ကာရံတွေသက်ပြင်းချတဲ့ညက
ကြယ်တာရာတွေ စောင်ခြုံကွေးလို့
မိုးတိမ်တလိမ့်လိမ့်နဲ့
လမင်းတောင် ညပျောက်နေလေရဲ့ ။
ကြယ်တာရာတွေ စောင်ခြုံကွေးလို့
မိုးတိမ်တလိမ့်လိမ့်နဲ့
လမင်းတောင် ညပျောက်နေလေရဲ့ ။
ကြင်နာသူက နာကျင်သူအဖြစ်ထားခဲ့ပြန်တော့
ဒဏ်ရာမပေါ်တဲ့ ဝေဒနာအတွက်
ဘယ်သူကများဆေးစွမ်းတစ်လက်
ဖော်စပ်ပေးနိုင်မှာလဲ ။
ဒဏ်ရာမပေါ်တဲ့ ဝေဒနာအတွက်
ဘယ်သူကများဆေးစွမ်းတစ်လက်
ဖော်စပ်ပေးနိုင်မှာလဲ ။
သံသယမြေဆီလွှာပေါ်မှာ
အချစ်သစ်ပင်ဆိုပြီး
ခနော်ခနဲ့တိုးထွက်လာမှတော့
ဒီသစ်ပင်ဟာ ဘယ်လိုကြီးထွားရှင်သန်ရမလဲ ။
အချစ်သစ်ပင်ဆိုပြီး
ခနော်ခနဲ့တိုးထွက်လာမှတော့
ဒီသစ်ပင်ဟာ ဘယ်လိုကြီးထွားရှင်သန်ရမလဲ ။
အတွေးတွေ ဟိုရောက် ဒီပေါက်နဲ့
ရင်ဘတ်အောက်က နှလုံးသားကို
ဓါးတုံးတုံးထောက် မေးကြည့်မိသည်
အချစ်ဆိုတာ နင့်မိခင်လား ။
ရင်ဘတ်အောက်က နှလုံးသားကို
ဓါးတုံးတုံးထောက် မေးကြည့်မိသည်
အချစ်ဆိုတာ နင့်မိခင်လား ။
လွင်ပြင်လှိုင်းငယ်
1 comments:
ကဗျာလေး ကောင်းသလောက်
ခေါင်းစဉ်နဲ့ ကဗျာ အောက်ဆုံးစာကြောင်းက
ဝင်ထောက်နေတယ် ဗျာ ။
အဲဒီစာကြောင်းက ကဗျာ ရဲ့ ဆိုလိုရင်းကို ဝေခွဲရ ခက်သွားစေတယ် ။
Post a Comment