မျှော်လင့်ခြင်းလေး
မျှော်ရင်းဝေးမို့
မျှော်ကိုးမနေ
မျှော်သူမောဆို့
မျှော်တွေးရင်းနဲ့
မျှော်လင့်ချက်တွေ
မျှော်ရင်းပျောက်လို့
မျှော်လင့်စောင့်စား
မျှော်ပါးပါးလို့
မျှော်ရင်းသေလူ
မျှော်လင့်သူပါ ။
လွင်ပြင်လှိုင်းငယ်
မြင့်မြတ်လှတဲ့ အမျိုးသမီးတိုင်းစိတ်ထားနှင့် ချစ်ခြင်းတရား
Tuesday, 25 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 00:13 23 comments
အ ဆုံးဆမဲ့ချစ်ခြင်း ကြင်နာခြင်း ဖြူစင်ခြင်း နုညံ့သိမ်မွေ့စွာရိုသားသီးခံတတ်ခြင်းနှင့်အတူ မြင့်မြတ်သော
ခံစားချက်အားလုံးကို ပိုင်ဆိုင်သူ ။
မေ တ္တာတရားနှင့် ကမ္ဘာပေါ်ရှိ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရဲသူ။အမြင့်မြတ်ဆုံး ချစ်ခြင်းပိုင်ရှင် ။
******************************************************************
အ မေတစ်ယောက်ကဲ့သို့ ကြီးမာတဲ့ မေတ္တာတရားပိုင်ဆိုင်သူ
မျိုး ဂုဏ်မြင့်မြတ်မှု့ကို ထိန်းသိမ်းပြီး တိုင်းပြည်ဂုဏ်ပါထိန်းသိမ်းနိုင်ရန် သွန်သင်ဆုံးမနိုင်သူ
သ မီးအလိမ္မာ သားရတနာများမွေးဖွားပြီး ကမ္ဘာကို အလှဆင်သူ
မီး ပင်လယ်ဖြစ်စေအုံးတော့ အမှန်တရားနှင့် ချစ်ခြင်းတရားအတွက် မာနဖိနပ်တရံနှင့်အတူ
ရဲရဲရင့်ရင့်ဖြတ်ကျော်ရဲသူ
********************************************************************
အိမ် ထောင်တစ်ခု၏ လိုအပ်ချက်ကို ထိန်းသိမ်းအုပ်ချူပ်နိုင်သော ဘုရင်မတစ်ပါးဖြစ်သလို
မိသားစုဘ၀များကို အလှပဆုံးဖြစ်အောင် ဆေးရောင်ခြယ်နိုင်သော ကမ္ဘာ့အတော်ဆုံးပန်းချီပညာရှင်
ရှင် သန်နေကမျှ ဘ၀ကို အိမ်ဦးနတ်လက်အပ်ပြီး သားသမီးများ၏လက်ဦးဆရာ(သို့မဟုတ်) အနှိုင်းမဲ့
မေတ္တာရှင်
မ တရားမှု့တိုင်းကို ရှေ့တန်းမှ ရင်ဆိုင်ဖြေရှင်းပြီး တရားပြကာ ငြိမ်အေးစွာ ဘ၀ကို ဖြတ်ကျော်သူ ။
*******************************************************************
အ မြင့်ဆုံးစိတ်ထားကောင်းနှလုံးသားပိုင်ဆိုင်သူ
ပျို ရွယ်သူများထက် အဆပေါင်းများစွာ ရင့်ကျက်တွေးခေါ်နိုင်သူ
ကြီး မားတဲ့သီးခံခြင်းတရာကို ပိုင်ဆိုင်ရင်း ဘ၀ကို တဦးတည်းရင်ဆိုင်ဖြေရှင်းနိုင်သည့် သတ္တိနှင့်ပြည့်စုံသူ။

ဘလော့ဂ်ဂါများနှင့် ကျွန်တော့်ကဗျာ
Monday, 17 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 00:40 43 comments
တောက်ပတဲ့ကြယ်စင် တွေအောက်
တင့်တယ်တဲ့ လောကကြီးမှာ
မြသွေး ရောင် ခန်းစီးစနဲ့
အစိမ်းရောင် လွင်ပြင်ကျယ်ရဲ့ အလယ်မှာ
ငါ့ရင်ထဲကိုကဗျာကိုချစ်တဲ့ ဆူးသစ် တစ်ချောင်းတော့ စူးဝင်နေပြီ
ချစ်ခြင်းရဲ့ အတွေးစလေး တွေနဲ့
မနေ့က မိုးငွေ့ ရနံ့နဲ့
လရိပ်အိမ် ပေါ်တက်
အိန်ဂျယ်လှိုင်းစီးရင်း
စံပယ်တခင်းစိုက်ခဲ့သေးတယ်
မဒမ် ရယ်လို့ တခါတရံငါ့အခေါ်မှာနေပျော်ပါရဲ့လား

သူဂျီးမရှိလို့ရွာဆူဆိုသလို နင်မရှိရင် ငါ့နှလုံးသားကပွတ်ပွတ်ဆူသွားနိုင်တယ်
စကားချိုချိုတွေ ချိုချဉ်စားပြီးနင်ယုံအောင်ပြောတာမဟုတ်သလို
မေမြို့မိုးလို အစိုးမရတာတာလဲမဟုတ်ခဲ့ပါဘူး
နှလုံးသားစွတ်ကြောင်းထဲက ခံစားချက်အမှန်တွေပါ
အိပ်မပျော်တဲ့ ညနက်နက်မှာနင့်အတွက်
အို A အို Hပါတော့လို့ အိပ်ယာ ပေါ်ဝယ်ကငါချော့သိပ့်ပါ့မယ်
ဧဒင်ဥယျာဉ်ထဲက ပန်းသီးမစားဖူးပေမယ့်
နှင်းဆီတခင်းမှာ ပန်းတခြင်းတော့ မင်းအတွက်လက်ဆောင်ယူလာပေးခဲ့တယ်
ရိုးမြေကျ ပေါင်းဖက်ဖို့
စံတင်လောက်တဲ့ သမီးအလိမ္မာလေးမို့
အမျိုးကောင်းသားပီပီ
တန်ဖိုးထားတောင်းရမ်းပြီးတော့
ဘ၀အတွက် ချစ်စံအိမ် လှလှတစ်လုံးတော့ မောင် ဆောက်ပေးပါ့မယ်
အိမ်လေးထဲမှာ မင်းကြိုက်တဲ့ အရောင်အသွေးတွေနဲ့ ရောင်စုံအခန်း လေးတွေဖွဲ့ပေးထားမယ်
နှလုံးသားစွတ်ကြောင်းထဲက ခံစားချက်အမှန်တွေပါ
အိပ်မပျော်တဲ့ ညနက်နက်မှာနင့်အတွက်
အို A အို Hပါတော့လို့ အိပ်ယာ ပေါ်ဝယ်ကငါချော့သိပ့်ပါ့
ဧဒင်ဥယျာဉ်ထဲက ပန်းသီးမစားဖူးပေမယ့်
နှင်းဆီတခင်းမှာ ပန်းတခြင်းတော့ မင်းအတွက်လက်ဆောင်ယူလာပေးခဲ့တယ်
ရိုးမြေကျ ပေါင်းဖက်ဖို့
စံတင်လောက်တဲ့ သမီးအလိမ္မာလေးမို့
အမျိုးကောင်းသားပီပီ
တန်ဖိုးထားတောင်းရမ်းပြီးတော့
ဘ၀အတွက် ချစ်စံအိမ် လှလှတစ်လုံးတော့ မောင် ဆောက်ပေးပါ့မယ်
အိမ်လေးထဲမှာ မင်းကြိုက်တဲ့ အရောင်အသွေးတွေနဲ့ ရောင်စုံအခန်း လေးတွေဖွဲ့ပေးထား
မြစ် မင်းဧရာ ကိုမှီခိုပြီး ငါတို့တွေ လယ်သမားဘ၀နဲ့လဲ ဘ၀ကိုဖြတ်ကျော်ရဲတယ်
အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ မင်းပါးပြင်က သနပ်ခါး
လေပြေချိုနဲ့အတူ ငါ့ကိုလာရိုက်ခတ်တော့
ဘ၀ရဲ့အမောနဲ့ အိမ်လွမ်းစိတ် တွေ ပြေပျောက်စေခဲ့တယ်
ဧပရယ်ရဲ့ ဖုန်နံသင်းသင်းကို နှစ်ယောက်အတူ ရှူရှိုက်းရင်း
ဂျွန်မိုးရဲ့ မိုးညချမ်း တွေအောက် ငါတို့တူတူပျော်ကြတာပေါ့
စနိုးရဲ့ ကျီစယ်မှု့ကြောင့် အေးစက်တဲ့မင်းလက်နှစ်ဘက်ကို
