ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အဌားရင်ဘတ်ထဲက ကဗျာ

Wednesday, 12 June 2013

လာပါ လာပါ ဆိုလို့
အချစ်တွေ တနင့်တပိုးထမ်းလို့
နင့်အနား မင်းရဲ့အပါး
ရင်ခုန်သံစီးလို့
အရောက်လှမ်းခဲ့တယ်

ပြန်ပါ ပြန်ပါ ဆိုတော့လဲ
အလွမ်းတွေ တပုံတပင်
မျှော်လင့်ချက် ဖိနပ်ခပ်ပါးပါးနဲ့
နောက်ကြောင်းပြန်နေတုန်း
မင်းပြောလိုက်တဲ့
နောက်ဆုံးစကားကတော့
အချစ်ကို ခုတုံးလုပ်လိုက်သလိုပဲ

ဘာတဲ့

အချစ်ဆိုတာ
လမ်းဘေးကရောင်းတဲ့
ဖရဲသီး တစ်စိတ်လောက်တောင်
မချိုမြိန်ဘူးတဲ့လား

ထားပါတော့
ချစ်တတ်တဲ့တနေ့
ဖရဲသီးတစိတ်က
မင်းအတိတ်ဘ၀က
ငါလို ကစားစရာ အရုပ်တွေအကြောင်း
ပြောပြလာပါလိမ့်မယ် ။

ရင်ဘတ်ငှားသည် (သတ်ပုံ အမှားများပါလျှင် ပြင်ဆင်ပေးကြပါ)

လွင်ပြင်လှိုင်းငယ်

5 comments:

မိုးနတ်ကြယ်စင် said...

ချစ်တတ်တဲ့တနေ့
ဖရဲသီးတစိတ်က
မင်းအတိတ်ဘ၀က
ငါလို ကစားစရာ အရုပ်တွေအကြောင်း
ပြောပြလာပါလိမ့်မယ် ...:))))

ရင်ဘတ်အငှားလေးနဲ့ ခံစားပြီး
ရေးလဲ ကောင်းတာပဲ ချစ်ကိုကြီးရေ :)))
ခင်တဲ့...
ညီမလေး မိုးနတ်ကြယ်စင်

နွေတေးရှင် (မင်းဧရာ) said...

အင်း.....
ရင်နာစရာ အဖြစ်
နောက်တစ်ခေါက် ပြန်မရစ်ချင်တော့ဘူ
ရွယ်ရည်ဖူးခဲ့တဲ့ အဲဒီစိတ်
အခု ကျနော် တိတ်တိတ်လေး နေတတ်ပြီ ။

ရာဇာထွေး said...

လာပါ လာပါ ဆိုလို့
အချစ်တွေ တနင့်တပိုးထမ်းလို့....

ပြန်ပါ ပြန်ပါ ဆိုတော့လဲ
အလွမ်းတွေ တပုံတပင်.....

ကောင်းလိုက်တဲ့ စကားလုံးတွေပါလားလွင်ရေ...
ရင်ဘတ်ကြီးကို အပြီးဌားထားလိုက်ချင်တယ်.....

ခင်မင်စွာဖြင့်
ရာဇာထွေး

Thwin said...

အချစ်ကို ကစားတတ်တဲ့ ကောင်မလေးကို တစ်ချိန် မှာ မင်းနားလည် လာလိမ့်မယ်လို့ ပြောတာပေါ့နော်...။

Anonymous said...

ရင်ဘတ်အငှားလေးကလည်းကွယ် ...

ကဗျာလှလှလေး ခံစားသွားတယ် ကိုလွင်ပြင် :)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :