ဘာရယ်တော့မဟုတ်ပါဘူး
စကားနဲ့ စစ်ခင်း
အငြင်းတွေကြားမှာ
ရန် ဆိုတဲ့စကား စခဲ့တာလား ။
စိတ်ထဲမှာ ဘာမှမထားပေမယ့်
တခါတရံ
အနိုင်လိုချင်သူနဲ့
အရှုံးမပေးသူနှစ်ယောက်ကြား
ပြဿနာဆိုတဲ့ကောင်က
မြန်နှုန်းအမြင့်ဆုံး စံချိန်နဲ့ရောက်လာတတ်ခဲ့တယ် ။
လင်နဲ့မယား လျှာနဲ့သွားဆိုပေမယ့်လဲ
အမြဲတမ်းငါက လျှာဖြစ်ချင်ခဲ့တာပါ
အမှားတွေရှိပေမယ့်
တောင်းပန်ဖို့ ၀န်လေးတတ်တဲ့ ငါ့ အတွက်
နင်မျက်ရည်စက်တွေနဲ့ မျက်နှာ ခဏခဏသစ်နေခဲ့ရတာလား ။
စကားနဲ့ စစ်ခင်း
အငြင်းတွေကြားမှာ
ရန် ဆိုတဲ့စကား စခဲ့တာလား ။
စိတ်ထဲမှာ ဘာမှမထားပေမယ့်
တခါတရံ
အနိုင်လိုချင်သူနဲ့
အရှုံးမပေးသူနှစ်ယောက်ကြား
ပြဿနာဆိုတဲ့ကောင်က
မြန်နှုန်းအမြင့်ဆုံး စံချိန်နဲ့ရောက်လာတတ်ခဲ့တယ် ။
လင်နဲ့မယား လျှာနဲ့သွားဆိုပေမယ့်လဲ
အမြဲတမ်းငါက လျှာဖြစ်ချင်ခဲ့တာပါ
အမှားတွေရှိပေမယ့်
တောင်းပန်ဖို့ ၀န်လေးတတ်တဲ့ ငါ့ အတွက်
နင်မျက်ရည်စက်တွေနဲ့ မျက်နှာ ခဏခဏသစ်နေခဲ့ရတာလား ။
နင်အကြိမ်ကြိမ်ငိုခဲ့ဖူးတယ်
ငါအခါခါမှားခဲ့ဖူးတယ်
နင်တစ်ကြိမ်ငိုတိုင်း
ငါအကြိမ်တစ်ရာ ခံစားခဲ့တယ်
ခက်တာက
ငါမလိမ်တတ်တာ ဆိုးတယ်
ငါလုပ်ခဲ့သမျှ
နင်သိစေရန် အကြောင်းမှန်
ငါပြောခဲ့လို့
အခုတော့ နင်ငိုတယ်
ငါကြေကွဲတယ်
အမှားတွေက ဟာသတစ်ပုဒ်မို့
နင်နဲ့ငါ ပြိုင်တူရီခဲ့တယ် ။
မှတ်ချက် ။ ။မစံပယ်နှင့် ကျွန်တော် အလုပ်တွေများလို့ သူငယ်ချင်းတို့နှင့်အဆက်အသွယ်ခဏတာပြတ်ခဲ့ပေမယ့် လကုန်လျှင် နှစ်ယောက်သား အားလပ်မည်ဖြစ်သောကြောင့် စာတွေပုံမှန်ရေ/းသွားပါမည် ။
လွင်ပြင်လှိုင်းငယ်
21 comments:
ဘာရယ်တော့မဟုတ်ပါဘူး
စကားနဲ့စစ်ခင်း
အငြင်းတွေကြားမှာ
ရန် ဆိုတဲ့စကား စခဲ့တာလား..
အားပေးသွားတယ် အကိုတော်
ညီမလေး ..မိုးနတ်
လွင်ပြင်က အမြဲတမ်း လျှာပဲ ဖြစ်ချင်ခဲ့တာပေါ့နော်။ ခံစားကြည့်ရှုသွာတယ် လွင်ပြင်ရေ...
မသိပါဘူး၊ ကဗျာဖတ်တာ ၂ ယောက်သားရန်ဖြစ်နေသလားလို့။ မဟုတ်ရင် ပြီးတာဘဲ။ စာဆက်ရေးဖြစ်မယ်ဆိုလို့ဝမ်းသာမိပါကြောင်း။
မအားတဲ့ ကြားကရေးတဲ့ 
အရမ်းဖတ်လို့ ကောင်းတဲ့ 
ကဗျာလေးလာဖတ်သွားပါတယ်..
ရန်မဖစ်ကြနဲ့ .. ကလေးတို့ ရေ..
ရန်ဖစ်တယ်ဆိုတာမကောင်းဘူးကွဲ့ .. :P
နောက်တာနော်..
အင်း......တကယ်များဖြစ်နေလား။ လင်နဲ့မယား၊လျှာနဲ့သွားဆိုပေမယ့် ရန်ဖြစ်တာတော့ မကောင်းဘူးဗျ။ ကျွန်တော်တို့လည်းထိန်းနေရတာပဲ။ ကဗျာတွေကခေါင်းစဉ်တွေက တစ်ခုပြီးတစ်ခု ဆက်စပ်နေသလိုပဲ။ ကွာရှင်းပြတ်စဲ။ ရန်။ နောက်ဘာလာဦးမလဲ မသိဘူး။
“ခဏခဏရန်ဖြစ် ခဏခဏပြန်ချစ် အဲ့ဒါမှ အိမ်ထောင်အစစ်တဲ့” လူကြီးတွေပြောလို့ကြားဖူးတာနော် မြှောက်ပေးတာဟုတ်ဝူး..ဟီးဟီး
ကဗျာလေးကောင်းပါ၏
ခင်တက်တဲ့
လေပြေချို
အချစ်စစ်တို့လမ်းကမဖြောင့်ဘူးတဲ့ ဒီတော့
အချစ်စစ်ချင်ရင် ရန်ဖြစ်ရတယ် :D
လျှာနဲ့သွားလေး မကြာခဏကိုက်မိခြင်းမှ ဝေးပါစေ...
အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင် ချစ်ခင်နိုင်ကြပါစေနော်
စာတွေပုံမှန်ရေးတော့မယ်ဆိုလို့ စာတွေပုံမှန်ဖတ်ရတော့မှာမို့ ၀မ်းမြောက်ဝမ်းသာ မျှော်လျက်ပါဗျာ
အဟင့်... ဇာနည်တို့လေပြေတို့ကတော့ အချစ်စစ်ဖြစ်ဖို့
ရန်ဖြစ်တဲ့။ သာမီးတော့ ကိုယ်ဘက်ကဖြစ်တာဘဲကြိုက်
တယ်။သူက စရန်ဖြစ်ရင်တော့...ဟွင်း...ဟွင်း ..ဘဲ
မရောက်တာကြာပေမဲ့ အမြဲသတိရနေပါတယ်။ ၂ယောက်လုံးကိုပေါ့
ခင်တဲ့
အလွမ်း
မအားတဲ့ကြားက ရေးဖြစ်တဲ့ကဗျာပေါ့ .....
နင်တစ်ကြိမ်ငိုတိုင်း
ငါအကြိမ်တစ်ရာ ခံစားခဲ့တယ်
အကိုလည်းမခံစားရအောင်လို့
အမကိုငိုအောင်မစရဘူးလေ
အားပေးသွားပါတယ်
မအားတဲ့ကြားက ရေးဖြစ်တဲ့ကဗျာပေါ့ .....
အရာရာ အဆင်ပြေပါစေ အကိုနဲ့မမ....
ရန်ဖြစ်နဲ့တော့နော်... ကလေးတွေလဲ ဟုတ်ပဲနဲ့...:))) အရင်လို အချစ်သံဇဉ်လေးတွေပဲ ကြားချင်တယ်လို့....:)
မအားလပ်တဲ့ကြားက အသစ်အသစ်တွေကို တင်ပေးနေတဲ့အတွက်လည်း အစ်ကို့ကို ကျေးဇူးတင်ပါတယ် ... အစ်ကိုရော အစ်မရော ၂ ယောက်လုံး ပျောက်နေတော့ မစ်နေရတာပေါ့ ... :)
တကယ်ကရန်ဖြစ်ကြပါဘူး ။ကဗျာအနေနဲ့ရေးတာပါ
စိတ်မပူကြနဲ့ ဟိ
ရန်ဆိုတော့ကဗျာလေးကိုအားပေးသွားပါတယ်
တကယ်ရန်မဖြစ်ကြဘူးဆိုလို့စိတ်အေး
သွားပါတယ်ခင်တဲ့အန်တီလေးမေခင်
ချိတ် ချိတ်ခြင်းပဲ ညိတတ်တာမို့ တစ်ဖက်ကဖြောင့်နေရင် လိုက်ချိတ်မဲ့ ချိတ်က ချိတ်မရဘူးပေါ့ လွင်ပြင်လေးရေ။ 'လင်နဲ့မယား လျှာနဲ့သွား' ဆိုတဲ့စကားဟာ လွင်ပြင်လေးနဲ့ ဂျက်တို့အတွက် မဟုတ်ဘူးဆိုတာ သိနေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပုံမှန်ရေးမယ်ဆိုရင် ပုံမှန်အားပေးတဲ့ပရိသတ်ပါ :D
လင်နဲ့မယား လျှာနဲ့သွားဆိုပေမယ့်လဲ
အမြဲတမ်းငါက လျှာဖြစ်ချင်ခဲ့တာပါ
အမှားတွေရှိပေမယ့်
တောင်းပန်ဖို့ ၀န်လေးတတ်တဲ့ ငါ့ အတွက်
နင်မျက်ရည်စက်တွေနဲ့ မျက်နှာ ခဏခဏသစ်နေခဲ့ရတာလား ။
ကိုလွင်ပြင်ရေ
အဲဒီအပိုဒ်လေးရက်ရက်စက်စက်လှတယ်
ဒီကဗျာလေး ဖတ်ရတာ ကိုယ်နဲ့ အဖြစ်ချင်းတူသလို ခံစားမိတယ်။ မှားမှန်းသိပေမယ့် တောင်းပန်ဖို့ ဝန်လေး တယ်ဆိုတာမျိုးလေ။ တကယ်တော့ မှားတဲ့သူ က တောင်းပန်စကား ဆိုခဲ့ရင် တစ်ဖက်လူကလည်း ခွင့်လွှတ်မှာပါပဲ။ သူစိမ်းတွေမှ မဟုတ်ဘဲနော်။ ဒါဆို မလိုလားအပ်တဲ့ မျက်ရည်စက်တွေ ကျလာစရာလည်း မလိုတော့ဘူးပေါ့။
(စိတ်ထဲက ခံစားမိတဲ့အတိုင်း ရေးသားပါသည်။) :)
Post a Comment