နွေးသွားအောင်ငါဆုတ်ထားပေးပါ့မယ်
ရင်ဆူး စေမယ့်ဆူးတစ်ချောင်းက မင်းအချစ်ဆူးဆိုရင်
မြတ်နိုး စွာ နှလုံးဒိုင်ယာရီထဲ ရေးမှတ်
ဒုတိယအရွယ်ရှိသမျှဝေဒနာ တွေဟာ
အဆိပ်ခွက်ဖြစ်စေအုံးတော့ ပြုံးပြုံးလေးသောက်လိုက်ပါ့မယ်
အိပ်မက်ကောင်းကင်က
ငါ့ရဲ့ ထာဝရသစ္စာတရားအတွက်
ဆုလာဒ်က မင်းဟာငါ့အတွက်
အိပ်မက်ရဲ့ အဖြူရောင် နတ်သမီး တပါးပေါ့
ဆန်းစနေ၀န်းကို မင်းနဲ့အတူ
စိုက်ထားတဲ့ချဉ်ပေါင်ခြံ လေးကနေငေးရတာ အရသာတမျိုးပါလားနော်
ငါမင်းဘ၀လေးကို နေမင်းရဲ့ဇွဲမာန်လို ထွန်းလင်းစေပါ့မယ်
မင်းနဲ့ဝေးတုန်းက ဒီမြို့လေးဟာ လွမ်းပိုင်ရှင် ငါ့အတွက် အလွမ်းမြို့လေး
အခုတော့
ဘ၀ရဲ့ အိုအေစစ် လေးပေါ့
အသဲလေးတွေနဲ့ဆောက်ထားတဲ့ ဒို့အိမ် လေးဘေးမှာ
ဝသုန်မိုးနဲ့ ပျိုးထားတဲ့ ပန်းလှလှလေးတွေစိုက်မယ်
ဆြာတွတ်ရဲ့ ကာတွန်းတွေလဲဖတ်ကြရင်း နေညိုရီအချိန်တိုင်းအတူရီမောကြတာပေါ့
မင်းမုန်းတဲ့သူ လောကမှာမရှိအောင် မင်းနှလုံးသားကရိုးသားလွန်းတဲ့
မင်းဟာငါ့ဘ၀ရဲ့ အမှောင်ထုထဲကအလင်းစက်လေးတစ်ခုပေါ့
ဒါကြောင့် အရာအားလုံးပြီးပြည့်စုံတဲ့ ဘ၀တစ်ခု၏ရာဇ၀င်တည်ထောင်ပြီး
2028ချစ်စံအိမ်သစ်မှာ ထရီဆာဆိုတဲ့ အိမ်နီးချင်းလေးနှင့်အတူ
တတိယမြောက် ကဗျာမျိုးဆက်သစ်ကို
အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ မင်းပါးပြင်က သနပ်ခါး
လေပြေချိုနဲ့အတူ ငါ့ကိုလာရိုက်ခတ်တော့
ဘ၀ရဲ့အမောနဲ့ အိမ်လွမ်းစိတ် တွေ ပြေပျောက်စေခဲ့တယ်
ဧပရယ်ရဲ့ ဖုန်နံသင်းသင်းကို နှစ်ယောက်အတူ ရှူရှိုက်းရင်း
ဂျွန်မိုးရဲ့ မိုးညချမ်း တွေအောက် ငါတို့တူတူပျော်ကြတာပေါ့
စနိုးရဲ့ ကျီစယ်မှု့ကြောင့် အေးစက်တဲ့မင်းလက်နှစ်ဘက်ကို
နွေးသွားအောင်ငါဆုတ်ထားပေးပါ့
ရင်ဆူး စေမယ့်ဆူးတစ်ချောင်းက မင်းအချစ်ဆူးဆိုရင်
မြတ်နိုး စွာ နှလုံးဒိုင်ယာရီထဲ ရေးမှတ်
ဒုတိယအရွယ်ရှိသမျှဝေဒနာ တွေဟာ
အဆိပ်ခွက်ဖြစ်စေအုံးတော့ ပြုံးပြုံးလေးသောက်လိုက်ပါ့မယ်
အိပ်မက်ကောင်းကင်က
ငါ့ရဲ့ ထာဝရသစ္စာတရားအတွက်
ဆုလာဒ်က မင်းဟာငါ့အတွက်
အိပ်မက်ရဲ့ အဖြူရောင် နတ်သမီး တပါးပေါ့
ဆန်းစနေ၀န်းကို မင်းနဲ့အတူ
စိုက်ထားတဲ့ချဉ်ပေါင်ခြံ လေးကနေေ
ငါမင်းဘ၀လေးကို နေမင်းရဲ့ဇွဲမာန်လို ထွန်းလင်းစေပါ့မယ်
မင်းနဲ့ဝေးတုန်းက ဒီမြို့လေးဟာ လွမ်းပိုင်ရှင် ငါ့အတွက် အလွမ်းမြို့လေး
အခုတော့
ဘ၀ရဲ့ အိုအေစစ် လေးပေါ့
အသဲလေးတွေနဲ့ဆောက်ထားတဲ့ ဒို့အိမ် လေးဘေးမှာ
ဝသုန်မိုးနဲ့ ပျိုးထားတဲ့ ပန်းလှလှလေးတွေစိုက်မယ်
ဆြာတွတ်ရဲ့ ကာတွန်းတွေလဲဖတ်ကြရင်း နေညိုရီအချိန်တိုင်းအတူရီမောကြတာပေါ့
မင်းမုန်းတဲ့သူ လောကမှာမရှိအောင် မင်းနှလုံးသားကရိုးသားလွန်းတဲ့
မင်းဟာငါ့ဘ၀ရဲ့ အမှောင်ထုထဲကအလင်းစက်လေးတစ်ခုပေါ့
ဒါကြောင့် အရာအားလုံးပြီးပြည့်စုံတဲ့ ဘ၀တစ်ခု၏ရာဇ၀င်တည်ထောင်ပြီး
2028ချစ်စံအိမ်သစ်မှာ ထရီဆာဆိုတဲ့ အိမ်နီးချင်းလေးနှင့်အတူ
တတိယမြောက် ကဗျာမျိုးဆက်သစ်ကို
နှင်းဆီပန်းခင်းလေးနှင့်အတူ
မျှော်လင့်ကြတာပေါ့ ။
မှတ်ချက်(သို့မဟုတ်)တောင်ပန်ခြင်း ။ ။ကျွန်တော် လေးစားအားကျသော ဘလော့ဂါ အများကြီးကျန်သေးပေမယ့် ကဗျာထဲမှာ နာမည်ပါအောင်မစပ်တတ်သော ကျွန်တော့်အား နားလည်းပေးပါရန်နှင့် နာမည်များကို ခွင့်ပြုချက်မယူပဲ ယူသုံးမိသောကြောင့် တောင်းပန်အပ်ပါသည် ။
အားလုံးကိုလေးစားချစ်ခင်လျက်
လွင်ပြင်လှိုင်းငယ်
ဘလော့ဂါသမားနှလုံးလှစာပေချစ်သူများ
Wednesday, 12 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 23:11 21 comments
ဘ ၀မှာ အရိုးသားဆုံး ခံစားချက်တွေ အခမဲ့ ပေးဝေမယ်
လော့ ချထားတာက အတ္တ
ဂါ ထာမန်းမှုတ်စရာမလိုပါ အလိုလို နှလုံးလှတွေစုရပ်
သ မားတော်တွေပြစရာမလိုအောင် ဝေဒနာတွေကို ဖော်ရွေမှု့နဲ့ ကုပေးတယ်
မား မားရပ်လို့ အများအကျိုးဆောင်ရွက်ပေးလို့ရယ်
နှ လုံးသားမှာ အမြဲရှိတာက အဖြူစင်ဆုံးခံစားမှု့
လုံး ၀ကိုမထားတာက မောက်မာတဲ့ မာန်မာန
လှ ပတဲ့ အိမ်လေးကိုယ်စီနဲ့
စာ ပေတွေဝေမျှရင်း
ပေ တေနေတဲ့ စိတ်အညစ်အကြေးတွေ ဆေးကြောပေးလို့
ချစ် ခြင်းတွေအပြည့်မို့ အပြစ်တွေလဲ ကင်းကြပါတယ်
သူ တပါးကို ကြည်နူးမှု့တွေပေးရင်း
များ များရေး များများဖတ် များများမှတ်ရင်း ဘ၀ကိုတန်ဖိုးရှိရှိဖြတ်ကျော်ကြသူများ ။

လမ်း
Monday, 10 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 22:47 21 comments
လမ်းဘေးလေးမှာ ပေပေတေတေနဲ့ ကလေးတွေ အိတ်ကလေးတွေကိုယ်စီနဲ့အမှိုက်ကောက်နေတယ် ။
လမ်းဘေးဈေးဆိုင်တွေမှာ ၀မ်းရေးအတွက် အော်ဟစ်ရောင်းချပြီး ချွေးစက်တွေသောက်သုံးနေတယ် ။
လမ်းဘေးဈေးဆိုင်ထဲမှာ လက်ကိုင်ဖုန်းလေးတွေနဲ့ အိမ်ကမိန်းမသိအောင် အငယ်လေးတွေဆီ တိုးတိုးတိတ်တိတ်အီနေရင်း အအေးခွက်ကို ဇိမ်နဲ့သောက်နေတယ် ။
လမ်းဘေး အမှိုက်ပုံလေးဘေးမှာ ကလေးတစ်ယောက် ယင်ကောင်တွေ ၀န်းရံပြီး အိပ်ပျော်နေတယ် ။
လမ်းဘေး ဟော်တယ်ကြီးပေါ်မှာ သူဌေးတွေ အလှမယ်လေးတွေ ၀န်းရံကာ မောပန်းပြီး အဲယားကွန်းအရသာခံအိပ်စက်နေတယ် ။
လမ်းဘေးလေးမှာ ဆိုက်ကားတစ်စီထိုးဆိုက်လာပြီး တုန်ရင်းနေတဲ့ လက်တစ်စုံနဲ့ ပိုက်ဆံလှမ်းယူမယ် အလုပ်မှာ "အိမ်ကကားပျက်လို့ ဆိုက်ကစီးပါတယ်ဆို
လိပ်အိုကြီးနင်းတဲ့ ဆိုက်ကားစီးလာတာငါ့အမှားလို့"ရွှေတွေပြောင်လက်လက်နဲ့ အမျိုးသမီးတဦး အဘိုးအိုကို ပိုက်ဆံ လှမ်းပစ်ပေးနေတယ် ။
လမ်းဘေး ဘတ်ကားဂိတ်က လူတစ်ယောက် အိမ်မှာ ဆန်ဆီဆားဝယ်ဖို့ ပိုက်ဆံလေး ခါးပိုက်နှိုက်ခံရလို့ အိမ်ကိုဘယ်လိုပြန်ရမလဲ အတွေးနဲ့ မျက်ရည်လည်နေရှာတယ် ။
လမ်းမပေါ်က တန်ဖိုးကြီးကားပေါ်မှာ သပ်သပ်ရပ်ရပ်နဲ့ ဈေးကြီးတဲ့ ကျောပိုးအိတ်နဲ့အတူ သူဌေးသားလေးတွေ စာသင်ကျောင်းသို့ သွားနေတယ် ။
လမ်းဘေးဈေးဆိုင်တွေမှာ ၀မ်းရေးအတွက် အော်ဟစ်ရောင်းချပြီး ချွေးစက်တွေသောက်သုံးနေတယ် ။
လမ်းဘေးဈေးဆိုင်ထဲမှာ လက်ကိုင်ဖုန်းလေးတွေနဲ့ အိမ်ကမိန်းမသိအောင် အငယ်လေးတွေဆီ တိုးတိုးတိတ်တိတ်အီနေရင်း အအေးခွက်ကို ဇိမ်နဲ့သောက်နေတယ် ။
လမ်းဘေး အမှိုက်ပုံလေးဘေးမှာ ကလေးတစ်ယောက် ယင်ကောင်တွေ ၀န်းရံပြီး အိပ်ပျော်နေတယ် ။
လမ်းဘေး ဟော်တယ်ကြီးပေါ်မှာ သူဌေးတွေ အလှမယ်လေးတွေ ၀န်းရံကာ မောပန်းပြီး အဲယားကွန်းအရသာခံအိပ်စက်နေတယ် ။
လမ်းဘေးလေးမှာ ဆိုက်ကားတစ်စီထိုးဆိုက်လာပြီး တုန်ရင်းနေတဲ့ လက်တစ်စုံနဲ့ ပိုက်ဆံလှမ်းယူမယ် အလုပ်မှာ "အိမ်ကကားပျက်လို့ ဆိုက်ကစီးပါတယ်ဆို
လိပ်အိုကြီးနင်းတဲ့ ဆိုက်ကားစီးလာတာငါ့အမှားလို့"ေ
လမ်းဘေး ဘတ်ကားဂိတ်က လူတစ်ယောက် အိမ်မှာ ဆန်ဆီဆားဝယ်ဖို့ ပိုက်ဆံလေး ခါးပိုက်နှိုက်ခံရလို့ အိမ်ကိုဘယ်လိုပြန်ရမလဲ အတွေးနဲ့ မျက်ရည်လည်နေရှာတယ် ။
လမ်းမပေါ်မှာ ခွေးလေးတစ်ကောင် ကားတိုက်သွားပေမယ့် ကြည့်မယ့်လူမရှိ သွေးသံရဲရဲနဲ့ပေါ့ ။
လမ်းမကားပေါ်က အမွေးစုတ်ဖွားခွေးလှလှလေးက ဒဏ်ရာအပြည့်နဲ့ ထိုခွေးလေးကို မျည်ရည်ဝဲ၀ဲနဲ့ကြည့်နေရှာတယ် ။
လမ်းပေါ်မှာ ဒုက္ခတွေအများကြီးရှိတယ် ။
လမ်းမပေါ်မှာ အားအင်တွေအများကြီးရှိတယ် ။
လမ်းမပေါ်မှာ သေခြင်းတရားတွေရှိတယ် ။
လမ်းပတ်ဝန်းကျင်မှာ လူအမျိုးမျိုးရှိတယ် ။
လမ်းမပေါ်မှာ............................
လမ်းဘေးလေးမှာ ..............
......................
မဆုံးသော .......မဆုံးနိုင်သော ...............
လွင်ပြင်လှိုင်းငယ်
သဲဘုစုနှင့် ကြယ်ကြွေကောက်သူ
Thursday, 6 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 04:02 21 comments သဲဘုစုလေး
မင်းနဲ့ငါ
ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။
ကောင်းကင်ပြာကို
ထီးလေးလုပ်လို့
ပင်လယ်ပြင်ထက်
လမ်းလျှောက်ထွက် ။
သဲဘုစုလေး
မင်းနဲ့ငါ
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
လေပြေနမ်းလို့
ကြယ်ကြွေတွေကောက်
ရင်မှာအပြည့်အမောက် ။
သဲဘုစုလေး
မင်းနဲ့ငါ
နှလုံးသားကြမ်းပြင်ထက်
ကြယ်ကြွေတွေချခင်း
သံယောဇဉ်ကြိုးမျှင်ထိပ်
သံယောဇဉ်ကြိုးမျှင်ထိပ်
အချစ်အပ်လေးတပ်လို့ရယ်
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
ကြယ်ကြွေတွေသီပြီး
မင်းခေါင်းထက်မှာ ပန်ဆင်ပေး
လမင်းလေးတောင် ရှက်လို့ပြေး ။
လွင်ပြင်လှိုင်းငယ်
လူပျိုကြီးနှလုံးသားထဲမှ ဂျပိုးတစ်ကောင်
Tuesday, 4 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 04:20 17 comments
စိတ်ညစ်စရာပါလား ရင်မှာပြည့်သိပ့်နေတဲ့ အချစ်စိတ်တွေကို တစ်ဦးတစ်ယောက်ကို ပြောပြချင်ပေမယ့် နှလုံးသားနန်းတော်ကို ဦးနှောက်ဘုရင်က သိမ်းပိုက်ထားတော့
အိပ်ယာပေါ်မှာ မင်းအကြောင်းတွေးရင်း ဂျပိုး(ကြမ်းပိုး)မရှိပေမယ့် အိပ်ပျက်ညတွေများနေပြီ ။မင်းမျက်နှာလှလှကို တစိမ့်စိမ့်ကြည့်နေချိန်မှာ ဘာကြောင့်များ ငါ့မွေးသက္ကရာဇ်က
မင်းမျက်နှာမှာလာပေါ်နေရတာလဲ ။ကွာခြားခြင်းက စည်းတားထားတာလားကွာ ။ကျောချင်းကပ်နီးစပ်နေပေမယ့် ငါ့အသက် ၃၄လို မျက်နှာချင်းမဆိုင်ရဲတာလား ။ဒါပေမယ့်လဲ
ငါ့အသက် ၄၃ရောက်မှ ငါတို့ မျက်နှာချင်းဆိုင်ရမယ်ဆိုရင် အဲ့ဒီအချိန်ထိ ငါ့စောင့်စားရင်း ချစ်နေမှာပါ ။လူတွေက လူပျိုကြီးလို့ ခေါ်သံနဲ့ အတူ ငါ့ဦးနှောက်က အတွေးတွေများလို့
နှလုံးသားက သတ္တိကြောင်နေတာများလားမသိဘူး ။ချစ်တယ်ဆိုတဲ့ ရင်တွင်းစကားတစ်ခွန်း မင်းနှလုံးသားနားဆင်ဖို့ ဘာကြောင့်များ အသံတိတ်နေရတာလဲ ။ အသက်အရွယ်ကြားမှာ
အဆက်အသွယ်မပြတ်တဲ့ ငါ့နှလုံးသားကိုတော့ အံသြမိတာအမှန်ပဲ ။ပေးဆပ်ခြင်းအကောင်းဆုံးပေါ့ ငါ့မေတ္တာမင်းမြင်နိုင်မလားဆိုတဲ့
ဇော်ပိုင်သီချင်းကို ဦးနှောက်က မျက်ရည်စတွေနဲ့
ဆိုနေချိန်မှာ နှလုံးသားက ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ ငါ့ကိုလဲပြောပြခဲ့အုံးလို့ အော်ဆိုပြန်တော့ ငါအရူးတစ်ယောက်အလား ကုတင်ပေါ်ကနေ နောက်ကျွမ်းပစ်လိုက်ချင်တယ်
အကျမတော်လို့ ဇတ်ကျိုးသေရင် နင်နဲ့ဝေးမှာစိုးလို့ အိပ်ယာပေါ်မှာပဲ ကျွမ်းတွေပစ်နေမိတယ် ။အခုတလော ငါ့နှလုံးသား ယားကျိကျိနဲ့ ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဟာ
နင့်ဘေးမှာ တခြားကောင်လေးတွေမြင်ရရင် နှလုံးသားက ယားယားလာပြီး ကုတ်လို့လဲမရနဲ့ တော်တော်နေရထိုင်ရဆိုးတယ် တခါတလေ ငါစဉ်းစားမိတယ်
မင်းဟာ ငါ့နှလုံးသားထဲ ၀င်နေတဲ့ ဂျပိုးတစ်ကောင်လားလို့ အသိစိတ်မှာ မင်းအမြဲရှိတယ် အိပ်စက်ကြည့်တယ် အိပ်မက်မှာလဲ မင်းပါတယ်။လျှောက်သွားကြည့်တယ် ရောက်တဲ့နေရာတိုင်း ပုံရိပ်တွေကြီးပဲ မင်းနဲနဲတော့များနေပြီ နှလုံးသားဂျပိုးရယ်။သူငယ်ချင်းတွေကလဲပြောကြတယ်

အကိုကြိုးစားကြည့်ပါလားတဲ့ ပြောမထွက်တာမဟုတ် မပြောရက်တာလဲမဟုတ်
အဖြေတစ်ခုထွက်လာလို့ လက်ရှိအခြေအနေလေးထက်မှာစိုးမှာပဲလို့ အသုံးမကျတဲ့ ဦးနှောက်က ဟန့်တားနေတော့ ရပါတယ်ညီလေးရယ် မပြောတော့ပါဘူးဆိုတော့ ဂရုဏာဒေါသနဲ့ သူပြောတဲ့စကားက
ရမှာပါ ရမှာပါ နောင်တ တွေတဲ့ မရီချင်ပေမယ့် ရီလိုက်ပါတယ် နှလုံးသားဂျပိုးရယ် ။
ဟိုနေ့က မင်းပြောတယ် မင်းကောင်လေးနဲ့ အဆင်မပြေဘူးတဲ့ ငါဝမ်းသာသွားသလိုပဲ ဒါပေမယ့်
မင်းခံစားနေမဆိုတဲ့ သနားစိတ်နဲ့ ငါ့နှလုံးသားလဲ အိပ်ယာထဲ ဗုန်းဗုန်းလဲတော့တာပဲ အိုက်ညက
ယားကျိကျိနှလုံးသားထဲက ဂျပိုးမလေး ကိုငါညရှာကြည့်တယ် မတွေ့ဘူး တွေ့ရင်ဘာလုပ်မယ်ထင်လဲ
အဖြေမရှိသေးပေမယ့် ရှာနေဆဲ........အပြင်မှာကိုက်တဲ့ ဂျပိုးသိန်းပေါင်းများစွာထက် နှလုံးသားထဲမှာ
ဝင်ရောက်နေတဲ့ အချစ်ဂျပိုးလေးတစ်ကောင်က ငါ့ကို သုခတွေနဲ့အတူ ဒုက္ခတွေ ပေးနေပါလားနော် ။
ဝါးးးးးးးးးအရမ်းအိပ်ချင်လာပြီ အိပ်လိုက်အုံးမှ အားးးးးးးးးးးးယားကျိ ယားကျိ ဒင်းနှောက်ယှက်ပြန်ပြီ ။
မှတ်ချက်။ ။စိတ်ထဲမှ ပေါ်လာလို့ ရေးကြည့်လိုက်တာ အားပေး ဖတ်သွားလို့ ကျေးဇူးပါ ။
လွင်ပြင်လှိုင်းငယ်
ဟိုရောက်ဒီရောက် အတွေးများ
Sunday, 2 September 2012
Posted by လွင်ပြင်လှိုင်းငယ် at 22:43 13 comments
ပေးဆပ်ခြင်း အကောင်းဆုံးပြောတာ သတ္တိနည်းလို့ ။
စွန့်လွတ်တာမွန်မြတ်တယ်ထင်တာ တာဝန်မယူရဲလို့ ။
တပါးသူရင်ခွင်မှာ အချစ်မပါပဲ ဥစ္စာဓနနဲ့ ပြည့်စုံနေတာမြင်ရလို့ ကြည်နူးမိပါတယ် ပြောတာ မျက်စိကန်းနေလို့။
နီးစပ်ဖို့မကြိုးစားပဲ အလွမ်းဆိုတဲ့ဝေဒနာကို အရသာရှိရှိခံစားနေတာ အသုံးမကျလို့ ။
ဝေးတယ်ဆိုတာ မလိုက်လို့ပါ ။
တကယ်ပဲနီးစပ်ချင်တယ်ဆိုရင် ဘယ်လောက်ဝေးဝေး ပင်လယ်ကိုတံတားထိုးပြီး လျှောက်ကြည့်ပါ ရောက်မှာ အသေအချာပါပဲ ။
တကယ်ပဲ တန်ဖိုးထားတယ်ဆိုရင် ပိုင်ဆိုင်ဖို့မကြိုးစားရင် ကိုယ့်ရင်ခုန်သံကို သူမကြားအောင်ခပ်ဝေးဝေးမှာနေပါ ။
တကယ်ပဲ သတ္တိရှိတယ်ဆိုရင် ကိုယ်မလုပ်နိုင်တဲ့ ကိစ္စအတွက်
ချစ်တယ် ဆိုတဲ့ စကားကို မသုံးပါနဲ့ ။
အဆိုးဆုံးထိတွေးပါ အကောင်းဆုံးတွေ ရောပါလာလိမ့်မယ် ။
ရိုးသားစွာချစ်ပါ အကျိုးတရားတွေရလာပါလိမ့်မယ် ။
မှတ်ချက် ။ ။ဘာရယ်မဟုတ် တွေးမိသမျှ ခံစားသမျှ ချကြည့်ရေးကြည့်တာ

Subscribe to:
Posts (Atom)
Popular Posts
-
အသက်လေးရယ်ငယ်ငယ် သနပ်ခါး ပါးကွက်ကျားရယ်နဲ့ ဆင်ရင်ထုံးရွှေရင်ဖံုး လုံချည်ရှည်ရှည် ဆံနွယ်နက်နက် ယဉ်ကျေးတဲ့ သမီးပျိုလေးမို့ မိဘတွေ ဂုဏ်ယူ...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
-
လွမ်းရိပ်ရယ် ပြို တမ်းတကာငို မှန်းမှန်းဆဆ လွမ်းရပြန်တော့ ဒီမောင့်မှာငို ။ ကြင်နာခြင်းနွမ်း နာကျင်စွာလွမ်း ဝေဒနာလမ်း လှေ...
-
ဘာမှ မပြောချင်တော့ဘူး ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမယ့် မြန်မာမိန်းကလေးဆိုတဲ့အသိ ပြည်မြန်မာက မိဘအိမ်မှာ ချန်ထားခဲ့သလားပဲ မဲပြောင်တဲ့အသားအရော...
-
အမှတ် 420 ဒုစရိုက်လမ်းနေ ဦးဒေါသ +ဒေါ်မောဟ တို့၏သား မောင်မာန်မာနသည် ဒုက္ခဆေးရုံတွင် ကွယ်လွန်သွားပါသြ ဖင့် ယနေ့မွန်းလွဲချိန်တွင် လောဘသုသန်တွင် ...
Popular Posts
-
နှင်းရယ်တဲ့ဖြူ မြူမှုန်ကလွင့် မြူရယ်နှင်းရယ် တူဆုံလို့ကွယ် ရှက်သွေးကဖြာ မြူအနမ်းလား နှင်းအနမ်းလားနဲ့ ဒီဆောင်းကတော့ ပန်းနုရောင် နေရောင...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
Popular Posts2
-
စကားလဲများ သတင်းလဲပွား အပျင်းမ ဖက် ထမင်းဟင်းချက် လျှော် ဖွတ် ချူပ်လုပ် နေ၀င်မိုးချူပ် မငြီးမညူ ဈေးထွက်ဝယ်သူ ကောင်းတာ လင် ကျွေး ဟော...
-
အကြင်နာအခင်းအကျင်းမှာ ဝေဒနာတွေ စွန်းထင်းခဲ့တော့ အနမ်းတွေအစား အလွမ်းတွေနဲ့မို့ ဘ၀က ပင်ပန်းလှပါပြီ ။ တိတ်တဆိတ်နဲ့ ထွက်သွားပေမယ့် အရိပ်ေ...
-
တနင်္ဂနွေ သားသမီးများ ***ဘလော့အရေး*** အတွေးတွေများပြီး ရေးစရာတွေပျောက်နေသော ကာလဖြစ်သည်။သေလောက်အောင်ချစ်ပါ သည်ဆိုသောချစ်သူမှ အ...
-
ခုန်နေတဲ့ နှလုံးသားဇာတ်ခုံပေါ်မှာ အချစ်ကိုစတင်ကပြတဲ့ ဒီရက် ။ အသက်ရှူသံမှာ ရှင်သန်ခြင်း အဓိပ္ပါယ်ကို စတင်သိရှိသည့် ဒီနေ့ ။ မျှော်လင့်ချက်ဆိ...
-
အိပ်မက်တစ်ခုရဲ့ အစပျိုးပြီး အဆုံးမသတ်သေးခင် အခန်းရဲ့ ပြူတင်းပေါက်ခန်းစီးစနှင့် သူမအလှဆင်ထားသောကျောက်ဆစ်ပန်းဆွဲလေးနှစ်ခု လေပြေရဲ့ ကျီစယ်မှုေ...
-
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ? *** အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး ဘေးမှာရှိသော ဆေးလိပ်ဗူးမ...
-
နှင်းရယ်တဲ့ဖြူ မြူမှုန်ကလွင့် မြူရယ်နှင်းရယ် တူဆုံလို့ကွယ် ရှက်သွေးကဖြာ မြူအနမ်းလား နှင်းအနမ်းလားနဲ့ ဒီဆောင်းကတော့ ပန်းနုရောင် နေရောင...
-
ပန်းတို့ ဘ၀ ဖူးစက လူတွေအရိပ်တကြည်ကြည့် ပွင့်တဲ့ခဏ မာန်တွေဝင့်နိုင်ပေမယ့် ဝေနေတဲ့ကိုင်းထက် ကြွေတာတောင်မစောင့်စားပဲ လက်ဦးသူ ခူးရင်းပန် ဦ...
-
ဘာရယ်တော့မဟုတ်ပါဘူး စကားနဲ့ စစ်ခင်း အငြင်းတွေကြားမှာ ရန် ဆိုတဲ့စကား စခဲ့တာလား ။ စိတ်ထဲမှာ ဘာမှမထားပေမယ့် တခါတရံ အနိုင်လိုချင်သူနဲ့ အ...
-
ငါဟာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်တောင် ခြွေတဲ့လေညှင်း နင်သာဖြစ်ပါ မြေမှာခလဲ ပန်းလှလှနဲ့ ငါ့ဘ၀ပါ ။ ငါဟာတိမ်တိုက် ငွေ့ရည်ဖွဲ့သာ နင်ဖြစ်ခဲ့ပါက လ...
Popular Posts3