ခုန်နေတဲ့ ရင်အစုံ
မြတ်နိုးတဲ့ အကြင်နာ
သံယောဇဉ်ကြိုးမျှင်
ရစ်ပတ်နှောင်ဖွဲ့
ချစ်မိတဲ့ အချစ်
စုပေါင်းထုဆစ်
ဘ၀နဲ့ထုပ်ပိုးပြီး
မြတ်နိုးတဲ့ အကြင်နာ
သံယောဇဉ်ကြိုးမျှင်
ရစ်ပတ်နှောင်ဖွဲ့
ချစ်မိတဲ့ အချစ်
စုပေါင်းထုဆစ်
ဘ၀နဲ့ထုပ်ပိုးပြီး
ရင်ဘတ်ထဲက နှလုံးသားပါမကျန်
သဲဘုစုခရုထံပေးအပ် ပြီးသားမို့
ကွဲစရာအသဲ လွင်ပြင် မှာမရှိပါ ။
သဲဘုစုခရုထံပေးအပ် ပြီးသားမို့
ကွဲစရာအသဲ လွင်ပြင် မှာမရှိပါ ။
ဝန်ခံချက် ။ ။ပုံကို google မှကူးယူပါသည် ။
လွင်ပြင်လှိုင်းငယ်
14 comments:
မဂျက်သေချာတော့သော့ခတ်သိမ်းနော်
နို့ မို့ ဆို ယောင်္ကျားများအသဲ ခြံကျော်ထွက်လွန်းလို့ 
ဟီးဟီး အချွန်နဲ့ မခဲ့ပြီကိုလွင်ပြင်ရေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
.ကွဲစရာအသည်းမရှိတော့ဘူးဆိုတော့ ကောင်းလိုက်တာ :D
အသဲအပိုတွေဘာတွေများမရှိဘူးလားကိုလွင်ပြင်..
အသဲအပိုနဲ့ဒိုင်လျှိုလေးကွဲပေါ့အကိုရ...ဟဲဟဲ
အင့် အသည်းကွဲစရာ မရှိတော့ ငြိမ်းတာပေါ့နော်။
အလွမ်းအဆွေးလေးတွေနဲ့စာရင် အခုလို ကြည်နူးစရာလေးတွေပဲ ဖြစ်စေချင်ပါတယ် လွင်ပြင်လေးရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မကြီးလွမ်းပို့စ်မှာ တွေ့ပါရဲ့
အစ်မ ×
စံပယ်ကို ပစ်လို့ကတော့
လုံးဝလုံး ခွင့်မလွှတ်ဘူး
အစ်ကို ×
စံပယ်ကိုပဲ မြတ်နိုးတယ်
နွေလ
ကဗျာလေးခံစားသွားပါတယ် အကိုလွင်ပြင်ရေ...
ရေးတဲ့အတိုင်း ပြောတဲ့အတိုင်း
မဟုတ်လို့ကတော့ တေပီမှတ်
မိုးတွေရွာတုန်းကရယ်...နှင်းတွေဝေတုန်းကရယ်...
ရွက်ဝါလေးတွေကြွေတုန်ကရယ်....အချစ်ဆိုတာ အထာမသိလို့...အညာမိပေါင်းလည်း....များလှပါပြီကွယ်....း)။
မစပယ်...
သတိထားဗျ ကိုယ်ချင်းကိုယ်ချင်းမို့ လက်တို့ပြီး သတိပေးပါ ကိုလွင်ပြင်မသိစေနဲ့...း)။
ရေးတဲ့အတိုင်း ပြောတဲ့အတိုင်း
မဟုတ်လို့ကတော့ တေပီမှတ် မမဂျက်ရေးတာနော် :P
သေချာထုပ်ပိုးပြီး မမဆီကိုပေးထားတဲ့ အစ်ကို့အသည်းကိုတော့ လွတ်ကျပြီးမကွဲအောင် သတိပေးထားရမယ် ... ကဗျာလေးဖတ်ပြီး ကြည်နူးသွားတယ် ... :)
ကဗျာလေးကအရမ်းမိုက်တယ်အစ်ကို
အရမ်းသဘောကျတာပဲဒီကဗျာကို
အားပေးသွားပါတယ်
အဟမ်း အဟမ်း ရေးထားတဲ့ အတိုင်းဖြစ်ပါစေတဲ့နော်
မဟုတ်လို့ကတော့ မမစံပယ်နဲ့ တွေ့ပြီ ^_^
ချစ်တတ်တာနော်
Post a Comment