လေပြေရဲ့ ကျီဆယ်မှု့
လွင့်မျောကြွေလွင့်တဲ့ သစ်ရွက်
အဖြစ်အပျက်တစ်ခုမှာ
လေတိုက်လို့ သစ်ရွက်ကြွေတာ
အပြစ်မပြောပဲ
အမြင်သစ် အတွေးသစ်နဲ့
ရွက်နုဝေဖို့ ရွက်ဟောင်းချွေပေးတယ်ရယ်လို့
အမုန်းခံ လေပြေဘက်က
ရပ်တည်ပေးပါ့လား ။
လှိုင်းကြမ်းရဲ့ ရိုက်ခတ်မှု့
တိုက်စားခံ ကမ်းပါး
ပြေးဆော့တဲ့ လှိုင်းအားနဲ့
နာကျင်နေမှာ အမှန်ဆိုပေမဲ့လဲ
ရေလေးတွေ လွတ်လပ်စွာ
စီးဆင်း နယ်ချဲ့ဖိုးအရေး
လှိုင်းလေးတွေကတော့
အမုန်းခံ လှိုင်းကြမ်းကြီးတော့ ဖြစ်လို့ပေါ့ ။
စိမ်းစိုနေတဲ့ မြေပြင်
ကြည်လင်နေတဲ့ရေပြင်မှ
တန်ဖိုးထားပြီး
ကောင်းကင်မှာ တိမ်တိုက်မရှိမှ
ကြည်လင်နေနဲ့သဘောလား
ခြောက်တွေ့နေတဲ့ ကန္တာရ
ပူလောင်နေတဲ့ သဲပြင်
အိုအေစစ်ရေအေးအေးလောကော
လူတွေမမြတ်နိုးလို့လား
ကြည်လင်နေတဲ့ ကောင်းကင်မှာ
မိုးသားမတက် ဖြူဖွေးနေမှတော့
မြေပြင်တွေကွဲအက်
အသက်ရှင်ဖို့ ခက်လိမ့်မယ် ။
ဘာပဲပြောပြော
တရားသဘောနဲ့ကြည့်ကြည့်
သဘောတ၇ားနဲ့မြင်မြင်
အကောင်းမြင်ဝါဒ
စေတနာလှလှနဲ့
ကမ္ဘာမြေကို သင်ကြည့်လိုက်ပါ
အပြစ်မြင်စရာဆိုလို့
သစ်ပင်လေးတစ်ပင်မရှိပါလား ။
လွင်ပြင်လှိုင်းငယ်
5 comments:
အဲဒီလို မမြင်နိုင်ကြတာ ခက်တာ..
တစ်ခုခုဆို ဖုတ်လိုက်ရမှဆိုတာတွေ များလာတော့
ကမ္ဘာမြေက ဖုတ်ကုန်းဖြစ်နေပြီ ဘရိုးရေ
ကဗျာလေးလာရောက်ခံစားသွားပါတယ်
အားပေးလျှက်ပါအကိုတော်ရေ
သဘာဝအတွေးစတွေကြားမှာစီးမြောခံစားသွားပါတယ်...
အင်းးအပြစ်မမြင်ပါဘူး ချစ်ချင်တာဘဲသိတဲ့နောက် ..း)
Post a Comment