ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သစ်ရွက်နှင့်နွေ

Saturday 2 April 2016

0 comments
နွေကြိုတဲ့ပုရစ်ဖူးတွေ
အပင်ထိပ်မှာရှိနေပေမယ့်
နွေဟောင်းက သစ်ရွက်ခြောက်တွေ
ပင်ခြေအောက်မှာရှိနေပါတယ်လေ ။

ပုရစ်တွေဖူးလို့
အမြင်အေးပေမယ့်
ရွက်ခြောက်တွေလဲ
ကျန်တဲ့နွေက အေးရိပ်ပေးခဲ့တာပဲလေ ။

တရွေ့ရွေ့နဲ့
ပုရစ်ဖူးတွေလဲ
လေနုအေးနဲ့အတူ
ရွက်နုတွေဝေအပြီး
ရွက်ကြမ်းနဲ့အတူ
အပူငြိမ်းစေတဲ့
အရိပ်ရအပင်တောင်ဖြစ်နေပါပေါ့လား။

တဖြည်းဖြည်းနဲ့
ရွက်ခြောက်တွေလဲ
လေပြည်နဲ့အတူ
လေပြင်းနဲ့ဆော့လို့
ကန်ရေပြင်မှာမျောမလား
ရှို့မီးမှာလောင်မလားနဲ့
အတိတ်ကတော့ အရိပ်ပေးခဲ့တာပဲလေလို့
ဖြေတွေး တွေးရင်း လွင့်မျောလိုက်ပါ
သစ်ရွက်ကလေးများရေ ။


လွင်ပြင်လှိုင်းငယ်

4လပိုင်း 2ရက်နေ့ 2016





Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :