင်တစ်ယောက်လား။

နားဆင်သူတွေ သာယာနာဖွယ်ဖြစ်အောင်

အသံသာတဲ့ ကျေးငှက်လေးဝင်စားထားတဲ့

ကမ္ဘာကျော်တဲ့ ရော့စတားတစ်ယောက်လား။
ဘာဆိုဘာမှ ထိတွေ့မှုမရှိပဲ
နှလုံးသားရဲ့ ဖြူစင်မှုကို အရောင်ဆိုးမဲ့
လိမ်ညာမှု အရောင်းဈေးပွဲတော်လား။
သဘာဝရဲ့ မလွန်ဆန်နိုင်တဲ့
ပျိုခြင်းအိုခြင်း တွေကို
ကိုယ်ဖြစ်ချင်တဲ့ အသက်အရွယ်ကို
ပြောကြတဲ့ မွေးဖွားမှုဖန်တီးတဲ့ ကစားပွဲလား။
ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်သူကိုဘေးမှာထားပြီး
လက်ချောင်းလေးတွေနဲ့ ကြင်နာတတ်တဲ့
ရာဇ၀င်တွင်မဲ့ အနှိုင်းမဲ့ မေတ္တာရှင် ဇာတ်လမ်းလား။

အဆိုးရှိသလို အကောင်းတွေမရေတွက်နိုင်တဲ့
ဒီအွန်လှိုင်းကမ္ဘာမှာ လွင်ပြင်တစ်ယောက်
ပျော်ပျော်ကြီးဆက်လျှောက်နေအုံးမယ်ထင်တယ်။

 (ယခင်ကရေးဖူးထားသော ကဗျာအနည်းငယ် စုစည်းတင်ပြပါသည်)
လွင်ပြင်လှိုင်းငယ်

ကျွန်တော်မယား ဘလော့ဂ်ဂါသမား

Tuesday 29 November 2011

16 comments

သူငယ်ချင်းကောင်း

ဘလော့ဂ်ဂါအပေါင်းတို့ရေ.......
            ခေါင်းစဉ်ကိုကြည့်ပြီး  ကျွန်တော်မယား ဂိုဏ်စတားပဲ ကြားဖူးပါတယ် ကျွန်တော်မယား ဘလော့ဂ်ဂါသမားတော့ မကြားဖူးဘူးလို့ ထင်ကြမှာပဲနော် ထင်လဲထင်စရာပဲလေ ရှိမှမရှိခဲ့တာကို  ။.

           ကျွန်တော်မယားလို့ရေးရင် ဖတ်ရတာတမျိုးဖြစ်နေမှာစိုးလို့ ချစ်သူလို့ပဲ ပြောင်းလဲ သုံးခွင့်ပြုပါနော်
ကျွန်တော် ချစ်သူဘလော့ဂ်ဂါသမား(မှတ်ချက် ။    ။သူ့ကို ဘလော့ဂ်ဂါးသမားလို့ ပြောလျှင် သူမ မခံယူလိုပေ အဘယ်ကြောင့်လို့မေးလျှင် သူသည် ဘလော့ဂ်ဂါသမား အရည်အချင်းမရှိသေးသော ၀ါသနာရှင်အဆင့်မို့ ဘလော့ဂ်ဂါသမားလို့ မသတ်မှတ်ရဲသေးကြောင်း ပြောပြတတ်သည်) စဖြစ်လာတာကတော့ ကျွန်တော်စတင်ခဲ့တာပဲပေါ့ သူမ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ပြီး ပျင်းနေတာ မကြည့်ရက်သောကြောင်း လက်တော့တစ်လုံးဝယ်ပြီး  အင်တာနက်ချိတ်ပေးမိသည် ကျွန်တော်ကတော့ အပျင်းပြေ သူငယ်ချင်းတွေနှင့်ချက် အိမ်နဲ့ တခါတလေ စကားပြောအဆင်ပြောရအောင်ဆိုတဲ့ ရည်ရွယ်ချက်သေးသေးလေးနဲ့ လုပ်ပေးဖြစ်ခဲ့တာပါ။ ၀ယ်ပေးစတုန်းကတော့ သူစက်ကို သိပ့်မသုံးဖြစ်ပါဘူး
ဘာလို့ မသုံးတာလဲ ၀ါသနာမပါလို့လားလို့ သူ့ကိုမေးတော့ သူgtalkသုံးရင် အရမ်းစိတ်ညစ်တာပဲ တခါတလေ အလုပ်မအားလို့ စကားပြန်မပြောရင် ဆဲတာလဲ ခံရသေးတယ် ဒါကြောင့် မသုံးချင်တာလို့ မျက်နှာငယ်လေးနဲ့ ပြောတတ်ရှာတယ် ဒါနဲ့ သူ့ကိုမေးတယ် ဘာလုပ်တာ ၀ါသနာပါလဲဆိုတော့ ကဗျာရေးတာ ၀ါသနာပါတယ်တဲ့ ရီချင်စိတ်ကို ထိန်းထားမိတယ် ဘာလို့လဲဆိုတော့ ကဗျာရေးတယ်ဆိုတာ လွယ်တယ်မှတ်လို့ သူကရေးမလို့ဆိုတော့ ရီချင်မိတာပေါ့ ဒါနဲ့ပဲ သူစိတ်ချမ်းသာပါစေဆိုပြီး နိုင်းဆိုဒ်တွေမှာ မန်ဘာဝင်ပေးထားပြီး ကဗျာရေးလို့ရတဲ့နေရာတွေကို ပြထားလိုက်တယ် ။ပြီးတော့ ကျွန်တော်လဲ မေ့မေ့ပျောက်ပျောက်ပဲ သူဘာတွေလုပ်နေလဲ ဘာတွေရေးနေလဲ မသိတော့ဘူး ထူးခြားတာကတော့ ထိုနေ့မှစလို့ သူအင်တာနက် အချိန်မှန်သုံးတယ် မျက်နှာလေးလဲအမြဲပြုံးနေတာတွေ့ရတယ် ကျွန်တော်ထင်တာကတော့ အွန်လှိုင်းမှာ သူငယ်ချင်းတွေ ရနေတော့ ပျော်ရွှင်နေတာပဲလို့ မှတ်ယူလိုက်တယ်  ။တနေ့ ကျွန်တော် အလုပ်ကပြန်လာတော့ ရောက်ရောက်ချင်း ၀မ်းသာအားရနဲ့ "မောင် သိလား ဒီနေ့ မ ကဗျာတွေကို ကောင်းတယ်လို့ ကောမက်ပေးကြတယ် မ အရမ်းဝမ်းသာတာပဲ ကြည့်ကြည့်ပါ့လား"ဆိုပြီး သူ့ စာမျက်နှာလေးကိုပြတယ် ဟုတ်ပါရဲ့ သူမ ကဗျာလေးတွေက မဆိုးဘူးပဲ ကျွန်တော် ကဗျာမရေးတတ်ပေမဲ့ နဲနဲတော့ ခံစားတတ်တယ်လေ ထိုနေ့က သူ့မျက်နှာလေးအမြဲပြုံးနေပြီး တနေကုန် စက်နားသွားလိုက် အိမ်အလုပ်လုပ်လိုက်နဲ့ တော်တော်ပျော်နေပုံရပါတယ် ။နောက်ပိုင်းတော့ သူရေးသမျှစာတွေကို ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ ဖတ်ပေးပါအုံး ဝေဖန်ပေးပါအုံးနဲ့ ပူဆာတတ်လာတယ်
ဒီလိုနဲ့ ဆိုဒ်တွေ တော်တော်များများမှာ သူမ စာလိုက်ရေးဖြစ်တယ် တနေ့တော့  ။

         " မောင်  သူများတွေလို ဆိုဒ်လေးလုပ်ချင်တယ် "လို့ ပူဆာပါလေရော ဒုက္ခပါပဲ ကိုယ်လဲမလုပ်တတ် သူငယ်ချင်းလဲမရှိနဲ့ ဘယ်လို လုပ်ရပါ့မလဲပေါ့နော် ဒါနဲ့ "ဘာလို့လိုချင်ရတာလဲ"လို့မေးတော့ သူရေးထားသမျှတွေ အမှတ်တရကျန်ချင်လို့ပါတဲ့ ဒုက္ခတော့ရောက်ပြီ ဘယ်လိုလုပ်ရမလဲ သူ့မျက်နှာလေးကြည့်တော့လဲ မျှော်လင့်ချက်အပြည့်နဲ့ မလုပ်ပေးရင် ဘယ်လောက်များ ၀မ်းနည်းလိမ့်မလဲဆိုတဲ့ စိတ်ဝင်လာတာနဲ့ အင်တာနက်မှာ နည်းပညာဆိုဒ်တွေ စရှာရတော့တာပါပဲ နှစ်ရက်လောက်ရှာတော့ တွေ့ပါပြီဗျာ http://kp3family.blogspot.com/ဒီဆိုဒ်လေးပေါ့ တကယ့်ကို ကျွန်တော် ကျေးဇူးရှင်ဆိုဒ်လေးပါပဲ လက်ဦးဆရာပေါ့ အဲ့ဒီဆိုဒ်က ညွှန်တဲ့အတိုင်း လိုက်လုပ်ပေးတော့ မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့မှာ သူ့ကို ဆိုဒ်လေး လက်ဆောင်ပေးခွင့်ရခဲ့ပါတယ် ထိုနေ့က သူပြောတဲ့စကားလေးကတော့ မမေ့နိုင်စရာပါပဲ တန်းဖိုးရှိတဲ့အရာတောင် ဒီလောက်တန်ဖိုးမရှိဘူး ကျေးဇူးပါ မောင်ရယ်တဲ့ မောသမျှ အမောပြေစကားလေးပါပဲ။ထို့နောက်တော့ သူစာရေးလိုက် သူငယ်ချင်းအသစ်တွေရရင် ကျွန်တော့်ကိုကြွားလိုက်နဲ့ အမြဲတမ်းပျော်ရွှင်နေတာပါပဲ တစ်ခုတော့ရှိတယ် သူမ အလုပ်မအားရင်တော့ ဆိုဒ်ထဲကို လုံးဝမ၀င်ဘူး အိမ်အလုပ်တွေ အားလုံးပြီးမှ ဆိုဒ်တကာလျှောက်လည်တတ်တယ်။သူမ စာရေးပုံကိုလဲကြည့်အုံး စာရွက်နဲ့ဘောပင် ဘေးနားချထားပြီး အလုပ်လုပ်ရင်း အတွေးထဲဝင်လာတာချရေးထားလိုက်တယ် ပြီးတော့ အလုပ်အားမှ စာစီးပြီးရေးတော့တာပါပဲ တခါတလေ မအိပ်ဘူး ကျွန်တော် စိတ်ချမ်းသားအောင် စောစောအိပ်သလိုနဲ့ တရေးနိုးထကြည့် အမှောင်ထဲက မျက်နှာမှာ ပြုံးလို့ ဆူမယ်လို့ ကြံပေမဲ့လဲ အမှောင်ထဲက အပြုံးတန်းလင်းလင်းတွေကြောင့် မဆူရက်ဘူး သိလိုက်ပါတယ် သူဆိုဒ်တကာလည်ပြီး ပျော်နေတယ်ဆိုတာ
သူမ ဘလော့ဂ်ဂါသူငယ်ချင်းတွေကိုတော့ တော်တော်သံယောဇဉ်ကြီးတယ် ချစ်လဲချစ်ရှာတယ် ဒါကြောင့်တော်ယုံကိစ္စဆို မဆူရက် မပြောရက်ဘူး ။နောက်တစ်ခု သူမသူ့ဆိုဒ်ကိုတော့အရမ်းလှချင်တယ်
ကိုယ်တိုင်လဲမလုပ်ဘူး သူများဆိုဒ်လှလှတွေ့ရင် အားကျပြီး မောင် ဒီဆိုဒ်လေးလှတယ်နော်လို့ ထုံးစံအတိုင်း မျက်နှာငယ်လေးနဲ့ပေါ့ လုပ်ချင်လို့လားမေးရင် ကလေးတစ်ယောက်လို ခေါင်းလေးခပ်မြန်မြန်ငြိမ့်တတ်ပါတယ် ဒါဆိုလုပ်ပေးဖို့တာပြင်ထားတော့ လုပ်ပေးရင်လဲ ဘေးနားမှာ ဆရာမတစ်ယောက်လို ဟိုအရောင်မကြိုက်ဘူး ဒီအရောင်မကြိုက်ဘူးနဲ့ အတွန့်တက်တတ်ပါတယ် သူ့စိတ်ကြိုက်ရမှာပဲ သက်ပြင်းချရတာ မနည်းတော့တော့ပါဘူး ။
ဘာပဲပြောပြောပါ စာရေးတဲ့သူတိုင်းကတော့ စိတ်ထားလှကြတာပါပဲ သူမစာရေးနေခြင်းအတွက်လဲ ကျွန်တော် ဂုဏ်လဲယူတယ် ကျေလဲကျေနပ် ပိတိနဲ့ အိပ်ရေးပျက်တဲ့ညတွေကို အတူတူဖြတ်ကျော်ခဲ့ရတာပေါ့။

         မကြာသေးတဲ့ ကာလတစ်ခုကတော့ ကျွန်တော့်ကို ဘလော့ရေးဖို့ သူမ တိုက်တွန်းပါတယ်။ဆိုဒ်ကတော့ သူ့ကို လုပ်ပေးရင်စမ်းနေတဲ့ ဆိုဒ်အဆင်သင့်ဖြစ်တာနဲ့ ကိုယ်လဲရေးချင်စိတ်ရှိတာနဲ့ စာရေးရင် သူငယ်ချင်းသစ်တွေလဲရ ပျော်လဲပျော်မိရင်း သူ့အကြောင်းအနည်းငယ်ကို ဒီလိုလေးဖွမိတာပါ  ။

လွင်ပြင်လှိုင်းငယ်

နင်မှနင်

Saturday 26 November 2011

15 comments

နေ့နေ့ ညည
ငါ့ဘ၀က
အချိန်တိုင်းမှာ
နင်မှနင်ပါ  ။

နေ့ရဲ့အလင်း
ညရဲ့လမင်း
ဘ၀အလင်း
နင်မှနင်ပါ  ။

ထွက်သက်ဝင်သက်
ငါ့ရဲ့သက်က
ဘ၀များစွာ
နင်မှနင်ပါ  ။

ငါ့ရဲ့ အိပ်မက်
နေ့ခင်းမက်လဲ
အိပ်မက် မင်းသ္မီး
နင်မှနင်ပါ  ။

အလုပ်သွားပြန်
လူကအလုပ်
စိတ်ကဝေးဆီ
နင်မှနင်ပါ  ။

အရာအားလုံး
တန်းဖိုးထားဆုံး
အနှိုင်းမဲ့ချစ်
နင်မှနင်ပါ  ။

အိပ်ပျော်နိုးထ
ညနက်သန်းခေါင်
ဘယ်ချိန်ကြည့်ကြည့်
မြင်ခြင်ခဲ့တာ
နင့်မျက်နှာ 
လ၀န်းထက်မက
ပန်းကခစား
အလှတရားရဲ့ 
ဧကရီ နင်မှနင်ပါ
အိပ်မက်လေးရာ  ။ 

(အိပ်မက်လေးသို့ အမှတ်တရ)

လွင်ပြင်လှိုင်းငယ်

တစ်ယောက်တည်းကျန်

Thursday 24 November 2011

6 comments

လမင်းဟာ လရိပ်အဖြစ်နဲ့
ပင်လယ်ရဲ့ ရင်ခွင်မှာ
အိပ်စက်ခွင့်ရပေမဲ့
ပင်လယ်ကတော့
လမင်းကို မော်ကြည့်ယုံမှတပါး
အထီကျန်စွာနဲ့ပေါ့  ။

ပန်းကလေးရဲ့ ဘ၀ဟာ
လှပစွာနဲ့ ဖူးပွင့်ချိန်ပဲ
ပိတုန်းနဲ့ လူတွေကသုံးပြီး
ဝတ်ရည်ကုန်လို့ နွမ်းခြောက်သွားရင်တော့
မြေပြင်ပေါ်မှာ
နင်းချေမဲ့ ခြေးလှမ်းတစ်စုံ
စိုးထိတ်စွာ
စောင့်မျှော်ရင်းပေါ့  ။

သစ်ပင်ငယ်ရဲ့ ရင်ခွင်ရိပ်မှာ
တေးချော့သိပ်ပြီး အိပ်စေပေမဲ့လဲ
အဖော်တွေ့လို့
ရုတ်တရက် နှုတ်မဆက်ပဲ
ထပျံသွားတော့
ကျေးငှက်လေးရဲ့
ခြေခတ်ဒဏ်ကြောင့်
ကိုင်းခြောက်လေးလဲ ကျိုးကျရရှာ  ။

လိုရာခရီးနဲ့
ခြေတော်တွေ မနာကျင်ရအောင်
အနင်းခံ ဘ၀နဲ့
 လမ်းကလေးဟာလဲ
နင်းပြီးရင် နောက်ပြန်မကြည့်တတ်တဲ့ သူတွေကြားထဲ
လမ်းရဲ့ ရင်ပြင်မှာ ဒဏ်ရာတွေ
ဗလပွ
နောက်ထပ်အနင်းခံဖို့
ခံနိုင်ရည်တွေ စုစည်း
နာကျင်ခြင်း မျက်ရည်စတွေနဲ့ပေါ့  ။

မခုန်ဖူးတဲ့ ရင်တစ်စုံကို
နှစ်ချို့အချစ်ဝိုင် ချိုချိုလေးတိုက်ပြီး
အချစ်ကလပ်မှာ
ကြင်နာခြင်းတွေနဲ့ ကခုန်ရင်း
ယစ်မူးချိန် ကျဆုံးလို့
အသိတရားတွေ နိုးထ
ေ၀၀ါးဝါးနဲ့
နှလုံးသား တံခါးဖွင့်ကြည့်လိုက်တော့
         အို့
တုံးလုံးပက်လက်နဲ့
ဘ၀စာပွဲမှာ ငါတစ်ယောက်တည်းပါလား   ။

လွင်ပြင်လှိုင်းငယ်

ပိတောက်

Wednesday 23 November 2011

10 comments

ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင်  ။

တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင်  ။

ရေမကူ မိုးမှာမပွင့်
ဆောင်းရဲ့ အေးဒဏ်
ကြံကြံခံလို့
နွေနေရဲ့ အပူပင်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ  ။

ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း  ။

ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး   ။

သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့ 
မျက်ရည် စက်လက်နဲ့ပေါ့  ။

လွင်ပြင်လှိုင်းငယ်

သူမရဲ့တနေ့တာ

Monday 21 November 2011

13 comments
  "လွင်ပြင် နင့်အမျိုးသမီးကော"ဒီလိုမေးခွန်းတိုင်း
"အိမ်မှာဗျ"လို့ပြန်ဖြေတိုင်း "အလုပ်မလုပ်ဘူးလား"ဆိုတဲ့အမေးကဆက်လာပါတယ်
"ဟုတ် မလုပ်ခိုင်းဘူးဗျ"ထပ်ဖြေတိုင်း"သက်သာလိုက်တာအရမ်းကံကောင်းတာပဲ"လို့ အားကျသံနဲ့ပြောသွားကြတာ အမြဲလိုလိုကြားနေရပါတယ်။ သက်သာလိုက်တာဆိုတဲ့ သူတို့အထင်ကမှန်ပါတယ်
မြင်ရင်တော့ အထင်ဟာ တက်တက်စင်အောင်လွဲမှားနေပါလိမ့်မယ်။ဘာကြောင့်လဲ?အလုပ်မလုပ်တာ သက်သာတာပေါ့လို့ အတွန့်တက်မှာအမှန်ပါပဲ ထို့ကြောင့် ကျွန်တော် ချစ်ဇနီး ပင်ပန်းတဲ့ အကြောင်းအနည်းငယ် ပြောပြချင်ပါတယ်။

          ကျွန်တော်ဇနီးဟာ ကျန်းမာရေးသိပ့်မကောင်းလို့ သူက အလုပ်လုပ်ချင်ပေမဲ့ ကျွန်တော် ခွင့်မပြုတာပါ
လုပ်အားခ ရတာကနဲနဲ ပင်ပန်းလို့ဖျားလို့ ဆေးဖိုးကုန်ကုန်တာများများအပြင် အဓိက ကတော့သူပင်ပန်းတာ မကြည့်ရက်လို့ ကျွန်တော့် လစာလေးနဲ့ ချွေတာပြီး ဘ၀ကိုဖြတ်သန်းကြတာပါ။ဒါပေမဲ့ တနေ့တနေ့ အိမ်အလုပ်လုပ်ရတာကလဲ မသက်သာဘူးဆိုတာ ကျွန်တော် နားလည်လာပါတယ်။သူ့ရဲ့ တနေ့တာ လုပ်ငန်းလေးကို ကျွန်တော် သိသလောက်ပြောပြမယ်နော်။

       သူမ မနက် ၁၀နာရီမှာအိပ်ယာ နိုးတယ်(အိပ်ယာထနောက်ကျလိုက်တာလို့မထင်လိုက်ပါနဲ့ သူမ ဘယ်အချိန် အိပ်တယ်ဆိုတာ တဖြေးဖြေးပြောပြပါ့မယ်) အိပ်ယာနိုးတာနဲ့ လျော်စရာ အ၀တ်တွေယူပြီး ရေချိုးခန်းဝင် အ၀တ်စိမ် သွားတိုက် မျက်နှာသစ် ရေချိုး ပြီးရင် ကျွန်တော် အလုပ်မသွားခင် သွေးပေးခဲ့သော သနပ်ခါး ရေကျဲလေးလိမ် ကျွန်တော် ဖျော်ပေးခဲ့သောကော်ဖီသောက်(ရေနွေးက ညကတည်းက သူကျိုပြီး ဓါတ်ဘူးထဲ အဆင်သင့်ထည့်ထားပေးတယ်)မုန့်စားပြီး ရေခဲသေတ္တာထဲက ချက်ပြုတ်ရန်လိုအပ်သော ဟင်းချက်စရာများထုတ်ပြီး မီးဖိုခန်းထဲသို့ ၀င်သွားပါတော့တယ်။ အေးခဲနေသော သားငါးတွေကို ရေထဲထည့်စိမ် ပြီးလျင် ဆန်ဆေး ထမင်းအိုတည် ဟင်းချက်ရာမှာ လိုအပ်သည့် အစာပလာတွေ ထောင်းထုပြီး ကျွန်တော်ကြိုက်တတ်သော ဟင်းများကို စတင်ချက်ပါတော့သည်။ဟင်းအိုကို မိုးဖိုးပေါ်တင်ပြီး တံမြက်စီးယူ တအိမ်လုံး သန့်ရှင်းရေးလုပ်လိုက် ဟင်းအိုပြေးကြည့်လိုက်နဲ့ ချွေးနဲနဲစိုလာပါပြီး
သူမ သန့်ရှင်းရေးလုပ်ပြီးချိန်ဆိုဟင်းလဲတစ်အိုးကျက်ပြီပေါ့။ပြီးရင် အချိန်ပေးချက်ရမဲ့ အသားဟင်းတစ်မျိုးကို ပြင်ဆင် မီးဖိုပေါ်တင်ပြီး မနက်က စိမ်ထားတဲ့ အ၀တ်တွေကို လျော်ရပါတယ် အ၀တ်လျော်ရင် ဟင်းကိုပြေးကြည့်လိုက် လျော်လိုက်နဲ့ ရေစက်တွေကြားက ချွေးစက်တွေဟာ သူမမျက်နှာပေါ် ဆော့ကစားလို့ပေါ့။ အ၀တ်လျော်လှန်းပြီးလျှင် ဟင်းအိုကြည့်ရင် ရေနွေးကြမ်းလေးရှေ့ချပြီး
သူမရဲ့လင်တော်မောင် ကျွန်တော့်ဆီသို့ ဖုန်းဆက်ပြီး အလုပ်အကိုင်အဆင်ပြေလား မနက်က ဘာစားထားလဲ အခုဘာတွေလုပ်နေလားဆိုတဲ့ မေးခွန်တွေ မေးပါတော့တယ် ပြီးရင်တော့ ဟင်းအိုတွေလဲကျက် အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ တီဗီရှေ့ထိုင် ကိုရီယားကားလေးထည့် စောင်တထည်ယူပြီးတော့ အရင်ရက်တွေက လျော်ထားတဲ့ အ၀တ်အခြောက်တွေကို မီးပူတိုက်ရင်း ကိုရီးယားကားကြည့်တော့တာပါပဲ မီးပူတိုက်ပြီးချိန်ဆို နေ့ခင် ၁နာရီလောက်ရှိပြီးပေါ့ ခဏနား ရေချိုး ပြီးရင် သူမ ကျွန်တော့်ဆီဖုန်းဆက် ထမင်းပြန်လာစားဖို့လေ ပြီးရင် သူမ လက်တော့လေးဖွင့်ပြီး သူ့သူငယ်ချင်းဘလော့ဂါအိမ်တကာလျှောက်လည်လိုက် ကဗျာလေးရေးလိုက်နဲ့ ကျွန်တော်ပြန်လာမဲ့ လမ်းကိုမျှော်ငေးရင်း အချိန်တွေကို ကုန်ဆုံးစေပါတယ် ။၂နာရီလောက် ကျွန်တော်ပြန်လာလျှင် အိမ်တံခါးလေးကို အပြေးအလွှားလေး လာဖွင့်ပေးပြီး မုန့်ပါလားဆိုပြီး ကလေးတစ်ယောက်လို မေးတတ်ပါတယ် ဒါကလဲ ကျွန်တော်အကျင့်လုပ်ထားသလိုဖြစ်နေတာပါ ကျွန်တော်ပြန်လာလျှင်သူမအတွက် မုန့်တမျိုးမျိုးဝယ်လာတတ်သောကြောင့် ပြန်လာလျှင်မုန့်ကို မေးတတ်တာပါ ။တန်းဖိုးကြီးစရာမလို မုန့်လေး သူမကိုပေးလျှင် ကလေးတစ်ယောက်လိုပျော်နေတတ်ပါသည်။ထို့နောက်တော့ ကျွန်တော့်ကို ရေချိုးခိုင်းပြီး သူမကတော့ ထမင်းပွဲပြင်ပါတော့သည် ပြီးလျှင်နှစ်ယောက်တူတူထမင်းစားကြသည်ပေါ့ နောက်တစ်ခု ထမင်းစားလျှင် အကျင့်တစ်ခု ကျွန်တော်လုပ်ထားပါသေးသည် ထမင်းစစားလျှင်သူ့ဟာသူမစားပါ ကျွန်တော်ခွံကျွေးတာကို မျက်နှာငယ်လေးနှင့်စောင့်နေပါသည် လေးငါးလုပ်လောက် ခွံကျွေးပြီးမှ သူ့ဟာသူစားပါသည် စားနေရင်း စားကောင်းလား မေးရတာလဲ သူ့မှာအမောပါပဲ အရမ်းကောင်းတာပဲလို့ ဖြေရင် ချက်ထားသမျှမောပန်းတာတွေပျောက်သွားတာပဲလို့ ပြောတတ်ပါသည်။ထမင်းစားပြီးလျှင် ကျွန်တော်ကတော့ လက်ဆေးပြီးထသွားတာပဲ ကျန်တာလဲ သူပဲသိမ်းရတယ် သိမ်းဆည်းရင်း ထမင်းစားပြီးပြီးချင်မအိပ်နဲ့ ပျင်းရင် သူငယ်ချင်းတွေနဲ့ချက်" မ" ဆေးစရာရှိတာဆေးပြီးလာခဲ့မယ်လို့ မီးဖိုးချောင်မှ အော်ပြောနေရတာလဲ အလုပ်တစ်ခုပါပဲ ခဏကြာလျှင်သူပြန်ရောက်လာပြီး စားစရာ အသီးတမျိုးမျိုးကျွန်တော့်ကို ပေးပြီး မောင် အိပ်မှာလား အင်တာနက်ကြည့်မှာလား ကိုရီယားကြည့်မှာလားလို့ မေးပါတယ် ကျွန်တော်အိပ်လျှင် ကျွန်တော်ဘေးနားလာကပ်ပြီး သူကကိုရီးယားကားကြည့်ပါသည် အင်တာနက်ကြည့်လျှင်လဲ ဘေးနားထိုင်ပြီင်္း ကျွန်တော်လုပ်တာကြည့်ပြီး သူ့ဆိုဒ်လေးကို ဟိုဟာလေးလုပ်ပေးပါအုံး ဒီဟာလေးလုပ်ပေးပါအုံးလို့ ပူဆာတတ်ပါသည်။ညနေ၃နာရီလောက်ဆို ကျွန်တော်အလုပ်ပြန်သွားရင် တံခါးနားလိုက်ပို့ပြီး အလုပ်လုပ်ရင် ဘုရားတရားမမေ့နဲ့ ဘာညာတွေစုံနေအောင်မှာတမ်းတွေ ချွေပြီး အိမ်မှာ သူတစ်ယောက်တည်းကျန်ခဲ့ပါတော့တယ်။ပြီးရင်တော့ ခဏတဖြုတ်နားပြီး ညစာအတွက် ချက်ပြုတ် လျော်ထားတဲ့ အ၀တ်တွေ သိမ်းဆည်းပြီး အင်တာနက်ထိုင်ပြီး ကဗျာရေးလိုက် စာရေးလိုက်နဲ့ ၆နာရီထိုးသွားလောက်ရင် ကျွန်တော်ဆီ ဖုန်းဆက်ပါသည် ထုံးစံအတိုင်း အလုပ်အဆင်ပြေလား ဘာလားပေါ့
၆နာရီခွဲလောက်ဆို သူအိမ်အောက်ဆင်းပြီး နောက်ရက်စားဖို့သောက်ဖို့ ဈေးဝယ်ထွက် အိမ်ပေါ်ပြန်တက် နောက်ရက်ချက်မဲ့ဟာတွေ အစီစဉ်ချပြီး ခဏနားပါလိမ့်မယ် ပြီးရင် ၈နာရီလောက်ထိအိပ်မယ်ဖြစ်ကြောင်းအကြောင်းကြားပြီး အိပ်ပါတယ် အိပ်ယာနိုးလျှင် ညစာအတွက် ဟင်းတွေနွေးပြီး ကျွန်တော်ကို ဖုန်းဆက်ခေါ်ပြီး ထမင်းကျွေးပါတယ် ကျွန်တော် ညပိုင်ဆို အလုပ်နဲနဲများလာပြီဖြစ်သောကြောင့် အိမ်မှာသိပ့်မရှိပါ သူတစ်တစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ရင် ၁၂နာရီ ကျွန်တော်အပြန်လမ်းကို ငေးနေပါလိမ့်မယ်။ ကျွန်တော်ပြန်လာလျှင် လင်မယားနှစ်ယောက် စကားတွေပြောကြပါတယ် တခါတလေ နှစ်ယောက်တည်း ဖဲရိုက်ပါတယ် ပြီးလျှင်ကျွန်တော် တရေးနိုး ဗိုက်ဆာတတ်သောကြောင့် စားစရာတစ်ခုခုလုပ်ပြီး စားပွဲပေါ်တင်ပေးထားပြီး ၁နာရီခွဲလျှင် ကျွန်တော့်ကို အိပ်ခိုင်းပြီး သီချင်းဆိုပြခိုင်းပါတယ် ညစဉ်သူ့ကို ကျွန်တော် သီချင်းဆို သိပ့်မှ သူမ အိပ်ပါတယ်။ခေါင်းလေးကို ပွတ်ပြီး သီချင်းဆိုသိပ့်လျှင် ခလေးတစ်ယောက်လို သူအိပ်စက်သွားတတ်ပါသည် အိပ်စက်နေသော သူမကို ကြည့်ရတာ တကယ့် ကဗျာတစ်ပုဒ်ပါပဲဗျာ  ။

           ထို့ကြောင့် ကျွန်တော့် ဇနီးသည် သက်သာသည်လော ပင်ပန်းသည်လောဗျာ။
တကယ်တော့ အိမ်မှာနေရင် အိမ်အလုပ်လုပ်ရသော အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ တော်တော်လေး ပင်ပန်းကြပါတယ်။ကျွန်တော်သည် ပိုက်ဆံသာရှာနေရသော်လဲ သူမ လောက်မပန်ပန်းပါ။

ဒီနေ့တော့ သည်မျှနဲ့နားလိုက်အုံးမယ် နောက်တခါကြုံမှပဲ သူမ စိတ်ပင်ပန်းတဲ့ အကြောင်းလေးတွေ ရေးပြတော့မယ်

လွင်ပြင်လှိုင်းငယ်

အချစ် ဆုံး

Saturday 19 November 2011

6 comments

ငါဟာမင်းရဲ့ အချစ်ဦး မဟုတ်ဘူးဆိုတာ
ရူးနေတဲ့သူတောင် သိပါတယ်
အချစ်ဦးမဖြစ်ခဲ့ရလို့
အလယ်တန်းဘ၀နဲ့
မင်းရဲ့ အချစ်ခြေစစ်ပွဲကိုဝင်ခဲ့ပေမဲ့လဲ
အချစ်တော်ဟောင်း ရောင်းရင်းများက
ကျောနံပါတ်ပြ
စီနီယာ ၀ါအရနဲ့
ငါ့ရင်ကို လှောင်ပြုံးများနဲ့
ဇုန်ကန်ခံရလို့
ပွဲစဉ်နားပြီး
ဒဏ်ရာ ဗလပွနဲ့
ဘေးထွက်ထိုင်ခဲ့ရသူပါ ။

ချစ်ဦး ချစ်လယ် ဖြစ်ခွင့်မရပေမဲ့လဲ
ဖူးစာရေးနတ်ရဲ့ မျက်နှာသာပေးမှု့ကြောင့်
မင်းရဲ့ ချစ်ဆုံးဖြစ်ခွင့်ရလို့
ရူးမတတ်ပျော်ခဲ့ဖူးပါတယ်
အဆုံးသတ်ရဲ့ အချစ်တစ်ခုမှာ
အိပ်ပျော်မယ်လုပ်တုန်း
ငါရခဲ့တာ မင်းရဲ့ အဆုံးသတ်အချစ်မဟုတ်ပဲ
ဆုံးပါးနေတဲ့အချစ်ဆိုတာ
မင်းအမူအရာတွေက
ငါ့ကို ခြောက်လှန့်လို့
မင်းရဲ့ ဆုံးပါးနေတဲ့ အချစ်နဲ့အတူ
ငါ့ရဲ့ သုံးမရတော့တဲ့ နှလုံးသားကို
သောင်ပြင် နေပူပူမှာ
ကျီးထိုးထိုး ခွေးစားစား
လွင့်ပစ်လိုက်ပါပြီ  ။

(လွန်ခဲ့သော ၁၀နှစ်ကျော်မှ ငယ်သူငယ်ချင်း ကိုသက်အတွက် အမှတ်တရရေးခဲ့ဖူးသော ကဗျာလေးကို ပြန်လည်တင်ပြပါသည်။)

လွင်ပြင်လှိုင်းငယ်

ချစ်တယ်ဆိုတဲ့အဖြေစကား

Thursday 17 November 2011

9 comments

အချစ်
အ လို့ချစ်တာလား
ချစ်လို့အတာလား
နင်ငါ့ကိုမမေးပါနဲ့
အ လို့ချစ်တာမဟုတ်သလို
ချစ် လို့ အ တာလဲမချစ်ဟုတ်ပါဘူး
ချစ်လို့ ချစ်တာ အချစ်ပါ ။

လှလို့ချစ်တာလား
ရိုးလို့ ချစ်တာလား
ဒီအကြောင်းလဲ နင်မသိချင်ပါနဲ့
လှတာချစ်ချင်မှတော့
မင်းသမီးတွေကို ချစ်မှာပေါ့
ရိုး လို့ချစ်ချင်ရင်
တောနက်နက်ထဲ ခရီးဆက်မှာပေါ့
ချစ်လို့ ချစ်တာ ရင်ထဲကပါ ။

ဘာကြောင့်ချစ်တာလဲ
အမေးစကားနဲ့
အချစ်ကို အကြောင်းပြခက်စာအုပ်ထဲ မထည့်လိုက်ပါနဲ့
အချစ်စစ်မှာ အကြောင်းပြချက်မရှိ
သက်သေမလိုပဲ
နှလုံးသားရဲ့ ရင်ခုန်သံကို
အမူယာစကားနဲ့
ဘာသာပြန်ခဲ့တာပါ
ဒါကြောင့် နင့်ကို ချစ်တာ
အကြောင်းပြချက်မဲ့နဲ့
ချစ်လို့ချစ်တာပါ ။

ဘယ်အချိန်ထိ
ချစ်မှာလဲ မောင်လို့
ယောင်လို့တောင်မမေးလိုက်ပါနဲ့
နင့်ကို ချစ်တဲ့အချစ်ဟာ
မွေးဖွားချိန်ပဲရှိပြီး
သေဆုံးချိန်မရှိတဲ့
သံသရာအဆက်ဆက်
ရှင်သန်မဲ့ အချစ်စစ်နဲ့
ချစ်ခဲ့လို့ပါပဲ ။

ဘယ်အချိန်နီးစပ်မှာလဲလို့လဲ
ဟိုအရင်ချိန်ကနင်မေးခဲ့ဖူးတယ်နော်
လူချင်းဝေးပြီး နှလုံးသားချင်းနီးရာကနေ
လူချင်းနီးပြီး
နှလုံးသားချင်းတထပ်တည်းကျအောင်
ငါလုပ်ဆောင်ခဲ့တာလဲ
နင့်ကို ချစ်တာထက် ပိုချစ်လို့ပေါ့ ချစ်သူရယ်  ။

(အမေးအမြန်းထူသော မဒမ်လွင်ပြင် ခေါ် အိပ်မက်လေးသို့ အမှတ်တရ အဖြေစကား)

လွင်ပြင်လှိုင်းငယ်

ချစ်တယ်ဆိုတဲ့ စကားလေး

Tuesday 15 November 2011

8 comments

မောင့် အိပ်မက်လေးရေ
ချစ်တယ်ဆိုတဲ့ စကားကို မောင် မှတ်မှတ်ရရ သိတတ်စအရွယ်က ပထမဦးဆုံးပြောခဲ့တာကတော့မောင့် မေမေကိုပေါ့...ချစ်တယ်ဆိုတာ ဘာမှန်းမသိပေမဲ့ ချစ်တယ်လို့ပြောလိုက်လိုက်ရင် မေမေ့မျက်နှာကဟို့ ကောင်းကင်ကြီးက လမင်းကြီးထက်တောင် အေးမြ၀င်းပပြီး အနှိုင်းဆမဲ့ အေးချမ်းလှတဲ့ အပြုံးလေးနဲ့
မောင်း နဖူးလေးကို နမ်းလေ့ရှိတယ်....ပြီးရင် မောင်ကြိုက်တဲ့ မုန့်တွေလဲဝယ်ကျွေးလေ့ရှိတယ်....အဲ့ဒီအရွယ်တုန်းကချစ်တယ်ဆိုတဲ့ စကားဟာ မောင့်အတွက် အေးမြလှတဲ့ မေမေ့မျက်နှာ လပြည့်ဝန်းကို ကြည့်ချင်လို့ပေါ့ ။

ဒုတိယအကြိမ် ချစ်တယ်လို့ပြောခဲ့တာ မောင့် ဖေဖေကိုပေါ့....မောင့်ဖေဖေကို ချစ်တယ်လို့ပြောတဲ့ အချိန်တိုင်းမောင့်ဖေဖေရဲ့ မျက်နှာက ပုံပြင်ထဲက သူရဲကောင်းတွေထက် အဆမတန်ရဲရင့်တယ်ဆိုတာ မောင်တွေ့လိုက်ရတယ်.ဖေဖေဟာ သူထူထောင်ထားတဲ့ ဘ၀အိမ်ကို အရာရာပြီးပြည့်စုံတဲ့ အိမ်လေးတစ်အိမ်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ရဲရင့်တဲ့အပြုံးနဲ့ ပြုံးတယ်ဆို တာအရွယ်ရောက်တော့သိတတ်လာခဲ့တယ်...ဒါကြောင့်မောင်ဟာ မောင့်ဖေဖေကို ချစ်တယ်လို့ပြောတိုင်းသူ့ရဲ့ ရဲရင့်တဲ့အပြုံးကို မြင်တွေ့ခွင့်ရခဲ့တယ် ။

တတိယနဲ့ အကြိမ်များစွာ ချစ်တယ်ပြောခဲ့တာကတော့ ကျောင်းနေတုန်းကဆရာဆရာမတွေနဲ့ ဆွေမျိုးတွေဖြစ်ခဲ့မှာပါ
ဒီအချစ်တွေ အားလုံးဟာ ၅၂၈ ရဲ့ မြစ်ဖျားခံ စီးဆင်းတဲ့ အေးမြတဲ့ မေတ္တာရည်ကြည်လေးတွေပေါ့ ။

၅၂၈ရဲ့ အေးမြတဲ့ အချစ်တွေဟာ မောင်ချစ်ဖူးတဲ့သူတွေအပေါ်မှာ ဘယ်သောအခါမှ ခန်းခြောက်သွားမှာမဟုတ်ပါဘူး ။

၁၅၀၀ဆိုတဲ့ အချစ်ရဲ့ အစ ချစ်တယ်ဆိုတဲ့ စကားကို ရင်ထဲက မြတ်မြတ်နိုးနိုးလေးရင်ခုန်စွာပြောခဲ့ ပထမဆုံးနဲ့
နောက်ဆုံးကတော့ မောင့် အိပ်မက်လေးကိုပါ...မောင့်အိပ်မက်လေးကို ချစ်တယ်လို့ပြောတော့ မောင့်အိပ်မက်လေးပြန်ပေးခဲ့တဲ့ အရာတွေကတော့ နွေးထွေးမှုတွေ ကြင်နာတတ်တဲ့အပြုံးတွေ နားလည်ပေးတတ်တဲ့ သည်းခံစိတ်
ဘ၀ကို ရဲရဲရင်ဆိုင်ရဲတဲ့ စိတ်ဓါတ်တွေ ဘယ်အရာအတွက်ဖြစ်ဖြစ် မောင့်ကို ဦးစားပေးတဲ့ မေတ္တာ အကြင်နာတွေ
စိတ်ဓါတ်ကျအားငယ်နေချိန်မှာ အားပေးတတ်တဲ့ အပြုံးနဲ့ နွေးထွေးတဲ့ လက်တစ်စုံရယ်
အေးမြမှုတွေသာပေးပြီး ပူလောင်မှုတွေကို တစ်ယောက်ထဲ ကြိတ်မှတ်ခံစားတတ်တဲ့ အေးအတူပူမမျှချင်တဲ့ အိပ်မက်လေးရဲ့
အနှိုင်းဆမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို မောင်ရခဲ့တာပေါ့....

ဒါကြောင့် မောင့်ရဲ့ ၁၅၀၀ ချစ်တယ်ဆိုတဲ့စကားဟာ အိပ်မက်လေးတစ်ယောက်အတွက်မူပိုင်ဆိုတာဆိုတာ ယုံကြည်ပေးပါနော် ။

လူတွေ ပြောကြတဲ့ ၁၅၀၀မေတ္တာဟာ ပူလောင်တယ်လို့ ဆိုကြပေမဲ့ မောင့်
အတွက်တော့ ဘယ်တုန်းကမှ ပူလောင်မှုမရှိခဲ့ပါဘူး
အိပ်မက်လေးပေးခဲ့တဲ့ ၁၅၀၀မေတ္တာဟာ မောင့်အတွက်နွေးထွေးမှု အနှိုင်းဆမဲ့ပါပဲ....
အိပ်မက်လေးပေးတဲ့ ချစ်တယ်ဆိုတဲ့စကားဟာ မောင့်အတွက်တော့ ၁၅၀၀ကျော်ပြီ ၂၀၂၈တောင်ပြည့်နေပါပြီကွယ်....

မောင့်အိပ်မက်လေးရဲ့ ချစ်တယ်ဆိုတဲ့ စကားကို
လက်ရှိဘ၀နဲ့ နောင်ဘ၀များစွာအထိ မောင်တစ်ယောက်ထဲပဲပိုင်ဆိုင်ချင်တယ်
ဒါဟာ အတ္တလို့ခေါ်မယ်ဆိုရင်လဲ အဲ့ဒီအတ္တအတွက် မောင်ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။

လွင်ပြင်လှိုင်းငယ်
(အမြဲစိတ်ကောက်တတ်သော မဒမ်လွင်ပြင်အား ဒီပိုစ့်လေးနှင့် ချော့ပါသည်)သူငယ်ချင်းတို့လဲ သူစိတ်ကောက်ပြေအောင် ၀ိုင်းပြောပေးကြပါနော် ကူညီကြပါ ကူညီကြပါဗျ

ကြိုးလေးတစ်ချောင်း ချစ်လက်ဆောင်

6 comments
123Friendster.Com

အိပ်မက်လေးရေ
လမင်းပေါ်မှာထိုင်ပြီး
သမုဒ္ဒရာကြမ်းပြင်ထက်က
ရွှေငါးလေးမြှားချင်ပေမဲ့
ကြိုးမရှိလို့ စိတ်ညစ်မနေပါနဲ့
မောင့် သံယောဇဉ်ကြိုးလေးကို
ငါမြှားတံထိပ်မှာချည်းနှောင်ပြီး
လမင်းထက်ကနေ ပစ်ချလိုက်ပါ
သမုဒ္ဒရာကြမ်းထက်ရောက်ယုံမက
ဆယ်ပြန်ကမတောင် ပိုရှည်နေပါလိမ့်မယ် ။

အိမ်မက်လေးရေ
အလှဲလှဲ အပြိုပြိုဖြစ်နေတဲ့
ကမ္ဘာကြီးကို စုစည်းချည်နှောင်ဖို့
ကြိုးတစ်ချောင်းလောက်အတွက်နဲ့တော့
စိတ်ပျက် အားငယ်မနေပါနဲ့
မောင် အိပ်မက်လေးအပေါ်ထားတဲ့
သံယောဇဉ်ကြိုးနဲ့သာ ချည်နှောင်လိုက်ပါ
ဒီထက်ခိုင်ခံတဲ့ကြိုး ဒီကမ္ဘာပေါ်မှာမရှိပါဘူး ။

အိပ်မက်လေးရေ
မောင်မင်းအပေါ်ထားတဲ့ ချစ်ခြင်းတွေကို စီရီပြီး
မဟားတိုင်းနဲ့ယှဉ်ကြည့်လိုက်ပါ
ဘောလုံးကွယ်သာသာရှိမဲ့ မဟာတံတိုင်းကို
မင်းမြင်ရပါလိမ့်မယ် ။

အိပ်မက်လေးရေ
မင်းကိုချစ်တဲ့အကြောင်း
သံယောဇဉ်ရှိကြောင်းတွေကို စာဖွဲ့ပေမဲ့လဲ
ရင်ထဲက မင်းကိုချစ်ကြောင်းတွေက
သေဆုံးထိတောင် စာဖွဲ့လို့မှီမှာမဟုတ်ပါဘူး ချစ်သူရာ ။

လွင်ပြင်လှိုင်းငယ်

တောင်းတချက်

Sunday 13 November 2011

8 comments
လိုချင်တာအစစ်ပါ

အတုယောင်တွေနဲ့

ဟန်ဆောင် အပြုံးလှလှတွေကို

ပျားရည်မြစ်ထဲ သကြားလုံးငုံပြီး

ပြစ်ချွဲချွဲစကားသံတွေလဲ

မကြားလိုတော့ပါ။

မူယာ မာယာဆိုတဲ့စကားက

ကြားရသာတာ ဘာမှ မဟုတ်သလိုနဲ့

လက်တွေ့ခံစားဖူးသူတွေကတော့

တော်တော်ကို ခံရခက်တဲ့ လက်နက်တမျိုးပါပဲ

မူယာနဲ့ မာယာ ပူးပေါင်းတိုက်စစ်မှာ

ရှုံးနိမ့်သူလဲ မဖြစ်ချင်ပါဘူး။
  အရောင်တွေဆိုးထားတဲ့ အလှတရားရဲ့ ဖျားယောင်းမှု့မှာ
ဘ၀ပျက်တဲ့သူတွေများပေမဲ့
အလှပြင်ဆိုင်တွေမှာတော့ လူတွေတန်းစီလို့ပေါ့။
စကားမပြောတတ်တဲ့သူလဲ ဖြစ်ချင်ဖြစ်ပါစေတော့
မျက်လုံးက ပြောတဲ့စကားပဲ ဘာသာပြန်ပါ့မယ်
နားမကြားတဲ့သူလဲ ဖြစ်ချင်ဖြစ်ပါစေတော့
နှလုံးသားနဲ့ ရှင်းပြပါ့မယ်
အသားမဲနေစေအုံးတော့
စိတ်ထားလေးဖြူရင်ကျေနပ်ပါပြီ
မျက်နှာအလှအတွက်လဲ
အလှပြင်ဆိုင်တွေပိတ်ခိုင်းပြီ
သနပ်ခါးရည်ကျဲလေး အမြဲ အိမ်မှာလိမ်းပေးပါ့မယ် ။   လွင်ပြင်လှိုင်းငယ်

ပေါက်ကရ အတွေးများ

Saturday 12 November 2011

9 comments

မဆုံနိုင်ဘူးထင်ပေမဲ့
ကောင်းကင်က တိမ်တိုက်တွေနဲ့
မြေပြင်ထက်နိမ့်တဲ့ ရေပြင်တောင်ဆုံတွေခွင့်ရှိပါတယ်
တိမ်တိုက်တွေဟာ မိုးစက်အဖြစ်
ရေပြင်သို့ ခုန်ချလာသလို
ရေငွေ့တွေဟာလဲ
တိမ်တိုက်အဖြစ် ကောင်းကင်ယံသို့
ရင်ခုန်စွာ ပျံတက်ကြတာပဲလေ ။

နှစ်ယောက်တည်းရှိတဲ့ ကမ္ဘာမှာ
ခွဲခွါခြင်းမရှိဘူးရယ်လို့
အာဒံကကော ရဲရဲပြောရဲလား
သေခြင်းတရားရဲ့ အမိန့်တခုမှာ
အားနားခြင်းမရှိ ခွဲခွါရမှာပါပဲလေ ။

မှန်မျက်နှာပြင်က ပြုံးခြင်း မဲ့ခြင်းဟာ
ငါ့ပုံရိပ်အစစ်လား
ရေပြင်ထက် မှုံဝါးဝါး ပုံရိပ်ကကော
ငါမဟုတ်ဘူးလား ။

မျက်လုံးအောက်က အလှမှ အလှစစ်လား
တိုးတိုးလေးကပ်ပြောမှ သူ့အသံလား
ထိတွေ့မှု့ရှိမှ အချစ်ဆိုရင်
ပိုက်ဆံရဲ့ နမ်းရှိုက်မှု့အောက်က
ကောင်မလေးလှလှတွေမှာ
အချစ်တွေ ဂိုဒေါင်အပြည့်ပေါ့ ။

မမြင်ရ မတွေ့ရလဲ
လေထဲက အချစ်တွေက
အတောင်ပံတစ်စုံတပ်ပြီး
မင်းနှလုံးသားမှာ ထားဝရနားခိုတာကော
အချစ်စစ်မဟုတ်ဘူးလို့ မင်းပြောရဲလား ။

ဘာပဲပြောပြောပါ
ဖြစ်နိုင်တာက မဖြစ်နိုင်သလို
မဖြစ်နိုင်တာကလဲ ဖြစ်နိုင်ပါတယ်
အချစ်ကို အချစ်လို့ပဲခံစားရင်
အမုန်းဆိုတာ ကြားဖူးပြီး ခံစားဖူးမှာလဲမဟုတ်ပါဘူး  ။

အိပ်မက်လေးသို့ တစ်ခြောက်လုံး အမှတ်တရ

Thursday 10 November 2011

7 comments

တစ် သက်မှာ တစ်ယောက်တည်းချစ်ခဲ့တာ
        မဟုတ်ပေမဲ့
        မင်းနဲ့ချစ်ပြီးမှာတော့
        တစ်ယောက်ကိုပဲ
       တစ်သက်လုံးချစ်သွားမှာပါ ။

တစ် ဘ၀မှာ ခဏတာတွေ့ခဲ့ ချစ်ခဲ့တယ်ရယ်လို့
        စိတ်မှာတွေးမထားပါနဲ့
        ဘ၀များစွာနဲ့ သံသရာအဆုံးထိ
        မင်းတစ်ယေက်နဲ့ပဲ ချစ်ပါရစေလို့
       တောင်းဆုတွေ ရင်ခုန်သံမရပ်သရွေ့ ချွေနေသူပါ ။

တစ် အိမ်မကောင်းလို့
       အိမ်သစ်ပြောင်းတတ်တဲ့
      ခပ်ပေါပေါယောက်ျားတော့ ငါအဖြစ်မခံနိုင်ပါဘူး
      တည်ဆောက်ခဲ့အိမ်ကို
     နှလုံးသား တံတိုင်းခတ်ပြီး
     အေးအတူ ပူမမျှချင်တဲ့
     ရိုးသားခြင်း ခြံဝန်းလေးထဲမှာ
    ငါချစ်တဲ့ စံပယ်ရုံလေးစိုက်ပြီး
    ထာဝရအိမ်လေးလှပအောင် တည်ဆောက်မှာပါ ။

တစ် မြေခြားတဲ့ အဖြစ်တွေလဲ မဖြစ်အောင်
       မင်းရှိမဲ့နေရာလေးမှာပဲ
      ကောင်းတူ ဆိုးလဲမခွာပဲ
     ဘ၀ခရီးကို အတူတူဖြတ်ကျော်ပါ့မယ် ချစ်သူ ။

တစ် ကြိမ်တခါမှာ အမှားအယွင်ဖြစ်ခဲ့လဲ
       နင့်ကို ငါ့ချစ်ခြင်း
       ငါ့ကို နင့်ကြင်နာခြင်းတွေ ပြန်ကြည့်ပြီး
      ငါတို့ ဘ၀လမ်းမှာ 
      နားလည်မှု့လွဲလို့ဆိုတဲ့ အပြစ်မဖြစ်အောင် 
      တိုင်ပင်ရင်နဲ့ 
      တိုင်ပင်ဖေါ် ဘ၀ကြင်ဖေါ်အဖြစ် ခရီးဆက်ကြတာပေါ့ ။

တစ် ယောက်တည်းကျန်ခဲ့တဲ့
       အဖြစ်ဆိုး အလွမ်းသိုးသိုးကြီးနဲ့
      ငါနေနိုင်မှာ မဟုတ်လို့
     သေခြင်းတရာဆီမှာပါ
    နှစ်ယောက်အတူ ကမ္ဘာသစ်ဆီပို့ပေးပါလို့
   တိတ်တိတ်လေး နင်မသိအောင် ငါဆုတောင်းတာကို 
   နင်အပြစ်မယူပါနဲ့   ချစ်သူ ။

 ချစ်သူ အိပ်မက်လေးအတွက် ၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံး အမှတ်တရ 

အလွမ်းနဲကဗျာ

Wednesday 9 November 2011

6 comments

 အချစ်နဲ့မရင်းနှီးသေးတဲ့ သူကို ရင်းနှီးသွားအောင် နင်သင်ပေးခဲ့တယ်
ရင်မခုန်တက်တဲ့နှလုံးသားကို ရင်ခုန်တက်အောင် နင်သင်ပေးခဲ့တယ်
မလွမ်းတက်တဲ့ စိတ်ကို
လွမ်းတက်အောင် နင်သင်ပေးခဲ့တယ်
နင်သင်ပေးခဲ့တဲ့ ပညာတွေ
အကုန်တက်မြောက်သွားတော့
နင်ငါ့ကို ကျောခိုင်းသွားတယ်

အခုတော့ င့ါမှာနင်သင်ပေးခဲ့တဲ့
အလွမ်းတွေကို ခင်တွယ်ရင်း
ကျန်ရစ်ခဲ့သူပါ

ငါအလွမ်းတွေ သတိရခြင်းတွေက မင်းအတွက်
စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင်
ငါခံစားချက်တွေကို မင်းကြေနပ်ဖို့အတွက်
သိမ်းဆည်းထားမှာပါ ဒါပေမဲ့
မင်းကိုလွမ်းတဲ့ အကြောင်းကို ကဗျာတစ်ပုဒ်
အဖြစ်တော့ ဖော်ပြခွင့်ပြု ပါ    ချစ်သူ ၊၊    ယွန်းသစ္စာ     (မှတ်ချက်။   ။သူငယ်ချင်းလေး ယွန်းသစ္စာ မှရေးဖွဲ့တင်ပြပါသည်။)

အပျိုကြီးများရဲ့ အလှတရား

Tuesday 8 November 2011

11 comments
လူ့ဘ၀ရဲ့ သက်တမ်း၃၀နှစ်လောက်နီးရင် လူတွေက အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆို လူပျိုကြီး လူပျိုသိုး မိန်းကလေးဆို အပျိုကြီးရယ်လို့တင်စားခေါ်ကြတယ်နော်။လွင်ပြင်လဲအတူတူပါပဲ တချို့မမတွေကိုအပျိုကြီးလို့ စနောက်တတ်ပါတယ်။သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ်၊အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို တစ်ယောက်တည်းဖြတ်ကျော်ရဲသည့် သတ္တိ၊တိုင်ပင်ဖော်မလိုပဲ ဘ၀ကို ရည်ရွယ်သည့်ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့် ဇွဲ၊မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင်ရည်ရှိသော စွမ်းအား စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်သော အာဂလူသားများသာဖြစ်ပါသည်။

           အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိန်မှာ အပျိုကြီးတွေကတော့ မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ ဘုရားစာတာ ရွတ်ဆိုနေရတဲ့ ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးလေ။သူတို့ဟာ ရဲ၇င့်တဲ့သူတွေ ကိုယ့်ကိုကို ယုံကြည်ခြင်း သတ္တိရှိတဲ့သူတွေလဲ ဖြစ်တယ်။အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ်မရှိသူတွေပေါ့။
          နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာကြီးမားသူတွေလဲ ဖြစ်တယ် သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမဲ့ တစ်ယောက်တည်းအပေါ် နားလည်ခွင့်လွတ်မှု့ အပြည့်နဲ့ အချစ်သစ်ကို မရှာပဲ သစ္စာရှင် ချစ်တတ်သူများဖြစ်ပါတယ်။           ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ့်ချစ်တတ်လို့ပါပဲ သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမဲ့ တကယ့်ကို အကြင်နာတရားအပြည့်ထားပြီး ချစ်တတ်ကြပါတယ်ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့ ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး စေတနာထားတတ်သူများဖြစ်ပါသည်။              အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး ။သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး အလွန်းအကဲပြင်ဆင်မှုပများမရှိပေ။အ၀တ်အစားက အစ လူမြင်မတင့်သော အ၀တ်အစားကို ရှောင်ကျင်ကြသည် ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှု့ခံရသော အပျိုကြီးများသည် လူအများပြောစကားကို အစကတည်းက ကာကွယ်ထားခြင်းဖြစ်ပါသည်။         ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ ပါရမီထူးလို့ အပျိုကြီးဖြစ်ရတာပါ။အိမ်ထောင်ကျသွားတဲ့သူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့မရတော့ပါဘူး။အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ရှားပါးပစ္စည်းဟာ တန်းဖိုး၇ှိပါတယ်။ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။အားငယ်စရာ မရှိတဲ့ဘ၀မို့ ရဲရဲကြီးရှေ့ဆက်ကြပါ။အပျိုကြီးဘ၀ကို ပြောင်းလဲရန်မှာလဲ လွယ်ကူတဲ့ ဘ၀ပါ  မှတ်ချက်။     ။အပျိုးလေးများ အလှတရား ၊လူပျိုကြီးများ စိတ်ထား၊ အိမ်ထောင်ရှင်များရဲ့ ဘ၀အလှကိုလဲ တောင်းဆိုသူများရှိပါက မသိတသိလေး ရေးပြချင်ပါတယ်။အမှားအယွင်းရှိပါက နားလည်ပေးစေချင်ပါတယ်                                                            လွင်ပြင်လှိုင်းငယ်      

စွန့်ပစ်ခြင်း

Sunday 6 November 2011

14 comments

 တိုးတိတ်နှုတ်ဆိတ်နေတဲ့

ကောင်းကင်ကြီးက

စိုးထိတ်စွာဖြင့်

မိုးရိပ်ကင်းပြီး

ကြယ်စုတွေပျော်မြူးကခုန်နေတုန်း

အလွမ်းကို မွေ့ယာလုပ်

ကြေကွဲမှု့ ခေါင်းအုံးထက်

နောင်တမျက်ရည်တွေနဲ့ ငါ။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်

ရလာဒ်က ဘာလဲ

နာကျည်းခြင်းမျက်ဝန်းထဲက

ခါးသီးမှု့ အကြည့်တွေလား

ဒဏ်ရာများစွာနဲ့

ခပ်ယဲ့ယဲ့ ခုန်နေတဲ့ရင်ကို

ရက်စက်ခြင်း ဖြေအစုံနဲ့ ဇုန်ကန်ခံရတော့

အသက်ရှုရတာ သိပ့်မ၀တော့ဘူး ။

ခံစားခြင်းနဲ့ လွမ်းဆွတ်မှု့က

သီချင်းနဲ့ ကဗျာတွေမှာ

အသုံးအများဆုံး စကာလုံးဖြစ်ပေမဲ့

လက်တွေ့ကျကျ ခံစားနေရတဲ့

ငါ့အတွက်ကတော့

ကြေကွဲ လွမ်းဆွတ် စွန့်ပစ်ခံ

ဒီဝေဒနာတွေကို

အမှိုက်အိတ်ထဲထည့်ပြီး ဘယ်တော့မှ ပြန်လမ်းမရှိတဲ့ စီးဆင်းနေတဲ့ မြစ်တစ်ခုထဲ လွင့်ပစ်လိုက်လိုက်ချင်ပါပြီ။  (မှတ်ချက်။     ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခဏငှားပြီး ရေးဖွဲ့ခြင်းဖြစ်ပါသည်။)
လွင်ပြင်လှိုင်းငယ်

ပန်းစံပယ်

Friday 4 November 2011

11 comments

ပန်းစံပယ်
ရနံ့က ကြူကြူမွေး
အရောင်က ဖြူဖြူဖွေးနဲ့
မိုးသားမမျှော်
ရေလောင်းလဲပွင့်
သူ့အကျင့်က
မမှီခိုတဲ့ ပန်း။

ပန်းစံပယ်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါဘူး
အထီးကျန် တပင်တည်းပွင့်တဲ့ပန်းမဟုတ်လို့
ရိုးတံတွေ ခိုင်ခိုင်နဲ့
စည်းလုံးတဲ့ ပန်း။

ပန်းစံပယ်
ရနံ့တွေ မရိုင်းသလို
ဖူးစမှသည်
ကြွေလွင့်တဲ့ထိ
မွေးရနံ့တွေးဖြန်းပက်လို့ရယ်
ဝန်းကျင်ရပ်ရပ်
မွေးလွန်းသည့် ပန်း။

ပန်းစံပယ်
ဆူးသားမ၀ိုင်း
ကိုင်းဖျားထိပ်ဆီ
မိုးလေမကြောက်
နေလောင်ထိလဲ ညိုးနွမ်းမမြန်တဲ့
ရဲရင့်သည့်ပန်း။

ပန်းစံပယ်
အမျိုးတူပြီး
အရောင်ကွဲပြား
ရနံ့တွေမတူညီတဲ့
ပန်းမျိုးပေါင်းလယ်
အဖြူပဲပွင့်
တမျိုးတည်းရနံ့နဲ့
သစ္စာဒီပန်း
စံပယ်ပန်း။

လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :