ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အိပ်မက်သခင် ဘ၀ရှင်နင်ရေ

Thursday 7 March 2013

20 comments


အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
နင့်အပါးမှာ
အမြဲ ခစား
နင့်အနားမှာ
ထာဝရနေချင်သူမို့
နင်ရှိတဲ့ဘယ်နေရာမဆို
သေမင်းတောင်
ကြွေဆင်းတဲ့ ပန်းတစ်ပွင့်အလား
မြတ်နိုးနမ်းရှိုက်
အဆိပ်သင့်လဲ သေ၀ံ့သူပါ ။

အိပ်မက်သခင်
ဘ၀ရှင် နင်ရေ
အတွေးမှာ ရေးသမျှက
နင့်အတွက်ကဗျာ
လက်တွေ့မှာကြိုစားနေတာက
နင့်ဘ၀လှရန်
ထားတာက စေတနာ
အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။

အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
အနေဝေးလို့
သွေးအေးမသွားတတ်သလို
အနေနီးလို့လဲ
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။



လွင်ပြင်လှိုင်းငယ်



Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :