အကြင်နာအခင်းအကျင်းမှာ
ဝေဒနာတွေ စွန်းထင်းခဲ့တော့
အနမ်းတွေအစား
အလွမ်းတွေနဲ့မို့
ဘ၀က ပင်ပန်းလှပါပြီ ။
တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့်
အရိပ်တွေက အတိတ်စာမျက်နှာ
နေရာလွတ်မရှိအောင်
ပြည့်နက်နေတော့
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။
တကြိမ်တခါပဲ ချစ်ဖူးတာလို့
အလိမ်အညာတွေ မသုံးချင်ပေမယ့်
အကြိမ်တရာမက
နင့်ရဲ့ အလိမ်အညာတွေအောက်ပြားပြားမှောက်ပြီး
နှလုံးသားတစ်ခုကို ခစားပေမယ့်
ခြစားခံနေရတဲ့ ငါ့နှလုံးသား
အခုတော့ ယဲ့ယဲ့လေးပဲကျန်ပေမယ့်
ထည်ထည်ဝါ၀ါနဲ့ နင့်ဘ၀လေးကို
အမြဲမြင်ချင်တာ
ငါ့နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန် ပါ ။
ဝေဒနာတွေ စွန်းထင်းခဲ့တော့
အနမ်းတွေအစား
အလွမ်းတွေနဲ့မို့
ဘ၀က ပင်ပန်းလှပါပြီ ။
တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့်
အရိပ်တွေက အတိတ်စာမျက်နှာ
နေရာလွတ်မရှိအောင်
ပြည့်နက်နေတော့
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။
တကြိမ်တခါပဲ ချစ်ဖူးတာလို့
အလိမ်အညာတွေ မသုံးချင်ပေမယ့်
အကြိမ်တရာမက
နင့်ရဲ့ အလိမ်အညာတွေအောက်ပြားပြားမှောက်
နှလုံးသားတစ်ခုကို ခစားပေမယ့်
ခြစားခံနေရတဲ့ ငါ့နှလုံးသား
အခုတော့ ယဲ့ယဲ့လေးပဲကျန်ပေမယ့်
ထည်ထည်ဝါ၀ါနဲ့ နင့်ဘ၀လေးကို
အမြဲမြင်ချင်တာ
ငါ့နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန် ပါ ။
မှတ်ချက်။ ။သူငယ်ချင်းအတွက် ရင်ဘတ်ငှားသည် ။
22 comments:
ဘုစုဖတ်နေတယ်
ရင်ဘတ်ဌားတယ်လား
တစ်ကယ်လား?
အေးဗျာ ဂျက်တို့ မောင်နှံကတော့ အံ့မခန်းပဲ
ငှါးတတ်ကြတယ် တော်လည်းတော်တယ်
စံပြ ပဲဗျာ..
သဲဘုစု နင်များပြီနော်။
နာကဗျာေ၇းတာလေ နာ့မှာ နင်ရှိလို့ ကွဲစရာအသည်း မ၇ှိပါ ဟိ ။
ကလောင်သွားလေးထက်လှချည်လား လွင်ပြင်လေးရေ။ 'ရင်ဘတ်ငှားသည်' ဆိုတာ ကြော်ငြာပေးမယ်နော် :P
ကဗျာလေးအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရင်ဘတ်ငှားလို့ရေးထားတဲ့ ကဗျာလေးက ပီပြင်လိုက်တာ
ကဗျာလာဖတ်သွားပါတယ်..
အငှားပေမယ့် တကယ့်ခံစားချက်လေး
အတိုင်းပါပဲ.. အရမ်းကောင်းတယ်..
စကားလုံးလေးတွေလဲအရမ်းလှတယ်..း)
ဆန္ဒအမှန်တွေကို..ငြိမ်းချမ်းစွာဖြင့်ထုတ်ဖော်ပြသလိုက်ပုံများ..သများတွေလို.လမ်းလျှောက်စရာတောင်မလိုပဲ.. ကလောင်စွမ်းနဲ့ပြသသွားလိုက်တာ...ဘီယာသောက်ဖို့ တောင်ခဏမေ့သွာရတယ်..(ဘေးမှာချထားသော.တိုက်ဂါးသံဗူးယူ၍ သောက်လိုက်ပါသည်)
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။
ကဗျာလေးလာဖတ်သွားပါတယ်
ရင်ဘတ်ငှားထားတာတောင် ကဗျာလေးက တော်တော်ကောင်းနေတယ်
ရင်ဘတ်ငှားထားတာလည်းကောင်းတာပဲ
စာသာတွေကောင်းတယ်..ကိုလွင်ပြင်
ဒီကဗျာဆြာ..ရင်ဘတ်ငှားလှချေလား...:P
ရင်ဘတ်ငှားလေး ကောင်းလိုက်တာ ..းး))
တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့်
အရိပ်တွေက အတိတ်စာမျက်နှာ
နေရာလွတ်မရှိအောင်
ပြည့်နက်နေတော့
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။
ကောင်းလိုက်တာ
အစ်ကိုနဲ့အစ်မ မြန်မာနိုင်ငံပြန်ရောက်ရင် မဂ္ဂဇင်းတွေကို စာမူတွေပို့ရမယ်။ ဒါပဲနော် ကြိုပြောထားတာ။
ကဗျာတွေအရမ်းကောင်းပါတယ်။
မောင်လွင်ပြင်ရေကဗျာဆရာလို.မပြောရဘူးရေးတတ်လိုက်တာရင်ဘတ်ငှားသည်လားဘုစုကောက်နေအုံးမယ်နော်
အားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်
အစ်ကိုရင်ဘတ်ငှားသည်
အားပေးသွားတယ်နော်
ရင်ဘတ်ကိုနောက်ထပ်ထပ်
မငှားနဲ့တော့နော်တော်ကြာအမကောက်နေ
အုံးမယ်
ကဗျာလေးကောင်းပါ၏
အလိမ်အညာခံရတာတော့ တော်တော်ဆိုးပါတယ်။
အလိမ်ခံရပေမဲ့ စေတနာမပျက် ချစ်တတ်သူကိုတော့ ချီးကျူးပါတယ်။
ကဗျာတွေ စုပြီး လာဖတ်သွားပါတယ်...
လာလည်သွားပါတယ်...
နှစ်သက်ခြင်းများနဲ့ အတူ
း-)
ရှူးတိုးတိုး အဲ့ ရင်ဘတ်ငှားတဲ့ကဗျာကို သူငယ်ချင်းက ပြန်ငှားသွားတယ်သိလား.. ကဗျာလေးကကောင်းလွန်းလို့တဲ့လွင်ပြင်ရေ...ဟိ
ကဗျာလေးကတော့ အပျံစားပဲလွင်ပြင်ရေ...
ရင်ဘတ်အဌားတောင်လိုက်တယ်ဆိုတော့အဟီး...
သဲဘုစုစိတ်ဆိုးတာမလွန်ပါဘူး...နာဆိုရင်နင့်ကို
အတေထုသတ်မှာ(ခေါင်းကို):P
ခင်မင်စွာဖြင့်
ရာဇာထွေး
ရင်ဘတ်အငှားထဲက
(( တကြိမ်တခါပဲ ချစ်ဖူးတာလို့
အလိမ်အညာတွေ မသုံးချင်ပေမယ့်
အကြိမ်တရာမက
နင့်ရဲ့ အလိမ်အညာတွေအောက်ပြားပြားမှောက်ပြီး
နှလုံးသားတစ်ခုကို ခစားပေမယ့်
ခြစားခံနေရတဲ့ ငါ့နှလုံးသား
အခုတော့ ယဲ့ယဲ့လေးပဲကျန်ပေမယ့်
ထည်ထည်ဝါ၀ါနဲ့ နင့်ဘ၀လေးကို
အမြဲမြင်ချင်တာ
ငါ့နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန် ပါ ။)))
ကိုအကြိုက်ဆုံးဘဲ။ ရင်ဘတ်ငှားတာ သေချာလို့လား. တိတယ်နော်.
Post a Comment