သုခတွေပေါင်းဆုံ
သောကတွေ ကင်းဝေး
လိုတရတဲ့ နေရာလေးမို့
လူတိုင်းသွားချင်သည်နေရာ
နတ်ပြည်တဲ့လား ။
ဒုက္ခတွေ ရွာသွန်း
သောကတွေမစဲ
ရဲရဲတောက်တဲ့ မီးတောက်ကြားဝယ်
မည်သူမှ မသွားချင်ဒီဧရိယာ
ငရဲပြည်တဲ့လား ။
ရှင်သန်သူတိုင်း
ကြားသိပေမယ့်
လက်တွေ့မှာ
မခံဖူး မစံဖူးတာ
ဒီနေရာလေး နှစ်ခုပါ ။
ငါ့အတွက်တော့လေ
မင်းရှိတဲ့ နေရာ
နတ်ပြည်နန်းပါ
မင်းမရှိတဲ့ အခန်း
ငရဲခန်းမို့
မရောက်ချင် မလျှောက်ချင်
မင်းမရှိတဲ့ ငရဲနန်း ။
လွင်ပြင်လှိုင်းငယ်
16 comments:
ချစ်သူနှစ်ဦးမေတ္တာဘုံလေးမှာပဲ ကဗျာတွေ သီကြွေးနိုင်ကြပါစေ။
ပျော်ရွှင်ပါစေအစ်ကိုရာ....
သူမရှိတဲ့ငရဲခန်းမှာ
နတ်ပြည်အထင်နဲ့ပဲ
နေပါတော့မယ့်
သူထားရက်မယ်ဆိုရင်ပေါ့
ဆူးမွေ့ယာလဲ အိပ်ရဲတယ်ပေါ့
ငါ့အတွက်တော့လေ
မင်းရှိတဲ့ နေရာ
နတ်ပြည်နန်းပါ
မင်းမရှိတဲ့ အခန်း
ငရဲခန်းမို့
မရောက်ချင် မလျှောက်ချင်
မင်းမရှိတဲ့ ငရဲနန်း ။မိုက်လယ်ကွယ်စာသားတွေက
မမရေချုပ်နေပြီနော်:)
ငါ့အစ်ကို ငရဲမကျပါစေနဲ့ :D
ငရဲနန်းတဲ့ ... ခြစ်ချုပ် စဉ်းစားပြီး သုံးလိုက်တာပဲ ဖြစ်ဖြစ် မထင်မှတ်ပဲ သုံးလိုက်တာပဲ ဖြစ်ဖြစ် သိပ် မိုက်တဲ့ စကားလုံး..
ငရဲနန်း.. ငရဲနန်း..
မိုက်တယ်..
မိန်းမဆိုတာ....google..ပါ..သတိရှိပါစေ ယောက်ခမ..လက်ဦးမှုယူပါ..အလျှော့ပေးရင် မရဘူး နဖန်ကျင်းပြီး နရင်းကန်ထားမှ..ချထည့်လိုက်..ကိန်ကနဲ့ မြည်အောင်..လင်မယားချင်ရန်တိုက်တာမဟုတ်ဘူးနော..မွေးစားသမီးတွေပေး
ငရဲခန်းကို မရောက်ရအောင် အစ်မကို အမြဲဘေးနား ခေါ်ထားပေါ့ အစ်ကိုရဲ့ ... တို့ အစ်ကိုက ကဗျာကောင်းလေးတွေ တကယ်ရေးနိုင်တယ်ဟေ့... လေးစားပါတယ်ဗျာ...
မမစံပယ် အပြင်သွားနေတိုင်းငါ့အကိုငရဲကျနေတယ်ထင်တယ်း))
ညီမငယ်
ဒိုးကန်
ရောက်ချင်ရောက်ဖို့
မရောက်ချင်တာမရောက်ဖို့အတွက်
တစ်ခုတည်းရမှာက
ကုသိုလ်ပြုရမှာပဲ အစ်ကိုရေ
ဓါတ်ပုံလေးမြင်သာတဲ့အနားမှာရှိပါစေလေ..ဒါဆိုချစ်သူရှိမနေတဲ့အခိုက်အတန့်လေးမှာနေသာမှာပါ...
ခင်တဲ့
ဝသုန်
လူသားတွေ သွားသင့်တဲ့နေရာနဲ့ မသွားသင့်တဲ့နေရာနှစ်မျိုးကို
ပေါ်လွင်အောင် ပြသွားတာ
အရမ်းကောင်းပါတယ်
လေးစားခင်မင်လျှက်
ဆန်းသစ်အောင်
နောင်တော် ငရဲ တော့ ကျမခံ နဲ့ ဗျာ ...
အမှီ သား လိုက်သွားပေ တော့ ....
ကဗျာလေးက အချစ်ရနံ့ တွေ ထုံမွှန်းနေတယ်...
ချစ်တက်သူတွေရဲ့ ချစ်ခြင်းကဗျာလေး..:):)
Post a Comment