ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အမှတ်တရ ၉နှစ်တာကာလ

Thursday 23 October 2014

ရွက်နု ဖူးဝေ
ရွက်သစ် မာန်တက်
ဟန်ချက်ပျက်တော့
ရွက်ဟောင်း ဘဝ
မြေမှာခပြီး
ဘယ်ဆီရောက်လဲ
မသိပေမယ့်
ရွက်ကြွေတွေရေး
ရွက်သစ်ပြုတဲ့
ကျမ်းအစုကို
ရင်ဝယ်မှတ်သား
ချစ်အားပိုတာ
ကိုးနှစ်တိုင်ပြီ
သဲဘုစုရေ  ။

ချစ်ခြင်း ရင်ဝယ်
ကြင်နာနွယ်ရစ်
သစ္စာပျိုးကာ
ပင်စည်ကချစ်
ကိုင်းဖျားမေတ္တာ
သံယောဇဉ်ဖူး
နားလည်မှု့ပွင့်ဝေ
ဘယ်မကြွေသည့်
အချစ်ပန်း
နှစ်ထောင်သောင်း မညိုံနွမ်း
ဘုစုလေးကို ချစ်သည်တအား.......
 
၉နှစ်ပြည့်အမှတ်တရ(၁၇.၁၀.၂၀၁၄)
 
တင်တာနောက်ကျသွားတယ် ဘုစုရေ
 
လွင်ပြင်လှိုင်းငယ်

4 comments:

စံပယ်ချို said...

ဘုစုအတွက်ရေးတဲ့ကဗျာကို ဘုစုဖတ်ခဲ့ပါပြီ

Cameron said...

မာမီ့အတွက် ကဗျာကို သမီးလာဖတ်ပါတယ် ဒယ်ဒီပို့စ်မတင်တာကြာပြီ

Aunty Tint said...

လွင်ပြင်လေးနဲ့ ဂျက်တို့ရဲ့ အိမ်ထောင်သက် ၉-နှစ်မှသည် နှစ်ပေါင်းများစွာတိုင် ချစ်ခင်ကြင်နာ လေးစား ယုံကြည် နားလည်မှုလေးတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေကွယ် ♥♥♥

3rdthameetaw said...

ရိုးမြေကျ သက်ဆုံးတိုင်
ချစ်ချင်းတွေနဲ့ ကြိုင်လှိုင်သင့်ပျံ့ 
နွေးထွေးပြည့်စုံကြပါစေရှင်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :