ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မ.........သို့

Thursday 17 October 2013

10 comments
ရနံ့သင်းထုံ
 ရောင်သွေးလဲစုံ
 မြတ်နိုးသူပုံလို့
 သူမေမှာမာန်တက်တယ်
 မထင်ရက် ယုံ ။
 
 အမြင့်မှာမစံ
 မြေမှာလဲမခ
 ပန်းတို့ထုံးစံ
 စုန်ကန်လို့ထ
 မာန်မာနနဲ့
ခူးချင်သူတိုင်း ခူးရရိုးလား
ဆူးအတက်နဲ့
ကာကွယ်ထား ပုံ ။
 
အိန်ဂျယ် တိမ်ကွယ်က
စောင့်ရှောက်ထားစေအုံး
ရနံ့သင်း အဆင်းလှမှာ
ဒီကြယ်မှာ ကြွေကာကျတော့
ဆူးပဲဆူးဆူး ရူးပဲရူးရူး
ဒဏ်ရာမပေါ် ဝေဒနာမျိုးနဲ့
ဆယ်ခါပြန်မက သေပြလိုက်ယုံ
မ.........ကို ချစ်လို့မကုန်   ။
မှတ်ချက်။      ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခ
ဏဖောက်လိုက်သည် ။
 
လွင်ပြင်လှိုင်းငယ်

ဆန္ဒတစ်ခုရဲ့ဆုတောင်းလွှာ

Friday 4 October 2013

4 comments
ဥတုသုံးပါး
အပြုံးရှေ့ထား
အကြင်နာပွားများ
မေတ္တ္တာထားပြီး
သက်ရှိတွေလဲ
ကျန်းမာပါစေ
သက်မဲ့တွေလဲ
မပျက်ဆီးစေပဲ
ကမ္ဘာတခွင်
ရန်မီးလဲငြိမ်း
သစ္စာတွေကိန်း(ကိန်းဝပ်)
အမှားများထိန်းလို့
အမုန်းတရားကင်းကင်း
ဒေါသရှင်းရှင်းနဲ့
ယနေ့နှင့်မနက်ဖြန်တိုင်းမှာ
ငြိမ်းချမ်းရေးမိုးတွေ ရွာစေသား......
 
 
လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :