ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

တွေးမိသမျှ

Monday 29 October 2012

ယုံပါ သင် ရယ်
ပုံပြင်ဆိုတာ
ပုံကြိုက်သူတွေ အတွက်ပါ ။

ယုံတမ်းစကားဆိုတာ
ယုံစားတတ်သူတွေအတွက်
သီးခြားဘာသာစကားတစ်ခုပေါ့ ။

မာယာဆိုတာ
သကာဆမ်းထားတဲ့
နှုတ်ခမ်းဖျားကို ယုံစားတတ်သူကိုမှ
ထောင်ဖမ်းလို့ရတဲ့ ထောက်ချောက်တစ်ခုပါ ။

အကြင်နာတွေပြပေမယ့်
ရင်ဘတ်မှာ ၀ံပုလွေနှလုံးသားနဲ့
မုသားချိုချိုသုံးတတ်သူဟာ
ရင်ဘတ်ထဲကို ထွင်းဖောက်မကြည့်
အပေါ်ယံအပျော်ရှာသူတွေအတွက်
 အသုံးဝင်တဲ့ လှည့်ကွက်တစ်ခုပါ ။

အသုံးအနှုန်းတွေ ညှက်
အခေါ်အပြောတွေက
မက်လောက်စရာကောင်းတယ်ဆိုတာ
ရိုးအသူတွေကို ပုံသွင်းလို့ရတဲ့ ရွှံ့စေးတစ်ခုပါ
ရိုးသားပါ
ရိုးအ မနေရင် အလိမ်အညာစကားနဲ့ သိမ်းသွင်းရန်ခက်
လိမ်ဆင်တွေရှက်ရပါလိမ့်မည် ။

အရိပ်ဆိုတာ မှောင်နေရင်မရှိပေမယ့်
အတိတ်ဆိုတာ ဖျောက်ဖျက်လို့ အရာမှမဟုတ်တာ
ကောင်းတဲ့ အတိတ်ကို မှတ်ထားပါ
မကောင်းတဲ့အတိတ် စိတ်မိုက်တွေကို
တနေ့ နဲနဲပါးပါး ဖယ်ရှားရင်းနဲ့
မနက်ဖြန်အတွက်
ဒီနေ့ကောင်းတာတွေလုပ်ပါ ။

မှတ်ချက် ။          ။တွေးမိတဲ့ အတွေး ရေးမိတဲ့ လွင်ပြင် အမှားပါရင် နားလည်ပေးနိုင်ကြပါစေ ။
                              အခုလော အလုပ်များနေသောကြောင့် သူငယ်ချင်းတို့ရဲ့ အိမ်လေးတွေဆီ
                                အလည်လာ စာမဖတ်နိုင်သေးတာကိုလဲ တောင်းပန်ပါတယ်
                                 အားလုံးအကြွေးမှတ်ထားပေးကြပါနော် ။

အားလုံးကို ရိုသေလေးစားလျက်

လွင်ပြင်လှိုင်းငယ်

15 comments:

လရိပ်အိမ် said...

ကဗျာလေးကြိုက်တယ်။ တော်တော်ရေးတတ်တယ်။

ညီလင်းနိုင် said...

ကဗျာလှလှလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

khin said...

မမကျားတို.ကတော. လာလည်ပြီးကဗျာလေးခံစားသွားပါတယ်နော်။

kiim said...

ကဗျာကောင်းကောင်းလေး
လာခံစားသွားပါတယ်...း)

မြတ်နိုးသူ said...

အရိပ်ဆိုတာ မှောင်နေရင်မရှိပေမယ့်
အတိတ်ဆိုတာ ဖျောက်ဖျက်လို့ အရာမှမဟုတ်တာ
ကောင်းတဲ့ အတိတ်ကို မှတ်ထားပါ
မကောင်းတဲ့အတိတ် စိတ်မိုက်တွေကို
တနေ့ နဲနဲပါးပါး ဖယ်ရှားရင်းနဲ့
မနက်ဖြန်အတွက်
ဒီနေ့ကောင်းတာတွေလုပ်ပါ ။
ကဗျာလေးခံစားသွားပါတယ်ပါးပါး

တောက်ပကြယ်စင် said...

အတွေးကောင်းလေးတွေကို သမာဓိအားကောင်းကောင်းနဲ့ ဖတ်သွားပြီ...
ခင်မင်တဲ့

Unknown said...

အတွေးအရေးကောင်းတာလေးတွေ
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

Yoemyaykya said...

အိုဟိုး အရိပ်ဆိုတာမှောင်နေရင်မရှိတဲ့။သိပ်မိုက်တာပဲအစ်ကိုရေ။

Yoemyaykya said...

အိုဟိုး အရိပ်ဆိုတာမှောင်နေရင်မရှိတဲ့။သိပ်မိုက်တာပဲအစ်ကိုရေ။

Anonymous said...

မနက်ဖြန်အတွက်
ဒီနေ့ကောင်းတာလေးတွေလုပ်ပါ့မယ် ဗျာ...။

roseayemaung said...

တနေ့ နဲနဲပါးပါး ဖယ်ရှားရင်းနဲ့
မနက်ဖြန်အတွက်
ဒီနေ့ကောင်းတာတွေလုပ်ပါ ။
...ဒီအပိုဒ်လေးကိုကြိုက်တယ်...ပြောတော့လွယ်တယ်လုပ်၇ခက်တယ်...
အကြွေးတွေမှတ်ထားတယ်နော်နစ်မကုန်ခင်ပြန်လာဆပ်ပါ...၏၏၏

Cameron said...

အတွေးကောင်းတွေကို ကဗျာအဖြစ်ဆက်လက်ပုံဖော်နိုင်ပါစေဗျာ...

Anonymous said...

ကိုလွင်ပြင်ရေ ရင်ဘက်ထဲထည့်သွားတယ်နော်း)

လေပြေချို said...

ကောင်းတဲ့ အတိတ်ကို မှတ်ထားပါ
မကောင်းတဲ့အတိတ် စိတ်မိုက်တွေကို
တနေ့ နဲနဲပါးပါး ဖယ်ရှားရင်းနဲ့
မနက်ဖြန်အတွက်
ဒီနေ့ကောင်းတာတွေလုပ်ပါ ။

ကဗျာကောင်းလေးတွေ အမြဲထုဆစ်နေတက်တဲ့ စံပယ်လွင်ပြင်ရေ...
အပြေးအလွား လာအားပေးသွားတယ်သိလား...
ခင်တက်တဲ့
လေပြေ

မိုးသူ(တောင်ကြီး) said...


အကြင်နာတွေပြပေမယ့်
ရင်ဘတ်မှာ ၀ံပုလွေနှလုံးသားနဲ့
မုသားချိုချိုသုံးတတ်သူဟာ
ရင်ဘတ်ထဲကို ထွင်းဖောက်မကြည့်
အပေါ်ယံအပျော်ရှာသူတွေအတွက်
အသုံးဝင်တဲ့ လှည့်ကွက်တစ်ခုပါ ။

ကဗျာလေးက အရမ်းလှပသေသပ်ပါတယ်

ခင်တဲ့

မိုးသူ(တောင်ကြီး)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :