ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

လူတွေမေးတဲ့ ဘာကြောင့်လဲ

Monday 22 October 2012

ဘာကြောင့်ချစ်တာလဲ
အကြောင်းပြချက်မေးခွန်းတွေ
မကြာခဏ ငါကြားနေရတယ်
အချစ်ဟာ အချစ်ပါ
အကြောင်းပြချက်မရှိပဲ
ငါတို့နှစ်ယောက် ပေါင်းဘက်ကြပြီးပြီပဲ 
အကြောင်းပြချက်ရှိမှတော့
ငါ့လို လူဆိုး
နင်ကရော ထူးပြီး ချစ်လာမှာတဲ့လား ? ။

ဘာကြောင့်လွမ်းတာလဲ
အရမ်းကြီးတော့ စာမဖွဲ့ပါဘူး 
အတူမရှိမရှိတဲ့ စက္ကန့်တိုင်း
အလွမ်းဆိုတဲ့ကောင် ငါ့ဘေးမှာ နေရာယူတတ်တယ်
အချစ်နဲ့ အလွမ်း ညီအကိုဝမ်းကွဲတော်သလားတော့မသိဘူး
အတူမရှိတဲ့ အချိန်တိုင်း
အလွမ်းက ငါ့ဘ၀ရဲ့
နှလုံးသားဇာတ်ခုံပေါ်မှာ အလွမ်းဇာတ်ကနေလေရဲ့ ။

လူရယ်လို့ဖြစ်လာမှတော့
အတ္တက အနှီးထုပ်အဖြစ်နဲ့
ကပ်ပါလာတာ သေတဲ့အထိပါပဲ
အတ္တကင်းတဲ့ တရားသမားမဟုတ်တော့
အမှားတွေတော့ရှိမှာပဲလေ
သူ့အချစ်ကြောင့်ငါရူးနေရင်
ငါ့အချစ်ကြောင့်ကြောင့် သူသွပ်သွပ်ခါသွားစေတဲ့
အတ္တတွေကြောင့်
နေ့ရက်တိုင်းမှာ အချစ်တွေတိုး
မရိုးနိုင်တဲ့
သူ့ရင်ထဲက ခံစားချက်တွေ နှိုက်ယူပြီး
သံသရာအဆုံးထိ
ကဗျာတွေ ငါထုဆစ်နေမိတာပေါ့ ။

လွင်ပြင်လှိုင်းငယ်


17 comments:

Unknown said...

နေ့ရက်တိုင်းမှာ အချစ်တွေတိုး
မရိုးနိုင်တဲ့
သူ့ရင်ထဲက ခံစားချက်တွေ နှိုက်ယူပြီး
သံသရာအဆုံးထိ...
မရိုးနိုင်တဲ.အချစ်တွေနဲ.ချစ်နိုင်ကြပါစေ
ဆုတောင်းလျက်
ခင်တဲ.အန်တီလေးမေခင်

ချင်းမလေး said...

အကြောင်းပြချက်မရှိပဲ
ငါတို့နှစ်ယောက် ပေါင်းဘက်ကြပြီးပြီပဲ
အကြောင်းပြချက်ရှိမှတော့
ငါ့လို လူဆိုး
နင်ကရော ထူးပြီး ချစ်လာမှာတဲ့လား ? ။
အချစ်ဆိုတာ တကယ့်ကိုအကြောင်းပြချက်မရှိတာပါ..း)

လေပြေချို said...

ဘာကြောင့်ချစ်တာလဲ
အကြောင်းပြချက်မေးခွန်တွေ
မကြာခဏ ငါကြားနေရတယ်
အချစ်ဟာ အချစ်ပါ
အကြောင်းပြချက်မရှိပဲ/
ဟုတ်ပါ့နော်.. ချစ်လို့ ချစ်တာ အချစ်မှာအကြောင်းပြချက်မှ မရှိတာ.. ဘာ့ကြောင့် ဘာ့ကြောင့်ဆိုတဲ့အကြောင်းပြချက်တွေ ပါလာရင်တော့ သတိထားသင့်တယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲ့အကြောင့်ပြချက်တွေက အမြဲပြောင်းလဲနေတက်တယ်လို့ထင်လို့ပါ...ထင်တာပါ။
ခင်တဲ့
လေပြေ

ဘုန်း၂တောက် said...

သံသရာဆုံးထိ ဆက်လက်ထုဆစ်နိုင်ပါစေ လွင်ပြင်ရေ
ခင်မင်တဲ့

Angelhlaing(May everybody be happy and healthy! said...

အကြောင်းပြချက် မလိုတဲ့ ချစ်ခြင်း...တို့ ထုံမွမ်းနေသော...

ချစ်စံအိမ် said...

ဟုတ်ကဲ့ပါမှတ်ထားလိုက်ပါတယ် တစ်ယောက်သောသူကမေးလာရင်လည်းအဲလိုပဲဖြေလိုက်ပါမယ်..ကဗျာလေးခံစားအားပေးသွားပါတယ်

Cameron said...

အကြောင်းပြချက်မရှိတဲ့ အချစ်အကြောင်း လေ့လာမှတ်သားသွားပါတယ် ကိုလွင်ပြင် ကဗျာဆြာကြီး ဆက်လက်ထုဆစ်နိုင်ပါစေ...း)

Yoemyaykya said...

အချစ်ဆိုတာ ဘာအကြောင်းပြချက်မှမလိုပါဘူး။
လွမ်းတာလဲရိုးရိုးလေး
ချစ်တာလဲ ရိုးရိုးလေးပါပဲ

ညီလင်းနိုင် said...

ကဗျာလှလှလေးကို မျှဝေ ခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ကိုလွင်ပြင် ။

သူကြီးမင်း (တုံးဖလား) said...

ဘာ့ကြောင့်လဲဆိုတဲ့ ကဗျာကို ဘာ့ကြောင့် ရေးရတာလဲ မသိ။း)

မိုးညချမ်း said...

``သူ့ရင်ထဲက ခံစားချက်တွေ နှိုက်ယူပြီး
သံသရာအဆုံးထိ
ကဗျာတွေ ငါထုဆစ်နေမိတာပေါ့ ။´´ ဆက်လက် ဆက်လက် ထုဆစ်နိုင်ပါစေ အစ်ကိုရေ ...

Anonymous said...

အတ္တကင်းတဲ့ တရားသမားမဟုတ်တော့
အမှားတွေတော့ရှိမှာပဲလေ

အားပေးခဲ့ပါတယ် ကိုလွင်ပြင် .

Anonymous said...

ဘရိုကတော့ ဘယ်လိုရေးရေး ဖစ်နေတာပဲနော
တော်တာာ :D

~ Kk ~

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ချစ်တာမှာ အကြောင်းပြချက်မျ မရှိတာ..
အကြောင်းပြချက်ပါလာရင်လည်း နှလုံးသားနဲ့ ချစ်တဲ့ အချစ် မမည်တော့ဘူးပဲ..။

အလွမ်းမြို့ said...

လွင်ပြင်ရေ

အားပေးသွားတယ်။ ဘာကြောင့်များ ချစ်လဲ ဒီလိုမေးရင်
ခက်သားကွယ် အချစ်မှာ အကြောင်းပြချက်မရှိဘူး
ဟုတ်တယ်...ဒါဆိုမင်းယုံနိုင်မှာလား အချစ်လေး နှလုံးသားက ......ပါ....
ကိုငှက်သီချင်းဆိုခဲ့တယ် မဂျက်အတွက်...


ခင်တဲ့
အလွမ်း

လရိပ်အိမ် said...

ရင်ထဲက သူ့ဟာသူဖြစ်လာတာကို ဘာကြောင့်လဲလို့လူတွေက သိချင်ကြပါလိမ့်။

မြတ်နိုးသူ said...

အချစ်နဲ့ အလွမ်း ညီအကိုဝမ်းကွဲတော်သလားတော့မသိဘူး
အတူမရှိတဲ့ အချိန်တိုင်း
အလွမ်းက ငါ့ဘ၀ရဲ့
နှလုံးသားဇာတ်ခုံပေါ်မှာ အလွမ်းဇာတ်ကနေလေရဲ့ ။
ကဗျာလေးဖတ်သွားပီနော်ပါးပါး

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :