ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ချစ်ဇနီးအတွက် မွေးနေ့ကဗျာ

Friday, 28 December 2012

18 comments
ဒီဇင်ဘာနှင်းတွေကြာမှာ
စံပယ်ဖြူ တစ်ပွင့်
ရိုးသားတဲ့ ၀တ်ရုံကိုဆင်မြန်းလို့ရယ်
စမ်းချောင်းရဲ့ ဂီတသံနှင့်အတူ
မွေးရနံ့တွေဖက်ဖျန်း
ဒီကမ္ဘာမြေပြင်ကို သူ ရောက်လာခဲ့တယ် ။

ကြင်နာတတ်ခြင်းအပြည့်
သည်းခံခြင်းအပေါင်း
ရင်တွင်းမှာအောင်းနေသူလေးမို့
ရိုးရိုးလေးပဲ အမည်ပေးခဲ့ဖူးတယ်
ဒီဇင်ဘာယုန်ဖြူလေးရယ် ။

ချူချူချာချာနဲ့ လူဖြစ်လာရပေမယ့်
အများတကာရဲ့ အကျိုး သယ်ပိုးဖို့ဆိုရင်
မြင့်မိုရ်တောင် အကြိမ်ကြိမ်တက်
အကြိမ်ကြိမ်ဆင်းရစေအုံးတော့
မမောမပန်း ပိတိအပြုံးပန်း
ထာဝရပွင့်လန်းနေတတ်သူ  ။

အများတကာအလယ်
သနားစဖွယ် ယုန်သူငယ်
ဆိုစေပေမယ့်
မတရားတာဆို
ကျားရဲတောလဲ
ရဲရဲဖြတ်ကျော် ရင်ဆိုင်ဝံ့သူ  ။

အလှူတွေရက်ရောတဲ့ သူ့လက်က
ကဗျာတွေလဲထွက်တယ်
စကားတွေမချိုတတ်ပေမယ့်
စေတနာတွေပိုတတ်တယ်
အရာရာကို ရိုးသားစွာမြင်တတ်သူမို့
ဒီကမ္ဘာမှာ တန်ဖိုးရှိတဲ့ ပန်းစံပယ်လေးမို့
ထာဝရ ချစ်မြတ်နိုးရလေတယ် ။

လွင်ပြင်လှိုင်းငယ်

ကမ္ဘာပျက်ရင်တောင် ကဗျာအသက်နဲ့ သူ့ရင်မှာရှိနေသူ

Wednesday, 19 December 2012

22 comments
အထာကျ  မကျတော့ မသိဘူး
ကမ္ဘာပျက်မယ် ကမ္ဘာပျက်မယ်နဲ့
သတင်းစကားတွေ ကြားရတာကြာခဲ့ပေါ့
၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်တဲ့
သက်ထက်ဆုံးမက
သံသရာဆုံးထိ
သူ တစ်ယောက်သာ
ချစ်ဖို့ ဆုံးဖြတ်ထားတဲ့
နှလုံးသားက
ခပ်ပြုံးပြုံးလေးပဲ ပြောလိုက်တယ်
ကမ္ဘာပျက်ပေမယ့်
သူ့ကိုချစ်တဲ့ အချစ်က ဘယ်သောအခါမှ
ပျက်မှာ မဟုတ်တဲ့ ။

သဘာဝကျ မကျတော့ မသိဘူး
ကမ္ဘာပျက်မယ်ဆိုရင်
ခန္ဓာတွေ ပျက်သုန်းသွားနိုင်ပေမယ့်
ချစ်ခြင်းတရားတွေ ဒီကမ္ဘာပေါ်မှာ
 ကျန်ရစ်နေခဲ့လိမ့်မယ်
အမုန်းစကားတွေ ဘယ်သူမှ ကြားနိုင်တော့မှာ
မဟုတ်သလို
အပြုံးတွေနဲ့ ဒီကမ္ဘာကို
သူ့လက်ကို တွဲပြီး ရဲရဲကြီးနှုတ်ဆက်သွားပါ့မယ် ။

ဖြစ်နိုင် မဖြစ်နိုင်
အငြင်းစကားတွေနဲ့
အချိန်တွေမဖြုန်းမနေတော့ဘူး
မရေရာတဲ့ သတင်းစကားတွေနဲ့
ဘယ်သူ့နှလုံးသားကိုမှ
လိပ်ပြာမလွင့်စေချင်လို့
ယုံကြည်ချက်တစ်ခုတော့
ကမ္ဘာမြေသိအောင်တိုင်တည်ချင်နေမိတယ်
ချစ်ခြင်းတွေရှိနေသေးတဲ့ ဒီကမ္ဘာမှာ
စစ်မီးတွေဘယ်လောက်ပဲလောင်လောင်
သိပ္ပံပညာရှင်တွေဘယ်လောက်ပဲ တော်တော်
ပျက်စီးခြင်းမရှိသေးတဲ့
ဒီနေ့ကမ္ဘာကို
မနက်ဖြန်ပျက်မယ်ဆိုတာ မသေချာသေးလို့
ဘုရားဟောတဲ့ တရားတွေ နှလုံးသားမှာ မှတ်
သူ့လက်ကို တင်းတင်းဆုပ်ပြီး
၂၁ရက်ကို မထူးခြားတဲ့ရက်လို့
အသိတရားထဲထည့်
၂၂ရက်နေ့မှာ
မိတ်ဆွေတို့ရဲ့
ခံစားချက် ရသ ကဗျာတွေ
ကျွန်တော့်တို့ နှစ်ယောက်လာဖတ်ပါ့မယ် ။

လွင်ပြင်လှိုင်းငယ်

ချိုချိုချစ်အတွက် ခြောက်နှစ်မြောက်မင်္ဂလာဆုတောင်း

Monday, 10 December 2012

14 comments
ချစ် တတ်တဲ့ အရွယ်
ကို ယ့်ရင်မှာဝယ်
ကို ယ့်ရင်မှာ ရင်ခုန်သည်မှစ
ငြိမ်း အေးစေတဲ့
မင်း ရဲ့ရုပ်လွှာ
အေး မြစေပြီး
ခြောက် ကပ်တဲ့ကိုယ့်ဘ၀ထဲ
နှစ် ပေါင်း ထောင်ချီ
ကျော် ကြားတဲ့ ရမ္မက်ကင်း
သံ သရ ကင်းကင်း
ဘောဖြူဖြူ
ရာ သက်ပန်
ချစ်ဆုံးအဖြစ်
ဆက် နွယ်တဲ့ ရှေ့ရေစက်
ဆက် သွယ်တဲ့ ရင်ခုန်သံ
ပေါင်း ဖက်လို့ရယ်
ဖက် တွယ်တာ  မေတ္တာရယ်မို့
စေ ခိုင်းတာ နှလုံးသားစကား
သာ သည်နာသည်မရှိ ချစ်ပါရစေသာ ။

ချိုချိုချစ် အတွက် ခြောက်နှစ်မြောက် မင်္ဂလာဆုတောင်း

လွင်ပြင်လှိုင်းငယ်


နှလုံးသားလွင်ပြင်ပေါ်မှ တပွင့်တည်းသောပန်းစံပယ်

Wednesday, 5 December 2012

19 comments

သံယောဇဉ်တွေ
ထပ်ထပ်ပေးပြီး
ချစ်ခြင်းရဲ့ မြက်ခင်းလေးမှာ
အတ္တကင်းတဲ့
ရိုးသားတဲ့ ခြေလှမ်းတစ်စုံနဲ့
ငါ့ရင်ခွင်နန်းကို
နင်ဝင်လာတုန်းက
ကာရံနမ်းတဲ့
ကဗျာပန်းတွေ
စံပယ်ရနံ့နဲ့
ထုံထုံသင်းတာ
ငါ့နှလုံးသားလွင်ပြင်ပေါ်မှာဝယ် ။

မချစ်ဖူးလို့
အချစ်ရူးတာ မဟုတ်ပါဘူး
မဖြစ်ဖူးတဲ့
သံယောဇဉ်ထူးမို့
မေ့လို့မရ
အမုန်းသင်ခန်းဆိုတာ
နှလုံးသားက သင်ခွင့်မပြုတဲ့
တားမြစ်စာမျက်နှာမို့
အလွမ်းအစား
အနမ်းတွေပြည့်တဲ့
နှုတ်ခမ်းဖျားက
မုသား ပလီပလာတွေ 
မဆိုးထားမှတော့
နှလုံးသားစကား
တိုက်ရိုက်ကြား
အမှားတွေကင်း
ဆူးတွေရှင်းတဲ့
ပန်းစံပယ်က
နှလုံးသားလွင်ပြင်မှာ
အပြည့်စိုက်ထား
ဒါကို အရူးတစ်ယောက်လို့ ခေါ်မလား ။

ငါအမှားတွေရှိပေမယ့်
နားလည်မှု့တွေ ထားတတ်တဲ့
နင့်ရဲ့ ဖြူစင်တဲ့ နှလုံးသားပေါ်ဝယ်
အရောင်လဲ မဆိုး
ဒဏ်ရာမပေး
ဝေဒနာ ဟို့..... အဝေးပြေးစေပြီး
နှလုံးသားနှစ်စုံ
ချစ်ခြင်းတစ်စုံနဲ့
နှစ်ယောက်တစ်ဘဝ
ခဏလေးတောင်
ဝေးမနေနိုင်ပေါင် ။


လွင်ပြင်လှိုင်းငယ်
 

အလွမ်းရဲ့ ငိုသံနဲ့ ပြောတဲ့စကား

Monday, 3 December 2012

14 comments
 ချစ်သူ
ကောင်းကင်က တိမ်ငိုသံဟာ
အမြဲမဟုတ်ပေမယ့်
ငါ့ရင်က
နင့်ကို လွမ်းတဲ့
နှလုံးသားငိုသံတွေရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့
လွမ်းဆွေးခြင်း မြစ်ငယ်
ဆယ်ကမ္ဘာခြားလဲ
မပြတ်စီးဆင်း
နှလုံးသားမှာ 
အလွမ်းအိုင်ဖြစ်နေပါပြီ ချစ်သူ ။  နှင်းတွေမြူတဲ့
ဆောင်းမနက်မှာ
တွဲလက်တစ်စုံနဲ့
ချစ်ခင်သူတို့ရယ်
ဆီးနှင်းတွေ ချစ်ရည်လူးတော့
အေးစက်တဲ့ ငါ့လက်တစ်စုံက
နှလုံးသားကို မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်
တွဲလက်က နှုတ်မဆက်ပဲ
ထွက်ခွာသူရေ ။  ကောင်းကင်ကကြယ်တခင်းအမြဲမလင်းပေမယ့်ငါ့ရင်ကနင့်ကိုချစ်ခြင်းကတော့နှလုံးသွေးတွေရပ်အိပ်မက်တွေ လွင့်ပျောက်သွားလဲနင်က သံသရာတလျှောက်ငါ့နှလုံးမှာထင်ကျန်နေမယ့်ချစ်ခြင်းကျောက်ဖြစ်ရုပ်ကြွင်းသစ္စာရဲ့ အလင်းတံခါးလေးတစ်ခုပါ ။   အနေမနီးပေမယ့် ဖြေတွေးစရာရိုးသားတဲ့ နင့်ရဲ့စိတ်ထားဓါတ်ပုံငါ့မှာရှိတယ် ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာပါဟာ ။  ဝေးမယ့်အဖြစ်ကိုမတွေးထားပေမယ့်ဆွေးရတဲ့ရင်မှာ ခံနိုင်ရည်ကိုအချိန်နဲ့ ကုစားနီးရမယ့် တချိန်မှာပြောင်းလဲခြင်းတရားတွေနင့်ရင်မှာ 
မရှိပါစေနဲ့လို့တောင်းဆုတွေခြွေရင်းမနေ့ကထက်ဒီနေ့က နင်နဲ့နီးဖို့ပိုနီးသွားပြီပေါ့ ။    လွင်ပြင်လှိုင်းငယ်     

စိတ်ကိုအိမ်သာတက်ခြင်း

Sunday, 2 December 2012

12 comments
လူ့ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ? ။ငွေကြေး ပိုက်ဆံလား? အာဏာလား?အောင်မြင်ကျော်

ကြားမှု့လား?တီထွင်နိုင်မှု့စွမ်းအား? လားပေါင်းများစွာနဲ့ အရေးကြီးဆုံးကို မတွေးတတ်တော့ပါဘူး ။
လူအမျိုးမျိုး စိတ်ထွေထွေဆိုတာမျိုးပါပဲ လက်ချောင်းလေးတွေမတူညီသလို လိုအင်ဆန္ဒတွေလဲဘယ်သူညီနိုင်ပါ့မလဲ ။ သို့ပေမယ့်လဲ လူသားတိုင်းအတွက် အရေးကြီးဆုံးနဲ့ လူအင်ဆန္ဒထပ်တူကျတာတစ်ခုတော့ရှိတယ် အဲ့ဒါဘာလဲဆိုတော့ ကျန်းမာရေး ။ ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် အုပ်ချူပ်သူကော အုပ်ချူပ်ခံ အတန်းအစားမရွေး ဘာသာမရွေး လူမျိုးမရွေးတောင်းတ လိုချင်တာကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ကျန်းမာရေးကောင်းမှလဲ လူတွေဟာ စိတ်သွားတိုင်းကိုယ်ပါ လိုချင်တဲ့ခရီး သွားလိုရာပန်းတိုင် ဖြောင့်ဖြောင့်လေးလှမ်းနိုင်မယ်မဟုတ်လား ။ 
 
ကျန်းမာရေးဆိုတာကလဲ ငွေရှိတိုင်းကောင်းနိုင်တာမဟုတ်တဲ့ ဘက်မလိုက်တဲ့အရာဖြစ်နေတော့ ဥစ္စာကံစောင့် အသက်ကို ဥာဏ်စောင့်ဆိုတဲ့ဆိုရိုးစကားပေါ်လာတာပေါ့ ။ ထို့ကြောင့်လူတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု့တွေလုပ်တယ် ဆေးဝါးတွေမှီဝဲကြတယ် ကိုယ်နဲ့ တည့်မဲ့အစားအစာတွေကိုရွေးစားကြတယ် ဒီလိုနဲ့ကျန်းမာရေးကောင်းအောင်အမျိုးမျိုး ကာကွယ်ရင်းနဲ့ ကုသခြင်းတွေလုပ်ကြတာပေါ့။အဓိကလုပ်တာကတော့ အစာအိမ်အတွက်ပါပဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားမှ ကျန်းမာဝဖြိုးအလှတိုးမှာဖြစ်သောကြောင့် ဆေးလဲအစာ အစာလဲဆေးမို့လူတွေဟာ နေ့စဉ်အာဟာရဖြစ်မယ့်အစာကိုစားသုံးကြတယ် အစာမစားရင် အသက်မရှင်နိုင်တာမို့ ကြီးကြီးငယ်ငယ်အားလုံးဟာ အဓိကကျတဲ့ အစာကို စားသုံးကြတယ် အစာကိုစားသုံးပြီး နောက်ဆက်တွဲကတော့ အစာချက်ပြီးရင် လိုအပ်တဲ့အရာတွေ သက်ဆိုင်ရာအစိတ်အပိုင်သို့ပို့ပေးပြီး မလိုတဲ့အရာတွေကိုတော့ "မစင်" ဆိုပြီးစွန့်ထုတ်ဖို့ အိမ်သာတက်ကြရတာပါပဲလေ ။ လူတွေအားလုံးဟာ အိမ်သာကို နေ့စဉ် တနေ့တကြိမ်တော့ တက်ကြရတာပဲ တကယ်လို့ တနေ့တကြိမ်မှ ၀မ်းမသွားရင် ဗိုက်ထဲကအောင့်ပြီး မအီမသာနဲ့ နေမထိထိုင်မသာဖြစ်ပြီး အမျိုးမျိုးအိမ်သာတက်ချင်အောင် ဆေးခန်းပြ ၀မ်းနှုတဆေးနဲ့ အညစ်အကြေးကို အမျိုးမျိုးစွန့်ထုတ်တတ်ကြပါတယ် ။ င်္ဒီလိုစွန့်ထုတ်နိုင်မှလဲ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းနိုင်မယ်မဟုတ်လား။ထို့ကြောင်းလူသားတွေဟာ အိမ်သာကို တနေ့တခါတော့အနည်းဆုံးတက်သင့်ပါတယ်။ဆိုလိုသာကတော့ လူတွေဟာ ကျန်းမာရေးအတွက်အိမ်သာရပါမယ်။နောက်တစ်ချက် နှလုံးသားလှဖို့ စိတ်ထားလှဖို့ မကောင်းတဲ့အရာတွေများများမလုပ်ဖို့ ကျန်းမာရေးအတွက် အိမ်သာတက်သလို စိတ်ထားအတွက် လူသားတိုင်း စိတ်ကိုအိမ်သာတက်ခိုင်းရင်ကောမကောင်းဘူးလား။
               စိတ်ကိုအိမ်သာတက်တယ် ဒီလိုပြောရင် ရီစကားများဖြစ်နေမလားမသိဘူးနော် တကယ်တော့ စိတ်ကို အိမ်သာတက်ဖို့လိုမယ်လို့ ကျွန်တော်တော့မြင်တယ် ဘာကြောင့်လဲဆိုတော့ လူတွေဟာ နေ့စဉ်ဝမ်းရေးအတွက် အလုပ်လုပ်ရင်း မကောင်းတဲ့စိတ်တွေ လိမ်ညာတဲ့စိတ်တွေနဲ့ ကိုယ်ခန္ဒာမှာပြည့်နေပါလိမ့်မယ်(အားလုံးကိုမဆိုလိုပါ) ဒါကြောင့်နေ့စဉ်မှန်မှန် ညမအိပ်ခင် ၁၀မိနစ်လောက်ထိုင် မျက်စိလေးမှိတ်ပြီး ဒီနေ့ငါဘာတွေကောင်းတာလုပ်ခဲ့လဲ မကောင်းတာတွေကို ဘာလုပ်ခဲ့လဲ ပြန်တွေးပြီး ကောင်းတာလုပ်တဲ့စိတ်တွေကို နှလုံးသားထဲထည့် မကောင်းတာလုပ်ခဲ့တဲ့ စိတ်အညစ်အကြေးတွေကို စွန့်ထုတ်လိုက်မယ်ဆိုရင် မနက်ဖြန်အတွက် ယနေ့ရဲ့စိတ်အညစ်အကြေးတွေကင်းစင်သွားနိုင်ပါတယ်။လူ့ဘ၀မှာ အရေးကြီးဆုံးက စိတ်ကို လွတ်လပ်ပေါ့ပါးပြီး စိတ်ထားလေးဟာ မညစ်နွမ်းပဲ ဖြူစင်နေရင် မြင်မြင်သမျှဟာလဲ အပြစ်ပြောစရာမရှိတဲ့ အသစ်အတိုင်းပဲ မြင်နေပါလိမ့်မယ်  ။ ရှင်သန်ခြင်းရဲ့ သက်တမ်းမှာ စိတ်ထားကို မြင့်သထက်မြင့် လှသထက်လှအောင်နေသွားမယ်ဆိုရင် သောကများများ ရောဂါများများနဲ့အထီးကျန်ရင်း ဘ၀ကိုဖြတ်သန်းစရာမလိုတော့ပါဘူး။လူတစ်ယောက်ဟာ အဓိက စိတ်လှဖို့ပါ ရုပ်လှပေမယ့် စိတ်မလှတဲ့သူကို သင်မြင်ဖူးပါလိမ့်မယ် သူ့အလှဟာသူ့စိတ်ကိုမသိခင် ခဏတာပဲ လှပပြီးတော့ သူ့စိတ်ကို သင်သိရာမှစလို့ သူဟာ ဘယ်တော့မှ သင့်မျက်စိနဲ့ ပတ်ဝန်းကျင်မျက်စိမှာ အကျည်းတန်ရုပ်ဆိုးနေပါ့လိမ့်မည်။ ရုပ်မလှပေမဲယ့် စိတ်လှတဲ့ သူကတော့ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မ၀တဲ့ ပန်းချီးကားတချပ်လိုပါပဲ။စိတ်ဆိုတာ ပြုပြင်ပြောင်းလဲယူလို့ရတဲ့ အရာမို့ စိတ်ကို အမြဲတမ်းဆန်းစစ်ပြီး မကောင်းတဲ့စိတ်တွေကိုထုတ် ကောင်းတဲ့စိတ်တွေကို နှလုံးသားမှာစုပြီး ဘ၀ကို လှပစွာ ကြည်နူးစရာအပြည့်နဲ့ လှမ်းလျှောက်လိုက်ပါ။

             စိတ်ကို အိမ်သာတက်ခြင်းသည် တနေ့ ၁၀မိနစ်လောက်ဆိုပေမယ့်လဲ အကျိုးကျေးဇူးကတော့ ဖော်ပြလို့မရတဲ့ အတိုင်းအသာအထိ သင့်ကို အကျိုးကျေးဇူးပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတော့  ဒီနေ့မှ စလို့ စိတ်ကို အိမ်သာတက်ကြည့်ရအောင်လား   ။

(မရေးတတ်ပေမယ့် အတွေးလေးတွေကို လေးစားရပါသော သင်ဆရာ မြင်ဆရာ ၀ါသနာတူများကို ရေးချပြတာဖြစ်လို့ အမှားအယွင်းရှိပါက လွင်ပြင်ကို နားလည်ပေးနိုင်ကြပါစေ)
 
အလုပ်ကများနေလို့  ဒီပို့လေးကို နှစ်ချို့ဝိုင်လို့ သဘောထားပေးကြပါနော် ။တကယ်တော့ ဆားချက်တာပါ ဟိ ။အားလုံးကို သတိယလျက် 

လွင်ပြင်လှိုင်းငယ်

နှစ်သိမ့်ကဗျာ

Wednesday, 28 November 2012

14 comments
နာကျင်နေချိန်
ကြင်နာဖူးတဲ့
သူ့ရဲ့ ယုယ
ပြုစုမှု့တွေး
နှလုံးသားကို
နားလည်မှု့တွေ
ချကျွေးလိုက်တော့
နာကျင်တယ်ဆိုတာ
ဒဏ်ရာမဟုတ်တော့ဘူးပေါ့ ။

သူကပစ်ပြေးပေမယ့်
အချစ်ကြွေးတွေ
ရှေ့ဘ၀ကထင်ကျန်
ငါ့အမှားများလို့
ထားသွားပါလား
ဖြေတွေးတွေးရင်း
အမုန်းမျိုးစေ့
ရင်မှာမကြဲ
မစဲတဲ့အချစ်မိုးနဲ့
နှလုံးသားကို စိမ်းလန်းပါစေ ။

ကိုယ့်ရဲ့ လိုအင်ဆန္ဒထက်
သူ့လိုချင် တက်မက်
ချစ်ခြင်းများအတွက်
ဘ၀ကိုပေးရင်း
နှလုံးသားနှစ်ခု
ဦးနှောက်နဲ့ ဂရေဆက်ပြီး
လူ့အလိုနတ်မလိုက်နိုင်ပေမယ့်
သူ့အလို ကိုယ်လိုက်နိုင်အောင်ကြိုးစား
အမှားတွေရှိရင်
အမှန်ဖြစ်အောင်
ကြိုးစားပြုပြင်ရင်း
ဘ၀အလင်းတံခါး
အတူတူတွန်းဖွင့်ထား ။


လွင်ပြင်လှိုင်းငယ်





အချစ်ရဲ့ စေတမန်

Friday, 23 November 2012

13 comments
အဝေးအနီးရဲ့ သဘောက
ဘာလဲ ?
ဝေးတယ်ဆိုတာ အတွေးမှာ
တကယ်မရှိလို့သာဝေးနေတာပါ
ဘယ်လောက်ပဲဝေးဝေး
နှလုံးသားကိုခုန်စေတဲ့
သွေးကြောမျှင်ဟာ နင်ဖြစ်နေလေတော့
ငါ့ကမ္ဘာမှာ အနေဝေးပေမယ့်
သေချာတာ နင်က ငါ့အနီးဆုံးရင်ခုန်သံလေးပါ  ။

အချစ်သဘောကို
အပြည့်အ၀နားမလည်ပေမယ့်
ဖြည့်လေ ဖြည့်လေ မပြည့်တဲ့
နင့်ကိုချစ်တဲ့ ချစ်ခဲ့ခြင်းတွေ
သိုသို သိပ်သိပ်နဲ့
မယိုဖိတ်အောင်
ငါ့နှလုံးသားအိုးထဲကို
စက္ကန့်တိုင်း ဖြည့်နေတယ် ချစ်သူရယ် ။

အလွမ်းတွေထမ်း
မျှော်လင့်ချက်ကို ဖက်တွယ်
နင့်အချစ်ရဖို့အရေး
လမင်းဆီမှာ နင်ရှိရင်တောင်
နှလုံးကို အတောင်တတ်
မရောက်ရောက်အောင် နင့်ထံတော်ပါး
ငါပျံသန်းခဲ့မယ် ချစ်သူရယ် ။

 နင်သာပျော်မယ်ဆိုရင်
 တိမ်တွေခင်းတဲ့လမ်းမှာ
ကြယ်စင်တွေအလင်းနဲ့
လမင်းအောက်မှာ
ငါတို့နှစ်ယောက်လျှောက်ကြတာပေါ့ ။

နင်အလိုရှိရင်
ကောင်းကင်ကို ဖြဲဆုတ်
စာအုပ်ချုပ်ပြီး
ငါ့နှလုံးသွေးစက်များနဲ့ရေး
နင့်ကဗျာစာအုပ်လေးလဲ လှစေပါ့မယ် ။

အလင်းရှိမှ အရိပ်ရှိသလို
 အတိတ်ရဲ့ မနက်ဖြန်တိုင်း
နင်က ငါ့အရိပ်တစ်ခုပေါ့ 
စောင့်စားသူအတွက်
အချိန်က လိပ်သွား သွားသလို
အလွမ်းတွေဖက်အိပ်တဲ့ညတွေကလဲ
တိတ်တိတ် ကလေးကြယ်ကြွေတွေနှင့်အတူ
အထီးကျန်ညတွေရှည်လျားလွန်းပေမယ့်
နင့်အချစ်မိုးတွေ နှလုံးသားမှာ
ရွာသွန်းမည့်နေ့
နွေခေါင်ခေါင်လဲ ငါစောင့်နေပါ့မယ် ချစ်သူ ။

မှတ်ချက်။        ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ဌားထားပါသည် ။

လွင်ပြင်လှိုင်းငယ်

ကလေးတစ်ယောက်ရဲ့ ရှေ့ရေး

Tuesday, 20 November 2012

16 comments
အငိုနဲ့စတဲ့လူ့ဘဝ
ငိုကြွေးခြင်းအခမ်းအနားနဲ့ ဆုံးတာ
သဘာဝဆိုပေမယ့်လဲ
အပြုံးတွေ ပန်ဆင်
မေတ္တာ ၀တ်ရုံနွေးနွေးလေးဝတ်ပြီး
လက်ထဲကို ဓါးထည့်သူကထည့်
အားထည့်သူကထည့်နဲ့
ဘ၀မှာ ပျော်စရာများလှသူတွေလဲ
အများသားနော် ။

အငိုနဲ့စ
ဝမ်းနည်းမှု့ခြေလှမ်းနဲ့
ဘ၀စာမျက်နှာလေးများလှလာမလား
မျှော်မှန်းရင်း
ကြည်နူးဝေဖြာ ပိတိများနှင့်
မိဘမေတ္တာလောကရုပ်ရှင်ကိုမြင်တွေ့ရင်
ရင်နာစရာအဖြစ်နဲ့
အမေ ဘယ်ဆီ အဖေဘယ်ဝယ်နှင့်
ကောင်းကင်ကြီးကိုမော့ကြည့်သူကကြည့်
မြေကြီးကို ငုံကြည့်သူကကြည့်နဲ့
ထွက်စရာမျက်ရည်တောင်
အစာရေစာမ၀လို့
ပေါပေါသီသီမထွက်နိုင်သူ
မိဘမဲ့ကလေးတွေလောကမှာ ဒုနဲ့ဒေးပါလား ။

ရှေ့ဘ၀က ကောင်းမှု့ကြောင့်
ဒီဘ၀မှာ လိုတရသူတွေများပေမယ့်
နောက်ဘ၀မှာ ကောင်းဖို့
ဒီဘ၀မှာ လှူချင်ပေမယ့်
အတူနေရတာ ဒုက္ခဆိုတော့
နောက်ဘ၀ဆိုတာရှိမှာကို ကြောက်သူလဲရှိနေမပေါ့ ။

ကျောင်းစာတွေအံနေတဲ့
ပျော်ရွှင်သူတွေရှိနေသလို
ကျောင်းတော်ကြီးဘေးမှာ
ချောင်းနေတာ
ဘယ်သူများ ပလက်စတစ်(သို့မဟုတ်)
စားစရာလက်ကျန်မုန့်လေးများပစ်မလားနဲ့
မျှော်လင့်ချက်လက်ကျန်လေးနဲ့
ဝမ်းတထွာအတွက် ဘ၀စာသင်နေသူများလဲ
ရှိနေလေရဲ့ ။
 
ကံရေးမလှ 
ဘ၀ပေးအခြေအနေက စုတ်ချာနေတော့
ကလေးတစ်ယောက်ရဲ့ မျက်ရည်စက်တွေ
ဝမ်းနည်းမှု့ နာကျည်းချက်တွေက
အမှိုက်ပုံဘေး
ပလက်ဖောင်းဘေးမှာ
ဘယ်သူမှမတွေ့ပဲ ကျော်ဖြတ်ခံ
အနင်းခံနှင့် ဘ၀မှာ
မျက်ရည်မြစ်ထဲ ကူးခတ်ရင်း
ဝမ်းစာအတွက် ရိုးသားနေတဲ့ 
ကလေးတွေအများကြီးပါလားနော် ။

ဘာပဲဖြစ်ဖြစ်
ကလေးတစ်ယောက်ရဲ့အတွေး
မနက်ဖြန်တိုင်းမှာ
မျှော်လင့်ချက်ရှိဖို့
ဘာမှမပေးနိုင်ရင်တောင်
အပြုံးလေးတစ်ပွင့်
အားရှိမယ့် စကားလေးတစ်ခွန်ဖြစ်ဖြစ်နဲ့
နှစ်သိပ့်ပေးမယ်ဆိုရင်
မိဘမဲ့ပေမယ့် ဘ၀ကိုရဲရဲဖြတ်ကျော်
လောကမှာ အလှပန်းတွေတိုပွားပွင့်လို့နေမှာပေါ့ ။

လွင်ပြင်လှိုင်းငယ်

အဖြူရောင်နတ်သမီးအတွက်မွေးနေ့လက်ဆောင်

Sunday, 18 November 2012

16 comments

အ   မေတစ်ယောက်ရဲ့ နာကျင်တဲ့ဝေဒနာကို ချစ်ခြင်းနဲ့အနိုင်ယူ ပိတိဖြာတဲ့နေ့

ဖြူ   စင်တဲ့မေတ္တာတွေ ကမ္ဘာကို လွမ်းမိုးတဲ့နေ့

ရောင် စဉ်သစ်နဲ့ လောကကို အလှဆင်မယ့်ရက်

နတ်  သမီးအပေါင်းရဲ့ အလှတရားတွေခစားတဲ့နေ့

သ  မီးအလိမ္မာကို အမေတစ်ယောက်ရဲ့ အနမ်းဦးစတင်ပေးတဲ့နေ့

မီး  လင်းသလို အမှောင်ခွင်းပြီး ကမ္ဘာကို အလင်းပေးမယ့်သူမွေးဖွားတဲ့နေ့

နမ်း မ၀တဲ့အမေတစ်ယောက်ကို ချစ်ခြင်းအားအင်နဲ့ နေ့သစ်တွေပေးတဲ့နေ့

ဟုတ်မခံ စိတ်ရင်းမှန်နှင့် ရိုးသားတဲ့ နတ်သမီးတပါးမြေပြင်ပေါ်သို့ဆင်းသက်တဲ့ရက်

  လုံးလေးမှစ လောကကို တိုးတက်အောင် ကြံဆောင်မယ့်သူ ရောက်ရှိသည့်နေ့

မွေး ဖွားစကတည်းက လောကဒဏ်ကို အံတု ပန်းဝင်သည်အထိရိုးသားသော ခြေလှမ်းစသည့်နေ့

နေ့ သစ်များစွာအတွက် ကဗျာလက်နဲ့ ဘ၀ပန်းချီကားလှလှခြယ်သရန်ရောက်လာသည့်နေ့

လက် တစ်စုံမှာ ချစ်ခြင်းမေတ္တာတွေပဲမို့ ကိုင်ဆောင်တဲ့အရာမှန်သမျှ ဖြူစင်ခြင်းတွေဖြစ်တဲ့နေ့

ဆောင် ယူလာတာ ကောင်းခြင်းတွေမို့ အနာဂါတ်ရဲ့ သူရဲကောင်းသမီးပျိုရဲ့ မွေးနေ့မင်္ဂလာရက် ။


၁၉-၁၁-၂၀၁၂ တွင်ကျရောက်သော အဖြူရောင်နတ်သမီးအတွက်မွေးနေ့လက်ဆောင်

လွင်ပြင်လှိုင်းငယ်

နင့်အတွက်ကဗျာ

Friday, 16 November 2012

16 comments
နှလုံးသားက ကဗျာတစ်ပုဒ်ရေးခိုင်းတယ်
ခံစားမှု့က ကာရံပေးမယ်တဲ့
အကြင်နာလွင်ပြင်ကလဲ ဖြူစင်တဲ့ သူ့ရင်မှာရေးပါဆိုတော့
အားကျမခံ
နှလုံးသွေးက လိုသလိုသုံးပါပြောတော့
မျက်ဝန်းမှာမြင်တဲ့ နင့်ရုပ်လွှာအေးမြမြ
တော်ဝင်တဲ့ပန်းချီကား
ကြည့်ပါများတော့ရိုးသွားပေမယ့်
တရေးနိုးထကြည့်တောင်း
ဘယ်တော့မှ မရိုးတဲ့ ငါ့အတွက်နင့်အလှကို
ကဗျာလေးတစ်ကြောင်းရေးချင်လာတယ် ။

ခံစားလို့ရတဲ့ နင့်နှလုံးသားခပ်လှလှကို
သံယောဇဉ်ကြိုးအထပ်ထပ်ချပြီး
ငါ့နှလုံးသားနဲ့ ပူးတွဲချီနှောင်ထားချင်တဲ့စိတ်ကို
ကဗျာတစ်စိတ်တပိုင်းမှာထည့်မယ်  ။

ငါ့ထက်ချစ်တတ်တဲ့နင့်ကို
ငါထပ်ထပ်ချစ်ပေမယ့်
အချစ်တွေသာ အထပ်ထပ်ဖြစ်လာပေမယ့်
နင့်အချစ်ကို မမှီတဲ့ ငါ့နှလုံးသားကို
တနေ့တခြားမုန်းလာမိတယ် ။

ရိုးသားမှု့ကပေးတဲ့ နင့်အပြုံးတချက်ကြောင့်
အတ္တမြို့ရိုးတောင် ပျက်စီးပြီး
အခုတော့ ငါ့ရင်မှာ ရိုးသားတဲ့ပန်းတွေ
ပွင့်လန်းစေတဲ့ နင့်အပြုံးလေးလဲ
ဒီကဗျာထဲမှာပါမယ် ။

ကဗျာဆိုတာဘာမှန်းမသိတဲ့
ငါ့နှလုံးရိုင်းမှာ
နင့်နဲ့တွေ့ပြီးကတည်းက
နင့်အတွက် ကဗျာတစ်ပုဒ်မကရေးနေမိတယ်
စက္ကန့်တိုင်းထွက်တဲ့
ငါ့နှလုံးသားရဲ့ ကဗျာတွေကို
အချိန်ရာသီမရွေး ငါ့နှလုံးသားမှာ
နင်လာရောက်ခံစားနိုင်တယ် ။

မှတ်ချက် ။        ။အလုပ်တွေမအားလပ်လို့ အိမ်တွေမလည်နိုင်သေးတဲ့ ကျွန်တော့်ကို နားလည်းပေးနိုင်ကြပါစေ ။

လွင်ပြင်လှိုင်းငယ်
 


 



ဘ၀ရဲ့ဇာတ်ဆရာ အချစ်ရဲ့မာယာ(စ+ဆုံး)

Sunday, 4 November 2012

18 comments
တိုးတက်နေခေတ်ကြီးထဲမှာ မွေးဖွားခဲ့ရပေမဲ့ တိုးတက်မှု့မရှိတာက ကျွန်တော်ပါ ပညာဆိုတာလဲ မိဘကအဆင်မပြေတော့
၁၀တန်းတောင်မဖြေခဲ့ရပဲ ကျောင်းတော်ကြီးကို နှုတ်ဆက်ခဲ့ရလို့ ပညာဆိုတာလဲကျွန်တော့်မှာမရှိပါ။

ဘာတစ်ခုမှ ပြည့်စုံမှု့မရှိတဲ့
အနေအထားနဲ့ အလုပ်ဆိုတာလဲ ကျွန်တော့်မှာမရှိပါ ဘွဲ့လက်မှတ်လေးကိုင်ပြီး အလုပ်လျှောက်ဖို့တန်းစီနေသူများတောင်
ရုံးကူ ပြာတာတောင် အကုန်မရတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်လိုလူတစ်ယောက်အတွက် အလုပ်မရှိတာ မဆန်းပါဘူး။နောက်ဆုံး
လက်သမား ပန်းရန်အလုပ်တောင်ကျွန်တော်အတွက်မရှိတာ ကျွန်တော်အလုပ်ရှာတာ ညံ့လို့လား အလုပ်ကပဲရှားပါးလို့လားမသိပါဘူးဗျာ။
တွေ့သမျှလူကို အလုပ်လေးမရှိဘူးလား အလုပ်ရှိရင်ကျွန်တော့်ကိုပြောပါနော်လို့ ပြောရ မေးရတာလဲ ကျွန်တော့်အတွက် မူပိုင်သီချင်းလို
ဖြစ်နေပါပြီဗျာ။ရှိစုမဲ့စုလေး လမ်းစရိတ်လုပ်အလုပ်ရှာပုံတော်ဖွင့်ရတာလဲ အလုပ်မရတဲ့အပြင် လမ်းစရိတ်ပဲဆုံးတာ လနဲ့ချီနေပါပြီ။
အလုပ်မရတဲ့အဆုံး တပ်ပြန်ခေါက်ပြီး အမေ့အိမ်ကိုပြန်လာလို့ အိမ်ကို ၀င်ဝင်ချင်းပဲ

       "ကိုကြီး ကျွန်တော့်အတွက်မုန့်မပါဘူးလား ဗိုက်ဆာလို့သေတော့မယ်"လို့ ကျွန်တော့်အောက်က ညီငယ်ကမေးပါတယ်။အဖြေစကားတောင်ပေး
သေးခင် အငယ်ဆုံး ညီမလေးကလဲ ပြေးလာပြီး"ကိုကြီး ညီမလေးမှာလိုက်တဲ့ ခဲတံလေးဝယ်လား"လို့မျှော်လင့်ချက်လေးနဲ့မေးပြန်ရော ဒါနဲ့ ညီမလေးကို ပွေ့ချီပြီး
"ဒီနေ့တော့မပါသေးဘူးနောက်ရက်ကိုကြီးဝယ်လေးပေးမယ်နော်" "ဟာ ကိုကြီးပြောလိုက်ရင်ဒီအတိုင်းကြီးပဲ တခါမှလဲမပါလားဘူးမနက်ဖြန်ကျောင်းမှာ
ဘာနဲ့စာရေးရမလဲ"လို့ ငြီးပြီးကျွန်တော့်ကိုယ်ပေါ်မှ ဆင်းသွားပါတယ်။အိမ်ထဲကိုဝင်လိုက်တော့ မီးဖိုချောင်ထဲမှ ဆန်မရှိတဲ့အိုးကို ခြစ်ချုပ်နေတဲ့အမေက
ကျွန်တော့်မျက်နှာမကြည့်ပဲ ကျွန်တော့်လက်ကို ကြည့်ပြီး လက်ဗလာနဲ့ဖြစ်နေတော့ ဘာတစ်ခွန်းမှမမေးတော့ပဲ ဆန်အိုးကိုသာ အံကြိုတ်ပြီးခြစ်နေတာ
ကျွန်တော်မကြည့်ရက်တော့ပဲ အသုံးအဆောင်ပစ္စည်းဘာတစ်ခုမှမရှိတဲ့ ဧည့်ခန်းထောင့်ကမဲ့ပြုံး ပြုံးနေတဲ့ သောက်ရေအိုးစင်ကိုဖွင့်ပြီး ရေကိုသုံးခွက်ဆင့်
အားမနာတမ်းသောက်ချလိုက်တယ်။တော်သေးတယ် ရေတောင် အဘိုးမသေခင် နောက်ဘေးမှာရေတွင်းလေးတူးခဲ့လို့ ၀ယ်မသောက်ရပဲ
အားမနာတမ်း၀၀သောက်နေရတာ။ဝူး.....ဘ၀ကလဲနော်။
မနက်ဖြန်အတွက် ဘယ်သွားပြီးအလုပ်ရှာရင်ကောင်းလဲလို့ စဉ်းစားနေတုန်း သတိယပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံကိုထုတ်ြပီးရေတွက်ကြည့်လိုက်တော့
မနက်ဖြန်အသွားလမ်းစရိတ်တောင်အနိုင်နိုင်ရယ် ပိုက်ဆံကိုကြည့်ပြီး ငိုတောင်ငိုချင်သွားတယ် ဘယ်တတ်နိုင်မလဲနော် ။
ဟိုးတွေးဒီတွေးနဲ့ ဗိုက်ထဲက သံစုံတီးဝိုင်းရဲ့ လက်စွမ်းပြတာကို မသိချင်ယောင်ဆောင်ပြီးအိပ်ပျော်
ဖို့ကြိုးစားရင်း "၀ုန်း"ဆိုသောအသံကြောင့်လန့်သွားသည် သိလိုက်ပါပြီ
"၀ုန်း"ဆိုသောအသံမှာ တံခါးဖွင့်သောအသံမဟုတ်ပါ အိမ်တွင် အပ်တိုတစ်ချောင်းတောင် ခိုးစရာမရှိသောကြောင့်ဘယ်သူခိုးမှ လာမခိုးလို့တံခါးဆိုတာမရှိလို့ "၀ုန်း "ဆိုသောအသံက ကျွေးဖခင်မူးပြီးပြန်လာပြီး အရက်၏ကန်လိုက်သောဒဏ်ကိုမခံနိုင်သောကြောင့် ကျိုးလုနီးနီးကြမ်းပြင်နှင့် ထိတွေ့သောအသံသာဖြစ်ပါသည် ရောက်လျှင်ရောက်ချင်းပဲ အကြီးဆုံးသားကျွန်တော့်အား"ဖိုးမောင်အသုံးမကျတဲ့ကောင် ဒီအရွယ်ရောက်နေပြီ မိဘကိုကူညီရကောင်းမှန်းမသိဘူးအလုပ်ထွက်ရှာတယ်ဆိုပြီဘယ်အလေလိုက်နေမှန်းမသိဘူးခုထိအလုပ်ဆို
ဆိုတာမရဘူး အသုံးကိုမကျဘူး ငါတစ်ယောက်ထဲလုပ်နေရတာလဲ သနားပါအုံးကွါ ငါပြောရင်လဲအရက်မူးလို့ပြောတယ်လို့ထင်အုံးမယ် ငါအရက်သောက်ချင်လို့သောက်တာမဟုတ်ဘူးကွ ပင်ပန်းလို့သောက်တာမင်းသိလား"ဆိုပြီးသူဖွင့်နေကျဓါတ်ပြားဟောင်းကြီးဖွင့်နေပြီး ခဏကြာတော့အသံတိတ်သွားတယ် အင်း မူးကလဲမူး မောကလဲမောတော့ အိပ်ပျော်သွားပြီထင်ပါတယ်။အဖေအိပ်ပျော်သွားပြီးခဏကြာတော့ အမေအိတ်တစ်လုံးဆွဲပြီ ဖိနပ်တောင်မပါပဲအိမ်ပြင်ထွက်သွားပါတယ် ထုံးစံအတိုင်း ရပ်ကွက်ထဲလှည့်ပြီး မျက်နှာငယ်လေးနှင့် သားသမီးတွေစားဖို့ ဆန်းလိုက်ချေးမှာပေါ့။မတွေးတော့ပါဘူး အဆင်မပြေမှု့တွေကများတော့ ဘာဆက်လုပ်မယ်ဆိုတာတောင်မတွေးချင်ခေါင်းကို အားရပါရကုတ်ပြီး အိပ်လိုက်တာ အိပ်မက်ထဲတော့
အဆင်ပြေသား လိုချင်တာအားလုံးရ ဖြစ်ချင်တာအားလုံးဖြစ်နဲ့အိပ်မက်တောင်မနိုးပဲဆက်မက်နေချင်မိတယ်မနက်လင်းတော့ အိပ်ယာနိုးတော့ မထချင်သေးပဲအိပ်မက်ထဲကမှတ်မိသလောက်အကြောင်းလေးတွေ စဉ်းစားပြီးပြုံးနေတုန်း
"ဟဲ့ ဖိုးမောင်မထသေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ကိုယ့်ဟာကိုယ်သူဌေးသားများမှတ်နေလား ထထ မျက်နှာသစ်အလုပ်ရှာဖို့ပြင် အိုးထဲမှာ ဆန်ပြုတ်လေးရှိတယ် အငယ်တွေစားဖို့ချန်ပြီးစားသွား ဒီနေ့အလုပ်မရရင်တော့ ငတ်ဖို့သာပြင် ဆန်လဲချေးရလွန်းလို့ မချေးဖူးတဲ့အိမ်ဆိုလို့ရပ်ကွက်အပြင်က သူတောင်းစားတဲပဲကျန်တော့တယ် သိလား ထ မြန်မြန်ထ"လို့ ဟစ်ဟော့သီချင်းလို မနားတမ်းပြောသံကြားရတော့ အိပ်မက်အကြောင်းခဏထားပြီး မျက်နှာသစ် ရေချိုး ဆန်ပြုတ်လေးမ၀တ၀သောက်ပြီး အ၀တ်စားလဲ(အ၀တ်စားလဲဆိုလို့ အထင်မကြီးနဲ့ ကျွန်တော်ပိုင်ဆိုင်တာဆိုလို့ ပုဆိုးနှစ်ထည် အကျီင်္နှစ်ထည်နှင့် ဘောက်ဘီရှည်တစ်ထည်သာရှိပါသည်)
ပြီးတော့ အိမ်မှ စိတ်ပျက်လက်ပျက်ထွက်ခွါလာပါတော့သည် ဘတ်ကားဂိတ်ရောက်တော့ ဘယ်နေရာအလုပ်သွားရှာမယ်စဉ်းစားနေ
တုန်း"ဟေ့ကောင် ဖိုးမောင် ဘယ်သွားမလို့လဲ"ဆိုပြီး ဟိုဘက်ရပ်ကွက်မှ အသိကိုကြီးတိုးကနှုတ်ဆက်ပါတယ်။
"ထုံးစံအတိုင်း အလုပ်ရှာပေါ့ဗျာ"လို့ စိတ်ပျက်လက်ပျက်နဲ့ပြန်ဖြေလိုက်တော့"အလုပ်ဆိုလို့ ခုမှသတိယတယ်ငါတို့ရပ်ကွက်ထဲမှာ  အင်တာနက်ဆိုင်သစ်တစ်ဆိုင်ဖွင့်တာ ဆိုင်ရှင်အမျိုးသမီးက ငါ့ကို အလုပ်လုပ်ချင်တဲ့သူခေါ်လာပေးလို့ပြောထားတယ် မင်းလုပ်ချင်လား လုပ်ချင်ရင်အခုသွားမေးရအောင် တကယ်လို့ အလုပ်ရရင်တော့ငါ့ကို ဘီယာတိုက်ရမယ်နော်"လို့ပြောတော့ ကျွန်တော် ရင်ခုန်သံမြန်သွားစေပေမဲ့"လုပ်တော့လုပ်ချင်ပါတယ်ကိုကြီးတိုးရာ ဒါပေမဲ့ ကျွန်တော်က၁၀တန်းလဲမအောင်ဘူး ကွန်ပျူတာဆိုတာမြင်ဖူးပြီးမကိုင်ဖူးတဲ့လူတစ်ယောက်ကို အင်တာနက်ဆိုင်ကအလုပ်ပေးပါ့မလားဗျာ"လို့အားလျော့စွာပြောတော့ "မင်းကလဲ စစ်မရောက်ခင်မြှားကုန်နေပြန်ပါပြီ အလုပ်ကသွားမဗျုးရသေးဘူး မဖြစ်ဘူးဆိုတာနဲ့စနေပြီ အလုပ်ပေးတာမပေးတာက ဆိုင်ရှင်အလုပ် အလုပ်သွားဗျူရမှာကမင်းအလုပ် ဗျူလို့မရတော့လဲ အရင်းပေါ့ကွာ ဘတ်ကားခကုန်တာမှတ်လို့ လမ်းလျှောက်သွားယုံပဲဟာ"လို့ပြောပြီး ကျွန်တော်လက်ဆွဲခေါ်သွားတော့ ကျွန်တော်လဲ မထူးပါဘူး ရတော့လဲအမြတ်ပေါ့ဆိုပြီးလိုက်သွားပါတယ်။

         ၁၅မိနစ်လောက် စကားတပြောပြောနဲ့လမ်းလျှောက်လာလိုက်တာ "-----------"ဆိုင်းဘုတ်ရှေ့ရောက်တော့"ဒီဆိုင်ကွ ဆိုင်ရှင်ကအမျိုးသမီး သဘောကောင်းပါတယ်သူလဲအလုပ်သမားမရသေးတော့ တစ်ယောက်တည်းဒုက္ခများနေတာ မင်းကလဲ ငယ်ငယ်ချောချာလေးအ၀တ်အစားကသာစုတ်ပြတ်နေလို့ကောင်းကောင်းဝတ်စားလိုက်ရင်ရုပ်ရှင်တောင်ရိုက်
လို့ရသေးတယ်လို"လို့ကိုကြီးတိုးကပြောပြီးရှေ့ကနေဦးဆောင်ဝင်သွားပါတယ် ဟုတ်တော့ဟုတ်ပါတယ်
အရာရာမပြည့်စုံပေမဲ့ ကျွန်တော်ရုပ်ရည်ကတော်တော်ကြည့်ကောင်းတာ တစ်ခုတော့ပြည့်စုံပါသည်။ကိုကြီးတိုးနောက်မှ ကပ်လိုက်ရင်း ဆိုင်အခြေအနေကိုကြည့်လိုက်တော့
မဆိုးပါဘူး ကွန်ပျူတာက၁၀လုံး ဆိုင်လေးကလဲ သပ်သပ်ရပ်ရပ်နှင့်တော်တော်ကြည့်ကောင်းပါတယ် ကောင်တာလို့ထင်ရတဲ့ စာပွဲတလုံးမှာတော့ လူတစ်ယောက်ကျောပေးထိုင်နေပါတယ် ကိုကြီးတိုးက ကျွန်တော်လက်ဆွဲသွားပြီး ကောင်တာနားရောက်တော့"မမ ဟိုနေ့ကမမရှာခိုင်းထားတဲ့ အလုပ်သမားရလို့လာပြတာပါ"လို့ ရိုရိုသေသေပြောလိုက်တော့ ဆုံလည်ကုလားထိုင်လေးကျွန်တော်
တို့ဘက်လှည့်လာပါတယ်။ကိုကြီးတိုးခေါ်တော့ မမတဲ့ အသက်က ကျွန်တော်အမေထက် ၂နှစ်လောက်ပဲငယ်မယ်ထင်ရတဲ့ အမျိုးသမီးတစ်ယောက် မျက်နှာမှာလဲ မိတ်ကပ်အပြည့် နှုတ်ခမ်းနီးရဲရဲနဲ့ အဒေါ်ကြီးတစ်ယောက်က ခပ်တည်တည်နဲ့
"နာမည်"စကားသံကလဲမာလိုက်တာ ကျွန်တော်ဘာဖြေရမယ်မသိ ကျောက်ရုပ်လိုရပ်နေတုန်း
"ဖိုးမောင်ပါမမ"လို့ ကိုကြီးတိုးက ကြားမှဝင်ဖြေပေးသည်။မင်းကိုမေးတာမဟုတ်ဘူး သူ့ကိုမေးတာ သူဖြေပါစေ ဒါနဲ့"ဖိုးမောင်ပါ အန်တီ"လို့ တုန်တုန်ရင်ရင်နဲ့ပြန်ဖြေတော့ ဆိုင်ရှင်အမျိုးသမီးမျက်နှာက တည်ရာမှ တင်းလာသလိုထင်ရပါတယ် .။ကျွန်တော်ကြောက်နေတာတော့အမှန်ပါ အလုပ်ရှာနေတာကြာပြီဆိုပေမဲ့ နဖူးတွေ့ဒူတွေ့ လက်တွေ့အလုပ်ဗျူးဖူးတာ ပထမဆုံးအကြိမ်မို့ ကြောက်နေခြင်းဖြစ်ပါသည် ဘေးနားမှ ကိုကြီးတိုးက ကျွန်တော်ဖြေသံကိုကြားတော့
ခြေထောက်ကို သူ့ခြေထောက်နဲ့နင်းလိုက်သည် ဘာများဖြေတာမှားလဲလို့ သူ့ကိုလှည့်ကြည့်လိုက်တော့
ပါးစပ်မှ အသံမထွက်ပဲ ပွစိပွစိလုပ်ပြနေတာကြည့်ပြီး နားမလည်ပဲ ခဏလေးကြာမှသူ့ပါးစပ်အဓိပ္ပါယ်ဖော်ကြည့်မှ သဘောပေါက်သွားပါတယ်။"နာမည်အရင်းလား" "နာမည်အရင်းက ဖြိုးမောင်ပါမမ ရပ်ကွက်ထဲမှာဖြိုးမောင်ကို ခေါ်ပါများတော့ ဖိုးမောင်ဖြစ်သွားတာပါမမ"လို့အရဲစွန့်ဖြေလိုက်တော့ ဆိုင်ရှင်အမျိုးသမီး မျက်နှာတော့ နဲနဲလျော့သွားတယ်"အသက်ကကော""၁၈နှစ်ပြည့်တော့မယ်ဗျ"လို့ရိုရိုသေသေလေးပြောလိုက်တော့
"ကျောင်းနေသေးလား""ဟုတ်ကဲ့ မိဘကစီးပွားရေးအဆင်မပြေလို့ ၁၀တန်းနဲ့ ကျောင်းထွက်လိုက်ရပါတယ်"လို့ဝမ်းနည်စွာပြောတော့"ပြီးရောဒါကအရေးမကြီးပါဘူး ဆိုင်ကိစ္စကသင်ပေးရင်တတ်ပါတယ် မခက်ပါဘူး လစာက---လောက်ရမယ် ဆိုင်ကိုမနက်၁၀နာရီဖွင့်ရမယ် ည၁၂နာရီပိတ်ရမယ် တကယ်လို့ ၁၂နာရီထိုးလို့ လူရှိသေးရင် လူပြန်သွားတဲ့အထိစောင့်ပြီးမှဆိုင်ပိတ်ရမယ် အဆင်ပြေမလား"လစာကမဆိုးပါဘူး လောလောဆယ်အိမ်ကိုတော့ နဲနဲအထောက်အကူဖြစ်မှာမို့
"ဟုတ်ကဲ့အဆင်ပြေပါတယ်'"ဒါဆိုမင်းကို အစမ်းသုံးကြည့်မယ် ကြိုက်ရင်ဆက်သုံးမယ် ဒီနေ့မင်းကို လုပ်ရမယ့်ဟာတွေသင်ပေးမယ် ညနောကမှပြန်ပေါ့ လစာကတော့ မနက်ဖြန်မှစတွက်မှာနော်"
လို့ပြောပြီးဆိုင်မှာလုပ်ရမယ့်အလုပ်တွေကိုသင်ပေးရင် ညနေရနာရီလောက်ကျတော့မနက်ဖြန်
ဆိုင်ဖွင့်ဖို့ သော့တစ်ချောင်းအပိုပေးပြီးပြန်ခိုင်းလိုက်ပါတယ်။
ကျွန်တော်နှင့်ကိုကြီးတိုး ဆိုင်မှအတူတူပြန်လာပြီး ကိုကြီးတိုးကို ကျေးဇူးတင်ကြောင်းလစာထုတ်ရင်ဘီယာအ၀တိုက်မဲ့အကြောင်းပြောပြီး အိမ်သို့ သွတ်လက်သောခြေအစုံနှင့်ပြန်လာခဲ့ပါတော့သည်။

         ရပ်ကွက်ကုန်စုံဆိုင်ရှေ့ရောက်တော့ သတိယပြီး ဒီနေ့ဘတ်ကားခလေးနဲ့ ဆန်ကိုရသလောက်ဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ် အလုပ်ကနီးတော့ လမ်းလျှောက်သွားလဲရတာမို့ ကားခမကုန်တော့မှာဖြစ်လို့ ကားခလေးကိုဆန်ဝယ်လိုက်ခြင်းဖြစ်ပါသည်။အိမ်ထဲကကိုလှမ်းဝင်လိုက်တော့ ညီလေးနဲ့ညီမလေးနှစ်ယောက်က ကစားနေရင်းကျွန်တော့်ကိုမြင်တော့ အရင်ရက်တွေကလိုတောင် ဘာပါလားလဲလို့တောင်မမေးတော့ပဲ ကစားမပျက်ဆက်ကစားနေကြပါတယ်။
အမေကတော့ ပြဲနေတဲ့အဖေ့ပုဆိုးလေးကိုချူပ်နေရင်းကျွန်တော့်ကိုကြည့်တောင်မကြည့်ပဲ
"ဖိုးမောင်ဗိုက်ဆာနေပြီလား အိုးထဲမှာဆန်ပြုတ်နဲနဲချန်ထားတယ်စားလိုက်လေ" လို့ပြောတော့ ကျွန်တော်
ဗိုက်ကပျော်ပြီးမဆာတာလားမသိစားချင်စိတ်မရှိပဲ အမေ့ဘေးကပ်ထိုင်ဆန်ထုပ်လေးရှေ့ချပြီး "အမေ ၀မ်းသာစရာပဲ ကျွန်တော်အလုပ်ရပြီဗျ"လို့ ၀မ်းသာအားရပြောတော့ အမေက မော့ကြည့်ပြီး"တကယ်လားဖိုးမောင် ဘာအလုပ်ရတာလဲ အလုပ်က အဝေးကြီးလား သူဌေးကကော သဘောကောင်းမယ့်ပုံပေါ်လား"စသည့်လားပေါင်းများစွာပါသော မေးခွန်းကို မျည်ရည်ဝဲ၀ဲ
ဝမ်းသာသောအသံနှင့်မေးရှာသည်"တကယ့်ပေါ့ အမေရ အင်တာနက်ဆိုင်မှာပါ အလုပ်ကမဝေးပါဘူး ကိုကြီးတိုးတို့ရပ်ကွက်ထဲတင် လစာကတော့----လောက်ရမယ် ဆိုင်ရှင်ကအမျိုးသမီး အမေတို့လောက်ရှိမယ် သဘောကောင်းမယ့်ပုံပါပဲ စိတ်မပူပါနဲ့ လောလောဆယ် လစာသိပ့်မများပေမဲ့ အိမ်စရိတ်လေးနဲနဲထောက်နိုင်တော့ အဖေလဲ အသက်ရူချောင်တာပေါ့ ဒီမှာဆန်လေး မနက်ဖြန်ဘတ်ကားစီးစရာမလိုတော့ ကားခလေးနဲ့ဆန်ဝယ်လာတာ"လို့ပြောပြီး ဆန်ထုပ်လေးပေးပြီး ထကာ တန်းပေါ်မှာတင်ထားသော ဘောင်းဘီရှည်လေးကို သေချာခေါက်ပြီး အိပ်ယာအောက်ထိုးထည့်ထားလိုက်တယ် မနက်ဖြန်ဒီဘောင်ဘီရှည်လေးဝတ်သွားရမယ်မဟုတ်လား။
ဒီနေ့ည ထူးထူးခြားခြားအဖေလဲ စောစောပြန်ရောက်လာတယ် အရက်လဲနဲနဲပဲသောက်ထားတယ်ထင်တယ်(နဲနဲဆိုတာလဲ သောက်စရာပိုက်ဆံမရှိတော့လို့လား တိုက်မယ့်သူ
မရှိလို့လားတော့မသိ)ဒီလိုနဲ့ ညစာထမင်းဝိုင်းလေးကို ငပိရည်တို့စရာနဲ့ မြိန်ရှက်စွာစားရင် အလုပ်ရပြီ
ဖြစ်ကြောင်းပြောပြတော့ အဖေက"ဒီအလုပ်ကို သေချာဂရုစိုက် ကိုယ့်အလုပ်လိုသဘောထားပြီးလုပ် အလုပ်မရှိရင် ဘယ်လောက် ဒုက္ခရောက်တယ် အလုပ်ရှာရတာဘယ်လောက်ခက်တယ်ဆိုတာမင်းလဲသိလောက်ပြီဆိုတော့ ဘာဖြစ်ဖြစ်သီးခံပြီးလုပ်ကြားလား"လို့ဆုံးမရှာတယ်။စားသောက်ပြီး အိပ်ယာဝင်တော့ ညီမလေးကသူ့ကို
ကွန်ဘာဘူးလှလှလေးဝယ်ပေးရမယ်နော်လို့ ပူဆာပြီးဘေးနားမှာ ကွေးကွေးလာအိပ်နေတယ်။

        မနေ့ညက သောက ကင်းကင်းအိပ်ရလို့လားမသိဘူး တခါတည်းအိပ်ပျော်သွားတာ မနက်အမေနိုးမှပဲထဖြစ်တယ် အိပ်မက်တောင်မမက်တော့ဘူး။ဒါနဲ့ ရေချိုး အ၀တ်စားလဲပြီး ဆိုင်လေးဆီသို့တက်ကြွတဲ့ခြေလှမ်းအစုံနဲ့ သွက်သွက်လေးလျှောက်လှမ်းလာခဲ့တယ်။ဆိုင်ရောက်တော့ ဆိုင်ဖွင့် သန့်ရှင်းရေလုပ် သင်ထားတဲ့အတိုင်းစက်တွေလိုက်ဖွင့် အင်တာနက်ကစားသမားများများလာပါစေလို့ ဘုရားမှာဆုတောင်းပြီး ဆိုင်လာမဲ့လူတွေကိုမျှော်နေပါသည်
လာပါပြီဗျာ ကလေးတွေ ဂိမ်းကစားဖို့ သူတို့လေးတွေကို စက်တွေဖွင့်ပေးပြီး လုပ်စရာရှိတာလုပ်ရင်း
ညနေ၅နာရီလောက်ကြတော့ ဆိုင်ရှင်မမရောက်လာပြီး လိုအပ်တာတွေသင်ပေးမှာကြားပြီး ၇နာရီလောက်
ကျတော့ပြန်သွားလေသည်။ဒီလိုနဲ့ တပတ်လောက်ကြာတော့ ဆိုင်ကိုလူနဲနဲသိလာပြီး ဆိုင်လေးက စည်ကားစပြုလာပါပြီ ကောင်မလေးတွေကလဲ ကျွန်တော်က ကြည့်ပျော်ရှု့ပျော်နဲ့ ဆက်ဆံရေးကောင်းတော့ ဆိုင်ကိုအမြဲလိုလိုလာရောက် အားပေးကြပါသည်။ကိုကြီးတိုးကတော့ အလုပ်ပြီးရင် ကျွန်တော်ဆိုင်မှာကြီးလိုလိုနေဖြစ်ပါတယ်။ဆိုင်ရှင်မမကလဲ ကျွန်တော်ရောက်လာမှ သူ့ဆိုင်စီးပွါးရေးကောင်းလာတယ်ဆိုပြီ လကုန်တော့ လစာကိုပိုပေးသည့်အပြင် အိမ်အတွက် စားစရာသောက်စရာများလဲထည့်ပေးလိုက်လို့ ညီလေးညီမလေးတို့အကြိုက်ပေါ့။
အော် ကံတရားအဆင်ပြေချင်တော့လဲ ခဏလေးပါလားနော်။
                  ဘာလိုလိုနဲ့ ကျွန်တော်ဆိုင်မှာအလုပ်လုပ်တာ ၆လတောင်ရှိသွားခဲ့ပြီနော် ဆိုင်မှာအလုပ်လုပ်သည့်ကာလအတွင် အိမ်စရိတ်ထောက်နိုင်သာမက ညီလေး ညီမလေးတို့ကျောင်းစရိတ်ပါထောက်ပံ့နိုင်သောအနေအထားသို့ရောက်ခဲ့ပါပြီ။အခုဆို ကျွန်တော့်မှာ ကိုကြီးတို့ရပ်ကွက်ထဲက သူငယ်ချင်းတွေပါမက အွန်လှိုင်းမှာလဲသူငယ်ချင်းများစွာရှိနေပါပြီ ကိုကြီးတိုးဆိုရင် အလုပ်အားတာနဲ့ ဆိုင်လာပြီး ကောင်မလေးတွေကိုကြောင်ရတာနဲ့ အွန်လှိုင်းမှာကြောင်ရတာနဲ့ နားကိုမနားရပါဘူး တခါတလေ ညဆိုင်ပိတ်ကူပြီး ကျွန်တော့်ကို ဘီယာတိုက်ခိုင်း ဘီယာသောက်ပြီး အိမ်ပြန်လိုက်ပို့ပေးတတ်ပါသည်။
ဒီလိုအဆင်ပြေသွားတာ သူ့ကျေးဇူးနဲ့ မကင်းဘူးဆိုတော့ တလတခါ ဘီယာမဟုတ်တောင် အရက်တော့
ကြုံရင်ကြုံသလိုတိုက်ပါတယ်။

           ဒီလိုနဲ့ဆိုင်မှာ အလုပ်လုပ်ရင်းပျော်နေတော့ ဆိုင်ရှင်မမနဲ့လဲ တော်တော်ရင်းနှီးနေပြီး တခါတလေ အစားအသောက် ရံဖန်ရံခါ အ၀တ်အစားတွေကို လမ်းကြုံလို့ဝယ်လာတာဆိုပြီးဝယ်ပေးတဲ့အ၀တ်အစားတွေနဲ့
ကျွန်တော်လဲ တော်တော်ကြည့်ကောင်းယုံမက အားတိုင်းအွန်လှိုင်းတက်နေတော့ ကျူတဲ့နေရာမှာတောင်
ဆရာတစ်ပါးဖြစ်နေပါပြီ။တနေ့အွန်လှိုင်းသုံးနေတုန်း သူငယ်ချင်းတစ်ယောက်က ကောင်မလေးအကောင့်ကွ ချောလဲချောတယ် u.s.aမှာနေတာ မင်းကျူကြည့်ပါလားပြောတော့ ကောင်မလေးအကောင့်ကိုတောင်းပြီး ကောင်မလေးအကောင့်-------@gmail.comကို အက်ထားလိုက်တယ် အက်ထားချင်းစစတော့ လက်မခံသေးပဲ နောက်ရက်ကျတော့
လက်ခံထားတာတွေ့တာနဲ့ ထုံးစံအတိုင်း ဟိုင်း ဘာညာ သာရကာပေါ့
အစပိုင်းတော့ ကောင်မလေးက မေးတာကိုပြန်မဖြေသေးပဲ သုံးရက်လောက်ကြာမှ သူ့နာမည် ဖူးသစ်စ(နာမည်ရင်းဟုတ်မဟုတ်မသိပါ) ဆိုတဲ့အကြောင်း အသက်က၂၀ ကျွန်တော်ထက်ကြီးသည် အမေရိကားမှာ ကျောင်းတက်နေသောစသည့်အကြောင်းအရာနဲနဲကိုပြောပြပါသည် သူက အမေရိကားမှာနေတာဆိုတော့ မာနကြီးတာလဲဖြစ်နိုင်ပါသည်။ဒီအကြောင်းကိုကြီးတိုးကိုပြောပြတော့"ဆက်ကျူကွာ အဆင်ပြေသွားရင် မင်းကိုတောင် အမေရိကားခေါ်ချင်ခေါ်မှာ ငါ့သူငယ်ချင်းတွေဆို အွန်လှိုင်းကအဆင်ပြေပြီး နိုင်ငံခြားထွက်ပြီး အဆင်ပြေနေတာအများကြီးပဲ"လို့ အားပေးတာလား ပို့တာလားတော့မသိကျွန်တော့်ကိုပြောသည်။

        ဒါနဲ့ပဲကျွန်တော်လဲ အဟုတ်ကြီးမှတ်ပြီး ကျူဇယားကို ကောင်းကောင်းခင်းပါတော့သည်။တပတ်လောက်ကြာတော့ သူက"ယူ့နာမည်အရင်းကကော ကျောင်းတက်တာလား အလုပ်လုပ်နေပြီလား"လားလို့ရုတ်တရက်ထမေးတော့ ကျွန်တော်လဲ ဘာဖြေရမှန်းမသိတာနဲ့"နာမည်က ဖြိုးမောင်ပါ တက္ကသိုလ်တက်ဖို့စောင့်နေရင်း အိမ်ကဖွင့်ပေးထားတဲ့ အင်တာနက်ဆိုင်မှာ အပျင်းပြေလုပ်ကူနေပါတယ်"လို့ လိမ်ညာပြီး လွယ်လွယ်ကူကူပဲဖြေလိုက်တယ်
ဟုတ်တယ်လေ အင်တာနက်ဆိုင်မှာ အလုပ်လုပ်နေတဲ့အလုပ်သမားဆို အထင်သေးပြီးဆက်မခင်တော့ရင် ဘယ်လိုလုပ်မလဲ။သစ်သစ်(ခင်သွားတော့ သူ့ကိုကျွန်တော် သစ်သစ်လို့ခေါ်ပါသည်)နဲ့ ကျွန်တော် ခင်မင်ပြီး တစ်လလောက်ကြာတော့ "သစ်သစ် ကျွန်တော့်ကို ဖြိုးမောင်လို့ခေါ်ရတာရှည်ပါတယ် မောင် လို့တစ်လုံးထဲခေါ်ပါ့လား"လို့ စသလိုနဲ့ သွေးတိုးစမ်းလိုက်တော့ သစ်သစ်မျက်နှာလေး ရှက်သွေးတွေဖြာသွားပါတော့တယ် ဒီအချိန်မှာပဲ
ဟိုက် သေပါပြီ ကွန်နက်ရှင်ကလဲကောင်းခန်းရောက်မှကျသွားရတယ်လို့ကွာ။
 ထိုနေ့ကတော်တော်နှင့် ကွန်နက်ရှင်ပြန်မရပါ ညနေဘက်ကွန်ပြန်ရတော့
သူရှိမနေတော့ပါ။ဒီလိုနဲ့နောက်
ရက်တွေမှာတော့
သစ်သစ်နဲ့ ကျွန်တော် အွန်လိုင်းမှာအမြဲတွေ့ဖြစ်ပေမယ်
သူ့ကိုဒီအကြောင်းထပ်မပြောဖြစ်တော့ပါ။သူစိတ်ဆိုး
မှာစိုးသောကြောင့်ဖြစ်ပါသည်။ဒီလိုနဲ့ သူနဲ့ကျွန်တော် ရည်စားလဲမကျ
သူငယ်ချင်းလဲမကပဲ အွန်လိုင်းမှာ နေ့စဉ်တွေ့ဖြစ်ကြပါသည်။

           လူတစ်ယောက်ဟာ အဆင်ပြေချင်တော့လဲ သူ့ဟာနဲ့သူ အဘက်ဘက်မှ
အဆင်ပြေလာတတ်ကြပါတယ်။အခုလဲကြည့်အုံးလေ ကျွန်တော်အလုပ်လုပ်စက
အင်တာနက်၁၀လုံးသာရှိသည့်ဆိုင်လေးဟာ အခုဆို နှစ်ဆ အလုံး၂၀နှင့် နောက်ထပ်
ဆိုင်ရှင်မမနှင့်
ဆွေးမျိုးနီးစပ်တော်သည့် ကျွန်တော်နှင့်ရွယ်တူ မွှေးနံ့သာဆိုသော
ကောင်မလေးတစ်ယောက်ပါထပ်တိုးလာခဲ့ပါပြီ။ဟောင်းနွမ်းတဲ့
အ၀တ်အစားတွေသာဆင်ရသောကျွန်တော်လဲ မမရဲ့ ကျေးဇူးနဲ့ မင်းသားတစ်ပါးလို
ကျော့လို့၊မမက ကျွန်တော့်အပေါ် နောက်ပိုင်းတော်တော်ကောင်းလာတယ် လစာအပြင်
အပိုပေးသည့်မုန့်ဖိုးက တစ်ခါတလေ လစာထက်ပင်များနေသေးတယ်။အိမ်ဆိုလျှင်လဲ
မမအတွက် စားအိမ်သောက်အိမ်လိုပါပဲ
ကျွန်တော်ပြန်လျှင်လိုက်လာပြီး ညီလေးညီမလေးအတွက်မုန့်တွေဝယ်လာကာ
အမေ့ကိုလဲ အမကြီး အမကြီးနှင့်
တကယ့်ငယ်ပေါင်းကြီးဖော်လိုဆက်ဆံရှာပါသည်။နံ့သာနှင့်ကျွန်တော်
ရင်းရင်းနှီးနှီးနေလျှင်တော့ မမ မကြိုက်ပါ ဒါကလဲ သူ့တူမလိုဖြစ်နေတော့
နံ့သာအတွက်စိုးရိမ်လို့နေပါလိမ့်မယ်လေ။အခုဆို အမေက အိမ်မှာ
အိမ်ဆိုင်လေးဖွင့် အဖေကလဲ သက်တောင့်သက်သာ ညစောင့်အလုပ်လေးနှင့်
ကျွန်တော်တို့ မိသားစုဘ၀ဟာ တော်တော်အဆင်ပြေပျော်ဖို့ ကောင်းပါတယ်။

           မမဟာ ကျွန်တော့်အပေါ်ဘာလို့ကောင်းလဲကျွန်တော်သိပါတယ်
သူ့ဆိုင်လေးဟာ ကျွန်တော်ရောက်ပြီးနောက်ပိုင်း စီးပွားတက်လာလို့ အခုဆို
နောက်ထပ်ဆိုင်ခွဲ နှစ်ဆိုင်တောင် မမက ထပ်ဖွင့်နိုင်တော့ ကျွန်တော်နှင့်
ကံစပ်တယ်ဆိုပြီး ကောင်းနေခြင်းဖြစ်ပါလိမ့်မည်။ဒီနေ့တော့ ဆိုင်ဖွင့်တာ
တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကိုကြီးတိုး ကျွန်တော်နှင့် နံ့သာကို
ဆိုင်မှာပဲ အပြင်က စားသောက်စရာများဝယ်ကျွေးရင်း လက်ဆောင်ပေးမယ်ဆိုလို့
အိမ်ကအ၀တ်ကောင်းကောင်းမွန်မွန်နှင့်
စမတ်ကျကျဝတ်လာခဲ့ပါသည် ဆိုင်ထဲရောက်တော့ ကျွန်တော့်ကို
အံအားသင့်စေသူကတော့ နံ့သာပါပဲ
ပုံမှန် အ၀တ်အစားကို ဘိုသီဘတ်သီဝတ်တတ်သောသူက ဒီနေ့
ပြင်ပြင်ဆင်ဆင်ဝတ်စားထားလိုက်တော့ အာပါးပါး လှလိုက်တာ နံ့သာရယ်။ထိုနေ့က
ကျွန်တော်အကြည့်တွေက နံ့သာနားမှမခွာပဲဖြစ်နေတာကို သူလဲသိတော့
ရှက်ပြုံးလေးပြုံးပြတတ်ပါတယ်။
မမကတော့ ထုံးစံအတိုင်း နံ့သာကို မျက်မှောင်ကုတ်ပြီး နောက်ထဲခေါ်သွားပြီး
တိုးတိုးတိတ်တိတ်ဘာတွေသွားဆူလဲမသိပါဘူး ပြန်လာတော့
နံ့သာမျက်နှာမကောင်းတော့ပါ။အင်းလေ ကျွန်တော်လို အလုပ်သမားတစ်ယောက်နဲ့
နံ့သာကို ဘယ်သဘောတူနိုင်ပါ့မလဲနော်။

       ထိုနေ့နောက်ပိုင်းတော့ ကျွန်တော်အလုပ်လုပ်ရတာ
အရင်ထက်ပျော်လာပါတယ် အကြောင်းရင်းကတော့ နံ့သာနဲ့ အလုပ်အတူတူလုပ်ပြီး
စကားတွေပြောနေရလို့ပါပဲ။ဒီနေ့ သစ်သစ်ကို
ကျွန်တော် ချစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတာ ၁၅ရက်တင်းတင်းပြည့်တဲ့နေ့ပါပဲ
မနေ့ညက အဖြေတောင်းတော့ ဒီနေ့ မေးလ်ပို့အဖြေပေးမယ်ပြောလို့ ကျွန်တော်
တော်တော်ရင်ခုန်နေပါတယ်။ဆိုင်ကိုစောစောဖွင့်ပြီး
သန့်ရှင်းရေးတောင်အရင်လို ရောက်ရောက်ချင်းမလုပ်နိုင်ပဲ အကောင့်ဖွင့်ဖို့
စိတ်စောနေပါသည် စိတ်စောနေလို့လားမသိ အကောင့်က တော်ယုံနှင့်မပွင့်
သိချင်လှပြီ သစ်သစ်ရယ် ဟော ပွင့်လာပါပြီ ရင်ခုန်သံက
လက်ချောင်းတွေထိစီးဆင်းသွားသလားမသိ လက်က အရေးထဲတုန်နေသေးတယ် တွေ့ပါပြီ
မေးလ်တွေအများကြီးထဲမှ ချစ်သူရဲ့မေးလ်လေး မျက်စိမှိတ်ပြီး ဖွင့်လိုက်တယ်
ပြီးတော့ မျက်စိကို ဖြေးဖြေးလေးဖွင့်ကြည့်လိုက်တော့ ဘာမှမတွေ့ပဲ
cspfw,fဆိုတာလေးပဲတွေ့တယ်
ဟာ မျှော်လင့်ချက်လေးတော့  သွားပါပြီကွာလို့ ၀မ်းနည်ရင်း
ကိုယ့်ဖြစ်ပျက်နေပုံကို ဘယ်သူများတွေ့လဲလို့
ဆိုင်တစ်ဆိုင်လုံး ပတ်ကြည့်လိုက်တော့ ကျွန်တော်တစ်ယောက်တည်း တော်ပါသေးရဲ့
cspfw,fဆိုတာဘာလဲလို့ တွေးနေတုန်း ကျွန်တော်.........ဟာဟုတ်ပြီ
မြန်မာဖောင့်ပြောင်းပြီး ရိုက်ကြည့်လိုက်တော့ cspfw,fဆိုတာ ချစ်တယ်ပေါ့
ပျော်လိုက်တာ သူက ကျွန်တော့်ကို ချစ်တယ်တဲ့....
ထိုနေ့က ရည်စားပူပူနွေးနွေးလေးပေါ်မလာပါ
ရှက်နေလို့ဖြစ်ပါလိမ့်မယ်။အလုပ်လုပ်ရင်းစိတ်က သစ်သစ်ဆီပဲရောက်နေရင်း
ဆိုင်မှာ နံ့သာကို သစ်သစ်လို့မှားပြီး အကြိမ်ကြိမ်ခေါ်မိတော့ နံ့သာရဲ့
မျက်စောင်းကလဲ အကြိမ်ကြိမ်ပေါ့။ညဘက်ရောက်တော့ ကိုကြီးတိုးကို သစ်သစ်ဆီမှ
အဖြေရပြီးဖြစ်ကြောင်း ဘီယာတိုက်ပြီးပြောပြတော့ "ငါ့ကောင်ကြီး
ကံကောင်းလှချေလား အမေရိကားက
ကောင်မလေးတောင်ရအောင်လိုက်နိုင်တယ် ဂုဏ်ယူပါတယ်ကွာ နောက်အခြေအနေပေးရင်
မင်းကို အမေရိကားခေါ်တောင်ခေါ်ချင်ခေါ်သွားမှာကွ"လို့
ဝမ်းသာစွာပြောပါသည်။ထိုညက အိမ်ရောက်တော့ တော်တော်နှင့်အိပ်မပျော်ပဲ
သစ်သစ်နဲ့သူ့အကြောင်းစဉ်းစားရင် စိတ်ဓါတ်ကျလိုက်
ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး စိတ်ဓါတ်ပြန်မြှင့်တင်လိုက်နဲ့ ဘယ်ချိန်မှ
အိပ်ပျော်သွားမှန်းမသိပါ အိပ်မက်ထဲမှာတော့ ကျွန်တော်နှင့်သူ အမေရိကားရဲ့
လမ်းမကြီးပေါ်မှာ နောက်ဆုံးပေါ်ကားလေးနဲ့ ပျော်စရာကောင်းလိုက်တာ။

          ဒီနေ့တော့ ရည်စားပူပူနွေးနွေးလေးရဲ့ မျက်နှာကို
vzoမှာမြင်ရတော့မယ်ဆိုတော့ ရင်တော့အရမ်းခုန်မိသား ဒါတောင်
အွန်လိုင်းမှာမိုလို့ အပြင်မှာသာ တွေ့ရမယ်ဆိုရင်တော့ ဘယ်လိုနေမလဲမသိဘူး
ရည်စားတစ်ခါမှ မထားဖူးသေးတဲ့ ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့
လက်ဖျားတွေတောင် အေးစက်နေတယ်။ချစ်သူမြင်နှာကိုမြင်ချင်ဇောကကြီး ဒီနေ့မှ
လာလိုက်တဲ့ လူတွေကလဲများ ဟိုပြေးဒီပြေးနဲ့ အင်တာနက်တောင်
ဖွင့်ချိန်မရပါဘူး။သစ်သစ်နဲ့ ပတ်သက်လာရင် ကျွန်တော့်မှာ
အဲ့လိုအဆင်မပြေမှု့ကများနေတယ်။စိတ်နဲ့ လူမကပ်ပဲ အလုပ်လုပ်နေတဲ့ကျွန်တော်
အယောင်ယောင်အမှားမှားတွေကို သတိထားမိတဲ့ နံ့သာက
"ကိုဖိုးမောင်နေမကောင်းဘူးလား"လို့တောင်မေးယူရတယ်"ကောင်းပါတယ် ဟ
ဘာဖြစ်လို့လဲ"လို့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဖြေတော့"မသိပါဘူး ကြည့်ရတာ
တစ်ခုခုဖြစ်နေသလိုပဲမို့ စိုးရိမ်လို့မေးတာပါ"တဲ့
နေ့ခင်းဘက် လူနဲနဲရှင်းတော့ ထမင်းတောင်မစားသေးပဲ အကောင့်ဖွင့်လိုက်တော့
သစ်သစ်အကောင့်လေးက မီးဝါပြနေပါပြီ အိပ်သွားပြီထင်ပါတယ် ဒါနဲ့ gtalkကို
ဖုန်းလေးခါလောက်ခေါ်မှ
ဟိုဘက်မှ မီးစိမ်းနဲ့ အတူ"မောင်ရယ် အခုမှလာတာလား သစ်စောင့်နေတာကြာလှပြီ
စောင့်ရင်းနဲ့ အိပ်တောင်ပျော်သွားတယ်"လို့
အိပ်ချင်မူးတူးအသံနဲ့ပြောရှာတယ်။"ဟုတ်တယ်သစ်ရဲ့ အဖေက နိုင်ငံခြားက
သူ့ဧည့်သည်တွေကို သွားကြိုခိုင်းနေလို့ နောက်ကျသွားတာ မောင့်ကို
နားလည်ပေးပါနော်"လို့ လိမ်ညာလိုက်တယ် ။ထိုနေ့က သူနဲ့ကျွန်တော်
အချစ်အကြောင်းတွေပြောပြီး ပျော်နေလိုက်တာ အနီးနားမှ နံ့သာရဲ့ နားမလည်တဲ့
အကြည့်တစ်စုံကိုမြင်မှ ကျွန်တော် သတိဝင်ပြီး ကိုယ်ပြောနေတဲ့စကားများ
သူကြားသွားသလားလို့ စိုးရိမ်ရင်း ရှက်နေမိတယ် ဟုတ်တယ်လေ ကျွန်တော်
သစ်သစ်ကိုပြောနေတဲ့စကားတွေရဲ့ သုံးပုံ နှစ်ပုံဟာ
အလိမ်ညာတွေကြီးပဲကို။အမှန်တရားကိုသာ သစ်သစ်သိရင် ဘယ်လိုခံစားရမလဲ
မုန်းသွားမှာလား ရွံသွားမလား.........အား...မတွေးချင်တော့ဘူးကွာ။

"ဖိုးမောင်လာအုံး" " ဟုတ်ကဲ့မမ" ဆိုင်ကို မမ၀င်လာလာခြင်းခေါ်သံကြောင့်
လုပ်လက်စအလုပ်တွေထားပြီး မမအနားအမြန်ရောက်လာခဲ့ပါတယ် "မင်းသတင်းတွေ
ကြားရတာမကောင်းပါလား အခုတလော မင်း အားအားရှိ အွန်လိုင်းတက်
ဖွန်ပဲကြောင်နေတယ်ဆို ဟုတ်လား အလုပ်ထဲလဲစိတ်မ၀င်စားဘူး တစ်ခါတလေ
ဧည့်သည်များလို့ စက်တွေပြည့်နေရင်တောင် နင်သုံးနေတဲ့စက်ကို မဖယ်ပေးပဲ
စက်ပြည့်နေလို့စောင့်ပါပြောတာလဲအခါခါဆို လူမရှိလို့ နင်အွန်လိုင်းတက်
ငါဘာမှမပြောဘူး အခုဟာက ငါ့စီးပွားရေးကို ထိခိုက်လာပြီ ဒီတော့
နင့်အချိုးတွေပြင် ကြားလား"ရုတ်တရက် ဒီစကားတွေကြားလိုက်ရတော့ "ဟာ မမကလဲ
မဟုတ်ပါဘူး ဘယ်သူပြောလဲ နံ့သာပြောတာမဟုတ်လား" "နင်မဆိုင်တဲ့ နံ့သာကို
သွားမဲမနေနဲ့ ငါဆိုင်မှာ အမြဲမရှိပေမယ့်
ပြန်ပြောမယ့်သူတွေအများကြီးဆိုတာနင်သိထားပါ ဒါပဲ"လို့ စကားကို ဖြတ်ကာ
ဆိုင်အပြင်သို့
စိတ်ဆိုးပြီးထွက်သွားပါသည်။ကျွန်တော်ကလဲ ကျွန်တော်ပါပဲ အခုတလော
မမပြောတဲ့အဖြစ်မျိုးတွေလုပ်မိနေတယ်။ ကျွန်တော် အချစ်ကို တကယ်တွေ့မိလို့
အပြစ်တွေလုပ်နေတာလား ဒါမှမဟုတ် သာယာတဲ့ စကားသံတွေထဲမှာ မြောနေတာလဲ
သေချာကိုမသိသေးပါဘူး။

             "မောင် နောက်တပတ် သစ်မွေးနေ့ရှိတယ်နော် မောင်
ချစ်သက်လက်ဆောင် ဘာပေးမှာလဲဟင် သစ်မောင့်ဆီက တန်ဖိုးကို အဓိကမထားပဲ
အမှတ်တရလက်ဆောင်လေးတော့ လိုချင်တယ်နော် လိပ်စာလဲပေးထားပြီးပြီ
မွေးနေ့အမှီပို့ပေးရမယ်နော်"လို့ သစ်သစ်က ပူဆာပါတယ်
ဘယ်တတ်နိုင်မလဲ စုထားတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ပေးရတော့မှာပေါ့
ကိုယ်ကအစကတည်းက  ပိုက်ဆံရှိ
သားသမီးလို့ ပြောထားတာကို ကိုယ့်အတတ်ကိုယ်စူးတာပေါ့။ထိုအပတ်သူ့ကို
အရုပ်လက်ဆောင်ဝယ်ပြီးပို့ပေးလိုက်တာ စုထားတဲ့ပိုက်ဆံအပြင် မမထံမှ
ကြိုတင်ငွေ လ၀က်စာပါပြောင်သွားပါတယ်။


               "ဖိုးမောင် မျက်နှာလဲမကောင်းပါလား
နေမကောင်းလို့လား"နံ့သာက ဆိုင်မှာကျွန်တော်မှိုင်နေတာ
တွေ့တော့မေးပါသည်။"နေကောင်းပါတယ်ဟာ ဒါပေမဲ့ လကုန်တော့မယ်ဟ"
"လကုန်တော့ ဘာဖြစ်လဲ လကုန်တော့ လစာရမှာမို့ နင်စိတ်ညစ်နေတာလား"လို့
ရွဲ့မေးပါသည်"လစာရမှာတော့ငါ့သိတာပေါ့ ဒါပေမဲ့ဒီလ မမဆီကငါယူသုံးထားတာ
လစာတောင်ကျန်ပါ့မလားမသိဘူး လစာမကျန်ရင် အိမ်ကိုဘယ်လိုအပ်မလဲဟ ဒါကြောင့်
ငါညစ်နေတာ'လို့ အမှန်အတိုင်းပဲ ပြောပြမိတော့"အင်းပါဟာ နင်ဘာတွေသုံးလဲ
အတိအကျမသိပေမယ့် ပစ္စည်းတွေ ခဏခဏ၀ယ်ပြီး နင့်ကောင်မလေးကို ပို့ပေးနေတာတော့
ငါရိပ်မိပါတယ် ဒါပေမဲ့ နင့်ချစ်သူမို့နင်ပို့တာ
အပြစ်မပြောချင်ပေမယ့် ငါတို့ဟာ မရှိဆင်းရဲသား ပြီးတော့မိဘကိုရှာကျွေး
နေရတဲ့သူတွေဆိုတော့
တစ်ခုခုလုပ်မယ်ဆို ကိုယ့်မိသားစုကို အရင်ပြန်ကြည့်ပေါ့ဟာ" နံ့သာပြောတာ
ဟုတ်ပါသည် သစ်သစ်ဆီကို
ကျွန်တော် ၀ယ်ပို့သည့် ပစ္စည်းတွေဟာ နှစ်ကြိမ် သုံးကြိမ်မကတော့ပါ
သစ်သစ်ကလဲကျွန်တော့်ကို တကယ် သူဌေးသားထင်ပြီး ဟိုပွဲရှိရတာနဲ့
ဒီပွဲရှိလို့ မောင်ပေးတဲ့ အ၀တ်အစားလေးနဲ့ တက်ချင်လို့ပါ
ဝယ်ပို့လိုက်ဆိုတော့လဲ မနေနိုင်တဲ့ ကျွန်တော်က ရတဲ့နေရာက ပိုက်ဆံရှာပြီး
ပို့ပေးမိတော့ အခု အိမ်ကို လစာအပ်ဖို့မပြောနဲ့ သူငယ်ချင်းတွေဆီက
ချေးထားတဲ့ ပိုက်ဆံတောင် ဘယ်လိုဆပ်ရမှန်းမသိဖြစ်နေမိသည်။အတွေးတွေနဲ့
စိတ်ညစ်နေတုန်း "ဖိုးမောင်ရယ် အရမ်းလဲ စိတ်ညစ်မနေပါနဲ့ ဒီလငါ့ဆီကနေယူပြီး
အိမ်ကိုပေးလိုက် ပြီးရင် နင်အဆင်ပြေမှငါ့ကိုပြန်ဆပ်ပေါ့ဟာ ဟုတ်ပြီလား
နင်စိတ်ညစ်နေတော့
ငါလဲမပျော်ဘူးဟ"လို့ပြောပြီးထွက်သွားပါတော့သည်။တော်ပါသေးရဲ့ ဒီလတော့
နံ့သာ ကယ်ပေလို့။

           "ဖိုးမောင် မင်းအဖေတော့ ဒုက္ခရောက်ပြီ"
ရပ်ကွက်လမ်းထိပ်ရောက်ရောက်ချင်း အသိတစ်ယောက်က အစမရှိ
အဆုံးမရှိစကားကြောင့် ရင်ထဲထိတ်သွားပြီး"ဘာဖြစ်လို့လဲဗျ အကို့စကားက
အစမရှိအဆုံးမရှိနဲ့ အဖေဘာဖြစ်လို့လဲ""ဒီလိုကွ မင်းအဖေ ညစောင့်လုပ်တဲ့
ဂိုထောင်က
ပစ္စည်းတွေ ညကအခိုးခံရလို့  ပိုင်ရှင်က မင်းအဖေပါ ကြံရာပါလို့ စွပ်စွဲပြီး
ပစ္စည်းတန်ဖိုးတွေ ရော်ခိုင်းနေတယ် တကယ်လို့ မရော်ရင် ရဲတိုင်မယ်
လုပ်နေလို့ မင်းတို့အိမ်မှာ မင်းအမေလဲ အရူးတစ်ပိုင်းဖြစ်နေလေရဲ့
မင်းလဲမြန်မြန်ပြန်"ဆိုပြီး သူလဲ အနားမှ ထွက်သွားပါသည်။ဒါက
မဖြစ်နိုင်ပါဘူး ဒီလူ စတာပဲနေမှာပါလို့ စိတ်ကိုတင်းပြီး
အိမ်သို့အပြေးပြန်ခဲ့ပါသည် အိမ်ရောက်တော့ အမေက ကျွန်တော့်မြင်ပြီး
ပြေးဖက်ကာ"သားကြီးရေ မင်းအဖေသူတော်ကောင်းကြီးကို
ပစ္စည်းခိုးတဲ့သူတွေနဲ့ပေါင်းပြီး ပစ္စည်းတွေခိုးတယ်လို့
သူတို့စွပ်စွဲနေကြတယ် ပစ္စည်းတန်းဖိုးမလျော်ပေးရင် ထောင်ချမယ်လို့လဲ
ပြောနေကြတယ် အမေတို့ဘယ်လိုလုပ်ကြမလဲ"လို့ ငိုကြီးချက်မနှင့်
ရှိုက်သံတွေနဲ့ပြောနေရှာသည်။ အဖေဒီလိုလုပ်မယ့်လူမျိုးမဟုတ်ဘူးဆိုတာ
ကျွန်တော်အကြွင်းမဲ့ ယုံကြည်ပါတယ်။ဒါပေမဲ့လည်း
ကျွန်တော် ခြေလှမ်းများနောက်ပြန်ရင်း ဆိုင်သို့
မမဆီအပြေးလေးလှမ်းလာခဲ့သည် ကံကောင်းချင်တော့မမရှိနေသည်
အကျိုးအကြောင်းပြောပြတော့ မမချက်ချင်းလိုက်လာပြီး သူ့နည်း
သူ့ဟန်ပြဿနာကိုရှင်းလိုက်သည်။ကံကောင်းတာက အဖေလုပ်တဲ့ ဂိုဒေါင်မှာ
CCTVနေတော့ အားလုံးပြန်စစ်လိုက်တော့ သူဌေးသားက
သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးခိုးခြင်းထင်ရှားသောကြောင့် အဖေဘာမှ
မဖြစ်ခဲ့ပေ။ထိုအဖြစ်အပျက်ကို စာရင်းချူပ်လိုက်တော့ အမေဖွင့်ထားသော
အိမ်ဆိုင်လေးပြောင်သွားသည်။အဖေလဲ အလုပ်ပြုတ်သွားသည်။

            ကျွန်တော့်အဖြစ်အပျက်များကိုသိသော နံ့သာသည် ကျွန်တော့်ကို
အရိပ်တကြည့်ကြည့်နဲ့ ကျွန်တော်မှိုင်နေတာ တွေ့လျှင်ချက်ချင်းလာပြီး
အားပေးစကားပြောကာ နှစ်သိမ့်တတ်ပါသည် ကျေးဇူးပါ နံ့သာရယ်လို့
အကြိမ်ကြိမ်စိတ်ထဲမှာပြောနေမိတယ်။vzoမှာ ကျွန်တော်မျက်နှာကိုတွေ့နေရသော
ကျွန်တော့်ချစ်သူသစ်သစ်သည် ကျွန်တော်ဘယ်လိုခံစားချက်တွေရှိနေတယ်ဆိုတာ
နဲနဲမှမသိတာတော့ ကျွန်တော်အံသြမိပါသည်။ဒီနေ့လဲ ချစ်သူများနေ့အတွက်
လက်ဆောင်ပို့ပေးပါအုံးတဲ့ ချစ်သူဖြစ်တဲ့ သက်တမ်းလေးလလောက်မှာ
သူဘက်ကပို့ပေးတာဆိုလို့ စက္ကူလေးတစ်ရွက်တောင် ကျွန်တော်မရဖူးပါဘူး
ကျွန်တော့ဘက်ကပေးရတာတွေက မနည်းဘူး အကြွေးတွေလည်းမနည်းတော့ဘူး
ဘယ်လိုဆပ်ရမှန်းတောင်မသိသေးတာ လာပြန်ပြီလက်ဆောင်တဲ့ ဘယ်သူ့ဆီထပ်ချေးရမလဲ
သေချင်တယ်။

         "သားလာအုံး အမေပြောစရာရှိလို့"အိပ်ယာဝင်ဖို့ပြင်နေတုန်း
အမေကခေါ်လို့သွားတော့'ဒီနေ့သားရဲ့ဆိုင်ရှင်မမ အမေ့ဆီလာသွားပြီး
အမေ့ကိုကိစ္စတစ်ခုတောင်းဆိုသွားတယ် အမေလဲတစ်ညနေလုံးဒီစကားကို
သားကိုပြောရင်ကောင်းမလား
မကောင်းဘူးလားစဉ်းစားနေတာ""ပြောပါရပါတယ်အမေရဲ့
သားအမိချင်းတွေပဲ"ဒီလိုသားရဲ့ သူက သားကို လက်ထပ်ချင်တဲ့အကြောင်းလာပြောတာ
အသက်အရွယ်က အရမ်းကွာနေတော့ အမေလဲသားကိုပြောမထွက်ဘူး"ကြားလိုက်ရတဲ့
စကားကြောင့် နားကို မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရသည်"ဟာအမေကလဲ
သူ့အသက်အရွယ်မှ အားမနာဗျာ အမေကကော ဘယ်လိုပြန်ပြောလိုက်လဲ""အမေလဲ
နားလည်ပါတယ် ဒါပေမဲ့ သူ့ကျေးဇူးတွေက အမေတို့အပေါ်တော်တော်များနေတော့
အမေအပြတ်ငြင်းရမှာအားနာလို့ ကြည့်ကောင်းအောင်
သားပြန်လာရင်မေးလိုက်အုံးမယ်လို့ပြောလိုက်တယ် သားကိုယ်တိုင်စဉ်းစားပေါ့
အမေကတော့ မကန့်ကွက်သလို အားလဲမပေးပါဘူး" အော်သူဘာကြောင့်များ
ကျွန်တော်တို့မိသားစုအပေါ်ဒီလောက်ကောင်းနေလဲလို့ စဉ်းစားနေတာ လက်စသတ်တော့
ဒီအကြံနဲ့ကို
အချစ်နဲ့ မိသားစုကြားမှာ ကျွန်တော်ဘယ်လိုဆုံးဖြတ်ရမလဲနော်။
           ဆိုင်မှာ မမနဲ့တွေ့ မမမျက်နှာက အနည်းငယ်ရှက်သွေးဖြာနေပေမယ့်
ထူးထူးခြားခြားအမူအရာပြောင်းနေတာတော့မရှိ။အမူအရာပျက်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိတာကကျွန်တော်ပါ။နံ့သာကတော့ ဒီအဖြစ်တွေဘာတစ်ခုမှမသိရှာပါ။
ညဘက်ဆိုင်ပိတ်တော့ ကိုကြီးတိုးနှင့် အရက်ဆိုင်လိုက်ဖြစ်ပြီး စိတ်ညစ်တာနဲ့
ကိုကြီးတိုးတားပေမယ့်
အရက်စသောက်ဖြစ်သည် ပြီးတော့ ကျွန်တော်ရင်ထဲက အဆင်မပြေမှု့များကို
ဖွင့်ဟပေါက်ကွဲလိုက်သည်။
'မင်းကောင်မလေးကကော မင်းကို ဟိုကိုခေါ်ဖို့
စကားလေးတောင်မဟဘူးလား"ကိုကြီးတိုးမေးတော့ ရင်နာနာနဲ့"အလကားပါဗျာ
ခေါ်ဖို့မပြောနဲ့ သူ့မိသားစုအကြောင်းတောင် ဘာတစ်ခုမှပြောပြတာမဟုတ်ဘူး
အထင်ကြီးပြီး ရင်းလိုက်တာ ပိုက်ဆံလဲ တော်တော်ကုန်နေပြီ"'ဒါဆို
မင်းစဉ်းစားဖို့တော့ သင့်နေပြီ ပြီးတော့ စမ်းသပ်မှု့လဲ
လုပ်သင့်ပြီ""စမ်းသပ်မှု့ အဲ့ဒါက ဘယ်လိုလုပ်ရမှာလဲ
ကျွန်တော်နားမလည်ဘူး"လို့ အာလေးလျှာလေးနဲ့မေးမိတော့"ဟကောင်မင်းကလဲ
လည်မလိုနဲ့ အ လိုက်တာ မင်းသူ့ကို နာမည်တစ်မျိုး အကောင့်တစ်မျိုးနဲ့
ကျူကြည့်ပေါ့ လွယ်လွယ်လေးပဲဟာကို"လို့ အကြံပေးတယ် အင်း
ကိုကြီးတိုးပြောတာဟုတ်တယ် မနက်ဖြန် အဲ့လိုစမ်းရမယ်။ဒီလိုနဲ့
ဟိုအကြောင်းပြောဒီအကြောင်းပြောနဲ့ မသောက်ဖူးတော့ အရမ်းမူးပြီး အိမ်ကို
တော်တော်နောက်ကျမှ ကိုကြီးတိုးတွဲပြီးလိုက်ပို့ရသည်
ကံကောင်းတာအိမ်ရောက်တော့ တစ်အိမ်လုံးအိပ်တော့
ကိုယ့်ဟာကိုမူးပြီးအိပ်ပျော်သွားသည်။
       ဒီနေ့ဆိုင်ရောက်တော့ မနေ့က ကိစ္စကို အကောင်အထည်ဖော်ရသည် သစ်သစ်ကို
အကောင့်သစ်တစ်ခုနဲ့ အက်လိုက်သည်။ထုံးစံအတိုင်း သုံးရက်လောက်မှ လက်ခံသည်
gtalkမှာ စာရိုက်ပြောရင်း သူ့အကြောင်းတော်တော်သိရသည် ဒီတခါနာမည်က ဖူးသစ်စ
မဟုတ်တော့ပါ
စနိုးတဲ့ ရီရလိုက်တာ ကျွန်တော်ခံလိုက်ရပြီပေါ့ သူက gtalkမှစကားပြောမည်ပြောသောအခါ
ကျွန်တော်အကြောင်းအမျိုးမျိုးပြပြီးစကားမပြော တကယ်လို့စကားပြောရင်
ကျွန်တော့်အသံမှတ်မိသွားမည်စိုးသောကြောင့်ဖြစ်ပါသည်။ကံကောင်းတာက
သူကကျူတဲ့အပိုင်းမှာသာ ကျွမ်းကျင်ပြီး နည်းပညာအားနည်းတော့ ကျွန်တော့်
IPကို မဖတ်နိုင်ပါ။

       'သစ် မောင့်ကို သစ်ရဲ့
passwordလေးပေးနိုင်မလား"ဖိုးမောင်အကောင့်နဲ့ သူ့ဆီကတောင်းတော့'ဘာလဲ
မောင်ကသစ်ကိုမယုံလို့လား""မဟုတ်ပါဘူး သစ် သူငယ်ချင်းတွေနဲ့
ချက်တာလေးတွေသိချင်လို့ပါ မောင့် ပတ့် ကျတော့ သစ်ကိုပေးထားရတယ်
သစ်ကကြတော့မပေးဘူး'လို့ဇွတ်အတင်းတောင်းတော့
အကောင့်ပိတ်သွားသည်။နောက်တစ်နာရီလောက်ကြာမှ "sorry အခုဏလိုင်းကျသွားလို့
မောင်ပတ့်လိုချင်လို့လား ရပါတယ် မောင် ဒါကသစ်ပတ့်ပါဆိုပြီး ပတ့်ပေးပါသည်။
ကျွန်တော်အဲလောက်တော့ မအသေးပါ ခုဏအကောင့်ပိတ်ပြီး chat history
တွေကိုဖျက်လိုက်ပြီးမှ ကျွန်တော့်ကို သူ့ passwordပေးတာပါ။ဖွင့်ကြည့်တော့
ထင်သည့်အတိုင်း တခြားအကောင့်နှင့် ချက်ထားတဲ့ဟာမရှိတော့ပါ။အော်
အွန်လိုင်း အွန်လိုင်း သူလဲလိမ် ကိုယ်လဲညာပဲနော်။ဒီဇာတ်လမ်းကို
ရင်နာနာနဲ့ အဆုံးသတ်ဖို့ကောင်းနေပါပြီ။နှစ်ရက်သုံးရက်လောက်စဉ်းစားပြီး
ကျွန်တော် သူ့ကိုစမ်းသပ်တဲ့ အကောင့်နဲ့သူ့ကို vzoချက်မလားမေးပြီး
သူကချက်မယ်ပြောတော့ အကောင့်တစ်ခုပေးပြီး vzoမှခေါ်လိုက်ပါသည်။
သူဖွင့်လိုက်တော့ ပေါ်လာပါပြီ သစ်သစ်မျက်နှာချစ်စရာလေး
ကျွန်တော်အကြာကြီးထိုင်ကြည့်နေတုန်း'ယူ့ ကင်မရာလဲဖွင့်လေ ဒီဘက်ကကြတော့
ဖွင့်ထားပေးရတယ်
ယူကမဖွင့်ရင်တော့ ပိတ်လိုက်မယ်လို့"နှုတ်ခမ်းလေးစူပြီးပြောနေသည်
ကျွန်တော်လဲ ကင်မရာကိုတမင်မဖွင့်ပဲထားတာပါ ဆုံးဖြတ်
ဖိုးမောင်မင်းဆုံးဖြတ်လို့ စိတ်ကအသိပေးနေတော့ နောက်ဆုံး ဆုံးဖြတ်ချက်ချကာ
ကင်မရာကို တုန်ရီနေတဲ့ လက်နဲ့ ဖွင့်လိုက်ပါသည် သူလဲကျွန်တော့် မျက်နှာကို
မြင်လိုက်ရတော့ 'မောင် မောင် မောင်မဟုတ်လားဆိုပြီး"အလန့်တကြားမေးပါသည်
ကျွန်တော်ဘာမှ မဖြေတော့ပဲ အကောင့်ကိုပိတ်လိုက်ပါသည်
သူသေချာကြည့်နေမယ်ဆိုရင်တော့ နောက်ဆုံးအနေနဲ့ ကျွန်တော့်မျက်ရည်စက်တွေကို
သူမြင်ပါလိမ့်မည်။

      'ဖိုးမောင် အခုတလော နံ့သာ သတိထားမိတာ တစ်ခုရှိတယ် ဘာလဲသိလား""ဘာလဲပြော"
"ဖိုးမောင် အင်တာနက်လုံးဝမသုံးတာ တစ်ပတ်လောက်ရှိပြီနော် ဘာလို့လဲ
ကောင်မလေးနဲ့ အဆင်မပြေဘူးလား"လို့မေးတော့ ကျွန်တော် လိမ်ညာရတာ
မုန်းနေမိတော့ အမှန်အတိုင်းပဲ"ဟုတ်တယ်ဟ သူနဲ့ငါပြတ်သွားပြီ"လို့
ဖြေလိုက်တော့ နံ့သာမျက်နှာလေးပေါ်မှာ ဘာကြောင့်မှန်းမသိ ပြုံးသွားသလို ခံစားမိပါတယ်။

      နောက်နဲနဲကြာတော့ ကိုကြီးတိုး ဘယ်ကနေစုံစမ်းလာသည်မသိ သစ်သစ်အကြောင်းကို ကျွန်တော့်ကိုပြောပြပါသည်။သစ်သစ်ဟာ အမေရိကားမှာကျောင်းတက်တာလဲမဟုတ် မိသားစုလဲမရှိ
တကိုယ်တည်းနေပြီး အလုပ်လုပ်နေတဲ့သူပါ အွန်လိုင်းမှာလဲ ကျွန်တော့်လို လူမျိုးတွေဆီက လက်ဆောင်လဲ လိမ်ညာတောင်းပြီး သူ့ဆီရောက်လျှင် လိုတာသုံးပြီး မလိုတာ ပြန်ရောင်းချတယ်လို့လဲသိရပါတယ်။ရိုးသားမှု့မရှိတဲ့ သူနဲ့ကျွန်တော့်အချစ်ဟာလဲ ဘယ်မှာ အချစ်စစ်ဖြစ်နိုင်ပါ့မလဲ သူနဲ့ လမ်းခွဲတော့လဲ ကျွန်တော်မခံစားရပါဘူး တကယ်တော့ သူ့ကိုချစ်တယ်ဆိုတာလဲ အကျိုးအမြတ်ကိုလိုချင်လို့ချစ်ခဲ့တာပဲလေ။သူကလဲ အကျိုးအမြတ်အတွက်ချစ်တာပဲမို့ ဒီပွဲမှာ သရေပါပဲ ကျွန်တော်က ပစ္စည်းတွေဝယ်ပေးရတဲ့ ငွေရှုံးသလို သူကလဲ လိမ်ညာစားတယ်ဆိုတဲ့ ဂုဏ်သိက္ခာရှုံးတာပေါ့။

      အခုဆိုရင် ကျွန်တော့်မိသားစုအခြေအနေဟာ ကျွန်တော်အလုပ်မရှိပဲနေခဲ့သည့်တုန်းက အခြေအနေမျိုးနီးနီးပြန်ရောက်နေပါပြီ အဆင်ပြေတဲ့ဘ၀ဟာ တစ်နှစ်လောက်ပဲ ခံစားခဲ့ရပါတယ်။
လက်ရှိအဖေကလဲ အလုပ်လက်မဲ့ နေ့တိုင်းအရက်ကိုအဖေါ်လုပ်နေတဲ့ အရက်သမားကြီးဘ၀ကိုရောက်နေပါပြီ အမေကလဲ ဘာမှမလုပ်တတ်မကိုင်တတ် အရွယ်မရောက်သေးတဲ့
ညီလေး ညီမလေး ဒီမိသားစုကို အပြေအောင် ဘယ်လိုပြန်လုပ်ရပါ့မလဲနော်။တကယ်ဆို ကျွန်တော် ထမင်းလေးနပ်မှန်တာကို ဘ၀င်လေဟတ်ပြီး လုပ်ချင်တာလုပ်ခဲ့တာက အဓိက တရာခံပါ။ရှေ့ဆက်ဘယ်လိုသွားရတော့မယ်ဆိုတာလဲ ကျွန်တော်မသိတော့ပါဘူးဗျာ။

        ဒီနေ့ ဆိုင်ရှင်မမကို အတိအကျအဖြေပေးရမယ့်ရက်ပါ လက်ထပ်မယ် လက်မထပ်ဘူးဆိုတာကိုပေါ့
ကျွန်တော့် မိသားစု ဘ၀အခြေအနေပြောင်းလဲခြင်းဟာလဲ မမကိုလက်ထပ်ခြင်း မထပ်ခြင်းအပေါ်အများကြီးမူတည်နေပါတယ်။ လက်ထပ်လိုက်ရင် အားလုံးအဆင်ပြေသွားပြီး လက်မထပ်ရင်တော့   အတွေးတောင်မဆုံး မမ ဆိုင်ထဲသို့ ရောက်လာပါသည်။အခြေအနေအားလုံးကို သိထားသော နံ့သာကလဲ ကျွန်တော့်အဖြေက ဘာလဲဆိုတာကို သိချင်လို့ ကျွန်တော်တို့အနားမှာ ရစ်သီ ရစ်သီနဲ့ပေါ့။
"ကဲ ဖိုးမောင် မမတို့ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့ မမရဲ့တောင်းဆိုမှု့ကို မင်းလိုက်လျောလို့ရသလို ငြင်းဆန်လို့လဲရပါတယ် မမအသက်အရွယ်နဲ့ မင်းကအရမ်းကွာနေတော့
မင်းငြင်းရင်လဲ မမစိတ်မဆိုးပါဘူး။မင်းဆီက ရိုးသားတဲ့အဖြေတစ်ခုပဲလိုချင်တယ်"
ဘယ်လိုဆုံးဖြတ်ရမလဲ မိသားစုဘ၀ကလဲရှိသေးတယ် မမကိုယူလိုက်ရင် အခွင့်အရေးအကျိုးအမြတ်တွေကအများကြီး
အကျိုးအမြတ် >>>အကျိုးအမြတ်  ဆုံးဖြတ်လိုက်ပါပြီ။

"မမကို ကျွန်တော်လက်မထပ်နိုင်ပါဘူး ဘာလို့လဲဆိုတော့ အသက်အရွယ်က အဓိက မဟုတ်ပေမဲ့
အဓိက ကမမကို ကျွန်တော်မချစ်လို့ပါပဲ အချစ်မပါပဲ လက်တွဲရမယ့် ကျွန်တော်တို့ ဘ၀ခရီးဟာလဲ ဖြောင့်ဖြူးမယ်လို့ ကျွန်တော်မထင်ပါဘူး ဒါကြောင့် အားနာနာနဲ့ပဲ ငြင်းပါရစေနော်
မမကို ကိုယ့်အမတစ်ယောက်လိုပဲ သဘောထား အားကိုးမိတာပါ"လို့ ပြတ်ပြတ်သားသားပဲ အဖြေပေးလိုက်ပါတော့သည်။အဖြေစကားကိုကြားတော့ မမ မျက်ရည်တွေတောင် ၀ဲနေပါတယ်
အခုတော့ မမ ခံစားနေရပါလိမ့်မယ် ကျွန်တော် မမတသက်တာ မခံစားရအောင်လို့ ဒီလို ဆုံးဖြတ်လိုက်တာပါ။"ပြီးတော့ ကျွန်တော့်ကို အလုပ်ထွက်ခွင့်ပေးပါ မမအပေါ်တင်နေတဲ့ အကြွေးတွေကိုလဲ အလုပ်သစ်ရှာလုပ်ပြီး ကျေအောင်ဆပ်ပါ့မယ် ဒီလိုပြောလို့ ကျွန်တော့်ကို တမျိုးမထင်ပါနဲ့ ဒီမှာဆက်လုပ်နေရင် မမကို အားကိုးတတ်တဲ့စိတ်ကိုဖျောက်လို့မရမှာစိုးလို့ပါ ဒီနေ့ကစပြီး ကိုယ့်အားကိုယ်ကိုးပြီး ရိုးသားတဲ့လူတစ်ယောက်အနေနဲ့ ရပ်တည်ချင်လို့တောင်းဆိုတာပါ ကျွန်တော့်တောင်းဆိုမှု့ကို လိုက်လျောပေးပါ"
ကျွန်တော် ဆုံးဖြတ်ချက်ကို မမကကြားတော့"အင်း ဒါဆိုလဲ ကောင်းပါပြီကွယ် မင်းဆန္ဒကို မမလိုက်လျောပါ့မယ် မမအကြွေးတွေကတော့ အရေးတကြီးဆပ်စရာမလိုပါဘူး မင်းမိသားစုကို အရင်ဆုံးအဆင်ပြေအောင် လုပ်ပြီးမှ မမအကြွေးတွေကို တဖြေဖြေဆပ်ပေါ့ လိုအပ်တဲ့ အကူအညီလိုရင်လဲ အချိန်မရွေးလာတောင်းနိုင်ပါတယ် အလုပ်သစ်ရပြီး အဆင်ပြေပါစေလို့လဲ မမဆုတောင်းပေးပါတယ်"လို့ မမကစိတ်မကောင်းစွာပြောတော့ ၀မ်းတော့ နည်းမိသား ဒါပေမဲ့လဲ မတတ်နိုင်ဘူးလေ။

        စိတ်သစ် လူသစ်နဲ့ ဘ၀ကိုရဲရဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပြီး ဆိုင်ကနေထွက်လိုက်သည်။ဆိုင်ပြင်ရောက်တော့ အချိန်အကြာကြီးလုပ်ခဲ့သော ဆိုင်လေးကို နှုတ်ဆက်အကြည့်နဲ့ ရပ်ကြည့်နေမိတယ် ဒီဆိုင်လေးက ကျွန်တော့်ဘ၀အတွက် အမှတ်တရအမျိုးမျိုးပေးခဲ့သော ဆိုင်လေးမို့ ခွဲသွားရမယ်ဆိုတော့ လွမ်းမိသလိုပါပဲ...အလွမ်းဆုံးကတော့
သက်ရှိတစ်ဦးတစ်ယောက်ကိုပေါ့ ဟူး မဖြစ်နိုင်မယ့်အတွေးကို အတွေးတော့ပဲ ဆိုင်ကို ကျောခိုင်းပြီး ခြေးလှမ်းဆယ်လှမ်းလောက်တောင်မပြည့်သေး နောက်ဘက်မှ လူပြေးလိုက်လာတဲ့
ခြေးသံကိုကြားလို့ ရပ်မိမလိုဖြစ်တော့ နွေးထွေးတဲ့ လက်လေးတစ်ဘက်က အေးစက်နေတဲ့ ကျွန်တော်လက်လေးကို လှမ်းဆွဲလိုက်တာမို့ လှည့်ကြည့်လိုက်တော့ မျက်ဝန်းမှ မျက်ရည်တွေအပြည့်နဲ့
ကောင်မလေးတစ်ယောက် ကျွန်တော့်ကိုစိုက်ကြည့်နေပါသည်။ရိုးသားတဲ့ ချစ်ခြင်းဆိုတာကို ရင်ဘတ်ထဲက နှလုံးခုန်သံက သက်သေပြနေပါပြီ အချစ်ဆိုတာ ဘာလဲဆိုတာလဲ နားလည်လိုက်ပါပြီ
ခြေလှမ်းသစ်အတွက် ခွန်အားတွေပေးတဲ့ ကောင်မလေးကို ချစ်လဲချစ် ကျေးဇူးလဲတင်ပါတယ်။


လွင်ပြင်လှိုင်းငယ်
 
မှတ်ချက် ။        ။အလုပ်တွေများနေလို့ ဆားငန်ငန်လေးချက်သွားပါတယ် ဟိ

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ (၂)

Friday, 2 November 2012

7 comments


အိမ်  ထောင်တခု အလှတွေစုအောင်
ဦး   ဆောင်နေမယ့်
  ခင်ဆိုတာ
ခင်  ယုံပေးပါ
+   ဘက်တဲ့ နှစ်ပေါင်းများစွာ
တီ  တီတာတာ သားလိမ္မာများနှင့်
တင့် တင့်တယ်တယ် လောကအလယ်မှာ
နှစ် ရက်မှစ စက္ကန့်တိုင်းလဲ
၃၀  နှစ်မှ နှစ်ပေါင်းများစွာ
ပြည့် စုံတဲ့ အကြင်နာမေတ္တာ နားလည်မှု့ သံယောဇဉ်တွေကို
ပု လဲရတနာလို လည်မှာဆွဲလို့
လဲ လှောင်းနားခိုအေးရိပ်စစ်မှာ
  တုများစွာ အတူချီရင်း
တု နှိုင်းမရတဲ့ မိဘမေတ္တာ သားတို့ပေးရင်း တွဲလက်မဖြုတ် ဘ၀ခရီးဆက်ကြပါဆို့ ။

လွင်ပြင်လှိုင်းငယ် 

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ

Thursday, 1 November 2012

3 comments

နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါဗျာ ။


နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။
လွင်ပြင်လှိုင်းငယ်
***********************************************************



တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
 မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သံယောဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။

 jasmine 

တွေးမိသမျှ

Monday, 29 October 2012

15 comments
ယုံပါ သင် ရယ်
ပုံပြင်ဆိုတာ
ပုံကြိုက်သူတွေ အတွက်ပါ ။

ယုံတမ်းစကားဆိုတာ
ယုံစားတတ်သူတွေအတွက်
သီးခြားဘာသာစကားတစ်ခုပေါ့ ။

မာယာဆိုတာ
သကာဆမ်းထားတဲ့
နှုတ်ခမ်းဖျားကို ယုံစားတတ်သူကိုမှ
ထောင်ဖမ်းလို့ရတဲ့ ထောက်ချောက်တစ်ခုပါ ။

အကြင်နာတွေပြပေမယ့်
ရင်ဘတ်မှာ ၀ံပုလွေနှလုံးသားနဲ့
မုသားချိုချိုသုံးတတ်သူဟာ
ရင်ဘတ်ထဲကို ထွင်းဖောက်မကြည့်
အပေါ်ယံအပျော်ရှာသူတွေအတွက်
 အသုံးဝင်တဲ့ လှည့်ကွက်တစ်ခုပါ ။

အသုံးအနှုန်းတွေ ညှက်
အခေါ်အပြောတွေက
မက်လောက်စရာကောင်းတယ်ဆိုတာ
ရိုးအသူတွေကို ပုံသွင်းလို့ရတဲ့ ရွှံ့စေးတစ်ခုပါ
ရိုးသားပါ
ရိုးအ မနေရင် အလိမ်အညာစကားနဲ့ သိမ်းသွင်းရန်ခက်
လိမ်ဆင်တွေရှက်ရပါလိမ့်မည် ။

အရိပ်ဆိုတာ မှောင်နေရင်မရှိပေမယ့်
အတိတ်ဆိုတာ ဖျောက်ဖျက်လို့ အရာမှမဟုတ်တာ
ကောင်းတဲ့ အတိတ်ကို မှတ်ထားပါ
မကောင်းတဲ့အတိတ် စိတ်မိုက်တွေကို
တနေ့ နဲနဲပါးပါး ဖယ်ရှားရင်းနဲ့
မနက်ဖြန်အတွက်
ဒီနေ့ကောင်းတာတွေလုပ်ပါ ။

မှတ်ချက် ။          ။တွေးမိတဲ့ အတွေး ရေးမိတဲ့ လွင်ပြင် အမှားပါရင် နားလည်ပေးနိုင်ကြပါစေ ။
                              အခုလော အလုပ်များနေသောကြောင့် သူငယ်ချင်းတို့ရဲ့ အိမ်လေးတွေဆီ
                                အလည်လာ စာမဖတ်နိုင်သေးတာကိုလဲ တောင်းပန်ပါတယ်
                                 အားလုံးအကြွေးမှတ်ထားပေးကြပါနော် ။

အားလုံးကို ရိုသေလေးစားလျက်

လွင်ပြင်လှိုင်းငယ်

ဆန္ဒပြပြန်ပြီ

Wednesday, 24 October 2012

21 comments
ဟိုနေ့က အတ္တကြော်ဆိုပြီး
သူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးတာနဲ့
မောဟ သေရည်နဲ့ မြည်းလိုက်တာ
စုတ်ပြတ်သတ်နေတဲ့
သိက္ခာတွေ အန်ဖတ်ထဲရောလို့ပေါ့
အဆင့်တန်းမြင့်မြင့်နေနိုင်ပြီဆိုလို့
လှမ်းကြည့်လိုက်တာ
ဘတ်ကားဂိတ်က ညမင်းသမီးတွေတောင်
ဥပဒေသစ်တွေတောင်းဆိုလ်ု့
ရိုးရာပွဲမှာ
ဆင်းရဲသားဝတ်စုံနဲ့သူတွေက
နိုင်ငံတကာ အဆင့်အတန်းပွဲက ကောင်မလေးတစ်ယောက်ကို
ရိုင်းလို့ဆိုပြီးဝေဖန်နေလေရဲ့ ။

တိုက်တွေပေးမယ် ကားတွေပေးမယ်ဆိုပြီး
လမ်းတွေက နွားလှည်းမောင်းရင်တောင် လည်းတန်ကျိုးမယ့်အနေအထား
ပစ်မယ်ခတ်မယ်ဆိုရင်
အိမ်ထဲမှာ ပုန်းနေသူများ
အခုတော့ ကွမ်းယာဈေးတက်လို့ လမ်းမမှာ ဆန္ဒပြနေလေရဲ့ ။

ဟိုနိုင်ငံမကောင်းဘူး ဒီနိုင်မကောင်းဘူးနဲ့
ဝမ်းတစ်ထွာအတွက်
ပြည်ပမှာ အခြေချနေထိုင်သူတွေကို
မျိုးမချစ်ဘူးပြောနေသူတွေများနေပေမယ့်
နေ့စဉ်နိုင်ငံခြားထွက်ခွာသူကလဲ ရာနဲ့ထောင်နဲ့ပါလားနော်
 အမေ အမ မိန်းမကောင်းတွေ အဆိပ်ခတ်သတ်
မကောင်းတဲ့ ၀က်ဆိုဒ်ရေးနေသူက
ထူးချွန်တဲ့ အမျိုးကောင်းသမီးကို
 မကောင်းပြောနေတဲ့ ဒီပါစပ်က ထွက်ကျလာတဲ့
စကားတွေစားသုံးဖို့ နေ့စဉ်သောင်းသိန်းရှိနေပေမယ့်
နိုင်ငံကျော် စာရေးဆရာရဲ့ ၀က်ဆိုဒ်မှာတော့
တနေ့ လေးငါးယောက်နဲ့သာနေ့ရက်တွေကုန်ဆုံး ။

ပဲပြုတ်သည် ထီပေါက်လဲလုပ်လို့ရတဲ့
တွေ့သမျှ သီချင်းလုပ်တဲ့ ဟစ်ဟော့သမားတွေက
ရော့(စ်)ဂီတသမားတွေ ကော်ပီပဲ
 သောက်တတ်တယ်လို့ ၀ိုင်းပြောတဲ့ ဒီကာလ
အိပ်မရတဲ့ ညတိုင်း
အိပ်ဆေးအနေနဲ့ မြန်မာ ဟာသကားတွေ
 ကြည့်ပြီးအိပ်ရတာလဲများနေပြီ ။

နိုင်ငံခြားမှာ  ကတ္တီပါ ဖိနပ်စီးသူတွေ့ရင် သူ့ရှေ့မှာ
မြန်မာလိုမပြောနဲ့လို့ လက်တို့တွေကလဲ ဒုနဲ့ဒေး
အီးလို ယူနဲ့ အိုင် နဲ့လုပ်ပြီး မြန်မာကို မြန်မာလို့သိမှာ ရှက်သူကရှက်
ဖြစ်ပျက်နေတာက ခေတ်ပျက်သလားတောင်ထင်ရ ။

ပြုပြင်ပြောင်းလဲတို့ပြည်ကြီးမှာ
တောင်တွေလဲ ကတုံး
လယ်တွေကလဲ ဟိုလူသိမ်း ဒီလူသိမ်း
ရွာတွေထဲမှာလဲ ဟိုဒိန်းဒိန်း ဒီဒိန်းဒိန်း လက်နက်သံတွေဟိန်း
ကဲ ဘာပဲပြောပြော
တကယ်လို့သာ
ပစ်မယ်ခတ်မယ် ဖမ်းမယ်ဆီးမယ်ဆိုရင်
ကျွန်တော်ရော ဒီစာရေးရဲပါ့မလား
အတွေးများနဲ့သာ ။

လွင်ပြင်လှိုင်းငယ်

လူတွေမေးတဲ့ ဘာကြောင့်လဲ

Monday, 22 October 2012

17 comments
ဘာကြောင့်ချစ်တာလဲ
အကြောင်းပြချက်မေးခွန်းတွေ
မကြာခဏ ငါကြားနေရတယ်
အချစ်ဟာ အချစ်ပါ
အကြောင်းပြချက်မရှိပဲ
ငါတို့နှစ်ယောက် ပေါင်းဘက်ကြပြီးပြီပဲ 
အကြောင်းပြချက်ရှိမှတော့
ငါ့လို လူဆိုး
နင်ကရော ထူးပြီး ချစ်လာမှာတဲ့လား ? ။

ဘာကြောင့်လွမ်းတာလဲ
အရမ်းကြီးတော့ စာမဖွဲ့ပါဘူး 
အတူမရှိမရှိတဲ့ စက္ကန့်တိုင်း
အလွမ်းဆိုတဲ့ကောင် ငါ့ဘေးမှာ နေရာယူတတ်တယ်
အချစ်နဲ့ အလွမ်း ညီအကိုဝမ်းကွဲတော်သလားတော့မသိဘူး
အတူမရှိတဲ့ အချိန်တိုင်း
အလွမ်းက ငါ့ဘ၀ရဲ့
နှလုံးသားဇာတ်ခုံပေါ်မှာ အလွမ်းဇာတ်ကနေလေရဲ့ ။

လူရယ်လို့ဖြစ်လာမှတော့
အတ္တက အနှီးထုပ်အဖြစ်နဲ့
ကပ်ပါလာတာ သေတဲ့အထိပါပဲ
အတ္တကင်းတဲ့ တရားသမားမဟုတ်တော့
အမှားတွေတော့ရှိမှာပဲလေ
သူ့အချစ်ကြောင့်ငါရူးနေရင်
ငါ့အချစ်ကြောင့်ကြောင့် သူသွပ်သွပ်ခါသွားစေတဲ့
အတ္တတွေကြောင့်
နေ့ရက်တိုင်းမှာ အချစ်တွေတိုး
မရိုးနိုင်တဲ့
သူ့ရင်ထဲက ခံစားချက်တွေ နှိုက်ယူပြီး
သံသရာအဆုံးထိ
ကဗျာတွေ ငါထုဆစ်နေမိတာပေါ့ ။

လွင်ပြင်လှိုင်းငယ်


ပန်းခရေနှင့် သဲဘုစု ပြီးတော့ ကျွန်တော် ရင်ခုန်သံ

Friday, 19 October 2012

16 comments

မနေ့ညက မိုးတိမ်တွေ ပြိုကျပြီး အိမ်ဘေးနားက ခရေပင်ထက် ခရေပန်းတွေဆီ တစ်ပွင့်ပြီး တစ်ပွင့် နမ်းရှိုက်....
အေးစက်တဲ့ အတွေ့အထိမှာ အညှာမခိုင် လေရဲ့ ကြည်စားမှု့ကပါပေါင်းဖက်လာတော့ အညှာက ကင်ဆာမိသလို အဆုံးသတ်
ပင်မြင့်ကို တွယ်ဖက်မထားနိုင်တော့ပဲ လေနဲ့အတူ အပင်ကကြွေပြီး မြေပြင်မှာ ဟိုတစ်ပွင့် ဒီတပွင့် အထီးကျန် မျက်ရည်စက်တွေနဲ့ပေါ့ ။
မချစ်သူတွေရဲ့ ခြေဖ၀ါးအောက်မှာ ရောက်သူကရောက် ပင်ခြေရင်းမှာ တွယ်ကပ်သူကကပ်နဲ့ ဒီမိုးသည်းထဲမှာ အအေးဒဏ်ခံရင်း..
မြတ်နိုးသူတစ်ယောက်များ လာကောက်မလားဆိုတဲ့ အတွေးမျှော်လင့်ချက်နဲ့ မိုးစက်တွေတောင် ဟိုသွား ဒီမျောရင်း ဘယ်ဆီရောက်သွားပြီလဲမသိ  ....
ခရေတွေဖွေးဖွေးကို အတွေးနဲ့မြင်မိပြီး ခရေပင်အောက် ပန်းကောက်ချင်နေမိတယ် အချိန်က နံနက် ၄နာရီ သဲဘုစုတစ်ယောက်အိပ်ပါစေလို့ ဆုတောင်းရင်း
ခရေပန်းရနံ့တွေ နှလုံးသားဆီ စီးဝင်လာတယ် ...လက်မောင်းထက်မှာ ဘုစုကို ချော့သိပ့်ရင်း အိပ်စက်သွားတော့ သူ မနိုးအောင်ဖြေးဖြေးလေးခေါင်းအုံးထက် အိပ်စက်စေပြီး တိတ်တိတ်လေး အိမ်အောက်ဆင်းရင်း
ခရေပင်ဆီ အပြေးလေးလာပြီး မြတ်နိုးသူ့ကို မျှော်လင့်နေတဲ့ ဟိုတစ်ပွင့် ဒီတစ်ပွင့် ခရေးလေးတွေ ငါတစ်ယောက်ထဲကောက်နေမိတယ် ။
ခြေဖ၀ါးအောက်မှာ ၀ပ်ဆင်း ပြားချပ်နေတဲ့ ခရေပန်းလေးတွေကလဲ သူတို့ကို မကောက်မှာ စိုးရိပ်တဲ့ အကြည့်တွေနဲ့ပေါ့ ညင်ညင်သာသာလေးပဲ သူတို့ကိုလဲ ကောက်ယူပြီး
အိတ်ထဲမှာ တော်တော်ရနေတဲ့ ပန်းခရေတွေကို မြတ်မြတ်နိုးနိုးယူဆောင်သွားပြီး အိမ်လေးပေါ် အပြေးတက် အခန်းထဲရောက်တော့
နှစ်ခြိုက်စွာ အိပ်နေတဲ့ သဲဘုစု ခေါင်းအုံးဘေး ခရေပန်းတွေ ခင်းကျင်းလိုက်တော့ ခရေရနံ့က သူမ ကိုလှုပ်နိုး အိပ်ချင်မူးတူးမှာ ရင်ခုန်သံတွေရောထွေးပြီး
ခရေးပန်းတွေကို သဲဘုစုမြတ်နိးလှစွာနမ်းရှိုက်လိုက်တော့ ဒီကမ္ဘာပေါ်မှာ ကျွန်တော်ရယ် ပန်းခရေလေးတွေ ပြိုင်တူ ကြည်နူးပျော်ရွှင်လို့ပေါ့ ။  ။   ။

မှတ်ချက် ။         ။နံနက်စောစော ခရေပန်းမြတ်နိုးတဲ့သဲဘုစုလေး မသိအောင် ခရေပန်းကောက်ရတဲ့ ရင်ခုန်သံလေးပါ ။

လွင်ပြင်လှိုင်းငယ်

ဒီနေ့ ဒီရက် ဒီည

Wednesday, 17 October 2012

20 comments
ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ
အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။
အသက်ရှူသံမှာ
ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။
မျှော်လင့်ချက်ဆိုတာ
အသက်ဆက်တဲ့ မရှိမဖြစ်လိုအပ်ချက်ဆိုတာ သိလိုက်တဲ့ ဒီရက် ။
လူဆိုတာ
ဘယ်အတွက်ကြောင့်လူဖြစ်တယ်ဆိုတာ သဘောပေါက်လာတဲ့ ဒီနေ့ ။
လမ်းမှားကိုလျှောက်ချင်တဲ့ ခြေတစုံကို
လမ်းမှန်ကိုနင်း ပန်းခင်းလမ်းကို လျှောက်တတ်အောင် သင်ပေးလိုက်တဲ့ ဒီရက် ။
အရာစုံကို ခုံမင်တတ်တဲ့ အတ္တကို
ခန္ဓာကိုယ်မှာ အချစ်အတွက်အတ္တနဲနဲလေးပဲချန် ရှင်းလင်းလိုက်တဲ့ ဒီနေ့ ။
ငါဆိုသောနောက်မှာ သူဆိုတာပါလာတော့
ပတ်ဝန်းကျင် ကမ္ဘာပေါ်မှာ လူတကာကို ငါလို့ မြင်လာတဲ့ ဒီရက် ။
ဒဏ်ရာတွေပြည့်နေတဲ့ ရင်တစုံကို
ကာရံတွေခင်း ကဗျာပန်းတွေ စိုက်ခဲ့တဲ့ ဒီရက် ။
ပြောင်းလဲတတ်တဲ့ အကြောင်းတရားတွေပြည့်နေတဲ့ လောကမှာ
ဟောင်းနွမ်းပေမယ့် အကောင်းတိုင်းရှိနေရမယ့် စိတ်ထားကို နှလုံးသားနံရံမှာ တံဆိပ်ခတ်တဲ့ ဒီရက်
အတိတ်က အိပ်မက်ဟောင်းတွေ ပြတိုက်ပို့
အိပ်မက်သစ်မှာ ဘယ်တော့မှာ မဟောင်းမယ့် အိပ်မက်သစ်တွေဆက်မက်နေမယ့် ဒီည
ဂျီးအထပ်ထပ်တက်နေတဲ့ စိတ်ခန္ဓာကိုယ်ကို 
မေတ္တာရည်ထဲစိမ် အတ္တတွေပါ ကွာကျအောင် နင့်နှလုံးသားနဲ့ တိုက်ချွတ်ပေးတဲ့ ဒီရက်
ခင်မင်မှု့စ
သံယောဇဉ်နှောင်ဖွဲ့မိရင်း
အချစ်မှသည် မေတ္တာ
မေတ္တာမှသည် သစ္စာ
သစ္စာမှသည် နားလည်ပေးမှု့
နားလည်မှု့မှ မျှဝေခံစားရင်း
နှစ်ယောက်သား ကောင်းတူ ဆိုးရင်ပြင်ဆင်ပေးကြရင်းနဲ့
ဘ၀လမ်းကို ရဲရဲလျှောက်နိုင်အောင် ခွန်အားတွေပေးလိုက်တဲ့ ဒီနေ့ ။

17.10.2012 ချစ်သူသက်တမ်း ရနှစ်မြောက် အမှတ်တရ
မှတ်ချက် ။      ။မနေ့ကတင်ရန် သုံးနေသော စက်ပျက်သွားသောကြောင့် ဒီနေ့မှ တင်ဖြစ်ပါတယ်

အားပေးသူအပေါင်း ပျော်ရွှင်ကြည်နူးကြပါစေ

လွင်ပြင်လှိုင်းငယ်




ရှိနေပေးပါ

Monday, 15 October 2012

16 comments

ငါဟာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်တောင်
ခြွေတဲ့လေညှင်း
နင်သာဖြစ်ပါ
မြေမှာခလဲ ပန်းလှလှနဲ့ ငါ့ဘ၀ပါ ။

ငါဟာတိမ်တိုက်
ငွေ့ရည်ဖွဲ့သာ နင်ဖြစ်ခဲ့ပါက
လူတွေမျှော်တဲ့ လူမျှော်မိုးအဖြစ်
ကမ္ဘာမြေကို ငါဆင်းသက်သွားမယ် ။

ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။

လိုအပ်ချက်တွေများတာ ဘဝ
တောင်းတချက်တွေများတဲ့ ငါ့ အတ္တအတွက်
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။

ကာရံတွေ နားမလည်သေးတဲ့
ငါ့ကဗျာတစ်ပုဒ်ဟာ မလှခဲ့ပေမယ့်
နင်သာ ငါ့ရဲ့ ထာဝရ ကာရံဖြစ်ပါစေ
ငါစပ်သမျှ ကဗျာအားလုံး
ငါ့ရင်ထဲမှာ အလှဆုံး  ။

လွင်ပြင်လှိုင်းငယ်

မှတ်ချက်။ ပုံကို googleမှယူပါသည် ။စာသားတွေကို နှလုံးသားမှ ယူပါသည် ဟိ ။

ကျောင်းအပ်ပွဲ

2 comments
အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျာင်းဆောင် ဟာ နာက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..

အတွေးလေးများ

Saturday, 13 October 2012

15 comments
ဝေးသွားမှ လွမ်းနေမယ့်အစား
မဝေးခင်ကတွေးထားပါ
အလွမ်းဆိုတာ
နှစ်ချို့ဝိုင်တခွက်လို မချိုမြိန်ဘူး ။

ချစ်ပြီးမှ မုန်းသွားအစား
မချစ်ခင်က စဉ်းစားပါ
အချစ်ဆိုတာ
အာဖရိကစိန်တပွင့်ထက် တန်ဖိုးရှိတယ်ဆိုတာကို ။

အကြင်နာတွေကို အပေါ်ယံမပြပါနဲ့
နာကျင်နေချိန်မှာ
ထွေးပွေ့ပြီး
နှစ်သိပ်မှု့ဆေးတစ်ခွက်ကို
လက်တွေ့ ဘ၀နဲ့ ဒဏ်ရာတွေပြေပျောက်အောင် ကုသမှ
အကြင်နာဆိုတာ ကမ္ဘာ့အကောင်းဆုံး ဆေးတစ်ခွက်ဆိုတာ
သူသိလာပါလိမ့်မယ် ။

မှောင်နေချိန်မှ အလင်းတန်ဖိုးသိမယ့်အစား
လင်းနေချိန်တုန်းက
အမှောင်ချိန်ရောက်ရင် ဘယ်လိုဖြတ်ရမလဲ
ပြင်ဆင်ထားသင့်တာပေါ့ ။

မှတ်ချက် ။      ။ခံစားမိသမျှ အတွေးလေးများ

လွင်ပြင်လှိုင်းငယ်






လင်နဲ့မယား

14 comments
အသွင်တူမှ အိမ်သူဖြစ်ရမှာလား
အိမ်သူဖြစ်ပြီးမှ အသွင်တူအောင်
စိတ်တူကိုယ်တူ
အေးအတူ ပူမမျှပဲ
သူ့ဘ၀နဲ့ ကိုယ့်ဘဝ
ပေါင်းစည်းပြုပြင်ပြီး
ထာဝရကြည်နူး ပျော်ရွှင်ဖွယ်
ဘ၀အိမ်လေးဆောက်မယ်ဆိုရင်ကော မဖြစ်ဘူးလား ။

အသွင်တူ အိမ်သူဖြစ်ပြီးမှ
ယောက်ျားကလဲ
အိမ်ဦးသခင် ငါအရှင်ပဲလို့
စိတ်မှာ အမှတ်မှား
ပျော်ရာမှာနေ ကြုံရာမှာစား
ဇနီးမယားအလှတရားကို
လမ်းဘေးက ပျော်တော်ဆက်မယ်လောက်
တန်းဖိုးမထား
ဖောက်ပြန်တာကို
ဂုဏ်တစ်ခုလို သဘောထားပြီး
ဇနီးမယားရဲ့ အတွင်းစိတ်ကို ၀င်မကြည့်ပဲ
သန်းခေါင်ယံ
အိမ်အရောက်မှာ
မျက်ရည်စိုးစိုး
မောလို့အိပ်ပျော်နေတဲ့
မိန်းမဘေးမှာ ငွေအပုံပေးယုံနဲ့
ပြီးပြည့်စုံနဲ့
အိမ်ထောင်လင်ယောက်ျားဘ၀လား  ။

အသွင်ကတူတူ ဒီလင်ယူပြီး
ဇနီးမယား သက်ထားသခင်
ဒီနာမည်နှင့်
ချက်ပြုတ် လျှော်ဖွတ်
ဒီအလုပ်တွေ ဘေးချထားပြီ
အိမ်အပြင်မှာ လူတကားနဲ့
အိမ်ဦးနတ်လင်
အ တင်းမှစလို့
အိုဘားမား အသားမဲတာအဆုံး
အတင်းစုံ သတင်းစုံနဲ့
ဒိုဘီမှာတော့ အ၀တ်တွေ
မွဲခြောက်ခြောက်နဲ့ပေါ့
ရှောပင်ဆိုတာ
လင်တော်မောင် ငွေထုတ်စက်ရှိသလား
အတွေးမှာထားပြီး
ဒစ်စကောင့်လေးချလို့ ၀ယ်လိုက်တာလို့
ဆင်ခြေ ဆင်လက် ဆင်တစ်ကောင်လုံးနဲ့
ဝယ်တဲ့ ပစ္စည်းတွေကတော့
လင်တော်မောင်ရဲ့ ပါးလှပ်လှပ် အိပ်ကပ်လေးကို
လောင်ပြုံးလေးပြုံးလို့ပေါ့ ။

လင်းနဲ့မယား
လျှာနဲ့သွား
ဒီစကားတွေ ဘေးထားလိုက်ပါ
သွားကလဲ ၀ါးဖို့ထားပြီး
လျှာကလဲ အရသာခံ
မတော်လို့ ကိုက်မိရင်တောင်
သွားကလဲ လျှာလေးနားသွားလို့ရယ်
လျှာကလဲ ငါ့နေရာငါမနေ
အပြင်ထွက်လို့ ကိုက်မိပါလားလို့
နားလည်မှု့ နှလုံးသားကိုခြံလေးခတ်ပြီး
အပြစ်မမြင် အချစ်သစ်ပင်လေးတွေ အရိပ်ရအောင်စိုက်လို့ရယ်
ဘ၀အိမ်လေးမှာ အတူတကွ ထာဝရနဲ့
လက်တွဲသွားတာ
အိမ်ထောင်သည်များရဲ့
နှိုင်းယှဉ်လို့မရတဲ့ 
ဘ၀အလှတရားပါ ။
 
လွင်ပြင်လှိုင်းငယ်
 
မှတ်ချက်။       ။အလုပ်တွေများနေလို့ အားနေတဲ့အချိန်လေးမှာ ဆားချက်လိုက်ပါတယ် ဟိ

ဆိုဒ်မိတ်ဆက်

Thursday, 11 October 2012

8 comments
ချစ်လှစွာသော ဘလောဂါအပေါင်း သူတော်ကောင်းတို့ ခင်ဗျ။
ဒီနေ့ ရွာထဲကို ရွာသူအသစ်လေးတစ်ယောက် ၀င်ရောက်လာခဲ့ပါတယ်
ဝါသနာရှင်လေးရဲ့ ဘလော့ကို သွားရောက်လည်ပတ်နိုင်ကြပါတယ်
မကြီးဧပရယ် ဆိုတဲ့ဆိုဒ်လေးကို လာလည်ဖို့ လေးစားစွာဖိတ်ခေါ်ပါတယ် ။

လွင်ပြင်လှိုင်းငယ်

ထူးထူးခြားခြား လေပေါ်မှာတည်ဆောက်ထားသည့်ရွာ

Sunday, 7 October 2012

18 comments
လှမ်းကြည့်လို့လဲ မမြင် ဖမ်းလို့လဲမမိ အသိတစ်ခုတော့ရှိတယ် သူဟာစွမ်းအားများစွာကိုပိုင်ဆိုင်ထားတယ်ဆိုတာပဲ။
လေထဲမှာ တိုက်ဆောက်ရ မရတော့မသိဘူး လေထဲမှာ ရွာတစ်ရွာတည်ဆောက်ထားတာတော့ ကျွန်တော်တော်သိတယ် ထိုရွာလေးကို မကြာသေးမှီ အချိန်လေးက
ကျွန်တော်ရောက်ဖြစ်သွားခဲ့တယ် ရောက်ရောက်ချင်းပဲ တရားတွေပြတဲ့သူရှိသလို တရားနာတဲ့သူတွေလဲ အပြည့်ပဲ။ကျန်းမာရေးအတွက် ဆေးပေးခန်းတွေရှိသလို
ပညာရှာဖွေလိုသူတွေအတွက် စာကြည့်တိုက်တွေလဲ ဒုနဲ့ဒေးပါပဲ။ ကဗျာဆရာတွေအတွေးနဲ့ ကောင်းကင်ကိုမော့်ကြည့်ပြီး ကာရံရှာနေသလို
သတင်းသမားတွေလဲ ကင်မရာတစ်လုံးနဲ့ မမောမပန်း ဟိုပြေးဒီပြေးရင်း သတင်းရှာနေကြတယ် ။ဗိုက်ဆာလို့ လမ်းဟိုဘက်ဒီဘက်ကြည့်လိုက်တော့
အခမဲ့စားလို့ရတဲ့ စာသောက်ဆိုင်တွေအပြည့်နဲ့ စားသောက်စရာတွေမရိုးအောင်တည်ခင်းထားတာတွေ့တော့ မစားပဲနှင့် ဗိုက်ပြည့်သွားခဲ့တယ် ။
နည်းပညာရှာလိုတွေအတွက်လဲ တတ်သည့်ပညာမနေသာဆိုသလို နည်းပညာတွေ ဒါနလုပ်နေတဲ့သူတွေကလဲ ၇ွာထဲမှာအပြည့်ပါလားနော်
ကြည့်ရင်းနဲ့ ဒီရွာလေးမှာနေချင်စိတ်တွေပေါက်လာခဲ့တယ် ဗဟုသုတတွေ လိုသလောက်ရှာလို့ရတဲ့ ဒီရွာ စေတနာကောင်းကောင်း
စိတ်ရင်းဖြူဖြူတွေနဲ့ ဒီရွာသူတွေ အသက်အရွယ်ရလာပေမယ့် လောကပညာကို ဆရာစားမချန်ပဲ သင်ပေးနေတဲ့ လူကြီးသူမတွေ
ဘ၀မှာမောသမျှကို ခဏတာလေးပဲ ဖြစ်ဖြစ်သောကတွေ ပြေပျောက်အောင်ရီစရာတွေပြောပြတတ်သူတွေလဲရှိတဲ့ဒီရွာ
အလှအပအတွက် အလှပြင်သင်တန်းတွေရှိသလို စိတ်ထားလေးလှဖို့ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုအမူအကျင့်တွေ စိတ်ကို လှအောင်ပြုပြင်ရသလိုဆိုတာကို
သင်ကြားပေးသူတွေလဲရှိတဲ့ ဒီရွာ ။ပန်းချီပညာရှင်တွေရှိသလို ဂီတ၀ါသနာပါသူတွေအတွက် စိတ်ကြိုက်သီချင်းတွေ အခမဲ့ လက်ဆောင်ပေးသူတွေလဲရှိတဲ့ ဒီရွာ
ကမ္ဘာမှာဖြစ်ပျက်သမျှကို မိနစ်မခြားပဲသိရအောင်ဆောင်ရွက်ပေးတဲ့ သတင်းသမားတွေရှိတဲ့ ဒီရွာ။ကောင်းတိုင်ပင် ဆိုးတိုင်ပင်နဲ့ ဘ၀အခက်အခဲတွေကို အတူတူကူညီဖြေရှင်း
တတ်တဲ့ဒီရွာ။
ပျော်စရာတွေအပြည့် ကြည်နူးစရာတွေ ရင်ထဲမဆန့်အောင်ပေးနိုင်စွမ်းရှိတဲ့ ဒီရွာလေးမှာ မပြန်နိုင်အောင်ဖြစ်ပြီး ဒီရွာလေးရဲ့ လွတ်လပ်နေတဲ့နေရာလေးတစ်ခုမှာ
နေထိုင်ရင်း ဘ၀မှာ ပျော်ရွှင်စရာတွေပြည့်ခဲ့တယ် ။ဒီရွာရဲ့ လေကောင်းလေသန့် ရှူရှိုက်ပြီး ဘ၀ကို အသက်ဆက်ချင်တယ်။ဒီရွာလေး စည်စည်ပင်ပင်နဲ့
လောကအကျိုးကို ထာဝရဆောက်ရွက်နေတာကို မြင်ချင်နေမိတယ် ။

မကြာသေးမှီ အချိန်တစ်ခုမှာ ကျွန်တော်သတိပြုမိတာလေးတစ်ခုရှိလာတယ်။ကျွန်တော်တို့ ရွာလေး အရင်လို စည်စည်ကားကားမတွေ့ရတော့သလိုပဲ
ခရီးထွက်သူကထွက် ၀မ်းတစ်ထွာအတွက် အလုပ်လုပ်သူကလုပ် တခြားရွာတွေကို ပြောင်းသူကပြောင်းနဲ့ ရွာကခြောက်ကပ်သလိုဖြစ်လာတယ်။
ရွာဆေးခန်းမှာ ဆေးကုန်သလိုဖြစ်နေပါပြီ စာကြည့်တိုက်မှာလဲ စာအုပ်တွေပဲကျန်ပြီး ဖတ်သူတွေဘယ်ရောက်နေမှန်းမသိတော့ပါဘူး။ကဗျာဆရာတွေ ကာရံပျောက်သလို သတင်းသမားတွေလဲ
ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး ။ ချက်သံ ပြုတ်သံတွေ အိုးခွက် ပန်းကန်သံတွေ စားသောက်သံတွေ
တိတ်ဆိတ်နေတဲ့ စားသောက်ဆိုင်တွေကလဲ လာမယ့်သူငေးလို့ပေါ့ ။လောကပညာတွေသင်ပေးမယ့်
ပညာရှိတွေလဲ နားထောင် လိုက်နာမည့်သူ မျှော်ငေးရင်းပေါ့ ။
အခုတော့ ဒို့ရွာလေး ခြောက်ကပ်နေပြီ
အခုတော့ ဒို့ရွာလေး တိတ်ဆိတ်နေပြီ
အခုတော့ ဒို့ရွာလေး အရိပ်ပျောက်နေပြီ
အခုတော့ ဒို့ရွာလေး အဖော်မဲ့ နေပြီ
အခုတော့ ဒို့ရွာလေး ငိုကြွေးနေရပြီ
အခုတော့ ဒို့ရွာလေး မှောင်မည်းနေရပြီ
အခုတော့........................
အခုတော့........................
ဘယ်နေရာပဲရောက်ပြန်လာခဲ့ပါ မိတ်ဆွေ
ဘယ်လိုအခက်အခဲပဲရှိရှိ ဒီနေရာလေးမှာ ဆွေးနွေးကြရအောင် မိတ်ဆွေ
ဘယ်အချိန်ပဲဖြစ်ဖြစ် အေးရိပ်လေးမှာ ပျော်ကြရအောင်လား မိတ်ဆွေ
အားလုံးပဲ ဒီရွာလေးကို ပြန်နေကြရအောင်မိတ်ဆွေ ။
 
မှတ်ချက် ။     ။ရင်ဘတ်ထဲက ခံစားသမျှကို ချရေးမိသောကြောင်း အမှားအယွင်းရှိပါက     နားလည်ပေးစေချင်ပါသည်

လွင်ပြင်လှိုင်းငယ်
















Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :