ချစ်ခင်ရပါသော နှလုံးလှပိုင်ရှင်ဘလော့ဂါအပေါင်းတို့
မင်္ဂလာပါ ။
ဒီနေ့ ၁၁ရက် ရလ ၂၀၁၂ ဟာ ကျွန်တော်၏ နှလုံးသားမှတ်တမ်းလို့ပြောရမယ့် ဒီဘလော့လေး တစ်နှစ်တင်းတင်းပြည့်တဲ့နေ့လေးဖြစ်ပါတယ် ။ဒီနေ့အထိ စာတွေရေးနိုင် စာတွေဖတ်နိုင်အောင်အားဆေးတွေ
တိုက်ကျွေးသူတွေကတော့ ကျွန်တော့်ရဲ့ ချစ်ခင်လေးစားရသော ဘလော့ဂါမောင်နှမများနှင့် ကျွန်တော့်ဇနီး
သဲဘုစုလေးတို့ပဲဖြစ်ပါတယ် ။
ကျွန်တော်ရဲ့စာရေးဖြစ်တဲ့အကြောင်းအနည်းငယ်ကို ပြောပြချင်ပါတယ်။တကယ်တော့ ငယ်ငယ်ကတည်းက
စာရေးဝါသနာပါတယ်ထင်ရပါတယ်။(၈တန်းကျောင်းသားဘ၀ကတည်းက သူငယ်ချင်းတွေကို ရည်စားစာတစ်စောင် လက်ဖက်ရည်တ၀ိုင်းနှင့် ရေးပေးပြီး အဆင်မပြေလျှင် တ၀ိုင်းပြန်တိုက်ရပါသည်။ရည်စားများသောသူများကို
မရေးပေးပါ ။ဒီကိစ္စ စံပယ်ချိုကို ပြန်မပြောကြပါနဲ့နော်။နှုတ်ပိတ်ခအနေနှင့် လူပျိုတွေကို ရည်စားစာရေးပေးပါ့မယ် ဟိ ။ )ဒီလိုနဲ့ စာရေးဝါသနာပါတယ်ထင်ရပေမယ့် စာတွေမရေးဖြစ်ပါ ကဗျာဆိုလုံးဝမရေးတတ်ခဲ့ပါ ။
ကျွန်တော်လက်တွေ့ကျကျစာရေးဖြစ်တာကတော့ ကျွန်တော့်ဇနီးကနေစခဲ့ပါတယ်။သူမစာရေးချင်တယ်ပြောသောကြောင့် အွန်လိုင်းမှာ ဆိုဒ်လေးတစ်ခုဖြစ်အောင် ဟိုရှာ ဒီရှာ ဟိုမှတ် ဒီမှတ် ရသမျှလေးနှင့် သူမကို ဆိုဒ်တစ်ခုဖြစ်အောင် လုပ်ပေးရင်း သူမကို စာတွေရေးစေခဲ့ပါတယ် ။ဆိုဒ်လေးတစ်ခုဖြစ်အောင် ပညာတွေအများဆုံးရတဲ့ ကျေးဇူးရှင်ဆိုဒ်လေးကတော့
kp3 နည်းပညာဆိုဒ်လေးဖြစ်ပါတယ် ထိုဆိုဒ်လေးကို
ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ကျွန်တော့်ဇနီးလိုအပ်သမျှကို လုပ်ကိုင်ပေးရင်း
သူမဆိုဒ်မှာ သူငယ်ချင်းတွေရဲ့ နွေးထွေးတဲ့ အားပေးသံများ ဟိုအိမ်သွားလိုက် ဒီအိမ်လည်လိုက်နှင့် သူမ ပျော်နေတာတွေ့တော့ အပျော်တွေကျွန်တော့်ထံ ကူးစက်လာခဲ့ပါတယ် တနေ့သူမက" မောင်
ကျွန်မဆိုဒ်ပဲလာလာပြီး အားကျမနေနဲ့ မောင်လဲ ဆိုဒ်ဖွင့်ပြီးစာရေးပါ့လား"လို့ပြောပါတယ် ခက်တာက ကျွန်တော်က စာမရေးတတ်ဘူး ဒါနဲ့ သူမက ရေးကြည့်ပါ မရေးကြည့်ပဲ မရေးတတ်ဘူးပဲ ပြောမနေနဲ့ ဆိုပြီး
တိုက်တွန်းမှု့နှင့် ကျွန်တော်ကလဲ ဆိုဒ်ဖွင့်ချင်နေသောကြောင့် ဆိုဒ်ကလေးဖွင့်ပြီး စာစရေးမိတာ ဒီနေ့အချိန်ထိပါပဲ ။
တကယ်တော့ ဒီဆိုဒ်လေးလုပ်ပြီးမှ ဘ၀ဟာ ပိုပျော်စရာကောင်းလာပါတယ် ပိုပြီး ပြည့်စုံလာပါတယ် တနေ့တာ အလုပ်တွေလုပ်လိုက် အားတဲ့အချိန်ဆို စာတွေရေးလိုက် မိတ်ဆွေအိမ်တွေသွားလည်ရင်း စာတွေဖတ် ကော့မက်တွေရေး ကိုယ့်ဆီလာပေးတဲ့ ကော့မက်လေးတွေဖတ်ရင်း လင်မယားနှစ်ယောက်
တော်တော်ကြည်နူးရပါတယ်။အားပေးသံတွေနဲ့ အားဖြစ် ဝေဖန်သံတွေနဲ့ ကိုယ့်အမှားတွေပြင်ရင်း ဒီလမ်းလေးက ဘ၀အတွက်လျှောက်လို့ကောင်းတဲ့ လမ်းကောင်းလေးပါပဲလေ ။
ကျွန်တော့်ရဲ့ လိုအပ်ချက်တွေ အများကြီးရှိတဲ့ ဆိုဒ်လေးကို လာရောက်အားပေးသူတွေကို ရင်ထဲက ကျေးဇူးပါ။ကျွန်တော့်ဆိုဒ်လေးကို အရင်းဆုံးလာရောက် အားပေးတဲ့ ဘလော့ဂါ ၁၀ဦးကို ရေးပြချင်ပါတယ်။
(၁)ဆရာကိုဟန်ကြည်
(၂)
Angelhlaing
(၃)
လွမ်းပိုင်ရှင်
(၄)
အန်တီတင့်
(၅)
ညီမလေး Candy
(6)
ညီမမဒိုးကန်
(၇)
ကိုကိုမောင်(ပန်းရနံ့) သူဂျီးမင်း
(၈) သမက်ကလေး မောင်(စွယ်စုံကျမ်း) မှတ်ချက် ။ ။သူ့လင့်က ပိတ်ထားလို့ လင့်ထည့်မရဘူး
(၉) KMC@ချင်းလေး (သူလဲ လင့်ပြောင်းထားတယ်ထင်တယ်)
(၁၀) အော့တန် (သူလဲ လင့်ပြောင်းထားတယ်ထင်တယ်)
ဖြစ်ပါတယ် ။ ထို့နောက် ကျွန်တော့်ကို အားပေးကြတဲ့သူငယ်ချင်းများနှင့် ကျွန်တော့် အားနည်းချက် စလုံးပေါင်းအမှားများနှင့် ဆိုဒ်လေးကို ဂရုတစိုက်ကြည့်ပေးတတ်သော
ဆရာ ဆူးသစ်တို့ကို ရင်ထဲကနေကျေးဇူးတင်မိပါတယ်ဗျာ ။
ထို့နောက် ကဗျာရေးရာမှ အက်ဆေးလေးတွေ စမ်းရေးကြည့်ပါလားလို့ တိုက်တွန်း ပြီးစာလုံးပေါင်းအမှားတွေပြင်ပေးတတ်တဲ့
ဂျွန်မိုး နှင့်
မိုးငွေ့ တို့ကိုလဲ ကျေးဇူးပါ ။
ယခုဆိုလျှင် ကျွန်တော့်မှာ သူငယ်ချင်းမိတ်ဆွေ ဆရာသမားတွေအများကြီး ရှာပေးတဲ့ ဒီဆိုဒ်လေးကို
အရမ်းသံယောဇဉ်ဖြစ်မိနေပါပြီ။နောက်ပိုင်းလဲ ကျွန်တော်တတ်နိုင်သမျှ ခံစားချက်တွေကို ဆိုဒ်လေးမှာ
ရေးချဖြစ်နေဦးမှာပါလေ။ကျွန်တော့်ရဲ့ လိုအပ်ချက် အားနည်းချက်များကိုလဲ မည်သူမဆို အားမနာပဲ ဝေဖန် သင်ကြာပေးပါလို့ ဒီနေရာမှ မေတ္တာရပ်ခံအပ်ပါတယ် ။
ညီမလေး Angelhlaing ရဲ့ လက်ဆောင်ကဗျာလေး အားပေးပါဦး။ညီမလေးကို အရမ်းကျေးဇူးတင်မိပါတယ် ။
July 11မှာ ကျရောက်မည့် ၁နှစ်ပြည့် လွင်ပြင်လှိုင်းငယ်အတွက် အမှတ်တရ ကဗျာ
ပန်းတွေသီသလို
ကဗျာတွေလည်း စပ်
အချစ်အတွက် အိပ်မက်မက်စေသူ....
မြတ်နိုးမှုတွေ သီကျူး
အသွင်ထူးတဲ့ ချစ်ဇနီးအတွက်
ထွေးပိုက် ခိုလုံ ရင်တစ်စုံဖြင့် နွေးစေသူ...
ဖော်ရွှေ ပျူဌာ
တစ်ခါတစ်ခါလည်း
ရင်ဘတ်အငှားနဲ့ ခံစားသူ...
ရသအစုံ
ဘဝ အဖုံဖုံထဲက
ဖန်တီးခံစား အလွမ်းသမားလေးသူ...
စံပါယ်နဲ့
လွင်ပြင် ကာရံသီလို့
ချစ်တေးသီတဲ့ ကဗျာပန်းခင်း....
နှလုံးသား တေးသီချင်း
လွမ်းချင်း သီကြူး အချစ်ကံထူးကြတဲ့သူ..
လိုက်ဖက်တဲ့
ဘဝနဲ့ ရနံထုံသင်း
ပန်းခင်းသော လမ်းမှာ အပြုံးချင်းယှဉ်
ဘဝချင်းထပ် လှပသော အနာဂတ်နဲ့
နှစ်စဉ်နှစ်တိုင်း ဘလော့ဂင်းနိုင်ပါစေလို့...။
By ....Angelhlaing
ဘလော့ဂါ မောင်နှမအားလုံးကို လေးစားချစ်ခင်လျက်
လွင်ပြင်လှိုင်းငယ်