ငါဟာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်တောင်
ခြွေတဲ့လေညှင်း
နင်သာဖြစ်ပါ
မြေမှာခလဲ ပန်းလှလှနဲ့ ငါ့ဘ၀ပါ ။
ငါဟာတိမ်တိုက်
ငွေ့ရည်ဖွဲ့သာ နင်ဖြစ်ခဲ့ပါက
လူတွေမျှော်တဲ့ လူမျှော်မိုးအဖြစ်
ကမ္ဘာမြေကို ငါဆင်းသက်သွားမယ် ။
ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။
လိုအပ်ချက်တွေများတာ ဘဝ
တောင်းတချက်တွေများတဲ့ ငါ့ အတ္တအတွက်
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။
ကာရံတွေ နားမလည်သေးတဲ့
ငါ့ကဗျာတစ်ပုဒ်ဟာ မလှခဲ့ပေမယ့်
နင်သာ ငါ့ရဲ့ ထာဝရ ကာရံဖြစ်ပါစေ
ငါစပ်သမျှ ကဗျာအားလုံး
ငါ့ရင်ထဲမှာ အလှဆုံး ။
ခြွေတဲ့လေညှင်း
နင်သာဖြစ်ပါ
မြေမှာခလဲ ပန်းလှလှနဲ့ ငါ့ဘ၀ပါ ။
ငါဟာတိမ်တိုက်
ငွေ့ရည်ဖွဲ့သာ နင်ဖြစ်ခဲ့ပါက
လူတွေမျှော်တဲ့ လူမျှော်မိုးအဖြစ်
ကမ္ဘာမြေကို ငါဆင်းသက်သွားမယ် ။
ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။
လိုအပ်ချက်တွေများတာ ဘဝ
တောင်းတချက်တွေများတဲ့ ငါ့ အတ္တအတွက်
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။
ကာရံတွေ နားမလည်သေးတဲ့
ငါ့ကဗျာတစ်ပုဒ်ဟာ မလှခဲ့ပေမယ့်
နင်သာ ငါ့ရဲ့ ထာဝရ ကာရံဖြစ်ပါစေ
ငါစပ်သမျှ ကဗျာအားလုံး
ငါ့ရင်ထဲမှာ အလှဆုံး ။
လွင်ပြင်လှိုင်းငယ်
မှတ်ချက်။ ပုံကို googleမှယူပါသည် ။စာသားတွေကို နှလုံးသားမှ ယူပါသည် ဟိ ။
16 comments:
လိုအပ်ချက်တွေများတာ ဘဝ
တောင်းတချက်တွေများတဲ့ ငါ့ အတ္တအတွက်
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။
ကဗျာလေးခံစာသွားပါတယ်ပါးပါး
နှလုံးသားကနေဘယ်လိုယူလဲအစ်ကို။ အစ်မစပယ်ကတော့ရှိနေပေးတယ်တဲ့။သူဘယ်မှမသွားဘူးတဲ့။
စာသားတွေကို မစံပယ်ဆီက ယူတာမလား။
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။တဲ့
လန်းလိုက်တဲ့ စာသားလေးနော်... စာသားလေးကို မစံပယ်၏ နှလုံးသားလေးမှ ကူးယူပါ၏.. ဟိဟိ
ခင်တက်တဲ့
လေပြေ
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
ဆိုတာလေးကြိုက်တယ်ဗျ
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။
ကဲစံပယ်လေးဘာလိုသေးလည်းနော်...........
အားပေးသွားပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်
ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။
မိုက်စ်တယ်..း)
ကာရံတွေ နားမလည်သေးတဲ့
ငါ့ကဗျာတစ်ပုဒ်ဟာ မလှခဲ့ပေမယ့်
နင်သာ ငါ့ရဲ့ ထာဝရ ကာရံဖြစ်ပါစေ
ငါစပ်သမျှ ကဗျာအားလုံး
ငါ့ရင်ထဲမှာ အလှဆုံး ။
ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။
အရမ်းကောင်းတဲ့ကဗျာလေးပါ
ချစ်ခြင်းတရားတွေနဲ့ အလှပဆုံးချယ်သထားလို့ 
ကြိုက်တယ်
ပို့စ်တင်တဲ့နှုနးတွေအရင်း မြန်နေတယ်နော်...
ကဗျာလေးကိုလာရောက်ခံစားသွားပါတယ် လွင်ပြင်ရေ..
တစ်ယောက်နဲ့တစ်ယောက်အပြိုင်ရေးနေကြသလားတောင်
ထင်ရတယ်:)..အားပေးလျှက်ပါလွင်ပြင်ရေ..
ခင်မင်စွာဖြင့်
ရာဇာထွေး
..ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်...ချင်...
လွင်ပြင်ရေ
အားပေးတွားတယ်။ ကာရံတွေ ဘာတွေ လှိုင်းတွေ လေညင်းတွေနဲ့ ရေးတတ်ပါ့။။
ချစ်တတ်တဲ့နှလုံးသားပိုင်ရှင် ၂ယောက် ရဲ့ကဗျာလေးတွေကို ဖတ်ပြီးတိုင်းကြည်နူးရတယ်
ချစ်သူနှစ်ဦး နောင်နှစ်ပေါင်းများစွာတိုင် ရိုးမြေကျအသက်ထက်ဆုံးပေါင်းနိုင်ပါစေ။
ကိုယ့် အသက်အရွယ်က ကျောင်းသွားရမည့် အရွယ် ဖြစ်နေပြီ ဘာငယ်မူပြန်နေတာတုန်း .)။
Post a Comment