ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ထွက်ပေါက်

Sunday 2 November 2014

            တိမ်တခင်းလဲ နေမင်းရိပ်သိမ်းတဲ့ဆီပါသွားတဲ့နေ့က ပြိုင်ဘက်ကင်းကင်း နေမင်းက ပူလောင်ခြင်း
တွေဒီကမ္ဘာမြေပေါ်ဖြန်းကြဲချိန် ကျွန်တော်တစ်ယောက်လဲ အလုပ်အကိုင်မရှိယောင်ချာချာ ဦးလေးဆရာ
တစ်ယောက်ထံသွားလည်ခဲ့တယ် ။သူ့အိမ်ကိုရောက်တော့ အိမ်ထဲမှာဘယ်သူမှမရှိကြဘူး ဒါနဲ့အော်ခေါ်
လိုက်တော့ အိမ်နောက်ဘေးခြံထဲက ဦးလေးက ငါခြံထဲမှာလို့အော်ပြောတယ်။နေပူပူဒီဦးလေးတစ်ယောက်တော့ခြံထဲဘာလုပ်နေလဲလို့တကိုယ်တည်းရေရွတ်ပြီးသူရှိရာသို့အိမ်ထဲကိုဖြတ်ပြီးခြံထဲကိုဆင်းလာခဲ့သည် ။

             ဟော..တွေ့ပါပြီ ကုန်းကွကုန်းကွနဲ့သူစိုက်ထားတဲ့ ငရုတ်သီးခင်းက ငရုတ်သီးတွေခူးလို့
သူ့နားလျှောက်သွားရင်း
"ဦးရယ်နေကပူပူဒါတွေလုပ်နေရလား နေအေးမှဆရာမ(သူ၏အမျိုးသမီး)နဲ့အတူတူခူးပါ့လား"
"ဒီမယ် မောင်ရင် နေအေးတဲ့အထိအချိန်ကိုစောင့်နေရင်ကုန်သွားတဲ့အချိန်တွေကို မောင်ရင်ပေးနိုင်လား
မောင်ရင်းမပေးနိုင်သလိုဘယ်သူမှလဲမပေးနိုင်ဘူး" စကားသာပြောနေပေမယ့် မျက်လုံးနဲ့လက်က
ငရုတ်သီးအပင်ပေါ်မှာရှိနေသောသူ့ကို
"ဦးကလဲ ကျွန်တော်က စေတနာနဲ့နားနားနေနေ နေဖို့ပြောတာပါ ဦးတို့မှာ ဒီသီးပင်စားပင်တွေမစိုက်လဲ
ဈေးထဲမှာကြိုက်သလောက်ဝယ်စားနိုင်နေတာပဲ ဦးတို့တမိသားစုလုံးအလုပ်အကိုင်နဲ့ နေနိုင်စားနိုင်သူတွေပဲ ဘာကြောင့်ဒါတွေအပင်ပန်းခံလုပ်နေရတာလဲ"ကျွန်တော်အဲ့လိုပြောတော့ သူတစ်ချက်ကျွန်တော့်ကိုလှမ်း
ကြည့်ပြီး
"မောင်ရင်ဒါတွေကိုဘယ်လိုမြင်လဲ" "ငရုတ်ပင်နဲ့ငရုတ်သီးလို့မြင်တယ်လေ"ချက်ချင်းဖြေလိုက်တော့ "
ဦးလေးကကျွန်တော့ဘက်လှည့်ကြည့်ပြီး "အင်း မောင်ရင်မြင်တာလဲမမှားပါဘူး ဒါပေမယ့် ဦးအမြင်
ကဒါတွေဟာ ဦးလေးရဲ့စိတ်ထွက်ပေါက်ကွ" "ဗျာ ထွက်ပေါက်ဟုတ်လား ကျွန်တော်ကြားဖူးတဲ့ ထွက်ဆိုတာကတချို့က စိတ်ထွက်ပေါက်ကိုအရက် တချို့က သီချင်းစသဖြင့်ကိုယ်ကြိုက်တာနဲ့ထွက်ပေါက်ပေး
လိုက်ကြတယ် ဦးလေးကြတော့တမျိုးနော်" သူကတချက်ရီပြီး" လူအမျိုးမျိုးစိတ်အထွေထွေပေါ့ကွာ
ဦးလေးမောင်ရင့်ကိုစိတ်ထွက်ပေါက်ရှာတာလေးပြောပြမယ် ဥပမာကွာ အရက်သောက်ပြီး ထွက်ပေါက်ရှာတာသူ့အတွက်ရော ပတ်ဝန်းကျင်အတွက်ရောကောင်းလား" "ဟုတ် ဘယ်သူ့အတွက်မှမဟုတ်ပါဘူး"
ကျွန်တော်ဖြေတော့"ဒါပေါ့ ဘယ်သူ့အတွက်မှမကောင်းတဲ့ထွက်ပေါက်ရှာတော့ သူဘာဖြစ်မယ်ထင်လဲ
ထွက်ပေါက်ရှာပေမယ့် ၀င်ပေါက်မြန်မြန်နီးသွားတာပေါ့ " "ဗျာ ....ဘာဝင်ပေါက်လဲဗျ့" "မောင်ရင်ကလဲ
ဝင်ပေါက်ဆိုတာ သေမင်းဆီဝင်တဲ့ဝင်ပေါက်လေကွာ အရက်သောက်တော့မြန်မြန်သေတာကိုပြောတာကွ"
"ဟုတ် ဒါလဲဟုတ်တာပဲ ဒါနဲ့ဦးလေးရဲ့ အပင်လေးတွေနဲ့စိတ်ထွက်ပေါက်အကြောင်းလေးလဲပြောပြပါအုံး"
"ဒီလိုကွ အပင်လေးတွေစိုက်တော့ စစိုက်ပြီဆိုကတည်းက ဒီမျိုးစေ့က ဒီမြေမှာပေါက်ပါ့မလား
ငါပေါက်းထားတဲ့မြေကညက်မှညက်ပါ့မလား ပျိုးထားတဲ့မျိုးစေ့တွေက အညှောင့်ထွက်ပါ့ထွက်ပါ့မလားနဲ့
တချိန်လုံးစိတ်တွေကဒီအပင်ပေါ်ရောက်နေတာ ဒီတော့တခြားမဟုတ်တာလုပ်ဖို့ခေါင်းထဲရောက်တော့ဘူး
ပေါ့ကွာ အရက်ဆိုရင်တော့ တခွက်နှစ်ခွက်သောက်ပြီးတာနဲ့မဟုတ်တာလုပ်ဖို့နှိုးဆော်နေတော့တာပဲ
မဟုတ်ဘူးလား"မေးတော့ ချက်ချင်း " ဟုတ်ပါတယ်" လို့ကျွန်တော်ထောက်ခံတော့ ဦးလေးကဆက်ပြီး"
" ပျိုးစေ့လေးတွေမြေချအပင်လေးတွေထွက်လာတော့ စိုက်ရသူကစိတ်ချမ်းသာလာတယ် ဒါနဲ့အပင်တွေ
ကြီးထွားလာအောင်ရေလောင်းပေါင်းသင်နဲ့အချိန်တွေဟာကုန်မှန်းမသိကုန်သွားတာပေါ့ တိုတိုပြောရရင်
အသီးတွေရတော့ အိမ်လဲစားချင်သလောက်စား မိတ်ဆွေတွေလဲပေးချင်သလောက်ပေး ဘယ်လောက်
စိတ်ချမ်းသာဖို့ကောင်းလဲကောင်း ပိုက်ဆံလဲမကုန်ဘူး (ရေဖို့တော့ကုန်တာပေါ့)အသီးလေးတွေ ဘုရားလှူတော့ကုသိုလ်ရ ပိုလျှံတော့ရောင်းစားရတော့မိသားစုလဲအပိုဝင်ငွေရ မိတ်ဆွေတွေပေးစားတော့သူတို့လဲ
ပျော် ကဲကြည့် အားလုံးဟာကောင်းကျိုးတွေပဲမဟုတ်လား ဒါကြောင့်စိတ်ထွက်ပေါက်ရှာတယ်ဆိုတာ
ကိုယ်ရော ပတ်ဝန်းကျင်အတွက်ရောအားလုံးအကျိုးရှိဖို့လိုတယ်ကွ ဦးလေးကိုကြည့်မောင်ရင်တို့ဆရာမ
အလုပ်သွား သားသမီးတွေကျောင်းသွားနဲ့အိမ်မှာတယောက်တည်းကျန်နေပေမယ့်ပျင်းဖို့အချိန်တောင်မရှိဘူး ဒီထွက်ပေါက်လေးနဲ့အချိန်ကုန်သွားတာ ညနေမိသားစုပြန်ရောက်လာတော့သူတို့နဲ့အချိန်ကုန် ဘ၀ဆို
တာဒါပဲ ထွက်ပေါက်မမှားဖို့ပဲလိုတယ် မောင်ရင်လဲထွက်ပေါက်ရှာမယ်ဆိုကောင်းတဲ့ထွက်ပေါက်ရှာတတ်ဖို့
လိုတယ်နော်"လို့ စကားအရှည်ကြီးပြောပြီးမောလို့ထင်တယ်ဘေးမှာချထားတဲ့ရေနွေးကြမ်းအေးစက်စက်ကို
မော့သောက်ပြီး ငရုတ်ခင်းမှထကာ ကန်စွန်းခင်းဘက်ထွက်သွားလေတော့သည် ။
      ကျွန်တော်လဲဦးလေးကျောပြင်ကိုငေးရင်း အိမ်အပြန် ကုန်တိုက်သို့ဝင်ကာဝယ်ရန်စဉ်းစားထားသော
ဘီယာဘူးနှင့် မျိုးစေ့ထုတ်တလှည့် ငရုတ်သီးတောင့်နှင့် အမြည်းလုပ်စားမည့်အားလူကြော်တပြန်စဉ်စား
တွေးတော ဆုံးဖြတ်ကာ ဦးလေးကိုနှုတ်ဆက်ပြီး အိမ်အပြန်ဝယ်နေကျကုန်တိုက်ထဲသို့ဝင်ကာ...........

လွင်ပြင်လှိုင်းငယ်

မှတ်ချက် ။     ။ချစ်စွာသောစာဖတ်မိတ်ဆွေများ စာလုံးပေါင်းသတ်ပုံများမှားယွင်းလျှင်ပြင်ဆင်ဖတ်ပေးကြပါခင်ဗျာ ။

3 comments:

စံပယ်ချို said...

ဦးကျော်ဆွေအကြောင်းရေးထားတာပါလား နဲနဲဖတ်မိတာနဲ့သိလိုက်ပြီးသားပါ----------

Aunty Tint said...

မှန်ကန်တဲ့ထွက်ပေါက်လေး ဖတ်သွားတယ် လွင်ပြင်လေးရေ.... ၀င်ပေါက်မရောက်ခင် အကောင်းဆုံးပြင်ဆင်ထားတဲ့နည်းမှန်လမ်းမှန်လေးပေါ့။

3rdthameetaw said...

အဓိပ္ပါယ်ရှိတဲ့ စိတ်ထွက်ပေါက်ကို
မှန်ကန်စွာရွေးချယ်တော့
အားလုံးအတွက် အကောင်းဆုံးဖြစ်သွားတာပေါ့နော်
...ဒါနဲ့ ကုန်တိုက်ကနေ ဘာဝယ်ဖြစ်သွားလဲ ရှင်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :