ဓါးသွားချွန်ချွန်
ဘယ်ဘက်ရင်ညွန့်
ရှေ့တည့်တည့်မှထိုး
ကြောက်ရိုးထုံးစံ
ဘယ်ဘက်ရင်ညွန့်
ရှေ့တည့်တည့်မှထိုး
ကြောက်ရိုးထုံးစံ
မရှိပါ ။
အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။
မှတ်ချက်။ ။ ဘာရယ်မဟုတ် စဉ်းစားမိသည့် အတွေးလေးသာ
လွင်ပြင်လှိုင်းငယ်
12 comments:
လွင်ပြင်က တကယ့်ဓားထက် စကားဓားကို ပိုကြောက်တာပေါ့နော်။
ကြောက်သင့်တယ်လွင်ပြင်လေးရေ။
စဉ်းစားတဲ့အတွေးလေးကလည်းဓါးသွားလိုထက်ပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။
လွင်ပြင်ရေ အလွမ်း ထောက်ခံသွားတယ်။
၁၀၀% ပေါ့.
ခင်တဲ့
အလွမ်း
တို့လဲ ဒီစကားဓားကို အကြောက်ဆုံးဘဲ။
စကားတစ်ခွန်းကြောင့် လူ့အသက်ဆုံးရှုံးသည်ထိ တွေ့ဖူးတယ် ... နောက်ကျောကထိုးတဲ့ စကားဓါးဆိုတော့ ပြောဖွယ်ရာမရှိအောင်ကို ကြောက်ဖွယ်ကောင်းလှပါဘိ အစ်ကိုရေ ... :)
ဒီလိုပဲ ကဗျာဆရာတွေက ဘာရယ်မဟုတ် ဘာရယ်မဟုတ်ဆိုပြီး ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ထွက်လာတယ်...။
ဘာရယ်မဟုတ်ပဲရေးထားတဲ့ကဗျာတောင်ဒီလောက်
ကောင်းနေမှာတော့ကျန်တဲ့ကဗျာတွေကိုတော့မပြော
တော့ပါဘူး
အားပေးသွားတယ်နော်အစ်ကို
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ
။မီးမီး..ရဲကြောက်ရယ်..။။
တိုတိုလေးနဲ့ထိမိလိုက်တာ
မှန်လိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ စကားတစ်ခွန်းကြောင့်လူတွေကိုပျော်ရွှင်စေနိုင်သလို လူတစ်ယောက်ကိုသေစေနိုင်တဲ့ စွမ်းအင်တွေလည်းသူ့မှာရှိပါတယ် ထင်တာလေးတွေပြောကြည့်တာပါ ^_^ အလည်လာသွားတယ်နော်
အတွေ့အထိမဲ့
ရိတိတိ ချောက်ချသည့်
နောက်ကျောဆီမှ
ထိုးသည့် စကားဓါး
ကမ္ဘာပေါ်မှာ အကြောက်ဆုံးပါ ။ ၁၀၀% မှန်၏
ခင်တက်တဲ့
လေပြေချို
အလည်တစ်ခါေ၇ာက်ခဲ့ပြန်ပါတယ်ဗျာ....
Post a Comment