ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မီးအိမ်ရှင်မဟုတ်တဲ့အမြဲလင်းစေသူ

Thursday, 29 August 2013

မီးအိမ်ရှင်ဘ၀နဲ့
ငါ့အနားငါ့အပါးမှာ
နင်မရှိစေချင်ဘူး
မီးအရှိန်နဲ့ နင်ပူမှ
ငါအလင်းရ
မှောင်ချိန်မှ သုံး
အလင်းရောင်မှာ နင်အထီးကျန်ဆန်မှာ
ငါစိုးလို့ပါ ။

မီးစာကုန် ဆီခန်း...

အမှောင်ပျိုးတော့
ဒီမောင်မှာ လမ်းပျောက်မလား
စိုးစိတ်နဲ့ တိုးတိတ်စွာ
နင်ငိုမှာမို့
မျက်ရည်စက်နဲ့
ငါ့အတွက် အလင်းတွေမထွက်ပါနဲ့ ။

ငါ့အတွက်တော့
နေရဲ့အလင်းလဲ နင်
ညရဲ့လမင်းလဲ နင်
ကြယ်တစ်ခင်းနဲ့
ပိုးစုန်းကြူလဲ နင်
အရာရာနင်ရှိမှ အလင်းဖြစ်တာမို့
တွယ်တာစွာ
မောင့်အနား
သံသရာတလျှောက် လိုက်ခဲ့ပါလားနော် ။

လွင်ပြင်လှိုင်းငယ်

7 comments:

witch83 said...

ကဗျာလေးဖတ်ရတာ ကြည်နူးဖို့ကောင်းတယ်။ ပထမဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ။ နင်ပူလောင်မှ ငါအလင်းရပြီး မှောင်ချိန်မှာမှသုံးရင် တခြားအချိန်တွေမှာ အထီးကျန်ဆန်မှာစိုးနေလို့ပါတဲ့။ မဂျက်(စ်)တော့ ဒီကဗျာလေးဖတ်ပြီး ပြုံးနေတော့မယ်။း)

တတိယမြောက်သမီးတော် said...

ရာသက်ပန် လင်းလက်နေကြပါစေဗျာ

စံပယ်ချို said...

လိုက်အုန်းမှာ----------

ရင်လှိုင်း said...

မီးအိမ်ရှင်လေး ရဲ့ အလင်းတွေ မြင်ရတယ်။ အလင်းကို တန်ဖိုးထားသူ လည်း ထာဝရ အလင်း ရပါစေ နော်။

ဆန်းစနေ၀န်း said...

ထာဝရ လင်းလက်နိုင်ပါစေ....

ကေပိုး said...

အဲ့​လောက်​ချစ်​ကြတာ.. အားကျပါဘိ.. မမစံပယ်​​ရေ

ငြိမ်းစိုးဦး said...

အပြစ်မပါ ... အချစ်ကဗျာ ...

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :