တောင်စွယ် တောတန်း
ပန်းရိုင်းပေါသည့်
စမ်းချောင်း လျှိုမြောင်
သားကောင်များလဲ
အေးသည့်အရိပ်
ကြည်တဲ့စိတ်ကြောင့်
တရားအားထုတ်
မြတ်သောစိတ်နှင့်
သောကတွေပျောက်
လောဘဘယ်ရောက်
မာန်မလျှောက်တဲ့
ဒီလမ်းလေးဟာ
အေးချမ်းသာယာ
တချိန်ကပါ ။
တောင်စွယ် ဘယ်ဆီ
တောတန်းမရှိ
ပန်းရိုင်းနံ့ကင်း
စမ်းချောင်းရှင်းသည့်
တောင်ဂတုံးမှာ
ဝမ်းရေး အတွက်
လောဘဖက်ပြီး
ခုတ်လိုက်သည့်ပင် (သစ်ပင်)
တူးလိုက် တွင်းထွက်
အမြစ်မကျန်
သစ်ပင်ငယ်တောင်
မထွက်ရဲပဲ
ဘယ်ဆီရောက်လို့
ဘယ်မှာပေါက်လဲ
သိသူရှိက
ပြောပြခဲ့ပါ ။
ပန်းရိုင်းပေါသည့်
စမ်းချောင်း လျှိုမြောင်
သားကောင်များလဲ
အေးသည့်အရိပ်
ကြည်တဲ့စိတ်ကြောင့်
တရားအားထုတ်
မြတ်သောစိတ်နှင့်
သောကတွေပျောက်
လောဘဘယ်ရောက်
မာန်မလျှောက်တဲ့
ဒီလမ်းလေးဟာ
အေးချမ်းသာယာ
တချိန်ကပါ ။
တောင်စွယ် ဘယ်ဆီ
တောတန်းမရှိ
ပန်းရိုင်းနံ့ကင်း
စမ်းချောင်းရှင်းသည့်
တောင်ဂတုံးမှာ
ဝမ်းရေး အတွက်
လောဘဖက်ပြီး
ခုတ်လိုက်သည့်ပင် (သစ်ပင်)
တူးလိုက် တွင်းထွက်
အမြစ်မကျန်
သစ်ပင်ငယ်တောင်
မထွက်ရဲပဲ
ဘယ်ဆီရောက်လို့
ဘယ်မှာပေါက်လဲ
သိသူရှိက
ပြောပြခဲ့ပါ ။
လွင်ပြင်လှိုင်းငယ်
8 comments:
ထိုဘုံဌာနီ
ကျွန့်နေပြည်ကား
ဥာဏ်ရည်ပြိန်းပြိန်း
အထိန်းမတတ်
လောဘစွပ်လို့
သယံမြတ်တို့ ကုန်ရပြီ ။
မင်းဧရာ
ဟားးးးးးးးးးး ဟားးးးးးးးး
အကိုမင်းဧရာကြီး မန့်ထားတာလေး
သဘောကျသကွာ :)
မြန်မာပြည်မှာတော့
သစ်ပင်သစ်တော ပြုန်းလို့ နေပြီ
နောက်ဆိုလူမျိုးပြုန်းဖို့ ပဲလိုတော့တယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
တောတွေလည်း ပြုန်း
တောင်တွေလည်း ကတုံး
ဒီကတုံးက ရောင်
ဘယ့်အတွက်ကြောင့် ပြောင်..?
ပြောင်နေတဲ့ တောင်ကတုံး
ရောင်ထုံးဖို့ မဆင်ခြင်ရာ
တူးလိုက်ပါ သတ္ထုများ
တောင်ကတုံးတွေ ပြား..
တောပြုန်း တောင်ကွယ်
တို့တိုင်းပြည်ဝယ်
ဥတုဗွေဖောက်
အကျိုးဆက်ကြောင့်
ပြည်သူအများ
ဒုက္ခပွားသည်
အနာဂတ် ရေး
မျှော်ကာ တွေးတော့
အမောင် ရင်လေးသည်.....
ကဗျာလေးဖတ်ပြီး စိတ်ထဲပေါ်လာတာလေးရေးခဲ့ပြီ...
ခင်မင်စွာဖြင့်
ရာဇာထွေး
သူရောက်နေတာနိုင်ငံခြားမှာ
..ကိုသစ်ပင်...ကိုသစ်တော...အား...ဟာ....
ခုတ်နေလိုက်တာ အိပ်တိုင်တွေပါ ကျွတ်တော့မည်
တူးနေလိုက်တာ ငရဲမင်းကအဖေတော်တော့မည်
ဖဆ်ခဲ့ပါတယ် ကိုလွင်ပြင်ရေ
သဘာဝ တရားကြီးက လူသားတွေ ကို အကျိုးပြုနေတာပါ။ လူတွေ က ဒါလေးတွေကို မေ့ မေ့ သွားကြတာလေး ပဲ ပြောစရာ ရှိပါတယ် ။ သဘာဝတရားကြီးကို ဒီထက် ချစ်နိုင်ကြဖို့ ပဲ ဆုတောင်းပေးရုံ ရှိတယ်နော်.....။
တိုင်းတစ်ပါးရောက်ကုန်တာပေါ့..း)
Post a Comment