ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပန်းစံပယ်

Friday 4 November 2011


ပန်းစံပယ်
ရနံ့က ကြူကြူမွေး
အရောင်က ဖြူဖြူဖွေးနဲ့
မိုးသားမမျှော်
ရေလောင်းလဲပွင့်
သူ့အကျင့်က
မမှီခိုတဲ့ ပန်း။

ပန်းစံပယ်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါဘူး
အထီးကျန် တပင်တည်းပွင့်တဲ့ပန်းမဟုတ်လို့
ရိုးတံတွေ ခိုင်ခိုင်နဲ့
စည်းလုံးတဲ့ ပန်း။

ပန်းစံပယ်
ရနံ့တွေ မရိုင်းသလို
ဖူးစမှသည်
ကြွေလွင့်တဲ့ထိ
မွေးရနံ့တွေးဖြန်းပက်လို့ရယ်
ဝန်းကျင်ရပ်ရပ်
မွေးလွန်းသည့် ပန်း။

ပန်းစံပယ်
ဆူးသားမ၀ိုင်း
ကိုင်းဖျားထိပ်ဆီ
မိုးလေမကြောက်
နေလောင်ထိလဲ ညိုးနွမ်းမမြန်တဲ့
ရဲရင့်သည့်ပန်း။

ပန်းစံပယ်
အမျိုးတူပြီး
အရောင်ကွဲပြား
ရနံ့တွေမတူညီတဲ့
ပန်းမျိုးပေါင်းလယ်
အဖြူပဲပွင့်
တမျိုးတည်းရနံ့နဲ့
သစ္စာဒီပန်း
စံပယ်ပန်း။

လွင်ပြင်လှိုင်းငယ်

11 comments:

လမင်းငယ် said...

စံပယ်ပန်းလေး ပေါ်လွင်အောင်ရေးနိုင်ပါပေတဲ့ရှင်
အားပေးသွားပါတယ်

စံပယ်ချို said...

လွင်ပြင်ရေ
ပန်းစံပယ်အကြောင်းကို
မမ စံယ်လာဖတ်ခဲ့ပါတယ်

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ခံစားအားပေး သွား လျှက်...

Anonymous said...

စံပယ်လိုဖြူစင်တယ်..
စံပယ်ပန်းလေးလိုလှတယ်..
ယဉ်ယဉ်သာသာအနံ.လေးများစွာပေးတယ်..
စံပယ်တော.အရမ်းချစ်တယ်အေ...ကောင်းပါ၏
(Jasmin တောင်ကြီး)..အင်းးး
သူ.ကိုလဲချစ်ပါတယ်..

Anonymous said...

ပန်းစပယ်..နန်းလယ်..မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ..
ခံပွင့်ကို.ကုံး..တဲ့း))
ကိုလွင်ပြင်..ဖွဲ့ထားတဲ့ကဗျာလေးကြိုက်လို့
နာမည်ပြောင်းလိုက်ရင်ကောင်းမလားပဲ
သမီးစပယ်လို့လေ..းP
ချမ်းမြေ့ဖွယ်..နေ့လေး..ဖြစ်ပါစေရှင်
လေးစားလျှက်
သမီးစံ

AH said...

စံပယ်ပန်း ကို စံပယ်ပန်းဖြစ်အောင် ရေးတတ်တဲ့ အကို့ရဲ့ ပိုစ်လေးကို အရမ်းကြိုက်မိပါတယ် ခင်ဗျာ။ စံပယ်ကို စိုက်ရတာလည်းကြိုက်တယ်၊ ရေနွေးကြမ်းထဲ စံပယ်ပန်းခြောက်ထည့်သောက်ရတာလည်းကြိုက်တယ်..

ခင်မင်စွာဖြင့်
AH

ပိတောက် said...

စံပယ် တစ်ပင်စိုက်ထားတယ်၊ မပွင့်တာကြာပြီ၊ ပြီးခဲ့တဲ့ လပြည့်ညက လရောင်ကျနေတာ အရမ်းလှတယ်၊ အကယ်၍ အပွင့်သာရှိလို့ ကပိုလှမှာသေချာတယ်။

mstint said...

စံပယ်ပန်းလေးရဲ့ ဂုဏ်ဒြပ်တွေကို
ပေါ်လွင်ထင်ရှားစေတယ် လွင်ပြင်ရေ။
ကလောင်သွားလေးထက်ပါပေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အဖြူရောင်နတ်သမီး said...

စံပယ်ပန်းကဗျာလေး ခံစားဖတ်ရှုသွားပါတယ်..။

ဆူးသစ် said...

ကဗျာရေးရင် စိတ်ထဲရှိတဲ့အတိုင်းရေးတာရိုးသားမှုပါ။ ဒီကဗျာမှာ အဲဒါကို ကျွန်တော်မြင်မိတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ကတော့ ပြောဖူး ပါတယ်။ ကဗျာဆရာဟာ ရိုးသားရမယ်တဲ့။ ဂန္ထ၀င်ပဲရေးရေး၊ မော်ဒန်ပဲရေးရေး ရိုးသာဖို့ပဲလိုတာ။ ကျွန်တော်အဲဒါကို လက်ခံမိတယ်။ ဟိုဟာတွေက နည်းပညာတွေလို့ ကျွန်တော်နားလည်တယ်။ ခင်ဗျားလည်း လေ့လာလို့ရပါတယ်။ လေ့လာမွေးဖွားလို့မရတာက ရိုးသားမှုဗျ။ ကျွန်တော်တို့အတွက် ၀မ်းစာရယ်၊ အဲဒါရယ် အမြဲလိုပါတယ်။ ကျွန်တော့်အမြင်ပါ။ ကျွန်တော်ဆရာလုပ်ခြင်းမဟုတ်ပါခင်ဗျာ။ ရှယ်ခြင်းသက်သက်မျှသာပါ။ ဆက်ရေးဗျာ။ ကျွန်တော်လည်း ရှယ်နိုင်သလောက်ရှယ်ပါမယ်။ ရှိခဲ့ရင်ပေါ့။ ပြီးတော့ ခင်ဗျားလည်း လိုအပ်မယ်ဆိုရင်ပေါ့။

Unknown said...

အရမ်းကောင်းပါတယ် နော်အားပေးလျက် အရမ်းကြိုက်လို့ ယူသွားပါတယ် ဒီထက်မက
အောင်မြင်ပါ စေလို ဆုတောင်း ပေးပါတယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :