ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန်

Monday 13 August 2012

အကြင်နာအခင်းအကျင်းမှာ
ဝေဒနာတွေ စွန်းထင်းခဲ့တော့
အနမ်းတွေအစား
အလွမ်းတွေနဲ့မို့
ဘ၀က ပင်ပန်းလှပါပြီ ။

တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့်
အရိပ်တွေက အတိတ်စာမျက်နှာ
နေရာလွတ်မရှိအောင်
ပြည့်နက်နေတော့
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။

တကြိမ်တခါပဲ ချစ်ဖူးတာလို့
အလိမ်အညာတွေ မသုံးချင်ပေမယ့်
အကြိမ်တရာမက
နင့်ရဲ့ အလိမ်အညာတွေအောက်ပြားပြားမှောက်ပြီး
နှလုံးသားတစ်ခုကို ခစားပေမယ့်
ခြစားခံနေရတဲ့ ငါ့နှလုံးသား
အခုတော့ ယဲ့ယဲ့လေးပဲကျန်ပေမယ့်
ထည်ထည်ဝါ၀ါနဲ့ နင့်ဘ၀လေးကို
အမြဲမြင်ချင်တာ
ငါ့နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန် ပါ ။

မှတ်ချက်။        ။သူငယ်ချင်းအတွက် ရင်ဘတ်ငှားသည် ။

22 comments:

စံပယ်ချို said...

ဘုစုဖတ်နေတယ်
ရင်ဘတ်ဌားတယ်လား
တစ်ကယ်လား?

3rdthameetaw said...

အေးဗျာ ဂျက်တို့ မောင်နှံကတော့ အံ့မခန်းပဲ
ငှါးတတ်ကြတယ် တော်လည်းတော်တယ်
စံပြ ပဲဗျာ..

လွင်ပြင်လှိုင်းငယ် said...

သဲဘုစု နင်များပြီနော်။
နာကဗျာေ၇းတာလေ နာ့မှာ နင်ရှိလို့ ကွဲစရာအသည်း မ၇ှိပါ ဟိ ။

mstint said...

ကလောင်သွားလေးထက်လှချည်လား လွင်ပြင်လေးရေ။ 'ရင်ဘတ်ငှားသည်' ဆိုတာ ကြော်ငြာပေးမယ်နော် :P
ကဗျာလေးအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Phyu Lwin said...

ရင်ဘတ်ငှားလို့ရေးထားတဲ့ ကဗျာလေးက ပီပြင်လိုက်တာ

kiim said...

ကဗျာလာဖတ်သွားပါတယ်..
အငှားပေမယ့် တကယ့်ခံစားချက်လေး
အတိုင်းပါပဲ.. အရမ်းကောင်းတယ်..
စကားလုံးလေးတွေလဲအရမ်းလှတယ်..း)

တွတ်တွတ် said...

ဆန္ဒအမှန်တွေကို..ငြိမ်းချမ်းစွာဖြင့်ထုတ်ဖော်ပြသလိုက်ပုံများ..သများတွေလို.လမ်းလျှောက်စရာတောင်မလိုပဲ.. ကလောင်စွမ်းနဲ့ပြသသွားလိုက်တာ...ဘီယာသောက်ဖို့ တောင်ခဏမေ့သွာရတယ်..(ဘေးမှာချထားသော.တိုက်ဂါးသံဗူးယူ၍ သောက်လိုက်ပါသည်)

Angelhlaing(May everybody be happy and healthy! said...

အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။

မင်းအရိပ် said...

ကဗျာလေးလာဖတ်သွားပါတယ်
ရင်ဘတ်ငှားထားတာတောင် ကဗျာလေးက တော်တော်ကောင်းနေတယ်

မင်းမုန်းတဲ့သူ said...

ရင်ဘတ်ငှားထားတာလည်းကောင်းတာပဲ
စာသာတွေကောင်းတယ်..ကိုလွင်ပြင်

Cameron said...

ဒီကဗျာဆြာ..ရင်ဘတ်ငှားလှချေလား...:P

ထရီဆာ (Teresa) said...

ရင်ဘတ်ငှားလေး ကောင်းလိုက်တာ ..းး))

မိုးသူ(တောင်ကြီး) said...

တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့်
အရိပ်တွေက အတိတ်စာမျက်နှာ
နေရာလွတ်မရှိအောင်
ပြည့်နက်နေတော့
အတိတ်စာမျက်နှာကို မလှန်ချင်ပေမယ့်
နင်က ငါ့အရိပ်ဖြစ်နေတော့ ခက်သားလားနော် ။

ကောင်းလိုက်တာ

Yoemyaykya said...

အစ်ကိုနဲ့အစ်မ မြန်မာနိုင်ငံပြန်ရောက်ရင် မဂ္ဂဇင်းတွေကို စာမူတွေပို့ရမယ်။ ဒါပဲနော် ကြိုပြောထားတာ။
ကဗျာတွေအရမ်းကောင်းပါတယ်။

အန်တီလေးမေခင် said...

မောင်လွင်ပြင်ရေကဗျာဆရာလို.မပြောရဘူးရေးတတ်လိုက်တာရင်ဘတ်ငှားသည်လားဘုစုကောက်နေအုံးမယ်နော်
အားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်

မြတ်နိုးသူ(MUFL) said...

အစ်ကိုရင်ဘတ်ငှားသည်
အားပေးသွားတယ်နော်
ရင်ဘတ်ကိုနောက်ထပ်ထပ်
မငှားနဲ့တော့နော်တော်ကြာအမကောက်နေ
အုံးမယ်

ချစ်စံအိမ် said...

ကဗျာလေးကောင်းပါ၏

ချော (အစိမ်းရောင်လင်ပြင်) said...

အလိမ်အညာခံရတာတော့ တော်တော်ဆိုးပါတယ်။
အလိမ်ခံရပေမဲ့ စေတနာမပျက် ချစ်တတ်သူကိုတော့ ချီးကျူးပါတယ်။

စုချစ် said...

ကဗျာတွေ စုပြီး လာဖတ်သွားပါတယ်...
လာလည်သွားပါတယ်...

နှစ်သက်ခြင်းများနဲ့ အတူ
း-)

လေပြေချို said...

ရှူးတိုးတိုး အဲ့ ရင်ဘတ်ငှားတဲ့ကဗျာကို သူငယ်ချင်းက ပြန်ငှားသွားတယ်သိလား.. ကဗျာလေးကကောင်းလွန်းလို့တဲ့လွင်ပြင်ရေ...ဟိ

ရာဇာထွေး said...

ကဗျာလေးကတော့ အပျံစားပဲလွင်ပြင်ရေ...
ရင်ဘတ်အဌားတောင်လိုက်တယ်ဆိုတော့အဟီး...
သဲဘုစုစိတ်ဆိုးတာမလွန်ပါဘူး...နာဆိုရင်နင့်ကို
အတေထုသတ်မှာ(ခေါင်းကို):P

ခင်မင်စွာဖြင့်
ရာဇာထွေး

အလွမ်းမြို့ said...

ရင်ဘတ်အငှားထဲက

(( တကြိမ်တခါပဲ ချစ်ဖူးတာလို့
အလိမ်အညာတွေ မသုံးချင်ပေမယ့်
အကြိမ်တရာမက
နင့်ရဲ့ အလိမ်အညာတွေအောက်ပြားပြားမှောက်ပြီး
နှလုံးသားတစ်ခုကို ခစားပေမယ့်
ခြစားခံနေရတဲ့ ငါ့နှလုံးသား
အခုတော့ ယဲ့ယဲ့လေးပဲကျန်ပေမယ့်
ထည်ထည်ဝါ၀ါနဲ့ နင့်ဘ၀လေးကို
အမြဲမြင်ချင်တာ
ငါ့နှလုံးသား မျက်ဝန်းတစုံရဲ့ ဆန္ဒမှန် ပါ ။)))

ကိုအကြိုက်ဆုံးဘဲ။ ရင်ဘတ်ငှားတာ သေချာလို့လား. တိတယ်နော်.

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :