ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မိန်းမ

Wednesday 22 August 2012

စကားလဲများ
သတင်းလဲပွား
အပျင်းမဖက်
ထမင်းဟင်းချက်
လျှော်
ဖွတ် ချူပ်လုပ်
နေ၀င်မိုးချူပ်
မငြီးမညူ
ဈေးထွက်ဝယ်သူ
ကောင်းတာ လင် ကျွေး
ဟောင်းရင် အသစ်ဆင်
မကောင်းရင်သွန်သင်
မိခင်အလား
မေတ္တာထားပြီး
မိန်းမရိုင်း အသွင်
သ၀န်တိုတတ်
လိုအပ်လာရင်
ဘ၀ကိုပေး
နှလုံးသားခင်း
သူသာရှိပါ
ဘယ်နေရြာ
ဖစ်ဖြစ်
သူမအတွက် နတ်ဗိမာန် ။

လွင်ပြင်လှိုင်းငယ်

22 comments:

ဆန်းစနေ၀န်း said...

မှန်တာပေါ့ရှင်

kiim said...

မှန်ပေ၏။
ဧကန္ဒ မစံပယ်ကိုကြည့်ပြီးရေးထားတာလား.. :P

Cameron said...

ဘုစုခရုလေးအတွက်...း)

မြတ်နိုးသူ(MUFL) said...

မိခင်အလား
မေတ္တာထားပြီး
မိန်းမရိုင်း အသွင်
သ၀န်တိုတတ်
လိုအပ်လာရင်
ဘ၀ကိုပေး
နှလုံးသားခင်း
သူသာရှိပါ
ဘယ်နေရာဖြစ်ဖြစ်
သူမအတွက် နတ်ဗိမာန် ။
ကဗျာကတော့ရှယ်ပဲအစ်ကို
အားပေးသွားပါတယ်

အန်တီလေးမေခင် said...

မိန်းမတွေအတွက်စာနာ
ပီးရေးပေးထားတဲ့ကဗျာလေး
အတွက်ကျေးဇူးမောင်လွင်ပြင်
အားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်

khin said...

မောင်လေး လွင်ပြင် မိန်းမတိုင်းအတွက် ဖတ်လို.ကောင်းပါ၏၊
အတင်းပွား ဆိုရင် အထုခံရမှာဆိုးလို. ဟိဟိ သတင်းပွားတဲ.နော်။
မမကျား

လေပြေချို said...

စံပယ်ကတော့ စကားများလား မများလားတော့တိဝူး.. လွင်ပြင်ကတော့.. သူ့ချစ်ချစ်အကြောင်း ပွားထားတာတော့ ကဗျာတိုင်းလိုလိုပဲ ရေးတက်လိုက်တာ..အဟိ...စတာနော်
ခင်တက်တဲ့
လေပြေချို

အလွမ်းမြို့ said...

သများတွေများ တင်စားတတ်လိုက်တာ။
မိခင်တွေရော ကောင်ကင်တွေရော
နတ်ဗိမာန် တွေရော...ဒီလိုလေးတွေ
တင်စား ချစ်တတ် ဖွဲ့တတ်လို့ ဟိုကလည်း
သဲသဲလှုပ်နေတာနေမယ်။
အားပေးသွားတယ် လွင်ပြင်ရေ..


ခင်တဲ့
အလွမ်း

ပဥာက် said...

ကိုမင်းအောင်သီချင်းလေးညည်းပါ့မယ်..အဟမ်း..ချစ်ကြပါဟာာားဟာ.ကြိုတ်ကြပါဟားဟာ..

ရိုးမြေကျ said...

အစ်ကိုရေအားပေးသွားပါတယ်။
သဲဘုစုပျောက်နေတယ်နော်။

မိုးသူ(တောင်ကြီး) said...

အဲဒါဟာ ....

မိခင်နဲ့တူသော...မိန်းမ ...ပေါ့ဗျာ

အရမ်းတန်ဖိုးကြီးတဲ့ မိန်းမမျိုးပေါ့

mstint said...

လက်တွဲဖော် အပေါ် အမြဲထာဝရ အမြင်လေးတွေ ကြည်လင်နေပါစေ လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့ ...အကိုတော်...အမတော်အကြောင်းမပါတဲ့ ကဗျာရောရှိသေးလား...ချစ်လိုက်ကြတာလဲလွန်ပါရော.....ဒီကအားကျနေပြီနော်...စတာပါ..အကိုလွင်ပြင်..ကဗျာလေးခံစားအားပေးလျက်ပါ...

Anonymous said...

ဒါလေးတွေကြောင့်ဂျက်က.....
အိုင်အိုရာ

ဘုန်း၂တောက် said...

ချစ်ကြဟေ့၊ ချစ်ကြ...

အိပ်မက်ကောင်းကင် said...

သဲဘုစုခရု လေးကို ကဗျာလေးတွေ နဲ့ တစ်ပုဒ်ပြီး
တစ်ပုဒ် တင်စား ထားတာ အားကျလိုက်တာ
အမြဲတမ်း အားကျနေရပါလား ^_^

ဖြိုးဇာနည် said...

ကောင်းပါ့ဗျာ အမရာဒေဝီတွေ ပပဝတီတွေမလိုပါဘူး ဒီလိုအချက်နဲ့ပြည့်တဲ့
သူတစ်ယောက်တော့ပိုင်ဆိုင်ချင်မိတယ်
ဟိဟိ မရီးစံပယ်မှာ ညယေးရှိရားးးးး :p :p

လရိပ်အိမ် said...

မစံပယ်လိုမိန်းမမျိုး ကိုလွင်ပြင်ရထားတာ ကံကောင်းပါတယ်။

မင်းအရိပ် said...

ဖတ်သွားပါတယ်ခင်ဗျ

ဆူးသစ် said...

မိန်းမကိုတော်တော်အကောင်းမြင်တဲ့သူလို့မှတ်ချက်ပေးပါရစေ။

Anonymous said...

If уοu аrе goіng for fіnest contents liκe me, only ѵisit this sіte daily
as іt prеsents quality contеnts, thanks

Also viѕіt my weblοg ::
payday loans

Anonymous said...

I believe this is among the so much important information for me.
And i'm happy reading your article. But should statement on few normal issues, The website taste is great, the articles is actually excellent : D. Just right task, cheers

Also visit my page - the tao of badass

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :