ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အကြောက်ဆုံး

Wednesday, 25 July 2012

ဓါးသွားချွန်ချွန်
ဘယ်ဘက်ရင်ညွန့်
ရှေ့တည့်တည့်မှထိုး
ကြောက်ရိုးထုံးစံ
မရှိပါ ။

အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။

မှတ်ချက်။     ။ ဘာရယ်မဟုတ် စဉ်းစားမိသည့် အတွေးလေးသာ 

လွင်ပြင်လှိုင်းငယ်

13 comments:

ဘုန်းဘုန်းတောက် said...

လွင်ပြင်က တကယ့်ဓားထက် စကားဓားကို ပိုကြောက်တာပေါ့နော်။

mstint said...

ကြောက်သင့်တယ်လွင်ပြင်လေးရေ။
စဉ်းစားတဲ့အတွေးလေးကလည်းဓါးသွားလိုထက်ပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။

လွင်ပြင်ရေ အလွမ်း ထောက်ခံသွားတယ်။
၁၀၀% ပေါ့.


ခင်တဲ့
အလွမ်း

လရိပ်အိမ် said...

တို့လဲ ဒီစကားဓားကို အကြောက်ဆုံးဘဲ။

မိုးညချမ်း said...

စကားတစ်ခွန်းကြောင့် လူ့အသက်ဆုံးရှုံးသည်ထိ တွေ့ဖူးတယ် ... နောက်ကျောကထိုးတဲ့ စကားဓါးဆိုတော့ ပြောဖွယ်ရာမရှိအောင်ကို ကြောက်ဖွယ်ကောင်းလှပါဘိ အစ်ကိုရေ ... :)

မိုးငွေ့........ said...

ဒီလိုပဲ ကဗျာဆရာတွေက ဘာရယ်မဟုတ် ဘာရယ်မဟုတ်ဆိုပြီး ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ထွက်လာတယ်...။

မြတ်နိုးသူ(MUFL) said...

ဘာရယ်မဟုတ်ပဲရေးထားတဲ့ကဗျာတောင်ဒီလောက်
ကောင်းနေမှာတော့ကျန်တဲ့ကဗျာတွေကိုတော့မပြော
တော့ပါဘူး
အားပေးသွားတယ်နော်အစ်ကို

roseayemaung said...

နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ
။မီးမီး..ရဲကြောက်ရယ်..။။

Yinnyein@Yoe said...

တိုတိုလေးနဲ့ထိမိလိုက်တာ

အိမ်မက်ကောင်းကင် said...

မှန်လိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ စကားတစ်ခွန်းကြောင့်လူတွေကိုပျော်ရွှင်စေနိုင်သလို လူတစ်ယောက်ကိုသေစေနိုင်တဲ့ စွမ်းအင်တွေလည်းသူ့မှာရှိပါတယ် ထင်တာလေးတွေပြောကြည့်တာပါ ^_^ အလည်လာသွားတယ်နော်

လေပြေချို said...

အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။ ၁၀၀% မှန်၏

ခင်တက်တဲ့
လေပြေချို

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

kokoseinygn said...

အလည်တစ်ခါေ၇ာက်ခဲ့ပြန်ပါတယ်ဗျာ....

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :