ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ရှိနေပေးပါ

Monday 15 October 2012


ငါဟာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်တောင်
ခြွေတဲ့လေညှင်း
နင်သာဖြစ်ပါ
မြေမှာခလဲ ပန်းလှလှနဲ့ ငါ့ဘ၀ပါ ။

ငါဟာတိမ်တိုက်
ငွေ့ရည်ဖွဲ့သာ နင်ဖြစ်ခဲ့ပါက
လူတွေမျှော်တဲ့ လူမျှော်မိုးအဖြစ်
ကမ္ဘာမြေကို ငါဆင်းသက်သွားမယ် ။

ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။

လိုအပ်ချက်တွေများတာ ဘဝ
တောင်းတချက်တွေများတဲ့ ငါ့ အတ္တအတွက်
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။

ကာရံတွေ နားမလည်သေးတဲ့
ငါ့ကဗျာတစ်ပုဒ်ဟာ မလှခဲ့ပေမယ့်
နင်သာ ငါ့ရဲ့ ထာဝရ ကာရံဖြစ်ပါစေ
ငါစပ်သမျှ ကဗျာအားလုံး
ငါ့ရင်ထဲမှာ အလှဆုံး  ။

လွင်ပြင်လှိုင်းငယ်

မှတ်ချက်။ ပုံကို googleမှယူပါသည် ။စာသားတွေကို နှလုံးသားမှ ယူပါသည် ဟိ ။

16 comments:

မြတ်နိုးသူ said...


လိုအပ်ချက်တွေများတာ ဘဝ
တောင်းတချက်တွေများတဲ့ ငါ့ အတ္တအတွက်
ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။
ကဗျာလေးခံစာသွားပါတယ်ပါးပါး

Yoemyaykya said...

နှလုံးသားကနေဘယ်လိုယူလဲအစ်ကို။ အစ်မစပယ်ကတော့ရှိနေပေးတယ်တဲ့။သူဘယ်မှမသွားဘူးတဲ့။

လရိပ်အိမ် said...

စာသားတွေကို မစံပယ်ဆီက ယူတာမလား။

လေပြေချို said...

ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။တဲ့
လန်းလိုက်တဲ့ စာသားလေးနော်... စာသားလေးကို မစံပယ်၏ နှလုံးသားလေးမှ ကူးယူပါ၏.. ဟိဟိ
ခင်တက်တဲ့
လေပြေ

Anonymous said...

ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
ဆိုတာလေးကြိုက်တယ်ဗျ

Unknown said...

ကမ္ဘာရှိလို့ ငါဖြစ်လာတာမဟုတ်ဘူး
နင်ရှိလို့သာ ကမ္ဘာမှာ ငါပျော်နေခဲ့တာ ။
ကဲစံပယ်လေးဘာလိုသေးလည်းနော်...........
အားပေးသွားပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်

ချင်းမလေး said...

ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။
မိုက်စ်တယ်..း)

ချစ်စံအိမ် said...

ကာရံတွေ နားမလည်သေးတဲ့
ငါ့ကဗျာတစ်ပုဒ်ဟာ မလှခဲ့ပေမယ့်
နင်သာ ငါ့ရဲ့ ထာဝရ ကာရံဖြစ်ပါစေ
ငါစပ်သမျှ ကဗျာအားလုံး
ငါ့ရင်ထဲမှာ အလှဆုံး ။

မိုးသူ(တောင်ကြီး) said...

ငါဟာ ကမ်းပါး
တိုက်စားတဲ့ လှိုင်းသာနင်ဖြစ်ခဲ့မူက
သဲကမ်းပါးဘဝ
လှိုင်းရဲ့ ခေါ်ရာ ပျော်ပျော်ကြီးလိုက်မယ့် သူပါ ။
အရမ်းကောင်းတဲ့ကဗျာလေးပါ
ချစ်ခြင်းတရားတွေနဲ့ အလှပဆုံးချယ်သထားလို့ 
ကြိုက်တယ်

Cameron said...

ပို့စ်တင်တဲ့နှုနးတွေအရင်း မြန်နေတယ်နော်...

ရာဇာထွေး said...

ကဗျာလေးကိုလာရောက်ခံစားသွားပါတယ် လွင်ပြင်ရေ..
တစ်ယောက်နဲ့တစ်ယောက်အပြိုင်ရေးနေကြသလားတောင်
ထင်ရတယ်:)..အားပေးလျှက်ပါလွင်ပြင်ရေ..

ခင်မင်စွာဖြင့်
ရာဇာထွေး

roseayemaung said...

..ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်...ချင်...

အလွမ်းမြို့ said...

လွင်ပြင်ရေ

အားပေးတွားတယ်။ ကာရံတွေ ဘာတွေ လှိုင်းတွေ လေညင်းတွေနဲ့ ရေးတတ်ပါ့။။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ချစ်တတ်တဲ့နှလုံးသားပိုင်ရှင် ၂ယောက် ရဲ့ကဗျာလေးတွေကို ဖတ်ပြီးတိုင်းကြည်နူးရတယ်

Thu said...

ချစ်သူနှစ်ဦး နောင်နှစ်ပေါင်းများစွာတိုင် ရိုးမြေကျအသက်ထက်ဆုံးပေါင်းနိုင်ပါစေ။

နွေတေးရှင် (မင်းဧရာ) said...

ကိုယ့် အသက်အရွယ်က ကျောင်းသွားရမည့် အရွယ် ဖြစ်နေပြီ ဘာငယ်မူပြန်နေတာတုန်း .)။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :