ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကဗျာရှင်သို့

Friday 19 September 2014

1 comments
လွမ်းရိပ်ရယ် ပြို
တမ်းတကာငို
မှန်းမှန်းဆဆ
လွမ်းရပြန်တော့
ဒီမောင့်မှာငို ။
 
ကြင်နာခြင်းနွမ်း
နာကျင်စွာလွမ်း
ဝေဒနာလမ်း
လျှောက်ရပြန်တော့
ချစ်ခြင်းတွေအို ။
 
ပြိုတဲ့အလွမ်း
ငိုတဲ့နှလုံး
နွမ်းလျတဲ့ရင်
အသင်ရယ်
တခါတခေါက်
အရောက်လာပြီး
အရင်လိုပဲ
ချစ်ခြင်းဖွဲ့ ကဗျာတပုဒ်
စပ်ပေးစေချင် ။
 
လွင်ပြင်လှိုင်းငယ်
 

အချစ်သစ်နှင့်တွေ့ပြီ

Thursday 18 September 2014

4 comments
ဒိုမိန်းကုန်လို့
ငိုကာရီ(ရယ်)
အရုးမနှင့်
တူပါသည် ။

နံနက်လင်းလဲ
ပူပါသည်(နားပူသည်)
လင့်အသစ်လေး
ပြောင်းလားဟင် ။

ညဘက်ကြလဲ
ပြောပြန်သည်
ကဗျာသစ်လေး
သူတင်ချင် ။

ဒီနေ့ကြတော့
သူပျော်သည်
ဆိုဒ်သစ်လေးလဲ
သူပိုင်ပြီ ။

လွင်ပြင်လှိုင်းငယ်

 ဘုစခရု ဒိုမိန်းသက်တမ်းကုန်ပြီး ဘလော့ဖွင့်မရတော့ ဘလော့ဂါသူငယ်ချင်းတွေအပေါ်သူသံယောဇဉ်
တော်တော်ကြီးတာသိလိုက်ရတယ် ။ဗျာ ..ကျွန်တော်လား ကျွန်တော်လဲ ဘလောဂါသူငယ်ချင်းတွေကို
သံယောဇဉ်ကြီးပါတယ် ။
ဒါကတော့သူမရဲ့ လင့်အသစ်လေးပါ ပြန်ချိတ်ပေးကြပါနော် ။
http://jasminesweet.blogspot.com/

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :