ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အချစ်သစ်နှင့်တွေ့ပြီ

Thursday, 18 September 2014

ဒိုမိန်းကုန်လို့
ငိုကာရီ(ရယ်)
အရုးမနှင့်
တူပါသည် ။

နံနက်လင်းလဲ
ပူပါသည်(နားပူသည်)
လင့်အသစ်လေး
ပြောင်းလားဟင် ။

ညဘက်ကြလဲ
ပြောပြန်သည်
ကဗျာသစ်လေး
သူတင်ချင် ။

ဒီနေ့ကြတော့
သူပျော်သည်
ဆိုဒ်သစ်လေးလဲ
သူပိုင်ပြီ ။

လွင်ပြင်လှိုင်းငယ်

 ဘုစခရု ဒိုမိန်းသက်တမ်းကုန်ပြီး ဘလော့ဖွင့်မရတော့ ဘလော့ဂါသူငယ်ချင်းတွေအပေါ်သူသံယောဇဉ်
တော်တော်ကြီးတာသိလိုက်ရတယ် ။ဗျာ ..ကျွန်တော်လား ကျွန်တော်လဲ ဘလောဂါသူငယ်ချင်းတွေကို
သံယောဇဉ်ကြီးပါတယ် ။
ဒါကတော့သူမရဲ့ လင့်အသစ်လေးပါ ပြန်ချိတ်ပေးကြပါနော် ။
http://jasminesweet.blogspot.com/

4 comments:

Ma Tint said...

ပျောက်နေတဲ့ လွင်ပြင်လေး ဘုစုခရုလေးအတွက် ကဗျာလေးတစ်ပုဒ် ထွက်လာလို့ ၀မ်းသာပါတယ်။ ဂျက်ရဲ့လင့်ခ်အသစ်လေးချိတ်ပြီးပြီ .... ဘလော့ဂါအချင်းချင်း သံယောဇဉ်ကြီးကြတာ တုနှိုင်းမမှီ ..

မိုးညချမ်း said...

တီတင့်ပြောသလိုပဲ ... မကြီးဂျပ်ရဲ့ Blog လေး error နည်းနည်းဖြစ်သွားတော့ ပျောက်နေတဲ့ ကိုလွင်ပြင်ကြီး ကဗျာတစ်ပုဒ်နဲ့ ပေါ်ထွက်လာတော့တယ် ... :)

Thu said...

တော်ပါသေးရဲ့ ပြန်ရလို့။ဒီလင့်ခ်လေးပြန်ချိတ်ထားမယ်နော်

စံပယ်ချို said...

ပူတူးရေ
ကျေးဇူးနော် ဘုစုလေးကခုမှလာရေးရလို့နောက်ကျနေတာ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :