ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘလော့ဂါသမားနှလုံးလှစာပေချစ်သူများ

Wednesday 12 September 2012

ဝမှာ အရိုးသားဆုံး ခံစားချက်တွေ အခမဲ့ ပေးဝေမယ်

လော့ ချထားတာက အတ္တ

ဂါ ထာမန်းမှုတ်စရာမလိုပါ အလိုလို နှလုံးလှတွေစုရပ်

မားတော်တွေပြစရာမလိုအောင် ဝေဒနာတွေကို ဖော်ရွေမှု့နဲ့ ကုပေးတယ်

မား မားရပ်လို့ အများအကျိုးဆောင်ရွက်ပေးလို့ရယ်

နှ လုံးသားမှာ အမြဲရှိတာက အဖြူစင်ဆုံးခံစားမှု့

လုံး ၀ကိုမထားတာက မောက်မာတဲ့ မာန်မာန

လှ ပတဲ့ အိမ်လေးကိုယ်စီနဲ့

စာ ပေတွေဝေမျှရင်း

ပေ တေနေတဲ့ စိတ်အညစ်အကြေးတွေ ဆေးကြောပေးလို့

ချစ် ခြင်းတွေအပြည့်မို့ အပြစ်တွေလဲ ကင်းကြပါတယ်

သူ တပါးကို ကြည်နူးမှု့တွေပေးရင်း

များ များရေး များများဖတ် များများမှတ်ရင်း ဘ၀ကိုတန်ဖိုးရှိရှိဖြတ်ကျော်ကြသူများ ။


လွင်ပြင်လှိုင်းငယ်

21 comments:

Yoemyaykya said...

အစ်ကိုရေးထားတာလေးမိုက်လိုက်တာ။မလိမ္မာဘူး။အရိုက်ခံရမယ်။ ဟီး………..

လရိပ်အိမ် said...

အဲလိုပုံလေးရေးထားတာ အရမ်းကြိုက်တယ်။

Phyu Lwin said...

ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် :)

Cameron said...

ဘလော့ဂါကို အဓိပ္ပါယ်ဖော်သွားတာလေး သဘောကျလိုက်တာ...တော်လိုက်တဲ့ကဗျာဆရာ..။

ဆန်းစနေ၀န်း said...

အရမ်းကောင်းတဲ့ ဘလော့ဂါ ကဗျာလေးတပုဒ်ပါ

လေပြေချို said...

နှ လုံးသားမှာ အမြဲရှိတာက အဖြူစင်ဆုံးခံစားမှု့
လုံး ၀ကိုမထားတာက မောက်မာတဲ့ မာန်မာန
လှ ပတဲ့ အိမ်လေးကိုယ်စီနဲ့
စာ ပေတွေဝေမျှရင်း..
၁ကယ်ပါ.. အရမ်းကြိုက်တယ် အဓိပ္ပါယ်ဖော်ပြချက်အားလုံးပဲ...
ခင်တဲ့
လေပြေ

မောင်သီဟ said...

ကွန်မန့်ဘောက်စ်တက်တက်ချင်း ခပ်သွက်သွက်လေးရေးခဲ့ပါတယ်း)
တောထဲရောက်နေလို့ မမန့်နိုင်ဖူး လမ်းပို့စ်လည်းကောင်းရဲ့း)

ကျန်းမာပါစေး)

မောင်ဘကြိုင်

မိုးညချမ်း said...

အစ်ကိုရေ ... ညလေးတော့ ဖတ်ရင်းနဲ့ကြက်သီးတောင် ထတယ် ... အရမ်းကြိုတယ် ... :)

roseayemaung said...

စိတ်ကူးလေးတွေကောင်းလိုက်တာ...တော်တယ်နော..

အလွမ်းမြို့ said...

လွင်ပြင်...
အဲလိုစိတ်ကူးလှလှ ခံစားမှု့ နုရွရွနေနဲ့ဘဲ မစံပယ် နှလုံးသားကို ဖမ်းချုပ်ထားတာ ဘယ်လောက်
ကြာပြီလဲဟင်။ အရေးအသားကောင်းသလို ဂရုစိုက်
ချစ်တတ်မှု့ကလည်း ပိုနေသေးတော့ မဂျက်ကလည်း
မခွဲနိုင်တော့ဘူးပေါ့။ အားပေးသွားတယ်။ မိလွမ်းကတော့
ဒါမျိုးတစ်ခါမှ မတွေးမိဘူး။ဦးနှောက်က ပိန်းထှာကိုး။
အားပေးနေမယ်။

ခင်တဲ့
အလွမ်း

ဘုန်း၂တောက် said...

ဟာ လွင်ပြင့်အတွေးလေးတွေက တယ်ကောင်းပါလားနော်။ တွေးလည်းတွေးတတ်ပါ့ဗျာ...

Anonymous said...

သားလည်း ပါတယ်ပေါ့ နော်ယောက်ခမ

မြတ်နိုးသူ(MUFL) said...

လှပတဲ့အိမ်လေးကိုယ်စီနဲ့
စာပေတွေဝေမျှရင်း
ပေတေနေတဲ့စိတ်အညစ်အကြေးတွေဆေးကြောပေးလို့
ချစ်ခြင်းတွေအပြည့်မို့အပြစ်လဲကင်းကြပါတယ်
သူတစ်ပါးကိုကြည်နူးမှုတွေပေးရင်း
များများရေးများများဖတ်များများမှတ်ရင်း
ဘ၀ကိုတန်ဖိုးရှိရှိဖြတ်ကျော်ကြသူများရေးထားတာစိတ်ကူးတွေတကယ်ကောင်းတယ်အကိုအားပေးသွားပါတယ်

အန်တီလေးမေခင် said...

ရေးလည်းရေးတတ်လိုက်တာကွယ်
စိတ်ကူးလေးတွေအရမ်းကောင်းတယ်
အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင်ရဲ့ စိတ်ကူးလေး က

အရမ်းနူးညံ့လှပါတယ်

အတွေးကောင်းလေးကို မှတ်သားအတုယူသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးနတ်ကြယ်စင် said...

ဟင်..မိုးနတ်နောက်ကျနေပြီပဲ..အပြေးကလေးလာမန့်မိတယ်...အကိုရေ.....ကောင်းတယ်ဗျို့....
တော်လိုက်တဲ့ ကဗျာဆရာ...အကိုကတော့စွယ်စုံပဲ..
စံပါပဲ..အကိုရေ...မကြီးအလွမ်းပြောသလိုပဲ...အကို့ကို အမက ဘယ်မှာလာပြီး ခွဲနိုင်တော့မှာလဲနော်...:P
ခင်မင်နေတဲ့...ညီမလေးမိုးနတ်

ချင်းမလေး said...

မှန်ပေ၏.. ထောက်ခံ၏...း)
စာလာဖတ်သွားတယ်နော်...

Anonymous said...

ရေးတတ်ပါပေ့ အကိုတော် :)

~ Kk ~

အိပ်မက်ကောင်းကင် said...

မှတ်သားစရာကောင်းတဲ့ အရေးအသားလေးတွေကို မှတ်သားသွားပါတယ်

8Yar said...

ကောင်းလိုက်တာ အစ်ကိုလွင်ပြင်ရေ။ Blogger တွေရဲ့ ဘဝကို ပုံဖော်ပေးတဲ့ အစ်ကိုလက်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လွင်ပြင်လှိုင်းငယ် said...

အားပေးသူအားလုံးကျေးဇူးပါ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :