ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သူ့အတွက်သာ

Friday 23 March 2012


အသည်းတစ်ခြမ်းလဲ
လောင်ကျွမ်းပါစေ
အသည်းတစ်လုံးလဲ
ဆုံးရှုံးပါစေ
မုန်းမရအောင်
ချစ်ရသူမို့
သူ့အပြုံးကို
သောက်သုံးပြီး
အသက်ဆက်နေသူပါ  ။

ဝင်သက် ထွက်သက်ကြောင့်
အသက်ရှင်နေတာလား
အသက်ရှင်နေလို့
ဝင်လေ ထွက်လေဆိုတာ ရှိတာလား
ဒါတွေ ခေါင်းရှုပ်ခံပြီး
မတွေးတော့ပါဘူး
သေချာတာ တစ်ခုပဲပြောမယ်
ဝင်သက် ထွက်သက်တိုင်းမှာ
သူ့ကို ချစ်ခြင်းတွေကြီးပဲရှိတယ်   ။

အာဒံက ပန်းသီးလေးတစ်ခြမ်းပဲကျွေးပြီး
ရွေးစရာလူမရှိလို့ ဧ၀ကို ချစ်ခဲ့တာပါ
ကျွန်တော်ကတော့ သန်းပေါင်းများစွာထဲက
နှလုံးသားကရွေးတဲ့ သူ့ကို
အသည်းနှလုံးတစ်ခုလုံး
လိုရာသုံးဖို့ပေးပြီး ချစ်ခဲ့တာပါ  ။

အချစ်အတွက် အသက်ပေး
ကျန်နေသူမှာ မျက်ရည်မီးတွေနဲ့
အသိတရာကင်းစွာ ထားခဲ့တတ်သူကို
ကျွန်တော် အထင်မကြီးတတ်ပါ
မရှိရင် ရှိအောင်လုပ်
အေးနေရင် အနွေးဓါတ်ပေး
မျက်ရည်တွေ မလျှံကျစေဖို့
ထွက်ခွါရင်တောင်
တစ်ချိန်တည်းဖြစ်ချင်သူမို့
အိပ်ယာဝင်တိုင်းဆုတောင်းခဲ့တာ
ညပေါင်းများစွာပါ  ။

(အိပ်မက်လေးသို့ ရည်ရွယ်ပါသည်)

လွင်ပြင်လှိုင်းငယ်

0 comments:

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :