ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အသက်ထက်တန်ဖိုးရှိသောအရာ

Tuesday, 15 April 2014

3 comments
အသက်လေးရယ်ငယ်ငယ်
သနပ်ခါး ပါးကွက်ကျားရယ်နဲ့
ဆင်ရင်ထုံးရွှေရင်ဖံုး
လုံချည်ရှည်ရှည်
ဆံနွယ်နက်နက်
ယဉ်ကျေးတဲ့ သမီးပျိုလေးမို့
မိဘတွေ ဂုဏ်ယူပြုံး
ကြည့်မှန်လေးတချပ်လိုကြည့်မဆုံး
 
အရွယ်လေးရယ် ဟိုမရောက် ဒီမရောက်
အစွယ်လေးမပေါက်တပေါက်
ဂေါ်လီလေး ဟိုလျှောက် ဒီလျှောက်
ပေါင်တွင်းလေးပြမှလှတယ်ထင်ကြ
ရင်သားလေးပြချင် ကာမ
ဓါတ်ပုံလေးရိုက်ကာတင်မှ
အင်တာနက်ဖွတာမြန်ပါ့
အခုတော့ မိဘတွေမြင်ရ
............................
ကြည့်မှန်တချပ် ကွဲရှ
မှန်စတွေ ရင်ဝယ်စူး
အသက်ဆိုတာ အရှက်လောက်တန်ဖိုးမရှိပါလား   ........
 
လွင်ပြင်လှိုင်းငယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :