မင်းကိုစတွေ့ကတည်းက
အလှတရားရဲ့ ဆုံးဆည်ရာလေးမို့
တခြား မိန်းကလေးတွေရဲ့
အလှကဗျာတွေကို
မကြည့်ဖြစ်အောင်
ငါ့အသိနဲ့ ငါ့အမြင်မှာ
ဖြတ်ပစ်ခဲ့တယ် ။
မင်းကို စချစ်ကတည်းက
ငါ့ရဲ့ ရင်ခုန်သံ
အပုပ်အသိုးတွေကို
မြေမြုပ် သင်္ဂြုလ်ပြီး
ရည်စားဟောင်းတွေကို
သူငယ်ချင်းကောင်းအဖြစ်ပဲ
သတ်မှတ်ထားလိုက်တော့တယ် ။
မင်းကို အိမ်သူသက်ထား
ဇနီးမယားအဖြစ်
ရင်ခွင်နန်းမှာ
ကြင်နာခြင်းတွေ ခြွေရံပြီး
နှလုံးသား ပလ္လင်ထက်
မင်းကို ဘုရင်မမြောက်ပြီးကတည်းက
အပျော်အပါးအတွက်
ဘ၀ပျက်စေမယ့်
ငါ့အကျင့်တွေကိုလဲ ပြင်ခဲ့ပါပြီ ။
ယူရင်တော့ ပြုံးပြီး
တောင်းမယ်ကြံတော့
အလောင်းကောင် တစ်ကောင်လိုရှောင်ရှား
အမှောင်ကြားက သရဲတစ်ကောင်လို သဘောမှာထား
နင့်ကို စိတ်ဆင်းရဲစေပြီး
ငါ့ပိုက်ဆံအိတ်ကို ခင်တဲ့
သူငယ်ချင်းတွေကိုလဲ ဖြတ်လိုက်ပါပြီ ။
မမူးရင် ရေခဲစားပြီး
မွေးဖွားသလားထင်ရတဲ့ ငါက
မူးရင် အရူးတစ်ယောက်တောင်
ငါ့နားမကပ်ချင်အောင် ယစ်တတ်တဲ့
အကျင့်ဆိုးကြားက
မင်းမျက်ရည်ကို မြင်ရတဲ့ ခဏ
သေကောင်ပေါင်းလဲဖြစ်နေအုံးတော့
အရက်နဲ့စပ်တဲ့ဆေးတောင်
ရှောင်ရှားလိုက်ပါပြီ ။
ခုတော့ ဘ၀မှာ
မကောင်းတဲ့ သူငယ်ချင်းတွေကို ကွာ
စိတ်ရိုင်းစိတ်မိုက်တွေကို ရှင်း
ရည်စားဟောင်တွေနဲ့ ပြတ်
သံသရာ အဆက်ဆက်မစဲ
ရွာသွန်းမယ့် အချစ်မိုးရေထဲကို
မင်း ခေါင်းမော့ပြီး လျှောက်လိုက်စမ်းပါ ချစ်သူ ။
မှတ်ချက်။ ။ဆားချက်
လွင်ပြင်လှိုင်းငယ်
18 comments:
အလိုလေး...အကိုလေးကတော့ လုပ်ချလိုက်ပြန်ပြီ..စကားလုံးတွေကလဲ အဆန်းချည်းပဲ..စာသားတွေကလဲ အလန်းချည်းပဲ..အဟမ်း..အဟမ်း..အားပေးသွားတယ်..အကိုတော်..ဒီရက်ထဲပျောက်နေတယ်ဟုတ်စ...လက်စသတ်တော့ ရှည်ရှည်ရေးဖို့ အရှိန်ယူနေသကိုး....အမတော်တစ်ယောက်ရော ကျန်းမာပါစ..သတင်းမေးတယ်လို့ ပြောပြလိုက်ပါရှင်...နှစ်ယောက်စလုံးအလုပ်တွေရှုပ်နေတယ်ပေါ့လေ
သံသရာဆုံးတိုင်
ချစ်နိုင်ကြစေလို့
ငါကိုယ်တော်မြတ်
အမိန့်တော်မှာတမ်း
ခြွေလိုက်ရပါတော့သတည်း...
