တိမ်တွေကမ်းကပ်တဲ့ ပင်လယ်
ကြယ်တွေစီးမြောတဲ့ စမ်းချောင်း
လရောင်တွေဝေနေတဲ့ မြေပြင်ပေါ်ဝယ်
ကောင်းကင်ကပန်းလှလှတွေကမြေပြင်ကို
စိုက်ကြည့်နေတဲ့အခိုက်
မိတ်ကပ်ကပြောင်ပြောင်
မျက်မှောင်ကကုတ်ကုတ်
နှာတံလဲချွန်ချွန်
ဆေးမသုတ်တဲ့နှုတ်ခမ်း
ယူ(u)ရှိတ်ကမေးရိုး
လည်တိုင်က ဗျိုင်း
ထင်တိုင်းလှနေတဲ့
သူမကိုမြင်ကာ
ပန်းတွေမြေပေါ်ဆင်း
ကြယ်စင်လတွေကောင်းကင်တက်လို့
ခုတော့ တိမ်တွေလဲကမ်းကပ်စရှာမရှိ
ကောင်းကင်ပေါ်ဝယ် ဟိုမျှေား ဒီမျှောပေါ့
လွင်ပြင်လှိုင်းငယ်



Myanmar Kyat Converter
3 comments:
ကဗျာထဲမှာ ဒေါသငွေ့လေးနဲနဲတွေ့ရတယ်...
ဒယ်ဒီ့ချွေးမလှလှလေး
သူ့ကိုစတာ
၂နှစ်တခါရေးတဲ့ကဗျာထင်ပါရဲ့
Post a Comment