ဘ၀ စာပွဲဝိုင်းပေါ်မှာ
အလွမ်းတွေ ခင်းကျင်းပြီး
ကာရံ ပုလင်းထဲက
ဒဏ်ရာ နှစ်ချို့ဝိုင် တချို့
မျက်ရည်ခွက်ထဲ
လောင်းထည့်ပြီး မုသားချိုချိုတွေ ပြန်တမ်းတရင်း လည်ချောင်းထဲကိုသွန်ချလိုက်တော့ ရင်ထဲမှာ အလွမ်းကဗျာ တစ်ပုဒ် ဖြစ်သွားမလားပဲနော် ။ **********
ရင်ဘတ်အငှားနဲ့ ကာရံတွေ စီနေရတဲ့ကဗျာဆရာတစ်ယောက်ဟာ ငါတို့ ဖတ်ဖို့ ကဗျာတွေအတွက်နဲ့ အလွမ်းတွေ တိုက်စားလွန်းလို့ နှလုံးသား နံရံတွေကော ကျန်သေးရဲ့လား လွမ်းတိုင်းသာ ကဗျာတစ်ပုဒ်ဖြစ်မယ်ဆိုရင် မင်း အတွက် ရေးထားတဲ့ကဗျာ အုပ်ပေါင်းများစွာ ငါပိုင်ဆိုင်ထားပြီပေါ့ ။ ********** မရေးပြတတ်တဲ့ ဝေဒနာ တချို့အတွက်နဲ့ မတီးတတ်တဲ့ ဂစ်တာကိုပုံစံမကျ လက်မှာကိုင်ရင်း အလွမ်းများဆိုတဲ့ သီချင်းလေးကို ညည်းနေမိတဲ့ငါဟာအရူးတစ်ယောက်လား ။ ***********
အခြေအနေ မပေးလို့ တပြည်တရွာဆီဝေးမှ အလွမ်းက အိပ်ယာနိုးတာလား လူချင်းလဲ နီး စိတ်ချင်းလဲကပ်နေပေမယ့် မနေ့က ချစ်စရာကောင်းတဲ့ မင်းအမူအရာတွေကို ဒီနေ့ ငါလွမ်းနေမိတာ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား။ ********* လွင်ပြင်လှိုင်းငယ်
အလွမ်းတွေ ခင်းကျင်းပြီး
ကာရံ ပုလင်းထဲက
ဒဏ်ရာ နှစ်ချို့ဝိုင် တချို့
မျက်ရည်ခွက်ထဲ
လောင်းထည့်ပြီး မုသားချိုချိုတွေ ပြန်တမ်းတရင်း လည်ချောင်းထဲကိုသွန်ချလိုက်တော့ ရင်ထဲမှာ အလွမ်းကဗျာ တစ်ပုဒ် ဖြစ်သွားမလားပဲနော် ။ **********
ရင်ဘတ်အငှားနဲ့ ကာရံတွေ စီနေရတဲ့ကဗျာဆရာတစ်ယောက်ဟာ ငါတို
အခြေအနေ မပေးလို့ တပြည်တရွာဆီဝေးမှ အလွမ်းက အိပ်ယာနိုးတာလား လူချင်းလဲ နီး စိတ်ချင်းလဲကပ်နေပေမယ့် မနေ့က ချစ်စရာကောင်းတဲ့ မင်းအမူအရာတွေကို ဒီနေ့ ငါလွမ်းနေမိတာ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား။ ********* လွင်ပြင်လှိုင်းငယ်
10 comments:
အစ်ကိုလွင်ပြင်ကလည်း လွမ်းတတ်လိုက်တာ...
မနေ့က အမူအရာကို ဒီနေ့လွမ်းတယ်ဆိုတော့ မလွန်လွန်းဘူးလား..
မမစံပယ် ကံကောင်း၏ :D
ချစ်စရာကောင်းတဲ့ မင်းအမူအရာတွေကို ဒီနေ့ ငါလွမ်းနေမိတာ ကဗျာတစ်ပုဒ်ဖြစ်နိုင်ပါ့မလား။ ကဗျာလေးလန်းတယ် အားပေးသွားပါတယ်။
ကဗျာလေး လာအားပေးသွားတယ် လွင်ပြင်ရေ
ခုန်ကြ ခုန်ကြ..
ဟ၀ါ ကျအောင် ခုန်လိုက်စမ်းဘာ..:D
လွမ်းတိုင်းသာကဗျာတစ်ပုဒ်ဖြစ်ရင်တဲ့
တကယ်ကိုလှပတဲ့အသုံးအနှုံးလေးပါပဲ
သူတို့ဘဲလွမ်းနေတယ် သူများလွမ်းဖို့ထားကြပါဦးနော်း))
သူတို့တွေလုပ်တာနဲ့ ဘလော့ထဲက သူတွေတော့ အားကျပြိး အားကျ...:):)
လွမ်းတတ်လိုက်တာဗျာ...
မိုက်တယ် ဒီကဗျာက ...
ရင်ဘတ်တွေတော့ ပါးနေလောက်ပြီ...
ကဗျာတစ်ပုဒ် ဖြစ်သွားတာပါပဲလားးးးးးး :D
Post a Comment