(ဘုရင်တစ်ပါးရဲ့လေသံကို ခဏယူသုံးကြည့်ခြင်း)
သိပ်တောင်မကြာသေးဘူးလားလို့တင်ထားတာ...။ ဆားချက်ရင်းငံပြာရည်ထွက်နေမယ်..။
မင်းကို အိမ်သူသက်ထား
ဇနီးမယားအဖြစ်
ရင်ခွင်နန်းမှာ
ကြင်နာခြင်းတွေ ခြွေရံပြီး
နှလုံးသား ပလ္လင်ထက်
မင်းကို ဘုရင်မမြောက်ပြီးကတည်းက
အပျော်အပါးအတွက်
ဘ၀ပျက်စေမယ့်
ငါ့အကျင့်တွေကိုလဲ ပြင်ခဲ့ပါပြီ ။
ငါ့အကိုကကဗျာရေးထားတာ
ရေရေလည်လည်လန်းတယ်သိလား
အားပေးသွားပါတယ်နော်
တွေးတတ် ရေးတတ်ပါဘိ အစ်ကိုလွင်ပြင်ရယ်
title မြင်ကတည်းက စိတ်ဝင်စားနေတာ .. လိုက်ဖက်အောင်ရေးတတ်လိုက်တာ ..မိုက်တယ်
ဘာပြောရမှန်းတောင်မသိတော့ဘူး။ စာသားလေးတွေကောင်းလွန်းလို့။
Like
ခေါင်းစဉ်လေးကို မြင်တော့ နည်းနည်းတောင်လန့်သွားတယ် ခွိ . . . .
ကဗျာလေးကိုခံစားသွားတယ်နော်
ဟုတ်ပ.. လန့် သွားတာဖဲ..
ဆားလေးကို သရက်သီးနဲ့ လာတို့ စားသွားပါတယ်..
နောက်တာနော်..
ဆားချက်တယ်ဆိုပေမယ့် ကောင်းပါတယ်..း)
လွင်ပြင်လိမ္မာတယ်ဟေး... ချစ်ဇနီးကို အဲ့လောက်ချစ်တာ လိမ္မာတာပေါ့နော့်...ခိခိ
ခင်တက်တဲ့
လေပြေချို
ခေါင်းစဉ်တွေ့တော့လန့်သွားတာပဲ။ အဆုံးသတ်မှဟင်းချနိုင်တော့တယ်။
ခုတော့ ဘ၀မှာ
မကောင်းတဲ့ သူငယ်ချင်းတွေကို ကွာ
စိတ်ရိုင်းစိတ်မိုက်တွေကို ရှင်း
ရည်စားဟောင်တွေနဲ့ ပြတ်
သံသရာ အဆက်ဆက်မစဲ
ရွာသွန်းမယ့် အချစ်မိုးရေထဲကို
မင်း ခေါင်းမော့ပြီး လျှောက်လိုက်စမ်းပါ ချစ်သူ ။
ပဲခူးဆားလေးမြည်းသွားပါတယ်နော်ခင်တဲ့
အန်တီလေးမေခင်
အရမ်းကောင်းတဲ့ ကွာရှင်းပြတ်စဲခြင်းပဲဗျို့
အရမ်းအရမ်းကိုကောင်းပါ၏
အရမ်းမိုက်တယ်။ခေါင်းစဉ်ဖတ်ကြည့်မိပြီး ပထမ လန်.သွားတာ။
ကိုလွင်ပြင်ရေ...ကဗျာရေးရင်သတ်ပုံတွေတော့သတိထားဗျ။ ဘာဖြစ်လို့လဲဆိုတော့စာကောင်းရင်သတ်ပုံကတော်တော်အနှောင့်အယှက်ပေးတယ်ဗျ။ ဆုံစည်းရာလို့ပေါင်းပါတယ်။ ချစ်သူအပေါ်ထားတဲ့စေတနာကိုလှမ်းမြင်လိုက်ပါတယ်ဗျာ။
မင်းကို ဘုရင်မမြောက်ပြီးကတည်းက
အပျော်အပါးအတွက်
ဘ၀ပျက်စေမယ့်
ငါ့အကျင့်တွေကိုလဲ ပြင်ခဲ့ပါပြီ ။
ဒီကွန်မန့် လေးကို မကြီးဂျက်မြင်ပါစေ
မှတ်ချက် ။ ။ဆားချက်
ဆိုတဲ့ စာကြွင်းလေးကို မိုးသူ သဘောပေါက်မိသလိုလိုပဲ
အပေါ်မှာရေးထားတဲ့ကဗျာလေးကတော့
ဟုတ်နေတာ အောက်ဆုံးကြမှ 'ဆားချက်"
ဆိုတော့ဟဲဟဲ... မကြီးဂျက်ရေ
သေချာတော့စဉ်းစားပြီး ဗိုက်ခေါက်ဆွဲလိမ်သင့်တယ်လို့ 
မထင်ဘူးလား ဟိဟိ
တတ်နိုင်ဘူးကြားသုံးကြားဝင်လိုက်ဘီ ခစ်ခစ်ခစ်
ကိုလွင်ပြင်နဲ့ မကြီးဂျက်တို့ ကိုခင်မင်တဲ့
မိုးသူ(တောင်ကြီး)
ခေါင်းစဉ်မြင်လိုက်ရတုန်းက မျက်လုံးတောင် ပြူးသွားတယ် ... ကဗျာလေးကို သေချာဖတ်ကြည့်တော့မှ အနှစ်သာရအပြည့်နဲ့ စာသားလေးတွေကို ဖတ်လိုက်ရတော့ အလွန့်အလွန် ကြိုက်နှစ်သက်မိပါ၏ အစ်ကိုရေ ... :)
Post a Comment